သွေးမှာတမ်း
အာဏာရှင်ကို တော်လှန်ဖို့
တိုက်ပွဲခေါ်သံတို့ စုစည်း
ရည်ရွယ်ရာ ဒီခရီးအတွက်
အပြုံးတချက် မပျက်ပဲ
စာသင်ခန်းထဲကထွက်
ငါ့တို့ဆုံးဖြတ်ချက် အင်အားနဲ့
အမှန်တရားကို ကယ်တင်ဖို့အတွက်။ ။
နို့နံ့မစင်သေးတဲ့အရွယ် ဆိုပေမယ့်
အမေ့မျက်ကွယ်ကို ရွေး
တိုင်းပြည်ကယ်တင်ရေး အတွက်
ယုံကြည်ရာခရီးကို ဆက်ရင်း
မျှော်လင့်ခြင်း မနက်ဖြန်များနဲ့
ဘဝရဲ့အားမာန်များအဖြစ်
ငါတို့ မျက်နှာသစ်ခဲ့တယ်။ ။
တော်လှန်ရေး ဆိုတဲ့ခရီးက
အစာမဝ ရေမဝပေမယ့်
အနေကျလာတော့လဲ
ငါ့တို့ နှလုံးသားထဲမှာ
အပြုံးများစွာ ဖန်ဆင်းရင်း
ပေးဆပ်ခြင်း ဆိုတာကို
ချိုမြိန်စရာလို မှီဝဲတတ်လာတယ်။ ။
ရည်၇ွယ်ချက် ဘယ်လောက်ကြီးကြီး
ဒီတော်လှန်ရေး ခရီးမှာ
ငါတို့ဟာ ကံမကောင်းရှာဘူး
အာဏာရူး ဆိုသူတွေကိုမှ
ပက်ပင်းတိုးရတဲ့ ဘဝ
ဒို့သွေးတွေ မြေခလို့
တော်လှန်ပန်းတွေ ကြွေကျသွားတယ်။ ။
ဒီမယ်…သူငယ်ချင်း
အမှန်တရားကို ကယ်တင်တဲ့ပွဲမှာ
မပါဝင်လာနိုင်တော့တဲ့ ငါံတို့အတွက်နဲ့
အမှန်တရားတွေကို ကာကွယ်ဖို့
တာဝန်ကို ပုခုံးပြောင်းယူတတ်ဖို့ဆိုတာ
အားလုံးမှာ တာဝန်ရှိတယ်
အချင်းချင်း သစ္စာရှိဖို့သာလိုတယ်။ ။
ထူးသျှား
လက်ကလေးမြင်နေရတာ အမ မခင်ချိုဦးပါ...
- 22 shares
- Kyaw Nyi Nyi စာကဗျာတွေက နေရာတိုင်းမှာ ချစ်ဖို့ကောင်းပါတယ်...အကြေ
ာင်းအရာတွေကတော့ နေရာတိုင်းမှာ တခါတရံ ထပ်တူမကျပါဘူး...မြန်မာပြည် မြောက်ပိုင်းမှာ ကျောင်းသားတွေ အသတ်ခံရသလို ကျနော်တို့ ကရင်ပြည်နယ် မွန်ပြည်နယ်တွေမှာလည်း ကျောင်းသားတွေ အသတ်ခံရတာပါပဲ...အဓိကပြောချ င်တာကတော့ လက်နက်ကိုင်တော်လှန်ရေးနဲ့ ဘယ်မြန်မာအဖွဲ့အစည်းနဲ့မှ မတန်ပါဘူး...ဘာလို့လဲဆိုတော့  ကိုယ့်လူကိုယ်ပြန်သတ်လို့ပဲ ...။(သင့်ရဲဘော်---သခင်ကျော်) - Thet Kl Lwin ကျဆုံးခဲ့ရတဲ့ ရဲဘော်၊ရဲမေ အားလုံးရဲ့ အသက်တွေ၊၀ိညဉ်တွေကနေ တချိန်မှာတော့ သွေးကြွေးတောင်းသံကို ပြန်ကြားရမှာ အမှန်ပါ...
- KoKo Maung Maung Koaungthinn တော်လှန်ပန်းတွေကို ခြွေခဲ့တဲ့ အဲဒိမိစ္ဆာကောင်တွေကို သွေးကြွေးပြန်ဆပ်ဘို့ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိတယ်။
- Aung Khaing Myint Please let me share your great poem in blog..Thanks..http://
8888newgenerations.blogspot .com/2011/12/ blog-post_8830.html#links - May Shein We always honor the democracy revolution for Burma and the people who sacrifice their lives for our country they will always be remembered.
No comments:
Post a Comment