Friday, February 15, 2013

ရဲဘော်ဟောင်းကိုဝဏ္ဏဇော် ၏ ပြောကြားချက်များ

အနှိပ်စက်ခံ ABSDF- NB မြောက်ပိုင်းပြန်ကျောင်းသား ရဲဘော်ဟောင်းကိုဝဏ္ဏဇော် ၏ ပြောကြားချက်များ
မြောက်ပိုင်းပြန် ကျောင်းသားရဲဘော်ဟောင်း ကိုဝဏ္ဏဇော်

ရှမ်းပြည်ကျောင်းသားတပ်ရင်း (၄၀၁) ၏ ပြောကြားချက်များ

by Ko Lin Wai Aung on Sunday, June 17, 2012 at 8:50am ·


ကျနော့်ကို( ၁၀.၀၉.၁၉၉၁ )နေ့ ည၁၂း၀၀နာရီလောက်မှာ ကျော်ထင်ဦးနှင့် ကျောင်းသား ထလရ အဖွဲ့ဝင်များမှ စစ်ရုံးထဲမှာ လာရောက်ဖမ်းဆီးခဲ့ပါတယ်… အဖမ်းခံရချိန်မှာ ကိုဘိုဘိုလဲအတူတူ အဖမ်းခံ ရပါတယ်…..သေနတ်နဲ့ချိန်ပြီးဖမ်းဆီးခဲ့ပြီး လက်မနှစ်ဘက်ကို လက်နောက်ပြန် လက်ထိပ်ခတ် ပါတယ်..

ကိုဘိုဘို ကိုတော့ရိုက်နှက်ပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်….အောက်အချုပ်ဆောင် လက်ချာဟောကို ခေါ်သွားပြီး လက်ပြန်ကြိုးတုပ် မျက်နှာကို အ၀တ်စည်းပြီး ထားပါတယ်။

နောက်တရက်ညပိုင်းမှာ သတင်းပြန်ကြား တဲထဲခေါ်ပြီး စစ်ကြောရေးလုပ်ပါတော့တယ်….. ထလရ အဖွဲ့မှ ဇော်ဇော်မင်း(ယခုပြည်တွင်း)နဲ့ စစ်ကြောရေးခေါင်းဆောင် လဆိုင်း -မကဒတ(မပ) (တွဲဘက်အထွေထွေအတွင်းရေးမှူး-၂)၊ ယခု ABSDF မြောက်ပိုင်းကိုဦးဆောင်နေသူ တို့က စစ်ဆေး ပါတယ်။ထောက်လှမ်းရေး ဟုတ်မဟုတ် ပဲမေးပါတယ်…..မဟုတ်ဘူးဖြေလျှင် တုတ်နဲ့ရိုက် ပါတယ်….လက်သီးနဲ့ထိုးပါတယ်….ပါးကိုရိုက်ပါတယ်…..ခြေထောက်ကို လျှပ်စစ်ဝါယာ ရှော့ ရိုက်ပါတယ်…..ကျင်စက်နဲ့တို့ပြီးစစ်ပါတယ်…..မခံနိုင်တော့တဲ့အဆုံး ထောက်လှမ်းရေး မဟုတ်ပါဘဲ ဟုတ်ပါတယ်လို့ ပြောခဲ့ရပါတယ်။ ခြေထောက်မှဒဏ်ရာများမှာ ဇော်ဇော်မင်း၊လဆိုင်း(ယခု ABSDF -မြောက်ပိုင်း)တို့မှ မတရား နှိပ်စက်လို့ ရခဲ့သောဒဏ်ရာများဖြစ်ပါတယ်….

ထိုမှအောက်အချုပ်ဆောင်သို့ ပြန်ပို့ထားပြီး ညဘက်တွင် ကင်းမှူးအောင်မင်းက မင်းကိုစစ်တုံးက အော်သံတွေကြားတယ်….မင်းရိုးရိုးသားသား ၀န်မခံဘူးထင်တယ်……ဟုပြောကာ G3 ဒင်ဖြင့် ခေါင်းကို ရိုက်ခြင်း၊ သေနတ်ပြောင်းဖြင့် ရိုက်ခြင်း စသဖြင့် လုပ်ပါတယ်…..ဦးခေါင်းတွင် (၇)နေရာခန့် ကွဲကြေခဲ့ရ ပါသည်……

၁၉၉၂-ဇန္န၀ါရီလ အကုန်လောက်မှာ ကျနော့်ကို ဒုတိယအကြိမ် စစ်ကြောရေးထပ်လုပ်ခဲ့ပါတယ်….

အပေါ်အချုပ်ဆောင်သို့ ရောက်ရှိပြီးချိန် ကျနော်စစ်ရုံးနားတွင် ထရံယက် အလုပ်လုပ်နေချိန်မှာ ထလရ အောင်စိုးမြင့်မှ မင်းကိုမေးစရာရှိသေးတယ်ဟု ပြောဆိုခဲ့ပါတယ်…..နောက်တရက်ညမှာကျနော့ကို ထလရ တဲကိုခေါ်ပြီး စစ်ကြောရေးဝင်ပါတယ်…..ကျနော့်ကို ဆက်သွယ်ရေးစက် ပါလာသည်ဟုဆိုကာ တောင်းပါတော့တယ်…..

