ဒီကိစ္စဟာ အဆင့် ၂ ဆင့်နဲ့ ဒီနေ့အထိ မိုက်ရိုင်းနေတာလို့ ပြောလို့ရတယ်။
၁။ အချင်းချင်းကို အာဏာမက်ပြီး ဖမ်းဆီး၊ နှိပ်စက်၊ သက်ဖြတ်တယ်။
အဲဒီလို လုပ်နိုင်ဖို့ အတွက် ခေါင်းဆောင်ကောင်း ကိုထွန်းအောင်ကျော်လို လူကို သူလျှိုလို့ စွပ်စွဲပြီး မိုက်ရိုင်း
တယ်။ (သူလျှို ဖြစ်နေဦးတော့ .. အခုလို လူမဆန်၊ မိုက်မိုက်ရိုင်းရိုင်း နှိပ်စက်စရာ မလိုဘူး။ ဒါ လူသားတိုင်း နားလည်တယ်။ ဒီလုပ်ရပ်ဟာ သွေးဆာနေတဲ့ သွေးအေး လူသတ် သမားတွေသာ လုပ်တဲ့ လုပ်ရပ်ဖြစ်တယ်။)
၂။ အဲဒီလို ဖြစ်ခဲ့ပြီး နှစ်တွေကြာတဲ့ အခုအချိန်အထိ မီဒီယာ တချို့မှာ အဲဒီ ရော်နယ် အောင်နိုင်ဆိုတဲ့လူက ကြုံရင် ကြုံသလို .. သူလျှိုတွေဖြစ်လို့ သေဒဏ်ပေးရတာ ဆိုပြီး .. ထပ်ဆော်ကားတယ်။ ကိုယ်လုပ်ခဲ့တဲ့ အပြစ်ကို နောင်တမရဘဲ .. ဒီလူတွေကို ဒီလိုလုပ်မှ တော်ရာကြမယ်။ မဟုတ်ရင် တော်လှန်ရေးပဲ ထိခိုက်မယ် ဆိုသယောင်ယောင်နဲ့ သေသွားတဲ့ လူတွေကို ထပ်ပြီး မိုက်ရိုင်း ဆော်ကားတယ်။
ဒီကိစ္စဟာ အခုကာလမှာ ရှင်းဖို့ အချိန်တန်ပြီ ဖြစ်တယ်။ တာဝန်ရှိသူတွေကို တရားဥပဒေနဲ့ အများပြည်သူ ရှေ့မှောက်မှာ စီရင်နိုင်ဖို့ အားလုံး ကြိုးစားရမယ်။ အဲဒီလူတွေ သေသွားလို့ .. အသက်ရှိထင်ရှား ရှိနေစဉ် အခြေအနေကြောင့် တရား မစီရင်နိုင်ခဲ့ရင်တောင် .. အဲဒီ သေသွားတဲ့ လူသတ်သမားတွေရဲ့ နာမည်နဲ့ လုပ်ရပ်တွေကို တရားစီရင်ပြီး နောင်လာ နောင်သားတွေ ဒီအမှားမျိုး ထပ်မကျူးလွန်ကြရအောင် မြန်မာတနိုင်ငံလုံး သိအောင် စီစဉ်ပြီး တရားစီရင်နိုင်အောင် ကြိုးစားရမှာ ဖြစ်တယ်။ ဒီအမှားမျိုး မြန်မာနိုင်ငံ အနာဂတ်မှာ ထပ်မဖြစ်စေရအောင် ဒီလို လုပ်ကို လုပ်ရမယ်။
No comments:
Post a Comment