March 10, 2012
by Ko Lin Wai Aung on Saturday, March 10, 2012 at 2:53am( ၂၁.၃.၁၉၉၂ )
မနက်စောစောထ ဘုရားရှီခိုးပြီး မီးကိုအရေးတကြီးမွှေးရတယ်….ရေနွေးအိုးတည်ပြီးမှ ရေအေးနဲ့ရောပြီး
မျက်နှာသစ်ရတယ်…ဒီနေ့ဘုန်းကြီးကျောင်းကိုလိုက်ပို့မယ်ဆိုပြီး ထမင်းမစားခင် ဥက္ကဋ္ဌ နဲ့ဗဟိုကော်မတီဝင်တွေ
ထောက်လှမ်းရေးသန်းဇော်နဲ့ ကိုယ်တို့(၇)ယောက် ဘုန်းကြီးကျောင်းသွားကြတယ်….ဘုန်းကြီး(၂)ပါးဘဲ တွေ့ရတယ်… နဲနဲအသက်ကြီးတဲ့ဘုန်းကြီးက မိုးညှင်းကတောခိုလာတာတဲ့….ဖမ်းထားတဲ့ကလေးတွေကိုအပြစ်
နဲနဲပြောတယ် ….ဘွဲ့အမည်ကဦးဣန္ဒာစာရတဲ့…..မုန့်တစ်ထုပ်လှူခဲ့တာမှတ်မိပါတယ်….
တဲပြန်ရောက်တော့ ထမင်းစား မီးလှုံ ညနေစာစားနဲ့ အချိန်ကုန်တယ်….
( ၂၂.၃.၁၉၉၂ )
မနက်စာစားပြီးတာနဲ့ ပါဂျောင်ချောင်းဘက် လိုက်ပြမယ်ဆိုပြီး ထလရတာဝန်ခံသန်းဇော်၊တာတီးပိုး(ခ)
သက်လင်း၊ဖိုးနှောင်း ၊သက်ထွန်း၊ဂျပန်သတင်းထောက်နဲ့ ကိုယ်တို့(၇)ယောက် လျှောက်သွားကြတယ်…..
ကိုယ်တို့နေတဲ့တောင်ကုန်းခြေရင်းမှာတောင်ပတ်လမ်းရှိတယ်….လိုင်စင်စခန်းကနေပြီးဟိုဘက် KIA လားတပ်
ရှိတဲ့ဘက်ကို သွားတဲ့လမ်း…..ကိုယ်တို့နေတဲ့တောင်ကုန်းကကြည့်ရင်…သွားလာနေတာအားလုံးမြင်နေရတယ်..
KIA ကလူတွေ….တရုပ်ရွာသားတွေ….လားတရုပ်တွေ…သွားလာနေတာမြင်ရတယ်….
ပါဂျောင်ချောင်းက ကိုယ်တို့နေတဲ့နေရာရဲ့ အရှေ့မြောက်ဘက်မှာရှိတယ်….တောင်၃လုံးလောက်ကွေ့
သွားပြီးရင်ရောက်တယ်….၁၀ပေလောက်ကျယ်တယ်…ကျောက်တုံးတွေကိုဖြတ်စီးနေပြီး ကြည်ပြီးအရမ်းအေး
တယ်….ကိုယ်တို့က ပါဂျောင်တံတားပေါ်ကနေ ရပ်ကြည့် နေကြတယ်…သန်းဇော်နဲ့အဖွဲ့က တံတားတစ်ဖက်က
တောင်ကုန်းမှာ ပစ်မှတ်ထားပြီး သေနတ်အတိုနဲ့ လက်တည့်စမ်းပစ်တယ်….
အားလုံး၁၄ချက်ပစ်တယ်….သေနတ်သံတွေအဆက်မပြတ်ကြားတော့ တောင်ကုန်းပေါ်ကKIA တပ်သား
တွေ တောင်အောက်ကို လှမ်းကြည့်တယ်….နောက်ဘာမှမဖြစ်မှန်းသိတော့ပြန်ဝင်သွားကြတယ်….
ဥက္ကဋ္ဌကို၂ချက်ဘဲပစ်မယ်ပြောခဲ့တာတဲ့…ခုတော့၁၄ချက်ပစ်ခဲ့တယ်ဆိုပြီး ကျည်ခွံတွေရေနေတယ်……
ပြီးတော့တဲကိုပြန်ခဲ့ကြတယ်….ကလေးတွေမြင်ရမလားဆိုပြီး သူတို့နေတဲ့ တောင်ကုန်းကို လှမ်းကြည့်ဖြစ်တယ်…
တဲရောက်တော့ ထမင်းစားပြီးခဏနားကြတယ်…
၂း၀၀နာရီလောက် ဥက္ကဋ္ဌကVIDEO ကြည့်ဘို့ဆိုပြီး လာခေါ်တော့ အားလုံးတောင်ဝှေးတွေထောက်ပြီး
လိုက်သွားကြတယ်….ဥက္ကဋ္ဌ တဲကိုပထမဆုံးရောက်ဘူးတာပေါ့…ဟိုကျတော့စကားတွေပြောရင်း VIDEO အခွေ ဖွင့်ပြတယ်….. သူတို့ထောက်လှမ်းရေးလို့စွပ်စွဲထားတဲ့သူတွေကို စစ်ချက်ယူနေတဲ့ ပုံတွေဘဲ….
ကြည့်ရတာ လိမ်ထားတာတွေဆိုတာသိရတော့ မကြည့်ချင်ဘူးပေါ့….ပထမ ကိုစိန် ကိုစစ်ချက်ယူနေတဲ့ပုံ
ဒုတိယက ချိုကြီးပုံ….သူ့ရှေ့စက္ကူပေါ်မှာလည်း အဆိပ်မှုန့်လို့ပြောတဲ့ အမှုန့်တွေ….ကြည့်ရတာမြေမှုန့်တွေလို့
ဘဲထင်တယ်…..အဆိပ်အာနိသင်ကလည်း စားရင်ချက်ချင်း မသေဘဲ တဖြည်းဖြည်းမှ သေတယ်တဲ့….
ကြည့်တဲ့သူတွေက မယုံဘူး….
နောက် ကိုယ့်သား ရဲလင်း အလှည့်လည်းရောက်ရော လက်ပြန်ကြိုးတုတ်ပြီးစစ်နေတာ….သားကပြုံးပြီးဖြေနေတာ
တွေ့တယ်….ငယ်ငယ်က ဘယ်လောက်စိတ်ညစ်ညစ် ပြုံးနေတတ်တဲ့အကျင့်….သူ့ကိုဖမ်းပြီးစစ်နေတာကို ပြုံးပြီး
ဖြေနေတယ်….လက်ပြန်ကြိုးတုတ်ထားပြီး ယူနီဖောင်းအစိမ်းနဲ့….ဆံပင်ကဂုတ်ထောက်နေတယ်…..၂၀.၃.၁၉၉၂
နေ့က တွေ့တဲ့ပုံနဲ့ လုံးဝမတူဘူး…..သူ့ကိုကြည့်ပြီးစိတ်မကောင်းဘူး…မျက်ရည်တွေကျလာတယ်….
သူ့ပုံကိုဘဲအကြာကြီးပြနေတယ်….နောက်တော့နန်းအောင်ထွေးကြည်….ဘိုဘို တို့ကိုစစ်နေတာပြတယ်..
ခဏနေတော့ပိတ်ပြီး စကားပြောကြတယ်….
