Showing posts with label ကိုရဲလင်း. Show all posts
Showing posts with label ကိုရဲလင်း. Show all posts

Tuesday, February 19, 2013

Monday, February 18, 2013

ကိုရဲလင်းနှင့် အင်တာဗျုးစဉ်

အနှစ်နှစ်ဆယ်ပြည့် ရန်ကုန်(၁၀)ရက်နေ့ပွဲမှ ပုံရိပ်များ

ကိုမင်းကိုနိုင်(ကိုပေါ်ဦး)၏ အမှတ်တရ စကားလုံး

ကိုအိုကေ(ကိုအုန်းကြိုင်)၏ မှတ်ချက်

မြောက်ပိုင်းတွင်ကြွေလွင့်သွားခဲ့ရသောကျောင်းသားများအမှတ်တယနေ့(ရန်ကုန်-၁၀.၂.၂၀၁၂)
ရင်ဖွင့်မှတ်တမ်းများ..................

မြောက်ပိုင်းတွင်ကြွေလွင့်သွားခဲ့ရသောကျောင်းသားများအမှတ်တယနေ့(ရန်ကုန်-၁၀.၂.၂၀၁၂)
ရင်ဖွင့်မှတ်တမ်းများ..................

ဒေါ်ချိုချိုကျော်ငြိမ်းဝမ်းနဲမှတ်တမ်းတွင်လက်မှတ်ထိုးစဉ်။(၁၀.၂.၂၀၁၂-ရန်ကုန်)
နောက်ကဘယ်သူတွေရဲ့သမီးလေးပါလဲ...သိသူဖြေပေးကြပါ.....

မြောက်ပိုင်းတွင်ကြွေလွင့်သွားခဲ့ရသောရဲဘော်များအနှစ်(၂၀)ပြည့်-(မြောက်ပိုင်းပြန်ရဲဘော်များ)
ရန်ကုန်-၁၀.၂.၂၀၁၂

မြောက်ပိုင်းတွင်ကြွေလွင့်ခဲ့ရသောရဲဘော်များနှစ်(၂၀)ပြည့်အောက်မေ့ဘွယ်အခန်းအနား(ရန်ကုန်)

မြောက်ပိုင်းတွင်ကြွေလွင့်ခဲ့ရသောကျောင်းသားများ(၂၀)နှစ်ပြည့်ဆွမ်းကျွေးနှင့်ရေစက်ချအမျှပေးဝေပွဲ(ရန်ကုန်)- ကိုမင်းကိုနိုင်တက်ရောက်(၁၀.၂.၂၀၁၂)

မြောက်ပိုင်းတွင်ကြွေလွင့်ခဲ့ရသောကျောင်းသားများအမှတ်တရနေ့(ရန်ကုန်)သို့ခံစားနားလည်
စွာရောက်ရှိလာသောကိုမြအေး(၈၈မျိုးဆက်)

မြောက်ပိုင်းတွင်ကြွေလွငိ့ခဲ့ရသောကျောင်းသားများအမှတ်တရနေ့ဆွမ်းကျွေးပွဲတွင်
ဒေါ်ချိုချိုကျော်ငြိမ်းတက်ရောက်အမျှပေးဝေ...(၁၀.၂.၂၀၁၂)ရန်ကုန်

မြောက်ပိုင်းမှကျောင်းသားများ အမှတ်တရ ရန်ကုန် ၁၀ ရက်နေ့ ပွဲမှာ လာရောက်သွားတဲ့ ၈၈မျိုးဆက် မနီလာသိန်း

စစ်ထောက်လှမ်းရေးဟုစွပ်စွဲခံရပြီးသေဆုံးခဲ့ရသောမောင်မောင်ကြွယ်၏ပုံရိပ်တစ်ခု

စစ်ထောက်လှမ်းရေးဟုစွပ်စွဲခံရပြီးသေဆုံးခဲ့ရသောမောင်မောင်ကြွယ်၏ပုံရိပ်တစ်ခု

by Ko Lin Wai Aung on Monday, January 30, 2012 at 4:10am ·

ကိုမောင်မောင်ကြွယ်က တိုက်( )အခန်း( ) မင်းဒင်လမ်းနှင့် ပေါ်ဆန်းမွှေးလမ်းကြား (၂၅)ရပ် ကွက်- သုဝဏ္ဏမြို့-သင်္ဃန်းကျွန်းမြို့နယ်မှာနေထိုင်ခဲ့ပါတယ်…၁၉၈၈ခုနှစ်မှာ န၀မတန်း ကျောင်းသား တစ်ဦး ဖြစ်ပါတယ်…အ.ထ.က(သုဝဏ္ဏ) မှာ တက်ရောက်ပညာသင်နေသူတစ်ဦး ဖြစ်ပါတယ်…၁၉၈၈ ကျောင်းသား လှုပ်ရှားမှုများမှာ အခြားကျောင်းသားများနှင့် အတူ ပါဝင်ခဲ့ပါတယ်…

၁၉၈၈ နှစ် အရေးအခင်းကာလ အပြီးမှာ ရန်ကုန်တက္ကသိုလ် မန္တလေးဆောင်က ကိုမင်းဇေယျာ၊ ကိုသော်ဇင် (ဆေးတက္ကသိုလ်) တို့ရဲ့ အကြံပြုချက်အရ ရန်ကုန်တိုင်း(အခြေခံပညာကျောင်းသားများသမဂ္ဂ) ဖွဲ့စည်း ရေးဆောင်ရွက်ခဲ့ပါတယ်…

