Thursday
ABSDF-NB နောင်ရာပါ စခန်း
၁၉၉ဝ ခုနှစ်
— with ဘိုဘို, မျိုးဝင်းနိုင်, လှထွန်း, စောမြအောင်, ညိုထွန်း, လုမိုင်, နန်းစော, ရာကွတ်, စိုးစိုလွင်, နန်းအောင်ထွေးကြည်, မြင့်ခိုင်, မအေး, သင်းသင်းညီ and MA THWE.
· · Share · · · Share
- 15 shares
- Thin Thin Nyi အဲဒီအချိန်တုန်းက အားလုံးပျော်ပျော်ရွင်ရွင်န
ဲ ပေါ့.. August 9 at 9:04am · · 3 - ဘရာဇီး ငှက်ရိုး ဒီပုံတခါမှမတွေ့ဖူးသေးဘူး..
. August 9 at 12:15pm · · 2 - Kayin Lay ဒီနေရာလေးကိုကောင်းကောင်းမှ
တ်မိနေတယ်...အခုတော့ ဒီနေရာကိုသွားရွာလို့ တွေ့ မှာမဟုတ်တော့ဘူး..မိုးလွဲေ ချာင်းတံတားထိပ်မှာပါ....ဆန်ထုတ်သွားရင် မမောတမ်းဖြတ်ရတဲ့ကြိုးတံတား လေးပါ၊ မငယ်.လှထွန်းပုခုံကိုင်ထား တာ မျိုးဝင်းနိုင်(ကားဘိန်းပါ) ..ထပ်ဖြည့်ပေးတာနော် August 9 at 6:47pm · · 1 - Nang Aung Htwe Kyi ကျေးဇူးဘဲစိုးစိုး .. Thin Thin Nyi ချစ်စရာလေးနော် .. အဲ့ဒိတုန်းကလေ .. ငါ့ညီမ ကို အဆောင်လာပြီးငမ်းတဲ့သူ ဘယ်သူလဲ .. ပြောပါဦး ။
- Kayin Lay ကျော်ဟိန်းရဲ့ ရုပ်ရှင်ကားလိုပဲလေ..တခါကတ
ဘ၀ပေါ့..ရန်တိုက်ပေးတာလား.. မိန်းမအကုန်သိတယ် August 9 at 11:39pm · · 1 - Kayin Lay ညိုထွန်း.....မေ့နေပြီ...မမ
ှတ်မိဘူး...ဘယ်အပတ်စဉ်ကလဲ.. .. - Kayin Lay ဒီရဲမေတွေကိုမြင်တော့ ဗန်းမော်ခရိုင်စစ်ဆင်ရေးကာလ
..နယ်မြေစည်းရုံးရေးဆင်းတုန်းက..တည်သီးတွေအစားလွန်ပြီး ရဲမေတွေ ၀မ်းတ်ာလားကြတာ သတိယတယ်.... - Nang Aung Htwe Kyi ဟားဟား။ တယ်သီးကို ဝက်နဲ့လုစားရတဲ့ ကျောင်းသားရဲမေများဖြစ်အင်ေ
လ ။ မိညို လေဟယ်။ အမှတ်စဉ် ၂ ဖြစ်မယ်ထင်တယ်။ - Kayin Lay အိမ်သာတက်ရင်း ၀က်မောင်းခဲ့ရသေးလားဒ
- Nang Aung Htwe Kyi ငုတ်တုတ်ထိုင်ကာ တုတ်တချောင်းနဲ့ .. ဟားးးAugust 10 at 2:56am · · 1
- Nang Aung Htwe Kyi စိုးစိုးရေ .. သိပ်မပြောနဲ့ .. လွမ်းလာပြိဟာ.. ပျော်ဖို့လဲ အရမ်းကောင်းခဲ့ကြပါတယ်လေ .. အမှတ်တရတွေ ..