အန်တီတို့က နောက်ပိုင်းမှာလည်း အလုပ်တွေနဲ့….မကျန်းမာတဲ့သူကလည်း မမာဘူး….အိမ်ကိုပြန်ချင်
ကြ ပြီဆိုတဲ့အကြောင်း ကလေးတွေနဲ့အတူ ပြန်ရအောင်စီစဉ်ပေးဘို့ပြောတော့ နေဒွန်းက ကလေးတွေကိုသူတို့
လုပ်ထားတဲ့အပြစ်အတွက်…ပြစ်ဒဏ်ကြေအောင်လုပ်ရဦးမှာဖြစ်ကြောင်း…ဒါကြောင့်ကလေးတွေကို မိဘတွေနဲ့
ယခုမထည့်နိုင်သေးကြောင်း ပြောတယ်…..
အဲဒီလိုပြောတော့ အားလုံးက …ဟင်…ဒါဆို….ကလေးတွေအခုကျခံရတဲ့ပြစ်ဒဏ်နဲ့ မပြီးသေးဘူးပေါ့…..
နောက်ကျခံရဦးမှာပေါ့…..အဲဒီလိုဆိုရင် သားသမီးတွေနဲ့ အတူဒို့လည်း ပြစ်ဒဏ်ခံယူမယ်….သူတို့နဲ့အတူလွတ်
မှပြန်ကြမယ် လို့ပြောတယ်….ဒါလည်းသူတို့ကမဟုတ်သေးဘူး….မိဘတွေမှာ ဘာအပြစ်မှမရှိလို့ အပြစ်ပေးစရာ
မလိုဘူး….ပြန်နှင့်ပါလို့ပြောတော့….
အန်တီကြီးကငိုပြီး ခြေသလုံးဖက်မယ်လုပ်ပြီး ဥက္ကဋ္ဌကြီးတို့ကို ဘယ်လိုတောင်းပန်ရမှာလဲလို့ ဆိုပြီး….
ငိုရော…..အားလုံးက၀ိုင်းငိုကြတာပေါ့….အနားမှာဂျပန်သတင်းထောက်ရှိတယ်…ဓာတ်ပုံရိုက်မှာကို ကိုအောင်ကြီး
က မရိုက်ရဘူးပြောတယ်…..အဲဒါနဲ့ မမြင့်မြင့်ကြည်ကလည်း…မင်းတို့ကိုယုံကြည်မိတာမှားပြီဆိုပြီးငိုကြရော…..
၅း၀၀နာရီလောက်ရှိတော့ ထမင်းကိုဥက္ကဋ္ဌတဲမှာကျွေးဘို့ပြင်ပြီး ထမင်းစားဘို့ခေါ်တယ်….အားလုံးက
လက်တို့ပြီး ထမင်းမစားဘဲအစာငတ်ခံမယ်လို့ လုပ်ထားကြတယ်…..ထမင်းစားခေါ်တော့ အန်တီတို့မစားတော့
ဘူး….စားလို့လည်းမရတော့ဘူးဆိုပြီး အားလုံးကငြင်းကြတော့ …..
အန်တီတို့ထမင်းမစားရင် အန်တီတို့သားသမီးတွေနဲ့ပေးမတွေ့တော့ဘူးလို့….သန်းဇော်တို့ကပြော
တော့….ကိုယ်တို့လည်း သားသမီးတွေနဲ့ပေးမတွေ့မှာစိုးလို့ လန့်ပြီးထမင်းစားရတယ်…..တစ်လုပ်နှစ်လုပ်စား
တာပါ…..အနားကနေပြီးခွံ့မတတ် ချော့ပြီးဝိုင်းကျွေးကြတယ်….
ဥက္ကဋ္ဌကလည်းနောက်ဖေးကတဲမှာသွားပြီးထမင်းစားတယ်….နောက်တော့…သက်ထွန်းကထွက်လာပြီး
ဥက္ကဋ္ဌလည်းစိတ်ဆိုးနေတယ်တဲ့……သူတို့စေတနာကိုမိဘတွေကနားမလည်ဘူးဆိုပြီး စိတ်ဆိုးနေတာတဲ့…….
ဒါနဲ့ ထမင်းစားပြီးတဲကိုပြန်ခဲ့ကြတယ်…..
တဲရောက်တော့ မီးစက်ကလည်းဆီမရှိလို့ ကလေးတွေနဲ့ဒီနေ့မတွေ့နိုင်တော့ဘူးဆိုတော့….ကိုယ်တို့
လည်းနားလည်လိုက်တယ်….ဒီနေ့ညထောင်ထဲသွားပြီး သားသမီးတွေကို ဘယ်လိုနည်းနဲ့ပြန်မလိုက်အောင်….
နားသွင်းလိုက်ပြီဆိုတာ နားလည်လိုက်ပါတယ်…..နောက်နေ့တွေ့ရင် အဖြေတစ်မျိုးတော့ထွက်မှာလို့တွေးပြီး
အိပ်ယာဝင်ကြတယ်….တတ်လည်းတတ်နိုင်…ကောက်လဲကောက်ကျစ်ပါပေတယ်လို့….နောက်နေ့ကျရင်
ကလေးတွေရဲ့ သဘောထားလည်းမေးကြည့်ပါ ဦးလေလို့ပြောတယ်…..ကိုယ်တို့ကတော့ကလေးတွေရဲ့သဘော
ထားအမှန် မဟုတ်တော့ဘူးဆိုတာသိနေပါပြီ……
( ၂၃.၃.၁၉၉၂ )
မနက်စောစော ကလေးတွေနဲ့တွေ့ရဘို့စောင့်နေကြတယ်….မနက်စာစားပြီး ၁၂း၀၀နာရီလောက် ကိုယ့်
ကို အရင်လာခေါ်တယ်….ဒီတစ်ခါတော့စစ်ရုံးထဲမှာတွေ့ရတယ်….သားတယောက်ထဲအရင်ရောက်နေတယ်….
ကိုယ်တို့လည်းကလေးတွေမပါရင်မပြန်ဘူးလို့မနက်ကတည်းကတိုင်ပင်ထားကြတယ်….ရောက်ရောက်ချင်းအမေ
ထမင်းစားပြီးပြီလား နေကောင်းလားလို့လို့မေးတယ်…. နေသိပ်မကောင်းဘူး….စိတ်လဲသိပ်မကောင်းဘူး…..
အမေတို့အသက်စွန့်ပြီး လာခေါ်ကြတာ….သားတို့မပါရင်မပြန်ဘူးဆိုပြီးပြောတော့……သားကဒီလိုလည်းဘယ်
ဟုတ်မလဲ…သူတို့ကကောင်းတာစီမံတာ မေမေတို့လက်ခံလိုက်ပါ…ကြက်ခြေနီလိုအဖွဲ့အစည်းတခုခုက လာခေါ်
ရင်လိုက်မှာပါလို့ ပြောတယ်….မရဘူးမေမေတို့နဲ့တစ်ခါတည်းလိုက်ရမယ်ပြောတော့ ……
သားမျက်လုံးမှာမျက်ရည်တွေနဲ့…….စောင့်နေတဲ့ကောင်လေးမသိအောင် ကိုယ့်ခြေထောက်ကို သူ့ခြေဖျား
နဲ့ တို့ပြီးမျက်ရိပ်ပြတယ်….ကိုယ်လည်းနားလည်လိုက်ပါတယ်….သူတို့ဆန္ဒအမှန် မပြောရဲဘူး….သူတို့လူကြီး
တွေအကြိုက်ပြောရတယ်ဆိုတာ…..အဲဒီလိုပြောနေတုံးမှာ….ကျော်နိုင်ဦး၊နန်းအောင်ထွေးကြည်၊ညီညီတို့လည်း
ရောက်လာကြတယ်….သူတို့၃ယောက်ကလည်းဝိုင်းပြီးနားချတာပေါ့လေ….အဲဒါနဲ့ လူကြီးတွေကတော့ ကလေး
တွေမပါရင်မပြန်ဘူးလို့ဆုံးဖြတ်ထားကြတယ်လို့ပြောပြီး ပြန်လာခဲ့တယ်….
