Friday, February 15, 2013

ABSDF(မြောကိပိုင်း)နှင့် ကိုကိုကြီး(၈၈)၏မှတ်ချက် messenger

by Ko Lin Wai Aung on Sunday, March 11, 2012 at 3:59am ·
The Messenger Vol 2, No. 43 ( 12.03.2012 )ပါABSDF(မြောကိပိုင်း)နှင့် ကိုကိုကြီး(၈၈)၏မှတ်ချက်


ကိုထွန်းအောင်ကျော်အပါအ၀င် ကျောင်းသားခေါင်းဆောင်များ သတ်ဖြတ်ခံရမှုအပေါ်

ကိုကိုကြီး ( ၈၈ မျိုးဆက်ကျောင်းသား ) ၏ မှတ်ချက်



အဓိကကသေတဲ့လူက သေပြီးသွားပြီ။ သေတဲ့လူကပြန်မရှင်တော့ဘူး။ ဒါပေမယ့် ဖြစ်ရပ်အမှန်

ကတော့ အမှန်အတိုင်းပေါ်ပေါက်စေချင်တယ်။ဒါကျနော်တို့ အားလုံးရဲ့ဆန္ဒပါ။ ကျဆုံးသွားတဲ့ လူတွေက

မြေပေါ်မှာရှိစဉ်ကတည်းက လက်တွဲခဲ့ဘူးတဲ့သူတွေ၊သူတို့ကကျောင်းသားလှုပ်ရှားမှုမှာ တကယ်ဦးဆောင် ပါဝင်ခဲ့သူတွေ၊ အဓိက ဘာကြောင့်ဖြစ်လဲဆိုတော့ ပိတ်ဆို့ထားတဲ့ကာလတစ်ခုမှာ သူ့ကိုယ်မယုံ ကိုယ့်သူမ ယုံနဲ့ သံသရတွေနဲ့ အလုပ်တူလုပ်နေချင်းတူတာတောင် ဘယ်သူကထောက်လှမ်းရေးဖြစ်နိုင်တယ်လို့။ ဘယ်သူကသတင်းပေးဖြစ်နိုင်တယ်လို့ ဆိုတဲ့ဟာကို မြေပေါ်မှာပဲ တစ်ယောက်နဲ့တစ်ယောက် သဘောထား ကွဲလွဲမှုတွေဖြစ်ခဲ့ကြတယ်။ တောတွင်းမှာ လက်နှက်ကိုင်တဲ့အခြေအနေမှာဆိုတော့ ပိုဆိုးတာပေါ့၊ သံသယရဲ့ ဓါးစာခံတွေ သားကောင်တွေ ဖြစ်သွားတယ် ။ ပိတ်ဆို့ထားတဲ့ စနစ်ဆိုးကြီးတစ်ခု ကြောင့်မို့လို့ စတေးခံလိုက်ကြရတဲ့ သားကောင်တွေအဖြစ်နဲ့ ကျနော်တို့ မြင်တယ် ။