- Kayin Lay Eco System ဆိုတာကိုအဲ့ဒီကတည်းကပိုပြီး
လေ့လာလက်ခံမိတယ်...ရဲမေတွေတ ည်သီးအစားလွန်ပြီး ကျင်းမရှိတဲ့ရွာနောက်ဖေးတော မှာ အီးအီးပန်းကြတယ်..အဲဒီအခါဝက်ကလာစားတယ်...အဲဒီဝက်ကို စစ်ကြောင်းက ရိက္ခာဖော်ပြီပြန်စားတယ်...အ သီးကိုလူစား...လူပါတဲ့အီးအီးကို ၀က်ကစား...၀က်ကိုလူကပြန်စား ...အဲ့ဒါ ecosystem ပြ - Nang Aung Htwe Kyi ဝက်စာကြွေးရန်မလို ..
- Nang Aung Htwe Kyi နင် စင်ကာပူမှာဘဲနေတော့မှာလား ။ aus ကို ပြန်မလာတော့ဘူးလား
- Kayin Lay စင်္ကာပူကကျနော့်ကိုအကြာကြီးလ
က်မခံပါဘူး..လောလောဆယ်တနစ်v isaပဲ၇တယ်..အချိန်တန်ရင်တော့ ကျွန်းကလေးကနေ ကျွန်းကြီါ်ကိုပြန်လာရမှာပေါ့  August 10 at 3:07am · · 1 - Kayin Lay အဲအခုတော့ copmpany တခုနဲ့ ၂နစ်စာချုပ်ချုပ်ထားတယ်..p
ass ကျရင်တော့ နောက်ထပ်၂နစ်ပေါ့ August 10 at 3:08am · · 1 - Nang Aung Htwe Kyi ငါကတော့ ဒီကျွန်းကြီးမှာ တသက်တကျွန်းပေါ့အေး ။။။
- Kayin Lay မငယ်ကတနစ်တခေါက်ထွက်နေတာပဲ.
.ကျနော်ကတာ့ ဆယ်နစ်လောက်မှတခေါက်ထွက်တော့  အ၀ထွက်လိုက်မတာ...အခုတော့ ဥပါချထားပြီ - Kayin Lay စုထားပြီ
- Kayin Lay ရှေ့ နစ်ဖေဖေါ်ဝါရီမှာ စုဗူးဖေါက်မယ်
- Nang Aung Htwe Kyi ချက်လိုက်စားလိုက်နဲ့ မွေးထားတဲ့ဥ ။ ခုမှ အကောင်ဖောက်ရတယ် ။ good luck စိုးစိုးရေ .. နင်ကျော်ခိုင်နဲ့ရောအဆက်အသွ
ယ်ရလား ။ ကိုမြင့်ကျော် ကတော့ ကိုရီးယားမှာ ဆိုင်ဖွင့်ထားတယ် - Kyaw Gyi AB ယာကွပ် ဟုတ်ရဲ့ လား ၊ ကိုစိုးကြီး (ကောလင်း) လို့ ထင်တယ်
- Kayin Lay အဲဒီအဖွဲ့ နဲ့  ကိုစိုးကြီးဘယ်တော့တွဲမမိပါ
ဘူး ကိုညီညီကျော်... ဒီပုံက ပထမဆုံးစိတ်ဓာတ်မြင့်တင်ရေး အဖွဲ့ နဲ နောင်ရာပါကိုဆင်းခဲ့တဲ့အခေါ က်ပါ..အဲဒီတုံးက မျိုးဝင်းနိုင်ကအားဖြည့်တဲ့ အနေနဲ့ သီချင်းဝင်ဆိုခဲ့တာ.ကိုမြင့်ခိုင်က အဲဒီတုံးက ပင်တိုင် announcer လုပ်ပြီး သီချင်းမဆို ဂီတာမတီးတဲ့ ဂီတာသိမ်းမောင်လို့ နောက်ခဲ့ကျတာ August 10 at 7:10pm · · 2 - Nang Aung Htwe Kyiအဟား .. မိုက်ကိုင်မဆင်းကျော်ခိုင်ဝ
