ပြီးခဲ့တဲ့အပတ် အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ Myanmar Times မှာ အင်္ဂလိပ်လို၊ အခုတစ်ပတ် မြန်မာဘာသာမှာ မြန်မာလို ဘာသာပြန်ဆို ဖော်ပြထားတဲ့ ဆရာမ မသိင်္ဂီရဲ့ အညွန်းကြောင့် သည်စာအုပ်ကို ဖတ်ဖြစ်သွားခဲ့တယ်။
လက်က မချချင်အောင် ဆွဲဆောင်နိုင်တဲ့ ဖြစ်ရပ်မှန် ဇာတ

်လမ်းပါ။ သခင်သန်းထွန်းရဲ့ နောက်ဆုံးနေ့များ စာအုပ်ထဲက အဖြစ်အပျက်တွေထက် ဆိုးရွားတာတွေကို အဲဒီ့စာအုပ် ရေးသားပုံထက် ပိုထိမိအောင် ရေးသား တင်ပြထားတာ ဖတ်ရပါတယ်။
စာရေးသူက မန္တလေး စိန်ပီတာ (အထက ၉) ကျောင်းထွက်တဲ့။ စာရေးနေကျ မဟုတ်ပေမယ့် အရေးအသား ချောမွေ့ပြေပြစ်တယ်။ ရင်ထဲမှာ နင့်နေတဲ့ သူ့ခံစားချက် (မုတ)ကြောင့် လင်္ကာက ချောနေပါတယ်။ ရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်လိုပါပဲ။ အင်မတန်ကို ထူးခြားလှပါတယ်။
မဖတ်ဖြစ်သေးရင် ရအောင် ရှာဖတ်စေချင်ပါတယ်။ တွေးစရာ အစတွေလည်း အများကြီး ချန်ထားခဲ့ပါတယ်။
စာမြည်း - (နည်းနည်းရှည်ပါမယ်။ စိတ်ရှည်လက်ရှည် ဖတ်ပေးပါခင်ဗျား)
သူတို့က ကျွန်တော့်ရဲ့ ရည်ရွယ်ချက်၊ ကျွန်တော့်ရဲ့ အားထုတ်မှုကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ကျွန်တော်ကတော့ သူတို့အားလုံးအတွက် နှလုံးသားထဲမှာ နှစ်ပြီး ကြိုးစားခဲ့တာပါ။ မျှော်လင့်ခဲ့တာပါ။
သူတို့အထဲမှာ ညီညီက လွဲလို့ ကျွန်တော့် ဆွေမျိုးသားချင်း တစ်ယောက်မှ မပါပါဘူး။ အသိမိတ်ဆွေတို့၊ အသိမိတ်ဆွေတို့ရဲ့ သားသမီးတို့ တစ်ယောက်မှ မပါပါဘူး။
သူတို့ဟာ ဗုဒ္ဓဘာသာဝင်လေးတွေပဲဖြစ်ဖြစ်၊ ခရစ်ယာန် ဘာသာဝင်လေးတွေပဲဖြစ်ဖြစ်၊ ဟိန္ဒူဘာသာဝင်လေးတွေပဲဖြစ်ဖြစ်၊ မူစလင် ဘာသာဝင်လေးတွေပဲဖြစ်ဖြစ်၊ ဘာလူမျိုး ဘာဘာသာကို ကိုးကွယ်ကြသည်ပဲ ဖြစ်ပစေ၊ အားလုံးဟာ ကျွန်တော့်အတွက်တော့ အတူတူပါပဲ။ ကျွန်တော်တို့ အမိမြန်မာပြည်ရဲ့ အညွန့်အဖူးလေးတွေပါပဲ။
အညွန့်အဖူးလေးတွေမှာတောင် “ဇ”ရှိတဲ့သူတွေ၊ သတ္တိခဲတွေပါ။ သာမန် သူလို ကိုယ်လို ကလေးတွေ မဟုတ်ကြပါဘူး။ တခြားသူတွေနဲ့တော့ နှိုင်းယှဉ်ပြီး မပြောလိုပေမယ့် ကျွန်တော့်ထက်တော့ သတ္တိရှိတဲ့ သူတွေချည်းပါပဲ။
ကိုယ်မှန်တယ်လို့ ယုံကြည်တဲ့လမ်းကို မိသားစုအပါအ၀င် အရာအားလုံးကို စွန့်လွှတ်ပြီူ လျှောက်ရဲတယ်ဆိုတဲ့ သတ္တိ ကျွန်တော့်မှာ မရှိပါဘူး။ သည်ကလေးတွေမှာ ရှိပါတယ်။
ကျွန်တော်အပါအ၀င် ကျွန်တော့်ပတ်ဝန်းကျင်က လူအများစုမှာ သူတို့လို သတ္တိမျိုး၊ သူတို့လို စိတ်ဓာတ်မျိုး မရှိပါဘူး။
အဲလို သတ္တိမျိုး မရှိလို့လည်း ကျွန်တော် အရေးအခင်းပြီးတော့ အိမ်မှာ ထိုင်နေခဲ့တာပေါ့။
သူတို့ဟာ အန္တရာယ်ကင်းတဲ့ နိုင်ငံခြားကို ထွက်ပြေးသွားကြပြီး “လွတ်လပ်စွာ ဟောင်ဖွာ ဟောင်ဖွာ လုပ်ခွင့်နဲ့ ဒေါ်လာစားရမယ့်လမ်း”ကို ရွေးချယ်ခဲ့ကြတာ မဟုတ်ပါဘူး။ သည်ရောက်ပြီးတော့မှ သူတို့လေးတွေ ဒုက္ခရောက်သွားရတာကတော့ ကံဆိုးမိုးမှောင်ကျသွားကြတာ သက်သက်ပါ။ မှားတာ မှန်တာကို ကျွန်တော် ပြောနေတာ မဟုတ်ဘူးနော်။ သတို့ အရည်အချင်းနဲ့ “ဇ”ကို ပြောတာ။ တော်ရုံတန်ရုံ သတ္တိမျိုးနဲ့ သူတို့လုပ်ခဲ့တဲ့ အလုပ်မျိုး မလုပ်နိုင်ကြပါဘူး။
ကျွန်တော်တို့ရဲ့ သတ္တိက လက်ဖက်ရည်ဆိုင်ထိုင်၊ ဘေးသူစိမ်း လူရှင်းမှ၊ ကိုယ့်အချင်းချင်းတွေ့မှ အစိုးရမကောင်းကြောင်း၊ ၀န်ထမ်းတွေ အကျင့်ပျက်တဲ့အကြောင်း ပြောရဲတဲ့ သတ္တိပါ။
BBC တို့ VOA တို့ DVB တို့ RFA တို့ကို ခပ်တိုးတိုးလေး ဖွင့်နားထောင်ပြီး ကိုယ့်လူအချင်ချင်းတွေ့တဲ့အခါ မစားရ ၀ခမန်း သတင်းစားမြုံ့ပြန်တဲ့ အဆင့်လောက် ရှိတဲ့ သတ္တိပါ။

- Wc App Ok.ရှာဖတ်မယ်။ကိုယ်တို့ကိုလ
ည်း ဇ'ရှိသလားမမေးနဲ့ .....ပုဆိုးခြုံထဲက လက်သီးပြဖို့ မပြောနဲ့ လက်သီးတောင်ရဲရဲမဆုပ်ရဲတဲ့ေ ကာင်။
အဲ့သလောက် သတ္တိကောင်းတာ။
No comments:
Post a Comment