ကိုယ့်အလှည့်ပြီးတော့ အန်တီကြီး….ပြီးတော့ဦးအေးနိုင်ကိုခေါ်တွေ့ပေးတယ်….သူတို့လည်းငိုယိုပြီးပြန်
လိုက်ဘို့ပြောကြဆိုကြပေါ့….အဲဒီနေ့မှာ၎ယောက်ပဲတွေ့ရတယ်….သူတို့၎ယောက်ကိုဗိုလ်အဆင့်သတ်မှတ်ထား
ပြီး အရေးပါတဲ့သူတွေမို့ မလွှတ်နိုင်သေးဘူးလို့ပြောတာတဲ့…..ညနေစာစားပြီး စကားပြောကြပြီး အိပ်ယာဝင်ကြတယ်….
( ၂၄.၃.၁၉၉၂ )
မနက်အိပ်ယာထ မျက်နှာသစ် ရွတ်ဖတ်ပြီးတဲပြင်ထွက်ကြည့်တော့ ကိုယ်တို့ ကလေး၅ယောက် (နန်းအောင်ထွေးကြည်နဲ့ဘိုဘိုမပါ) ထောက်လှမ်းရေးတဲဘက် ၀င်လိုက်ထွက်လိုက်လုပ်နေကြတော့ အနားက
တာတီးပိုးတို့ကို ဘာလုပ်နေတာလဲမေးတော့ အန်တီတို့ကလေးတွေကိုလွှတ်လိုက်ပြီလေဆိုပြီးပြောတော့…..
ဝမ်းသာသွားတယ်….ကလေးတွေလည်းထွက်လာကာစဆိုတော့ အ၀တ်အစားတွေစစ်ရုံးမှာသွားထုတ်နေတာတွေ့
တယ်….ကိုယ်တို့လည်းအပေါ်ကကြည့်ပြီးဝမ်းသာနေကြတာပေါ့…..
ဘိုဘိုနဲ့နန်းအောင်ထွေးကြည်အတွက်လည်း အ၀တ်အစားတွေလာတောင်းကြတယ်….ကိုယ်တို့ကလေး
၅ယောက်ကို တောင်ဘက်ကစစ်ရုံးဘေးက တဲအသစ်မှာထားတယ်….(ကော်မတီရုံးသစ်)။ ဂတုံးတွေနဲ့ ခါးပတ်အဖြူတွေနဲ့ဆိုတော့ ထောင်ထွက်တွေမှန်းသိသာတယ်….သူတို့လည်းထွက်လာကာစဆိုတော့ ရေခပ်ဆင်းလိုက် လိုတာသွားယူလိုက်နဲ့ အလုပ်ရှုတ်နေကြတယ်…..မိဘတွေနဲ့လာတွေ့ခွင့်မရဘူး…..
ဘိုဘိုနဲ့နန်းအောင်ထွေးကြည်က ပရိုတင်း(PRO- TEAM) မှာနေရတယ်….နောက်နေ့မှာလုပ်မဲ့ဒေါင်းမိခင်
ခန်းမဖွင့်ပွဲမှာ သီချင်းဆိုဘို့ သီချင်းတိုက်နေကြတယ်တဲ့…..ကလေးတွေအားလုံးကဂတုံးတွေနဲ့ယူနီဖေါင်းအစိမ်း
တွေနဲ့ဆိုတော့ အားလုံးတူနေကြတယ်….ညီညီကဘယ်သူနဲ့မှမတူဘူး သိသာတယ်….ခြေတစ်ဘက်ကနှိပ်စက်
ထားတဲ့ဒဏ်ကြောင့် ထော့နင်းထော့နင်းဖြစ်နေတယ်….ကျော်နိုင်ဦးနဲ့ ရဲလင်းကအဝေးကကြည့်ရင်တစ်ပုံစံထဲဘဲ…
ညီညီအောင်နဲ့ဝဏ္ဏဇော်ကကုပ်ကုပ်ကုပ်ကုပ်နဲ့ ခွဲမရဘူး…..တစ်ယောက်ထွက်လာရင် သူ့သားကိုယ့်သားနဲ့ခွဲနေ
ကြရတာ အမောပါဘဲ…..
မနက်ဖြန်ဒေါင်းမိခင်ခမ်းမဖွင့်ပွဲတက်ဘို့အတွက် ဖိတ်စာတစ်စောင်စီ ပေးထားတယ်…..
( ၂၅.၃.၁၉၉၂ )
ညနေ၄း၀၀နာရီလောက် ဒေါင်းမိခင်ခန်းမဖွင့်ပွဲတက်ဘို့လာခေါ်တယ်….အားလုံးလိုက်သွားပြီးခန်းမထဲ
မှာဘယ်ဘက် ဒုတိယတန်းမှာထိုင်တယ်….ရှေ့ဆုံးမှာတော့ ဘုန်းကြီးတွေထိုင်တယ်…ကိုယ်တို့နောက်မှာသား
တွေထိုင်ပြီး….သူတို့ဘေးမှာသန်းဇော်နဲ့အဖွဲ့ထိုင်တယ်….နောက်မှာဧည့်သည်အချို့နဲ့ကျောင်းသားတပ်ကလူ
တစ်ချို့….အဲဒီနောက်မှာတော့ ထောင်ထဲက ကလေးတွေထိုင်ကြတယ်….ညာဘက်ထိပ်ဆုံးမှာတော့ ဥက္ကဋ္ဌ နဲ့
ဗဟိုကော်မတီဝင်တွေထိုင်ကြတယ်….နောက်ဂျပန်သတင်းထောက်…နောက်ပြီး NLD ကတောခိုလာတဲ့၅ယောက်
ထိုင်တယ်….နောက်ပြီးKIA အရာရှိ၊အရာခံ၊အကြပ်၊တပ်သားတွေထိုင်တယ်….အရာရှိကတော်နဲ့ကလေးငယ်တ
ယောက်ပါတယ်….နောက်မှKIA ကန်တင်း(CANTEEN) က တာဝန်ခံမနှင်းမေဆိုတာသိရတယ်…အားလုံးနေရာ
ယူပြီးတော့ ခန်းမဆောင်ဖွင့်ဘို့အတွက် အားလုံးအပြင်ထွက်ပေးရတယ်……ဖွင့်ရင်သေနတ်ဖေါက်မှာမို့မကြောက်
ဖို့လာပြောကြတယ်….
အပြင်ထွက်ပြီး အားလုံးမတ်တပ်ရပ်……ဥက္ကဋ္ဌအောင်နိုင်က ဖဲကြိုးဖြတ်ပြီးဖွင့်လိုက်တယ်…..ခန်းမထဲဝင်
ပြီး ကိုယ့်နေရာကိုယ်ထိုင်ကြတယ်….ကိုမောင်မောင်က ကိုယ့်သားနဲ့အတူထိုင်ရအောင် စီစဉ်လိုက်တယ်….