င်း တို့ ။ အကြွေးများသောကြယ်များ တို့ ။ စိုးစိုး .. အဲ့ဒီတုန်းက ဝါဒဖြန့်ချီရေး ပါလေ.. ပထမဆုံးအခေါက်က မအေးတို့ မသွယ်တို့မပါဘူး။ အမှတ်စဉ် ၃ အပြီးဆင်းကြတာ။ မအေး မသွယ် မမူ အေးမိစံ တို့တတွေက နောက်ပိုင်း KIA စုဆောင်းရေးကနေ ABSDF-NB ကိုလွှဲယူခဲ့ကြတာပါ။ ဘာလို့ဆိုတော့ မငယ်၊ မလေး တို့ကိုယ်တိုင် KIA နောင်ရာပါ ကိုဆင်းခဲ့ကြရပြီး KIA စု ဆောင်းရေး ထဲက သူတွေနဲ့ တွေ့ခဲ့ကြရတယ် ။ မငယ် တို့နဲ့အတူ ကျောင်းသားတပ်မတော်မှာ အတူလက်တွဲဖို့ ပြောဆိုခဲ့ကြတယ်လေ ။ မလေးနဲ့မငယ် ကိုတောင် ရုပ်ပြစားပြီးစည်းရုံးရေး ဆင်းတယ်လို့ နောက်ပြောင်ပြော တာတောင်ခံရသေးတယ်။ နောင်ရာပါက ဒူ တယောက်ပြောတာ။ ပထမဆုံးတခေါက်က ဒေါ်သောင်းလှ ပါ ပါတယ် ။ - Kayin Layဟုတ်ပါ့ဗျာ..အဲဒီတုံးက ကေအိုင်အေကအဖွဲ့ လို ပဲ..၀ါဒါဖြန်ချိရေးအဖွဲ့ နောက်ပိုင်း စိတ်ဓာတ်မြင့်တင်ရေးနဲ့ လူထုဆက်ဆံရေးဖြစ်လာတဲ့အဖွဲ
့ပါပဲ။။စိတ်ဓာတ်မြင့်တင်ရေး အဖွဲ့ ၇ဲ့ မူလလက်ဟောင်းခွေးတံဆိပ်ပါ. ..ဟီးဟီး...၀ါဒဖြန်ချိရေအဖွဲ့ ရဲ့ ပထမဆုံးမိတ်ဆက်ပွဲကို လိုင်စင်ကေအိုင်အိုဌာနချုပ်လက်ချာဟောအဟောင်းမှာ ပထမဆုံးပြုလုပ်ခဲ့တာ..တိုက် ပိတ်ဒရမ်.ကိုစိန်သန်းလိဒ်နဲ့ ကျနော် ဘေ့စ်တီးခဲ့တာ..အဲဒီတုံးက အနောင်ဆာက ကိုရဲစိုးလေ.. မငယ်ရဲ့ ...အိုသွေးတွေ အိုချွေးတွေသီချင်းကိုဆိုခဲ့ တဲ့ပွဲ..၀ါဒဖြန့် ချိရေးပထမအဖွဲ့ မှာ ယာကွတ်နဲ့ ဗိုလ်လက်တို လှထွန်းတို့ တောင်မပါသေးပါဘူး...သီချင်းတိုက်တော့ ကေအိုင်အို ပရိုတင်းကိုသွားခဲ့ရတာမှတ်မိသေးတယ်...မသွယ်..မနွယ်..မေ အးတို့ က ကေအိုင်အေသင်တန်းဆင်းတွေဟုတ်ပ.... - Kayin Lay မငယ်တို့ ဝါဒီဖြန့် ချိရေးအဖွဲ့ ပထမဆုံးနောင်ရာပါကိုဆင်းလာ