ရှစ်လေးလုံးပွဲမတိုင်ခင် (၇)လပိုင်းအကုန်လောက်က ကျနော် သီချင်းတိုက်ဘို့ အတွက် သီချင်းစာသားများ ကို ချရေးရာတွင် WORK MAN ကက်ဆက်ကိုအသုံးပြုပြီး နားထောင်လိုက် ချရေးလိုက် လုပ်နေပါသည်….နားကြပ်ကိုလည်း အသုံးပြုပါတယ်……၀ါဒဖြန့်ချီရေးတဲမှာ အလုပ်လုပ်နေ တာဖြစ်ပါတယ်…..အဲဒီအချိန်မှာ လူတယောက် ရိပ်ခနဲ အပေါက်ဝမှ ဖြတ်သွားတာကို မြင်လိုက်ရ ပါတယ်..

အောင်စိုးမြင့်က ထိုကိစ္စကို ပြန်ပြောပြီး ထိုကက်ဆက်ကို ဆက်သွယ်ရေးစက်ဟု ပြောကာ ကျနော့်ထံမှ တောင်းပါတော့တယ်…..ကျနော်က ထိုအရာမှာ ကက်ဆက်သာဖြစ်ကြောင်း ပြောပြရာ ကျနော့်အား ရိုက်နှက်ခြင်း နှိပ်စက်ခြင်း တို့ကိုအမျိုးမျိုးလုပ်ပါတော့တယ်….

ထို့နောက် ထိုကက်ဆက် ရှိရာနေရာကို ကျနော်မှ ပြောပြခဲ့ရာ ၄င်းတို့မှ သွားရောက်သိမ်းဆည်း ခဲ့ပါတယ်……ခြေထောက်တွင်လည်း အောင်စိုးမြင့်နှင့် ထလရ အဖွဲ့ဝင်များ နှိပ်စက်သောကြောင့် ဒဏ်ရာ များထပ်မံရရှိခဲ့ပါတယ်……

ထိုသို့ စစ်ဆေးနေစဉ်အတွင်း သံချောင်း၊အောင်နိုင်၊ ကိုကျော်ကျော်နှင့်( ) တို့ ထလရ တဲသို့ ရောက်ရှိလာခဲ့ကြပါတယ်…..

ကိုသံချောင်းမှ ဆက်သွယ်ရေးစက် နှင့်ပတ်သက်ပြီး ဟုတ်မဟုတ် ၀င်ရောက်ပြောဆို မေးမြန်းခဲ့ပါတယ်….

နောက်တစ်ရက်မနက်တွင် (အပေါ်အချုပ်ထောင်)၌ မောင်မောင်ကြွယ်ကို အိမ်သာတက်ရင်း ထိုကိစ္စ ကို ပြောပြခဲ့ပါတယ်…..မောင်မောင်ကြွယ်က မင်းကိစ္စကို မစိုးရိမ်ပါနဲ့ ၊ ငါ့ကိစ္စကပိုပြီးတော့တောင် အရေး ကြီးသေးတယ်…..ငါကပိုပြီးပြသနာရှိနေတယ် လို့ ကျနော့ကိုပြောခဲ့ပါတယ်…..

သူ့ကို အရေးကြီးလူစာရင်းထဲမှာ မှင်နီဖြင့် ၀ိုင်းပြထားကြောင်း ၊ မင်းကိစ္စကငါ့လောက်မဆိုးနိုင်ပါဘူး ဟု ပြောဆိုခဲ့ပါသည်…..၁၉၉၂ ဇန္န၀ါရီလကုန်……ဖေဖေါ်ဝါရီလဆန်းတွင် ဖြစ်ပါတယ်……

၁၉၉၂ခု ဖေဖေါ်ဝါရီလ ၁၂ ရက် ညနေ ၄း၃၀ လောက်မှာတော့ ကျနော်တို့အားလုံးကို သာမန် ထက်တင်းကြပ်စွာ လက်ပြန်ကြိုးတုတ် မျက်နှာကိုအ၀တ်စည်း နံရံတွေဘက်လှည့်ထိုင်ခိုင်းထားပါတယ်.. ထောင်ပြောင်းမယ်ဟေ့ဆိုတဲ့ လှဆိုင်းရဲ့အော်သံနဲ့အတူ အချုပ်ဆောင်ထဲကို လူ၂၀ လောက် ၀င်လာသံ

ကိုကြားရပြီး နာမည်ခေါ်ပြီး လူတွေကိုရွေးထုတ် ခေါ်ဆောင်သွားပါတော့တယ်….၆း၀၀နာရီလောက်မှာ သေနတ်သံ(၂)ချက်ကြားလိုက်ရပါတယ်……

ကျနော်တို့ကို ည၇း၃၀ လောက်မှာ အိပ်ခိုင်းလိုက်ပါတယ်……နောက်နေ့မနက်မှာတော့ ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊ မောင်မောင်ကြွယ် အပါအ၀င် (၁၅) ဦးကို အာဆံကုန်းမှာ ခေါင်းဖြတ်

သတ်လိုက်ကြပြီဖြစ်ကြောင်း အစောင့်များ ၊ ရဲဘော်များရဲ့ပြောကြားချက်တွေအရ သိလိုက်ရပါတယ်…..