ကိုယ်တို့အားလုံးက ဖွင့်ပွဲတက်ရင် KIA, NLD ကပုဂ္ဂိုလ်တွေ၊တက်မှာဘဲလို့ တွက်ထားကြတယ်….
အဲဒါထိုင်ရင်သူတို့နဲ့နီးတဲ့နေရာမှာထိုင်ပြီး ကိုယ်တို့အခက်အခဲကိုတင်ပြဘို့ စဉ်းစားထားကြတယ်….
တကယ်ကျတော့သူတို့စီစဉ်တဲ့အတိုင်းထိုင်ရတော့ အလှမ်းဝေးနေတာပေါ့….ဖွင့်ပွဲမိန့်ခွန်းကိုဥက္ကဋ္ဌ၊ NLDကိုယ်စားလှယ်တစ်ဦး၊ဘုန်းကြီးတစ်ပါး၊ KIA ကိုယ်စားလှယ်တစ်ဦး ကပြောတယ်…
ကိုယ်တို့ဘက်ကလည်းတက်ပြီးပြောခိုင်းရင် ကိုယ်တို့ခံနေရတဲ့အကြောင်းတွေပြောမယ်ဆိုပြီး စီမံထားတာ…သူတို့ကသိလို့လားမသိဘူး….စကားပြောဘို့စီစဉ်မပေးဘူး……ဧည့်သည်တွေကလည်းကိုယ် တို့
ကိုအထူးအဆန်းဝိုင်းကြည့်ကြတယ်….NLD ကိုယ်စားလှယ်တစ်ဦးဆို စင်ပေါ်ကိုမျက်နှာမရောက်ဘူး….
ဒီဘက်ကိုဘဲလှည့်ကြည့်နေတယ်….ကိုယ်တို့ရှေ့တည့်တည့်မှာဘဲVIDEO ကအနားကပ်ဆွဲပြီးရိုက်တာ….
သိုးမွှေးစောင်ကိုမျက်နှာဖုန်းပြီးခြုံထားရတယ်….သားတွေကအနားမှာရှိတုံး ပြောချင်တာပြောရတာ…..
ခွဲတမ်းရတဲ့လ္ဘက်ရည်ကိုသားကိုပေး…မုန့်ကျွေး၊ ဆေးလိပ်တွေပေးနဲ့….သားကလည်းလ္ဘက်ရည်မသောက်
ရတာကြာပြီဆိုပြီး….၃ခွက်လောက်ကုန်တယ်…..အနားကပ်ပြီးစကားပြောတော့...့ သူသိပါတယ်….မပြောပါနဲ့တဲ့..
ဟိုကထောက်လှမ်းရေးကောင်တွေကြည့်နေတော့….ဆက်မပြောရတော့ဘူး….
NLD ကိုယ်စားလှယ်တစ်ဦးက အပေါ့သွားရာကအပြန် ကိုယ့်ကိုလာနှုတ်ဆက်တယ်….ကလေးတွေ အကြောင်းကိုကြားပါတယ်တဲ့….သူတို့လည်းစိတ်မကောင်းဘူးတဲ့….လူသတ်တယ်ဆိုတာဘယ်အဖွဲ့အစည်းမှ
မကောင်းပါဘူးလို့ ပြောပြီး သူ့နေရာသူပြန်သွားတယ်….
မိန့်ခွန်းတွေပြောပြီး ဖျော်ဖြေရေးအစီအစဉ်စတယ်…..ဘိုဘိုနဲ့နန်းအောင်ထွေးကြည်တို့လည်း ဆိုခိုင်း
လို့သာဆိုရတာ မျက်နှာမကောင်းကြဘူး…..အန်တီကြီးလည်းသူ့သမီးဆိုတာကြည့်ပြီးငိုတော့ ဆေးဆရာမ
ဘောက်မိုင်တို့လာပြီးချော့ကြတယ်….ဘိုဘိုက မေမေရေဂုဏ်ယူလိုက်ပါသီချင်းဆိုတော့ သူ့အမေလည်းငို ... ကိုယ်တို့လည်းမျက်ရည်ကျ… ထောင်သားတွေလည်းငိုကြတယ်….
( ထောင်သားတွေကမိဘတွေလိုက်လာတယ်ကြားတော့ မိဘတွေကိုဒီကောင်တွေ တခုခုလုပ်ကြည့်….
အကောက်ကြံရင် ထောင်ဆူပစ်မယ်လို့ တိုင်ပင်ထားကြတာတဲ့….မိဘတွေမီးလှုံရတာ ထင်းမရှိဖြစ်မှာစိုးလို့
ဆိုပြီး လူ၆ယောက်…ထင်း၆စည်း…သူတို့သဘောနဲ့သူတို့ လာပို့သွားကြတယ်…ထောင်သားတွေခြေကျင်းတွေ
နဲ့ အလုပ်လုပ်နေတာတွေ့ရင် သနားပြီးမျက်ရည်ကျရတယ်…..)
တာတီးပိုးကအန်တီတို့သားတွေလည်း အန်တီတို့မလာခင်က ဒီလိုဘဲလုပ်ရတာတဲ့….တဲဆောက်တဲ့သူ
ကဆောက်…၀ါးခုတ်တဲ့သူကခုတ်…ထရံယက်တဲ့သူကရက်နဲ့ ထမင်းစားချိန်ဘဲနားရတယ်တဲ့….. )
ဖျော်ဖြေရေးအစီအစဉ်ပြီးတော့ ၁၀နာရီကျော်ပြီ….တန်းစီပြီးထွက်လာတော့ NLD ကကိုယ်စားလှယ်တွေ
ကထလာပြီး တစ်ယောက်ချင်းလက်ဆွဲနှုတ်ဆက်တယ်….VIDEO ကလည်းရိုက်နေတယ်….၁၀း၃၀လောက်တဲ
ပြန်ပြီးအိပ်ယာဝင်တယ်…..
(၂၆.၃.၁၉၉၂ )
မနက်စောစော ထပြီး မျက်နှာသစ် ဘုရားစာရွတ်ကြတယ်… မမြင့်မြင့်ကြည်ကလည်း တဲရှေ့ထွက်ပြီး
ဘုရားစာရွတ်…ကိုယ်ကလည်းမျက်နှာသစ်ရင်းနဲ့ ထောင်ရှိတဲ့ဘက်ကိုကျောင်းသား၂ယောက်အရေးတကြီးတက်
သွားတယ်….နောက်ကလည်းဆရာမတသိုက်အရေးတကြီးလိုက်သွားတာမြင်ရတော့…ထောင်ထဲမှာဘာဖြစ်တာ
လဲလို့ကြည့်နေတုံး….ကျောင်းသားတစ်ယောက် ဘုန်းကြီးကျောင်းဘက်သွားပြီး ဘုန်းကြီးကို ဥက္ကဋ္ဌကခေါ်ခိုင်း
လို့လို့ပြောတယ်….တောင်ဘက်ကိုကြည့်နေတုံး ကျောင်းသားတစ်ချို့ကရှေ့က….နောက်ကထမ်းစင်နဲ့ အလောင်းတစ်ခု….အဲဒီနောက်ကဆရာမတစ်စု….သုတ်သုတ်နဲ့သင်္ချိုင်းဘက်သွားတာတွေ့တော့….စောင့်တဲ့ရဲမေ
၂ယောက်ကိုမေးတော့…..ညကထောင်သားတစ်ယောက် နေမကောင်းလို့ဆုံးသွားပြီလို့ပြောတယ်….