တာ..ကျနော်တို့ အပတ်စဉ်(၄)သင်တန်းပေးနေတဲ့ အချိန်ပဲ...အဲဒီအပတ်စဉ်မှာ မန္တလေးကသူရဲကြီးသုံးကောင်.. သန်းဇော်..မာမီစိန်နဲ့ ကိုထွန်းကြည်..ပြီးတော့ စာတွေအများကြီးစီတန်းရေးတဲ့  မခင်စန်းနွယ်တို့ အပတ်စဉ်ပါပဲ..မငယ်ဆီမှာ အဲဒီပွဲရဲ့ ဓာတ်ပုံရှိတယ်လေ.holow ဂီတာနဲ့ မလေးနဲ့ သီချင်းဆိုနေတဲ့ပုံလေ..တင် လိုက်ပါလား...အမှတ်တရပေါ့.. တခါတည်း နောင်ရာပါငှက်ဖျားတွေပါ ပြန်ရချင်စိတ်ပေါက်သွားအောင်... - Nang Aung Htwe Kyi နင်ဟာလေစိုးစိုး ။ သန်းဇော်နဲ့ မာမီစိန်က နာမည်ကျော် အမှတ်စဉ် ၅ .. ဘိုဘို ။ ကိုညီကျော် ။ကိုရဲလင်း ။ကျော်ခိုင်ဝင်း ။ ကိုမြင့်ကျော် ။တိုက်ပိတ်။ကိုအောင်ကျော် ။သင်းသင်းညီ၊လေးစိန်။မောင်ေ
မာင်ကြွယ် ။စည်သူအောင်။ဖိုးကျော်။ညီညီ အောင်တို့တွေအတူတူ ဗဟိုမှာ။ ၄ က စိုးလေးတို့ သီတာ တို့။ မခင်စန်းနွယ်တို့ နောင်ရာပါမှာ။ Saturday at 1:10am · · 1 - Kayin Layမငယ်ဖြစ်စဉ်မှန်ကိုကျန်ခဲ့တ
ယ်...အဲ့ဒီသူရဲကြီးသုံးကောင်အပတ်စဉ်လေးစတက်တာ နောင်ရာပါငှက်ဖျားမိပြီးသန်းဇော်နဲ့ မာမီစိန်သင်းတန်းအောက်သွား တယ်... အပတ်စဉ်၅မှာပြန်တက်ရပြီးအော င်တာ...အပတ်စဉ်၅ကဗဟိုမှာ... ဆောင်းတွင်းအေးအေးကြီးသင်တန်း....မနက်သင်တန်းသားတွေကို ပီတီပြေးခိုင်းတဲ့အခါ ကျနော်ကိုအောင်ကျော်ကိုရှေ့ ထွက်ခိုင်းပြီး ပီတီအစား သိုင်းကစားခိုင်းခဲ့တာ... ပွဲလုပ်တော့ဖိုးကျော်နဲ့ ဟိုကောင် တန့် ဆည်သားရိုက်လို့ ဆန်ပြုတ်အိုးထဲကျခဲ့တာ...သီတာက အပတ်စဉ်လေးမဟုတ်ဘူး...အပတ်စ ဉ်(၆) မုန်းဆိုင်ယန်... Saturday at 6:18pm · · 1 - Kayin Layအပတ်စဉ်(၆)မုနုးဆိုင်ရာသင်