ဒီလောက်ကြီးကျယ်တဲ့ ပြဿနာကြီးဟာ ဒီကိစ္စမှာပါဝင်ပတ်သက်ခဲ့တဲ့ သူတွေအနေနဲ့ ဖြေရှင်းရ မှာ အမှန်ဘဲ ။ ဒါသူတို့တာဝန်ယူရမှာ ။ ကျနော်တို့မြင်တာတော့ သူတို့က ကျောင်းသားတွေဘဲလေ။ လူတွေပါ ဒီလောက် ဆိုးဆိုးဝါးဝါးခံစားခဲ့ရပြီးပြီ။ သေဆုံးခဲ့ကြရပြီးပြီ ။ နောက်ပိုင်းမှာ ဖေါက်ပြန်လို့ ထောက်လှမ်းရေးမို့ လို့ ဖြစ်ပါတယ်ဆိုတဲ့ နိုင်ငံရေးအရထပ်ပြီး လုပ်ကြံခံရတာကိုတော့ မဖြစ်သင့်ဘူးလို့မြင်တယ် ။ အဓိကကတော့ ဒီလောက်အကျယ်တ၀င့်ဖြစ်ဘို့တောင်မလိုဘူး ။ ဒီကိစ္စနဲ့ပတ်သက်ပြီး နင့်နင့်နဲနဲခံစားခဲ့ကြရ တဲ့ လူတွေက ၊ ဒီလူတွေကထောက်လှမ်းရေးမဟုတ်ဘူး ၊ ခေတ်ကာလအခြေအနေမှာ မှားယွင်းမှုဖြစ်ခဲ့တယ်။ အဲဒီအတွက် သူတို့တွေဟာ စတေးခံခဲ့ကြရတယ်ဆိုတာလောက် အသိအမှတ်ပြုခဲ့ရင်တောင်မှ သူနဲ့ရင်းနှီးတဲ့ သူတွေအားလုံးက နည်းနည်းသက်သာမဲ့ ၊ စိတ်ခံစားမှု ဖြေလျှော့မယ့်သဘောရှိတယ် ။ ဒီအပေါ်မှာ ကျနော် တို့ဟာ ဘယ်သူ့ဘက်ကဘဲဖြစ်ဖြစ် ဒီကိစ္စဟာမှန်မှန်ကန်ကန်တော့ ဖေါ်ထုတ်ဘို့လိုတယ်။ ဒီလူတွေဟာ ခေတ်ဆိုးစံနစ်ဆိုးတစ်ခုတည်းမှာ သူတို့ဓါးစာခံဖြစ်ခဲ့ကြရတယ်။ အဲဒါကိုပေါ်လွင်ဘို့လိုတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လူလည်းသေသေး၊ နာမည်လည်းသေ၊ နိုင်ငံရေးလည်းအသတ်ခံရတဲ့ဟာမျိုးက အသတ်ခံရတာထက်ပိုဆိုးတယ် ။ အဲဒါမျိုးကမဖြစ်သင့်ဘူးလို့မြင်တယ် ။

ကျနော်တို့ကတော့ ဖြစ်နိုင်ရင် ဘယ်သူ့ဘယ်သူကိုမှ နစ်နာတာ ထိခိုက်တာကို မလိုလားဘူး ။ အဓိက ကအဖြစ်မှန်ပေါ်ပေါက်ဘို့ဘဲ။ ပေါ်ပေါက်ဖို့က လူ့အဖွဲ့အစည်းမှာ ကျနော်တို့က တစ်ချို့ကျူးလွန်ခဲ့ တဲ့ အပြစ်တွေနဲ့ ပတ်သက်ပြီးတာတောင်မှ ခွင့်လွှတ်နိုင်တယ်။ ဒါပေမယ့်ဒါတွေက မေ့ပစ်ဖို့တော့မဟုတ်ဘူး ဆိုတဲ့ Forgive လုပ်နိုင်တယ် ၊ Forget လုပ်လို့မရဘူး၊ ဒါတွေက သမိုင်းမှာ ဒါတွေဖြစ်ခဲ့တယ်ဆိုတာတော့ မှတ်တမ်းမှတ်ရာတွေ ကျန်ခဲ့ဘို့ ကြိုးစားနေတယ်။ အားလုံးကဆန္ဒရှိတယ်။ ကိုယ့်ဘက်မှာဖြစ်နေတဲ့ ဟာကျမှ ဒါကြီးကိုဖုံးကွယ်ပစ်လိုက်ဘို့ မဖြစ်သင့်ဘူး။ ကိုယ်တွေဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး ရဲရဲရင့်ရင့် ဖေါ်ထုတ်တာမျိုး ၊ တာဝန်ယူတာမျိုးတော့ ကိုယ်ကနမူနာ ဖြစ်သင့်တယ်လို့မြင်တယ် ။ ။



The Messenger ဂျာနယ် Volume 2 , No. 43 ( 12.03.2012 ) မှ ကူးယူဖေါ်ပြပါသည်။
· · Share