သေတဲ့ကလေးကမိဘမသိဘဲသေရပြီ…..မိဘတွေကတော့သားတွေတောထဲမှာဘဲရှိနေတယ်ထင်မှာဘဲ…
ဆိုပြီး မိဘချင်းသားသမီးချင်းကိုယ်ချင်းစာပြီး သနားနေကြတယ်….
နောက်တော့အန်တီကြီး၊ကိုမောင်မောင်၊ဦးအေးနိုင်၊မမြင့်ကြည်…တို့ KIAဘက်ကကန်တင်း(CANTEEN)
ကိုသွားကြတယ်….သားသမီးတွေကိုမထည့်ဘူးပြောထားတော့ အားကိုးစရာအသိများတွေ့မလားဆိုပြီး သွားကြ
တာ….အဲဒီက၀ယ်လာတဲ့မုန့်တွေစားပြီး တစ်ရက်ကုန်ပြန်ရော….
( ၂၇.၃.၁၉၉၂ )
မနက်စောစောထုံးစံအတိုင်း ရွတ်ကြဆိုကြပေါ့…..ရောက်ခါစက ကိုမောင်မောင်နဲ့ဦးအေးနိုင်က သူတို့တဲမှာထမင်းစားပြီးမှ ဆင်းလာကြတယ်…. ခုတော့ကိုယ်တို့တဲမှာဘဲစုစားကြတယ်…ထမင်းစားတိုင်းဦးအေး နိုင်က ထမင်းစားမြန်တော့ အရင်ကုန်တာကိုး…အဲဒါကျုပ်ပန်းကန်ကပေါက်နေလို့ဆိုပြီး ဟာသပြော ပြီးထပ် ထည့်စားတယ်….ရောက်ခါစကသိပ်စားလို့မကောင်းဘူး…နောက်တော့ထမင်းကလွဲပြီးစားစရာမရှိတော့ထမင်းဘဲ တစ်နပ်ပြီးတစ်နပ်မျှော်ကိုးစားနေရတာကိုး….စားလို့ကောင်းနေကြတာပေါ့….ထမင်းစားတိုင်း ကိုယ့်ဟာမဟုတ် လို့စားတာလား….ကိုယ့်အိမ်မဟုတ်လို့စားတာလား…အားလည်းနာတယ်ဆိုပြီး အားရပါးရစားကြတာပေါ့… ကိုယ်တို့ကိုကျွေးတာ သူတို့စားနေကျ ရာရှင်ထက် တစ်ပတ်ကို၇၅၀ကျပ်ဘိုး ပိုကျွေးတယ်လို့ပြောတယ်….. တာတီးပိုးကလူငယ်ဆိုတော့ကြွားချင်တာလည်းပါမယ်ထင်တယ်…ဆက်သွယ်ရေးစက်ကို ၁နာရီတစ်ခါဖွင့်ရတော့ ကိုယ်တို့တဲပေါ်လာပြီးနားထောင်တယ်….ဟိုဘက်ကလည်းစစ်ရေးစစ်ရာဘာမှမပါဘဲနောက်နေတယ်…ဧည့်သည် တွေပြန်သွားပြီလား ၀က်ဝံကိုယ်စားဘယ်သူလာလဲမေးတော့ သူ့မားသားကြီးလာတယ်ပြောတယ်…နောက်မှဝက် ၀ံဆိုတာ အမျိုးသမီးကိုပြောမှန်းသိရတယ်….
မမြင့်မြင့်ကြည်တို့ကလည်း သရဲတစ္ဆေအကြောင်းအရမ်းပြောတယ်….ညတိုင်းပြောတယ်…ကျောင်းသား တစ်ယောက်ကသေထားတာမကြာသေး….အစကတည်းကလူတွေကိုသတ်ပြီးဘယ်နားမြှုတ်ထားမှန်းမသိ…ကိုယ် တို့နေတဲ့တောင်ကုန်းမှာမြှုတ်သလား….သတ်သလားမသိ….ထောက်လှမ်းရေးတဲမှာလည်း စစ်ရင်းဆေးရင်းသေ.. လူသေကိုအုပ်တဲ့ပလတ်စတစ်တောင် ကိုယ်တို့တက်နင်းပြီး ဆင်းရတက်ရတာနောက်မှသိရတော့ ဖယ်ခိုင်း ပစ်ရတယ်…သူတို့ကလည်းညတိုင်း လူသေတွေအကြောင်း သရဲတစ္ဆေတွေအကြောင်းပြောနေတော့ ညဘက်ဆို အပြင်မထွက်ရဲကြတော့ဘူး….ပြောပါများလွန်းတော့ အန်တီကြီးတို့အန်တီစန်းတို့လည်း ကြောက်လာကြတယ်… တာတီးပိုးကိုလည်း စိတ်ဓာတ်ကျအောင် သရဲအကြောင်း အစိမ်းသေတွေမကျွတ်ဘဲ သတ်တဲ့သူကိုပြန်ပြီးခြောက် လှန့်ကြောင်းပြောတော့သူလည်းကြောက်လန့်ပြီး ညဘက်ဆို ကိုယ်တို့တဲကိုမလာရဲတော့ဘူး…..
နေ့လည်ကျတော့ ကျန်တဲ့ဗဟိုကော်မတီဝင်တွေက ( ဥက္ကဋ္ဌ မပါ) သူတို့ရဲ့ဆုံးဖြတ်ချက်ကိုပြောတယ်.. ဗိုလ်အဆင့်ရှိတဲ့( ၄ )ဦးကိုမလွှတ်ဘူး…..ကျန်တဲ့( ၃ )ဦးကိုစဉ်းစားဆဲဖြစ်ကြောင်းပြောပြတယ်…ကိုယ်တို့လည်း အတိုက်အခံပြောတာမရဘူး….အန်တီတို့အကျိုးဘဲမကြည့်ဘို့….ကလေးတွေအတွက်နဲ့သူတို့အဖွဲ့အစည်းအ ကျိုးကိုကြည့်ဘို့နဲ့…..နောက်ဆုံး၃ဦး၃ဖလှယ် ဆွေးနွေးဘို့ ပြောပြီး ကိုယ့်တဲကိုယ်ပြန်ကြတယ်….