တန်းအစမှာကျနော်ရှိခဲ့တယ်.. နောက်ပြီး ကျနော်သူရိန်နဲ့ မြစ်ကြီးနားကိုဝင်သွားလို့ သင်တန်းပေးတဲ့ထဲမပါဖြစ်ခဲ့ ဘူး..ဒါပေမယ့် တခုကျနော်ကောင်းကောင်းသတိယတာကိုပြောရရင်...အပတ်စဉ်(၆)မှာ ကိုထွန်းအောင်ကျော်..ကိုအော င်နိုင်တို့ကိုစိုးလင်းတို့အပတ်စဉ်ပဲ..သူတို့သင်တန်းတက်ဖို ကုတုံးဆံတောက်ညှပ်ပြီးနောက် တရက်မှာကျနော် ထွက်လာတာ..ကိုအောင်နိုင်ကို ယောရှုကဆံပင်ညှပ်ပေးပြီး ကျနော် ကိုထွန်းအောင်ကျော်ကို ကုတုံးဆံတောက်ညှပ်ပေးခဲ့တာ. ..ဆံပင်မညှပ်ခင်တညမှာ ကိုထွန်းအေင်ကျော်.ကိုအောင် နိုင်တို့ သင်တန်းဘားတက်မှာ ဂီတာတီးသီချင်းဆိုခဲ့ကြတယ်. ...ကျနော်သူရိန်ရဲ့ ယူဂျီကိစ္စပြီးတဲ့အခါ တပ်ရင်း၁၂...ရွှေကူခရိုင်ကို ရောက်သွားတယ်...ကျနော်ဗဟိုက ပြန်လာတော့ မုန်းဆိုင်ယန်သင်တန်းကွင်းကိုပြန်ရောက်နေတဲ့အခါ အေးမိစံ..မငွေ..မမူ..သန်းေ ဌးနဲ့ မစိန်တို့ ရောက်နေပြီ.. အပတ်စဉ် ၆(ခ)ကို လိုင်စဉှ်မှပေးကြတယ်...မမူတို့ အဲ့ဒီမှာပြီးတာ.. Saturday at 6:26pm · · 1 - Kayin Lay နောင်ရာပါအပတ်စဉ်(၄)မှာ ရန်ကင်းက ကိုထီးတို့  အရှည်ကြီးဇော်ဦး...နောက်ပြ
ီးယူဂျီကိစ္စနဲ့ ပြန်ဝင်လို့ ဖမ်းခံရတဲ့...ဇော်ဇော်ထွန်း (ကိုထီးသူငယ်ချင်း)လူ့ ဘောင်သစ်...နောက်ပိုင်းကျေ နာ့်ရဲဘော်ဖြစ်လာတဲ့ တင်ပို..စိုးနိုင်လေး(စိုး နိုင်ကြီးမဟုတ်) တို့ ပဲ.... - Kayin Lay ကျနော်ဗဟိုကနောင်ရာပါဆင်းတဲ
့အခါ...ကိုအောင်လှက စခန်းမူးဖြစ်နေပြီး သူက အသစ်ရောက်နေတဲ့ ရဲဘော်သစ်တွေကိုအပ်တယ်...ကိုစိုးလင်းအပါအ၀င်အယောက် ၂၀ကျော်...သင်တန်းမစခင်ရှေ့ တန်းထွက်ရလို့ သင်တန်းမဆင်းရသေးတဲ့ ကိုစိုးလွင်တို့ ကိုကျနော်ဦးဆောင်ပြီး ၅၇ မမ လက်နက်ကြီးကျည်တွေသယ်ပေးဖို့ စစ်ကြောင်းလိုက်ရတယ်...ဒီစာကို ကိုစိုးလင်းတွေ့ ရင် မှတ်မိပါလိမ့်မယ်... Saturday at 6:31pm · · 1 - Kayin Lay ကဲ..ပြောရင် ၀တ္တုတပုဒ်စာပြည့်တော့မယ်..
ရေးချင်သူများ တချို့ အချက်လေးတွေရလောက်ပြီ Saturday at 6:32pm · · 1 - Nang Aung Htwe Kyi ကျေးဇူးစိုးစိုးရေ .. ချာတိတ်တယောက်ကော..