ဒေါ်ချိုချိုကျော်ငြိမ်းရဲ့(ဖဆပလ) ရုံးမှာ စုဝေးနေထိုင်ကြရင်း အခသ(ရန်ကုန်တိုင်း)ကိုဖွဲ့စည်းခဲ့ကြပါ

တယ်… အခသ(သင်္ဃန်းကျွန်းမြို့နယ်) ရဲ့ဥက္ကဋ္ဌတာဝန်ယူခဲ့ပါတယ်…လွန်ခဲ့တဲ့ရက်ပိုင်းက ပြန်လည်လွတ် မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသူ မမီးမီး(ခ) မသင်းသင်းအေး(တာမွေ-အခသ)၊ကိုသီဟတို့နဲ့ အလုပ် အတူတွဲလုပ်ခဲ့ပါတယ်…ရန်ကုန်တိုင်း(အခသ)အလုပ်တွေကို တစိုက်မတ်မတ် လုပ်ခဲ့သူတစ်ဦးပါ…

၁၉၈၉- မတ်လ(၁၃)ရက် ကိုဖုန်းမော်နှစ်ပတ်လည်အခန်းအနားကို ရန်ကုန် စက်မှုတက္ကသိုလ် ၀င်း အတွင်းမှာ ကျင်းပစဉ်က အခသ(ရန်ကုန်တိုင်း) အနေနဲ့ပါဝင်ခဲ့ပါတယ်… ဖွင့်ပွဲအခန်းအနားမှာ ကမ္ဘာမကြေ

ဘူးသီချင်းဖြင့်စတင်ဖွင့်လှစ်ခဲ့ပါတယ်… အခသ(ရန်ကုန်တိုင်း)အဖွဲ့ဝင်များကဦးဆောင် သီဆိုခဲ့ကြတာဖြစ်ပြီး

ကိုမောင်မောင်ကြွယ်လည်းတစ်ယောက်အပါအ၀င် ဖြစ်ခဲ့ပါတယ်…

ဒေါ်ချိုချိုကျော်ငြိမ်းရဲ့မွေးစားသားတစ်ဦး လည်းဖြစ်ခဲ့ပါတယ်… ၁၉၈၉ဧပြီလခန့်မှာမကဒတ(ကချင်)

သို့ထွက်ခွာသွားတာဖြစ်ပါတယ်…

· · Share

Sunday, February 17, 2013

ကြွေလွင့်စာရင်း(မိုးမခ)

မြန်မာစစ်အစိုးရ၏ ထောက်လှမ်းရေးများဟု စွတ်စွဲပြီး သတ်ဖြတ်ခံရသူ ကျောင်းသား၊လူငယ်များ စာရင်း ထွက်ရှိ
မိုးမခအထောက်တော် ၀၀၂၊ ဖေဖော်ဝါရီ ၉ ၊ ၂၀၁၂
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(မြောက်ပိုင်း) ပါဂျောင်ဒေသ၊ လိုင်စင်စခန်းတွင် စစ်ထောက်လှမ်းရေးများဟု မတရားစွပ်စွဲကာ နှိပ်စက် သတ်ဖြတ်ခံရပြီး သေဆုံးခဲ့ရသူများစာရင်း ထွက်ရှိလာသည်ကို တွေ့ရသည်။ ဖေ့စ်ဘွတ်ပေါ်တွင် အဆိုပါစာရင်း ထွက်ရှိလာခြင်း ဖြစ်ပြီး ၁၉၉၂ ဖေဖော်ဝါရီလ ၁၂ ရက် တွင် သတ်ဖြတ်ခံရသည့် ကျောင်းသားများစာရင်း ပါဝင်သည်ကို တွေ့ရသည်။ အဆိုပါ အရေးအခင်းကြောင့် ထွက်ပြေးလွတ်မြောက်လာသူ ကျောင်းသား လူငယ် ၇၀ ဥိး ရှိသည်ဟု ရေးသားထားသည်။
အမှန်တရား သည် သင်တို့နှင့်အတူ ရှိသည်၊ သင်တို့ ကောင်းရာသုဂတိ လားပါစေဟုလည်း ထုတ်ပြန်သည့်စာတွင် ရေးသားထားသည်။ အထက်ပါ လုပ်ကြံသတ်ဖြတ်မှု အနှစ် ၂၀ ပြည့် ပထမဦးဆုံး အများစုပေါင်း ကုသိုလ်ပြု ဆွမ်းကျွေး အမျှဝေခြင်းကို ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် ပြုလုပ်မည်ဟု ကြေညာထားသည်။ အမေရိကန်ပြည်ထောင်စု မြန်မာအများစု နေထိုင်ရာ ဖို့ဝိန်းတွင်လည်း ဆွမ်းကျွေးပွဲ ပြုလုပ်မည်ဟု သိရသည်။

စစ်ထောက်လှမ်းရေးဟုစွပ်စွဲခံရပြီးသေဆုံးခဲ့ရသော မောင်မောင်ကြွယ်၏ပုံရိပ်တစ်ခု