နောက်နေ့မှာ ကလေးတွေကို တခုခုကျွေးချင်လို့ လိုင်စင်ဈေးဘက်ကို ခဏခေါ်သွားမယ်လို့ပြောတာ ခေါ်သွား ခွင့်ပေးတယ်…
( ၂၈.၃.၁၉၉၂ )
မနက်စောစောထပြီး လိုင်စင်ဈေးနေ့မှာ ကလေးတွေကိုခေါ်သွားပြီး ရှမ်းခေါက်ဆွဲကျွေး လ္ဘက်ရည်တိုက် တယ်….လမ်းမှာသူတို့အစောင့်တွေလစ်တုန်း ပြောချင်တာတွေပြောရတယ်….၁၁း၀၀နာရီထိနေပြီးပြန်ခဲ့တယ်… သားကိုငွေ၃၀၀ကျပ် ပေးခဲ့တယ်….ဧပြီလ(၁၀)ရက်နေ့သူ့မွေးနေ့မှာ ဘုန်းကြီးဆွမ်းကပ်မယ်ပြောတယ်… သား တွေကိုဘုရားတရားမမေ့ဘို့ ဂါထာတွေရွတ်ဖို့ပြောရတယ်…ညနေပါဂျောင်ချောင်းဘက်လမ်းလျှောက်ရင်းနဲ့ KIA ကဗိုလ်မှူးကြီး လဇန်ဘောက်ဆိုတာနဲ့တွေ့တော့ ကိုယ်တို့၃ဦးက တာတီးပိုးရှေ့ရောက်နေပြီ…နောက်မှာကျန်ခဲ့ တဲ့အန်တီကြီး၊မမြင့်မြင့်ကြည်၊ကိုမောင်မောင်တို့ကို ဗိုလ်မှူးကြီးက နှုတ်ဆက်တယ်….မြို့ကလာကြတာလား…. လမ်းလျှောက်ကြသလားလို့မေးတယ်….စကားပြောနေတာမြင်တော့ တာတီးပိုးကချက်ချင်းနောက်ပြန်သွားတယ်.. အန်တီကြီးကလည်း စကားပြောရပ်လိုက်ရတယ်….
(၂၉.၉.၁၉၉၂ )
မနက်စာစားပြီး KIA အရာရှိကားတစ်စင်းရပ်တာတွေ့တယ်…အန်တီကြီးကို ဥက္ကဋ္ဌတဲလာဘို့ခေါ်တယ်… မမြင့်ကြည်ပါလိုက်သွားတယ်…အန်တီကြီးက ကလေးတွေကိစ္စပြောပြတော့…ဒီအဖွဲ့နဲ့မဟာမိတ်လုပ်ထားတဲ့အ တွက်…အကူအညီသာပေးလို့ရတာ…..သူတို့လုပ်ရပ်ကို ၀င်စွက်ဖက်လို့မရဘူးဆိုတဲ့အကြောင်း…သူတို့KIA တပ်မှာဒီလောက်ထောက်လှမ်းရေးများများ မဖမ်းမိဘူးဆိုတဲ့အကြောင်း….ဖမ်းမိရင်လည်းတစ်ယောက်တလေသာ ဖမ်းမိတဲ့အကြောင်းနဲ့ ကလေးတွေလွတ်လမ်းကိုကူညီနိုင်ဘို့ အလားအလာမရှိကြောင်း အန်တီကြီးသိလာတယ်..
( ၃၀.၃.၁၉၉၂ )
ဒီနေ့တော့ IO ရုံးမှာကိုယ်တို့ကလေး၎ယောက်ကို မိဘတွေနဲ့ပေးတွေ့တယ်… ဥက္ကဋ္ဌလည်းပါတယ်… ကလေးတွေကိုယခုမိဘတွေနဲ့အတူမထည့်နိုင်သေးကြောင်း ကမ္ဘာ့ကြက်ခြေနီ ( သို့ ) လွတ်လပ်သောအဖွဲ့ အစည်းတစ်ခုခုမှ လာပါကထည့်ပေးမည်ဖြစ်ကြောင်း မိဘနဲ့သူတို့ကော်မတီဝင်များ ကတိဝန်ခံလက်မှတ်ရေး ထိုးရတယ်…
( ၁ ) ကလေးတွေကို နောက်ထပ် ထလရ မလုပ်ရပါဘူး…ထွက်ပြေးဘို့မစည်းရုံးရပါဘူး….ထွက်လည်းမပြေးပါ ဘူး….
( ၂ ) သူတို့အနေနဲ့နောက်ထပ်ပြစ်မှုတစ်ခုခု မကျူးလွန်မချင်း မည်သည့်ပြစ်ဒဏ်မှမပေးပါကြောင်း….
( ၃ ) ကြက်ခြေနီ( သို့ ) လွတ်လပ်သောအဖွဲ့အစည်းတစ်ခုခုလာပါက ထည့်ပေးမည်ဖြစ်ကြောင်း လက်မှတ်ရေး ထိုးကြတယ်….သူတို့ပေးတဲ့ကတိကို မဖျက်ပါဘူးဆိုတာ အထပ်ထပ်ကတိပေးလိုက်တယ်….အားလုံး ကိုယ့်တဲ ကိုယ်ပြန်ခဲ့ကြတယ်….
( ၃၁.၃.၁၉၉၂ )
မနက်စာထမင်းစားပြီးလိုင်စင်ဈေးသွား လ္ဘက်ရည်တိုက် ကြက်ဥတို့ ထန်းလျှက်တို့ဝယ်ပေးလိုက်တယ်.. အဲဒီက၁း၀၀နာရီလောက်ပြန်လာပြီး ကိုယ့်တဲကိုယ်နေကြတယ်…. ကျန်တဲ့ကလေး၃ယောက်ကို လွှတ်မယ် ထင်နေတော့ ကိုယ့်ကလေးမပါလည်း (၃)ယောက်ပါရင်တော်ပြီဆိုပြီးစောင့်နေကြတာ…
( ၁.၄.၁၉၉၂ )
ဗိုလ်အဆင့်ရှိတဲ့ကလေး(၄)ယောက်ကို တာဝန်ပေးအပ်ပွဲလုပ်တယ်….ရဲဘော်အဆင့်နဲ့ပြန်တာဝန်ပေး တာပါ…ကတိသစ္စာဆိုကြရတယ်…ညနေကျတော့ကလေး(၃) ဦးရဲ့မိဘတွေနဲ့ ခေါ်တွေ့တယ်…လွှတ်တော့လွှတ် မှာ ဒါပေမယ့်အခုမထည့်နိုင်သေးကြောင်း ဗဟိုမှအမိန့်လာမှ လွှတ်မည်ဖြစ်ကြောင်း….အိမ်ပြန်ချင်ပါက တစ်ယောက်ချန်ခဲ့ပြီး အားလုံးပြန်နိုင်ကြောင်း ပြောတော့….မမြင့်မြင့်ကြည်က သူတစ်ယောက်ထဲနေခဲ့မယ်…. အန်တီစန်းကလည်း သူနေခဲ့မယ်ဆိုပြီးပြောကြတယ်….နောက်နေ့မှာကလေးတွေအားလုံးနဲ့၃ဦး၃ဖလှယ်တွေ့ ဘို့ပြောလိုက်ကြတယ်….ဘိုဘိုက သူ့အမေကိုမနေခဲ့ဘို့အတန်တန်ပြောတယ်….
( ၂.၄.၁၉၉၂ )
ဒီနေ့မှာတော့ ကလေးတွေအားလုံးနဲ့တွေ့ပေးမယ်ဆိုလို့ မနက်ကတည်းကလာအခေါ်ကိုစောင့်နေကြ တယ်….စောင့်ရင်းနဲ့ ညနေစာထမင်းစားပြီးတော့ ဒီနေ့တော့ခေါ်မတွေ့တော့ဘူးထင်တာ….ညနေ၅း၀၀နာရီထိုး တော့ အရီကိုခေါ်ပြီး ထလရ တဲကိုဆင်းသွားတယ်…ရေချောင်းဘေးမှာတင်စန်းဦး၊မငွေ၊နဲ့တာတီးပိုးတို့ ပန်းကန် တွေဆေးနေတာတွေ့လို့…. ဟေ့တာတီးပိုး… တို့ကိုဒီနေ့ကလေးတွေနဲ့တွေ့ပေးဘို့အစီအစဉ်ရှိရဲ့လားမေးတော့ တွေ့ပေးမှာပါ…ရှိပါတယ်ပြောတယ်…. အေးအဲဒီအစီအစဉ်ပျက်သွားတယ်ဆိုရင်လည်း နင်တို့ဥက္ကဋ္ဌကိုသွားပြော ပေး….ငါ(ကိုရဲအမေ)ကဥက္ကဋ္ဌနဲ့တွေ့ချင်တယ်လို့ပြောပြီး ပြန်ထွက်လာခဲ့ကြတယ်…..