- Nang Aung Htwe Kyi ဦးအောင်လှ .. ETတို့အဖေကြီးခေါ်ပြီး ထင်းခွဲကူခိုင်းတယ်လေ .. နောင်ရာပါ ချောင်းရေကြီးတော့ ပါသွားတာလား .. ဟုတ်လားစိုးစိုး။ဗဟိုမှာ မငယ်တို့ ရဲမေဆောင်နားနေတယ်လေ ..
- Aung Gyi Gsc ၁၉၉၀တုံးကကျနော်ကမော်စကိုထေ
ာင်မှာ Sunday at 1:19am · · 1 - Kayin Layသင်တန်းဆရာမလေးချာတိတ်က မငယ်တို့ မရှိတဲ့တော့အချိန် ထွန်းသေးနဲ့ အိမ်ထောင်ကျပြီး သမီးလေးတယောက်ရတယ်..၂၉၉၇မှာ
လိုင်စင်ဗဟိုမှာ ကေအိုင်အိုကျနော်တို့ တပ်တွေကိုလက်မခံနိုင်တော့တဲ့အခါ..အိမ်ပြန်ချင်တဲ့ရဲဘော်ရဲမေတွေကိုစားရင်းကောက်တဲ့ အခါ ပါပြီ့းပြန်သွားတ ယ်...အဲ့ဒီတုံးက အဖွဲ့ အစည်းကပဲ ပြန်ချင်သူတွေကို ကောင်းကောင်းပို့ နိုင်အောင်စီစဉ်ပေးခဲ့တယ်...ချာတိတ်တို့ လင်မယား..ဖိုးနောင်းတို့ လင်မယားနဲ့ ကလေး..တင်စန်းဥိးတို့ လင်မယား..လှထွန်းမိန်းမ မနုနဲ့ ကလေး..စန္ဒာ.။လွန်းဒေါင်နဲ့ ခေါထန်..နဲ့ တခြားတ်ာတော်များများပဲ..အ င်း မျက်စိထဲမြင်ယောင်နေတယ် - Kayin Lay ကိုအောင်လှ..မငယ်ပြောတာဟုတ်
ပါတယ်...၈၈သပိတ်တုံးက လေးခွကို ခါးချိတ်ချိတ်လို့ သူ့ ကို ပစ္စတိုဘတ်ခွ ကိုအောင်လှလို့ ခေါ်ခဲ့တယ်...ရဲမေများညာခို င်းတဲ့ကိုအောင်လှကြီးပါပဲ.. နောင်ရာပါ ရေမကြီးခင်က သူကစခန်းမှူး..ကိုအောင်ကိုး က တပ်စုမှူး..နောင်ပိုင်း တပ်ခွဲသုံးဖြစ်လာတဲ့ မျိုးဝင်းနိုင်..ကာဆင်နဲ့ သန်းငွေတို့ က တပ်စိပ်မှူးတွေပါ - Nang Aung Htwe Kyi ဦးအောင်လှနဲ့ အန်တီသောင်းလှနဲ့ ငါနောက်မိလို့ အန်တီ အော်တာခံလိုက်ရတယ်။မငယ်နင်က
အကြီးဖြစ်ပြီးနင်ကိုက ဒီလိုပြောရင်ဟိုအငယ်အုပ်စုငါဘယ်လိုထိမ်းမလဲ .. ဘာညာနဲ့။ သင်းသင်း ET နန်းစော အုပ်စုလေ..။ မလေးကတမျိုး၊နင်ကတမျိုး၊ အကြီးတွေလုပ်ပြီး ..ပွစိပွစိနဲ့ တနေ့လုံးနားကိုငြီးရော။ အန်တီ တအားဖျားလို့ ဆေးရုံတင်တော့ ငါရယ် အသေးလေး နန်းစော ဆေးရုံစောင့်လေ။ Sunday at 5:33am · · 1 - Kyaw Soe Win ဒါးသွားပေါ်က ပျားရည်စက်နေ့ရက်များလို့ပဲ
.................... Sunday at 5:45am · · 1 - Kayin Lay ချာတိတ်ကတော့ငှက်ဖျားနဲ့ ဆုံးသွားပြီ..အန်တီလိုင်စင
်မျာဆုံးတော့ ကျနော်က ရှေ့ တန်းမှာ မမြင်လိုက်ဘူး... - Kayin Lay ကျော်စိုးဝင်း...တို့ တတွေ ပျားရည်ချိုချိုကိုတော့ ထိတွေ့ ခဲ့ကြတာအမှန်ပဲကွ..