  • 49 shares
    • Augustine Nge I do agree with Ko Ko Gyi.
    • Augustine Nge What I personally want here is to expose the truth.
    • မိုး စဲ
      ဒီလောက်အထိ အကျယ်တ၀င့်တွေ ဖြစ်လာရတာဆိုတာကလဲ ရိုးသားမှု့ မရှိသူတွေကြောင့်ပါ ခံရတဲ့ သူတွေက နှစ် ၂၀ လုံးလုံး အကျယ်တ၀င့် လုပ်ခဲ့တာ မဟုတ်ပါဘူး တချို့သူတွေ မပြောခဲ့တာတွေက တစုံလုံးအပေါ်မှာ ထိခိုက်မှာ စိုးလို့ ငြိမ်နေခဲ့ကြတာပါ ကိုယ့်ဖက်က လူတွေနဲ့ ရန်သ
ူ့ဖက်က လူတွေဟာ အမူအကျင့်မှာ အတူတူပါပဲလို့ သာမာန်အောက်ခြေရဲဘော်နဲ့ ရိုးရိုးပြည်သူတွေက ခံစားရတယ်ဆိုမကောင်းပါဘူး တော်တော်ကြီးကို မကောင်းပါဘူး..ဒါကြောင့် ကျနော်တို့ဝင်ပါတာပါ တချို့လူတွေဟာ လူဆန်တဲ့ စိတ်ဓါတ်မှ မရှိကြတော့ တံတွေးဆွတ်ပြီးကပ်တဲ့ ညီညွတ်ရေးလဲ မလိုချင်တော့ပါဘူး အမှန်ကို အမှန်အတိုင်း ပေါ်ပေါက်ဖို့ ပဲ လိုမယ်ထင်ပါတယ်.
    • Aye Aye Soe Win There are a lot of hypocrites in the student army; birds of the same feather flock together, but it will end soon when everyone asks for truth and justice...
    • Thar Swe ကျေးဇူးတင်ပါတယ် ကိုလင်းဝေအောင်။ ကျနော့် wall ပေါ် share သွားပါတယ်။
    • Thar Swe
      ကိုထွန်းအောင်ကျော်တို့ဟာ ဦးခေါင်း သက်သက် အဖြတ်ခံခဲ့ရတာမဟုတ်ဘူး ... သမိုင်းမှာပါ နာမည် အဖျက် ခံခဲ့ရတာဖြစ်ပါတယ်။ ကိုထွန်းအောင်ကျော်တို့ရဲ့ ဦးခေါင်းတွေကို ကျနော်တို့ ပြန်ဆက် မပေးနိုင်ကြ တော့ပါဘူး။ လူဟာ သေသွားရင် ဦးခေါင်းရှိမှ တင့်တယ်တာမဟုတ်
      ပါ။ နာမည်ရှိမှ တင့်တယ်ပါတယ်။ သူတို့ရဲ့ နာမည်တွေကို ABSDF ရဲ့ ဂုဏ်ရောင်ပြောင်တဲ့ သူရဲကောင်းတွေ၊ ကျဆုံးခဲ့ရတဲ့ ရဲဘော်ရဲဘက်တွေရဲ့ စာမျက်နှာထဲမှာ ပြန်ထည့်ပေးနိုင်ဖို့ ၀ိုင်းဝန်းကျိုးပမ်းကြဖို့လိုပါတယ်။
      27 December 2011 at 15:52
    • San Chaung Bobo ဒီနေ့ American Center မှာ self-help က ဦးဆောင်ကျင်းပတဲ့ the art of witness ပွဲမှာ ကိုကိုကြီးနဲ့တွေ့စဉ် မြောက်ပိုင်း ကိစ္စနဲ့ပါတ်သက်ပြီး မက်စင်ဂျာ ဂျာနယ်မှာ ကိုကိုကြီး ရဲ့ စကားနဲ့ ရပ်တည်ချက် ကို မြောက်ပိုင်းကျောင်းသား ရဲဘောဟောင်းများကိုယ်စား ကျနော် ကျေးဇူးစကားပြောခဲ့ပါတယ်။
    • Htein Lin သီချင်းရော ဆိုခဲ့သေးလား။ကြွေရဲသောကြယ်များ။

No comments:

Post a Comment