မကြာခင်မှာဘဲခုံတွေရွှေ့ပြီး ကိုယ်တို့အားလုံးကိုလာခေါ်တယ်….ထလရ တဲမှာဥက္ကဋ္ဌနဲ့အဖွဲ့၊ ကလေးတွေ မိဘတွေဆုံနေကြပြီး ဥက္ကဋ္ဌက ကလေးတွေထားခဲ့ပြီး ပြန်ကြဘို့နဲ့…. ဘယ်လိုစီစဉ်ကြသလဲဆိုပြီးမေးတော့ ပထမ မမြင့်မြင့်ကြည်နဲ့အန်တီစန်းက တခါတည်းပြန်ထည့်ဘို့ပြောတယ်…. သူတို့ကလည်းဗဟိုကအမိန့်မရရအောင်စောင့်ပြီးမှထည့်မှာဖြစ်ကြောင်း ပြောပြီး တစ်ယောက်စောင့်နေခဲ့ဘို့ပြော တယ်…. အန်တီစန်းကလည်းသူနေခဲ့မယ်….ကိုမောင်မောင်က တစ်ယောက်ကျန်နေရင် အဲဒီတစ်ယောက်နဲ့ သူလည်းနေခဲ့မယ်….သူတာဝန်ယူပြီးခေါ်လာရတဲ့အတွက်လို့ပြောတယ်….အဲဒီလိုနဲ့ကျန်နေခဲ့ဘို့ကိစ္စပြောကြရင်း ကလေးတွေကအားလုံးကိုပြန်ခိုင်းတယ်….ကလေးတွေနဲ့တိုးတိုးတိုင်ပင်ကြတော့ နောက်၂လကြာမှ၃ဦးအဖွဲ့က ပြန်လာမယ်….အခုတော့အားလုံးပြန်ကြမယ်လို့ဆုံးဖြတ်လိုက်ကြတယ်….ဒါနဲ့ဘဲပြန်ကြမယ့်ရက်ကို ၅.၄.၁၉၉၂ လို့သပ်မှတ်ပြီး ကားစီစဉ်ဘို့ပြောလိုက်ကြတယ်….ကလေးတွေအားလုံးကိုလည်း သူတို့ကိုအပ်ခဲ့တယ်…
နောက်နောင်ဒီအဖြစ်မျိုးတွေ မကြားရအောင်….ကလေးတွေအသက်အန္တရာယ်စိုးရိမ်မိတဲ့အတွက် လုံခြုံမှု ရှိအောင်အပ်ခဲ့ရတယ်….သူတို့ကလည်းစိတ်ချပါ အဖွဲ့အစည်းတခုခုလာတာနဲ့ပြန်ထည့်မှာပါလို့ကတိပြုကြပြီး… မပြန်ခင်ကလေးတွေနဲ့ အတူနေဘို့ခွင့်တောင်းတယ်…နေခွင့်ရတယ်…ဘိုဘိုနဲ့နန်းအောင်ထွေးကြည်ကတော့ သူတို့အမေတွေနဲ့ အတူညအိပ်ခွင့်ရတယ်….
( ၃.၄.၁၉၉၂ )
မနက်ပိုင်းထမင်းစားသောက်ပြီးကလေးတွေ မိဘတွေနဲ့အတူလာနေကြတယ်…..ဂျပန်ကြီးကလည်းသူ ရောက်တာ(၂.၄.၁၉၉၂)နေ့မှာတစ်လပြည့်တယ်ဆိုပြီး ကိုယ်တို့ကိုမာစကတ်နဲ့ ထန်းလျှက်တွေလာပေးသွား တယ်….ကလေးတွေညနေစာချက်ဘို့ပြန်သွားရင်းနဲ့မုန့်ကြိတ်လာကြတယ်…..မုန့်လင်မယားဆိုတဲ့မုန့်လေး တွေလုပ်စားကြတယ်….သားတွေကလည်းကြော်လိုက်စားလိုက်နဲ့ ပျော်နေကြတယ်….(၅၀၁)ရင်းမှူးသိုက်ထွန်းဦး တို့လည်းလာစားကြတယ်….တာတီးပိုးကလည်းပြန်ကာနီး အန်တီကြီးကို အဖွားအဖွားနဲ့ခေါ်ပြီး …..ကိုယ်တို့ ထမင်းစားရင် သူလည်းဆာပြီဆိုပြီး ၀င်ဝင်စားတယ်…..ည၁၀း၀၀နာရီထိကလေးတွေနဲ့ပြောကြဆိုကြပြီး သူတို့ ပြန်တော့အိပ်ယာဝင်ကြတယ်….
( ၄.၄.၁၉၉၂ )
ဒီနေ့လည်းကလေးတွေတနေ့လုံးလာနေကြတယ်….ညနေစာစားပြီးတော့ကျော်နိုင်ဦးကလွဲပြီး ဘယ်သူမှ မလာကြတော့ဘူး….ပဋ္ဌာန်းရွတ်ဖို့အတွက် ဘုန်းကြီးကျောင်းမှာ ပဋ္ဌာန်းတိုက်နေကြတယ်တဲ့….ဂျပန်ကြီးကညနေ ၅း၀၀နာရီလောက်ထဲကလာနှုတ်ဆက်တာ….၁၀း၀၀နာရီမှ ပြန်သွားတယ်….အလ္လာပ သလ္လာပ ပြောလိုက် ကိုယ်တို့ကိစ္စတွေပြောလိုက် အကူအညီတောင်းလိုက်နဲ့ပေါ့….၁၀း၀၀နာရီကျော်တော့ ကိုယ်တို့လည်းအိပ်လိုက် ကြတယ်….
( ၅.၄.၁၉၉၂ )
မနက်စောစောထပြီးအထုတ်တွေပြင်ထားကြတယ်….ကားကစောစောလာမယ်ထင်တာ….မနက်စာကိုမ စားတော့ပါဘူးဆိုတော့ အန်တီတို့စားပြီးမှသွားရမှာလို့ပြောတယ်….ထမင်းလည်းမစားချင်ကြတော့ဘူး…တင်စန်း ဦးနဲ့မငွေတို့ကဈေးကအပြန် အီကြာကွေးတွေလာပေးတယ်….မမြင့်ကြည်ကလည်း ညကအိပ်ရေးပျက်လို့ ခေါင်းမူးပြီးအန်…ဘိုဘိုကလည်းစိတ်မကောင်းဖြစ်နဲ့ပေါ့…..ကလေးတွေကိုလည်းထမင်းမချက်နဲ့…ထောက်လှမ်း ရေးတဲကချက်ပြီးမိဘတွေနဲ့အတူစားရမှာလို့ပြောတယ်….သိပ်မကြာဘူးကျော်မြင့်နဲ့တစ်ယောက်လျှောက်လာ တာတွေ့တယ်….ကားပါလာပြီပြောရင်းဥက္ကဋ္ဌ တဲကိုတက်သွားတယ်….