- Nang Aung Htwe Kyi ကိုရာကွတ်နဲ့ ဦးသောင်းပုံ ကို ၈၈၈၈ မန္တလေးမှာ ကိုညီကျော် ကိုမြင့်သိန်းတို့နဲ့တွေ့လိ
ုက်တယ်။ ချာတိတ်အကြောင်းခုမှသိတယ် ။ - Kayin Lay မငယ်...ဘာပဲဖြစ်ဖြစ်လေ...နာ
ကျည်းခံစားချက်တွေပြည့်နေတဲ့ ဖြစ်ရပ်တွေချည်းပဲ ရင်နှင့်အမျပေါက်ကွဲနေချိန် မှာ ဒီလိုပျော်ရွှင်တဲ့ အဖြူရောင်နေ့ ရက်တွေနဲ့  တခါတရံ ပိတိဝေခံစားရတာဟာလည်း အာဟာရတခွက်ပါပဲ...အမှန်တရား ဆိုတာ အမှန်တရားအတိုင်းပေါ်လာရစမြဲ ပဲ....ကျနော်ရင်ထဲမှာတော့ ချစ်စွာသော တော်လှန်သောရဲဘော်များနဲ့ အစဉ်ထာဝရပါ.... - Nang Aung Htwe Kyiစိုးစိုးရေ.. မဖြစ်သင့်ဘဲဖြစ်ခဲ့ကြရတဲ့ အကြောင်းတရားရယ် ဖြစ်ပျက်အောင်ပြုလုပ်ခဲ့ကြသ
ူတွေကိုဘဲ ရည်ညွှန်းတာပါလေး .. ရဲဘော်တိုင်းရယ်မဟုတ်ပါဘူး။ AB-NB ကအခြေအနေအကြောင်းအမျိုးမျိုးကြောင့်ထွက်ခဲ့ ကြပေမဲ့ အားလုံးရင်ထဲမှာ AB-NB ဆိုတာရှိနေကြပါတယ်။ေ ကျာင်းသား ခွပ်ဒေါင်းအလံတော် ကငါတို့ကိုသတ်တာမဟုတ်ပါဘူး။အဲ့ဒီအလံတော်အောက်က ဦးဆောင်သူတချို့ ကရက်စက်မှု့တွေ သတ်ဖြတ်မှု့တွေလုပ်ခဲ့ကြတာပါ ။ ဦးဆောင်သူလူအနည်းစုကြောင့် ကျောင်းသားအားလုံး ကို သိမ်းကြုံးပြောမယ်ဆိုရင်တော့  မှားမှာပေါ့။ ဟုတ်မှမဟုတ်တာဘဲ။ ရီခဲ့ကြတာရော ငိုခဲ့ရတာရော ပျော်ခဲ့ကြရတာတွေရော ဝမ်းနည်းယူကြုံးမရဖြစ်ခဲ့ကြ တာတွေရော .. ဒါ ဘဝလေဟယ် ။ Sunday at 6:22am · · 1 - Kayin Layဟုတ်တာပေါ့မငယ်....ကျနော်တိ
- ဘရာဇီး ငှက်ရိုး ကဲ... အကိုကရင်လေးနဲ့ အမမငယ်နဲ့ ပေါင်းပြီး စာအုပ်တအုပ်ရေးကြပါ... လွမ်းမောစရာဘဝလေးပေါ့...
No comments:
Post a Comment