· · Share

  • You, Thar Swe, Than Doke, Ko MoeJee and 15 others like this.
  • 57 shares
    • Nicky Shein အောင်နိုင်၊ အပြစ်တွေက တခုပြီးတခု ထပ်တိုးတာပဲသိရတယ်၊ မင်းတို့ ကောင်းတာကျ တခုမှမကြားရပါလား? ဒါလောက်ဖြစ်နေတာတောင် ကြံဖန်ပြီး ကောင်းတာပြောချင်နေသေးတာက လက်ရှိ ဥက္ကဌ မယားဖြစ်နေပြန်၊ အံ့သြစရာ့ အေဘီ ဥက္ကဌ များပါပဲ၊
    • Kyaw Gyi AB
      ဝဏ္ဏ မင်းဟာမင်းသား ၊ ဒါပေမဲ့ အခုကခြေ ထိ မင်းခံစားနေရတာ သိသာတယ်၊ မင်းကိုတွေ့ ရတော့ ဝမ်းသာတယ် ၊အမြင်အရတော့ အနှစ်(၂၀)မှာ လတ်တလောခံ စားနေရသလိုပဲ ၊ အောင်နိုင် ဝဖြိုးလို့  လဆိုင်း ဗိုက်ဆွဲ လို့  ၊ကိုမင်းဌေး ပုံတွေမှာတွေ့ ရတယ် ၊ လက်ရှိ NB ကလဲ အားရစရာ ၊မင်းတွေ့ ရတာကတော့ ၊ ဘာပဲဖြစ်ဖြစ် ဆက်ကျော်ဖြတ်မယ် ၊ သူတို့ က ဒို့ ကို မရှိစေချင်ဘူး ၊ပျောက်ပျက်သာံးစေခချင်နေတယ် ၊ ပန်းကုံးနဲ့  ကြိုမဲ့ ပြည်သူတွေ ကို အနှေက်အယှက် ပေးမဲ့သူတွေအဖြစ် နဲ့  ၊ ဘာပဲဖြစ်ဖြစ် မင်းဆက်ရပ်တည်ပါ။ မင်းကိုယုံတယ်။
    • Kyaw Gyi AB ငါ့ ခြေသလုံးမှာလဲ မင်းလိုပဲ ပြည်လှိုက်စားတဲ့ သံခြေကျင်း ရာတွေ ။ ပလပ်လောင် ထားတဲ့ အရာတွေရှိတယ် ၊ မင်းလောက်တော့ မဆိုးဘူး။
    • Kyaw Gyi AB ကိုရဲ ကျွန်တော် ဆက်လုပ်မယ်။
    • Kyawnaing Oo ကို ရဲ တ၀က် တပျက် နဲ့ ပါ လါး
    • Nang Aung Htwe Kyi မိဘ ၇ ဦး ဖွဲ့ ကိုညီညီ၊ ကိုရဲ ၊ ကြောင်၊ဘိုဘို ၊ဝဏ္ဏဇော် ၊ မငယ် ၆ဦးတော့ ဆုံပြီ။ ဒိုဇာ ( ညီညီအောင်) ဘယ်ရောက်နေလဲမသိ။
      June 18 at 2:58am · · 2
    • Ko Lin Wai Aung ဒိုဇာက ကျနော်တို့အဖမ်းခံရတုံးက(၁၉၉၈)မှာ သူလဲဖမ်းခံရတယ်.... ထောက်လှမ်းရေးအထိ (၁၀) ရက်လောက်နေပြီးမှ ပြန်လွတ်ပါတယ်....အခုတော့မိန်းမနဲ့ကလေးနဲ့ ပဲခူးမှာပါ...
      June 18 at 6:41am · · 1
    • Thiha Kyaw
      I first met them(Ko Ye and Wunna Zaw) in KIA battalion (12) area as soon as I arrive Kachin state.His appearance change very much now.Last 20 ..21...23..years ago,he look very soft and handsome like his father whom I like.His eyes are innocent and look like his father.Mostly he is quiet , but sometime he joked..I surprised as I heard that he is spy.I feel sorry to see you boy.And now I am clear I owe you something,all of you.Even though I don't want to say anything here , I can't help talking to you this.Sorry.
      June 28 at 3:51am · · 3
    • Thiha Kyaw Let me copy others style."Is he a spy?Long life this spy".
      June 28 at 5:23am · · 1
    • Shwelatyar Daw ကိုသိုက်ထွန်းဦးက မြန်မာလိုရေးရင်ကောင်းမှာ။ အားလုံးနားလည်တယ်လေ။

No comments:

Post a Comment