ကိုယ်တို့လည်းထမင်းစားဘို့လာခေါ်တော့ဆင်းသွားကြတယ်….စစ်ရုံးမှာမနက်စာကျွေးတာကိုကလေး တွေနဲ့အတူစားရတယ်….ဥက္ကဋ္ဌလည်းအတင်းခေါ်လို့ဝင်စားတယ်…ကျန်တဲ့ဗဟိုကော်မတီဝင်တွေနဲ့ အဖွဲ့တွေက ဘေးကနေပြီး လိုအပ်တာတွေညွှန်ကြားနေတယ်….ကိုယ်တို့သားသမီးတွေအသားမစားရတာကြာလို့ စားလိုက်ကြတာ ၅ပန်းကန်လောက်ကုန်တယ်…သူတို့ကိုကြည့်ပြီးစိတ်မကောင်းဖြစ်ရတယ်….အိမ်မှာဆိုဂျီးများတဲ့ ကလေးတွေ…ဒီမှာဒုက္ခခံနေကြတာမြင်ရတော့စိတ်မကောင်းကြဘူး….
ရဲဘော်တစ်ယောက်ပြောဘူးတယ်… ရှေ့တန်းထွက်တုန်းကလားတရုပ်တွေ ကုန်တင်ရင်းနဲ့ လားတကောင်အမောဆို့ပြီး အသက်ငင်နေတယ်တဲ့….တရုပ်ကစိတ်ပျက်ပြီးထိုင်နေတယ်….လားကတော်တော်နဲ့ အသက်မထွက်ဘူး….ကျောင်းသားတပ်ကရဲဘော်တွေက လားသေရင်အသားစားရတော့မယ်ဆိုပြီး ပျော်ပြီးဒါးသွေး နေကြတယ်တဲ့….ထမင်းစားပြီးတော့ကားက၁း၀၀နာရီမှာထွက်မယ်လို့ဥက္ကဋ္ဌကပြောတယ်….ဂျပန် ကြီးကလည်းကောက်ကာငင်ကာနဲ့ပြန်လိုက်မယ်လို့သိရတယ်….အစကတော့မေလတတိယပတ်မှပြန်မယ်ပြော ထားတာ….ခုတော့ကိုယ်တို့ကားနဲ့ပြန်လိုက်မယ်ဆိုတော့ ဘာများဖြစ်လို့ပါလိမ့်ပေါ့…..
အဲဒါနဲ့ကလေးတွေတဲထဲဝင်ထိုင်တော့…..အလုပ်လုပ်လက်စ…ထရံရက်တန်းလန်း…နှီးဖြာရက်တန်းလန်း နဲ့ သြော်…ငါ့သားတွေမထွက်တာ အထဲမှာအလုပ်လုပ်နေကြတာကိုးလို့တွေးမိတယ်….ကျော်နိုင်ဦးနဲ့သားက အမေအဖေနားမကပ်ဘူး….ကျန်တဲ့ကလေးတွေကသူတို့မိဘတွေနားတတွတ်တွတ်နဲ့….ကိုယ်လည်းသားကို အနားခေါ်ပြီး ကြက်ခြေနီလာရင်လိုက်ဖြစ်အောင်လိုက်ခဲ့ဘို့နဲ့….ဟိုဘက်မှာဘာမှမဖြစ်တဲ့အကြောင်းပြောတယ်.. အစဉ်ပြေရင်အားလုံးပြန်လိုက်လာမှာဖြစ်ကြောင်းပြောတယ်…(၅၀၁)ရင်းမှူးသိုက်ထွန်း ဦးကလည်းမိဘတွေ လာတာအားကျနေလားမသိဘူး….ကိုယ်တို့သားသမီးတွေနဲ့ပဲလာလာနေတယ်….ထမင်းအတူစားတယ်…. သူ့ကြည့်ရတာလည်းသိပ်မရွှင်ဘူး….သားကို အဖေကိုဘာမှာဦးမလဲမေးတော့…..သူမကြာခင်ပြန်လာမှာပါလို့ ပြောပေးပါတဲ့…..ဒါနဲ့ ၁၂းး၃၅ရှိတော့ ကားကရောက်နေပြီ….ကားဆီသွားကြတယ်…. ကားနားမှာ ဥက္ကဋ္ဌနဲ့အဖွဲ့လည်းရောက်နေတယ်…
ကလေးတွေကမိဘတွေအထုပ်တွေလွယ်ပြီး ကားပေါ်တင်ပေးတယ်….ဥက္ကဋ္ဌနဲ့အဖွဲ့ကလည်း ကိုယ်တို့ ရှိနေတုံး သူတို့မှားတာလွန်တာရှိရင် ခွင့်လွှတ်ပါဆိုပြီး လက်အုပ်ချီကန်တော့တယ်…..ကားပေါ်တက်ခါနီးမှာ ကလေးတွေအားလုံး ထိုင်ပြီးကန်တော့ကြတော့ မျက်ရည်မဆယ်နိုင်ကြဘူး….မျက်ရည်တွေကြားကဘဲဆုပေး ခဲ့ရတယ်…..ကားက၁း၃၀မှာထွက်တယ်….ကလေးတွေကတော့မိဘတွေစိတ်မကောင်းဖြစ်မှာစိုးလို့ မျက်ရည်မ ကျအောင်ထိမ်းနိုင်ပေမယ့် ကိုယ်တို့မိဘတွေကတော့ မျက်ရည်တွေရှိုက်သံတွေနဲ့ ကားခေါ်ဆောင်ရာကိုပါခဲ့ ရတယ်……တစတစကလေးတွေနဲ့ဝေးခဲ့ရပြီဆိုတဲ့အသိနဲ့ တလမ်းလုံးငိုလာခဲ့ရတယ်….သားသမီးတွေမပါလာတဲ့ အတွက် အလိုမကျဖြစ်တော့ ပိုပြီးမွန်းကြပ်လာတယ်…..ဆမားရောက်တော့၂း၁၅လောက်ရှိပြီ….PASSPORT ထုတ်ပြီးဆက်ထွက်လာကြတာ ၄း၃၀တော့ယင်ကျန်းရောက်တယ်….ယင်ကျန်းမှာညနေစာစားကြတယ်…. ကျော်မြင့်ကလည်းဟင်းမျိုးစုံအောင် မှာကျွေးတယ်...သိပ်ပြီးမစာနိုင်ကြတော့ဘူး…..ယင်ကျန်းက၅း၃၀လောက် ဆက်ထွက်တယ်…ဟိုဆောင်ရောက်တော့ကားဓာတ်ဆီပြတ်လို့ရပ်သွားတယ်….ကားသမားကဓာတ်ဆီရှာထည့် ပြီးဆက်ထွက်ကြတယ်….ကားပေါ်မှာလည်း ဘိုဘိုတို့ နန်းအောင်ထွေးကြည်တို့သီချင်းတွေဖွင့်လာတော့ သူတို့ မိဘတွေမဆိုထားနဲ့ ကျန်တဲ့မိဘတွေတောင်မျက်ရည်ကျရတယ်….ဆက်ထွက်လာကြတာည၁၂း၀၀မှာ ရွှေလီကို ရောက်တယ်… ကျော်မြင့်နဲ့ဂျပန်သတင်းထောက်ကဓာတ်ဆီထည့်ပြီးဆက်ထွက်သွားကြတယ်.... ကိုယ်တို့က ငြိမ်းချမ်းတည်းခိုခန်းမှာတည်းကြတယ်….
No comments:
Post a Comment