Friday, February 15, 2013

မြောက်ပိုင်းပြန် ရဲဘော်ဟောင်းများ၏ ထုတ်ပြန်ချက်

by Ko Lin Wai Aung on Saturday, February 11, 2012 at 12:54pm ·

(မြောက်ပိုင်းတွင် ကြွေလွင့်သွားသောကျောင်းသားများ အမှတ်တရနေ့)

မြန်မာပြည်မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်းများ၏ သဘောထား

ထုတ်ပြန်ကြေညာချက် (၁ /၂၀၁၂)

(၁) မကဒတ(မပ)တွင် ထောက်လှမ်းရေးဟု စွပ်စွဲပြီးရက်စက်စွာသတ်ဖြတ်ခံရသူ(၃၈)ဦး သည်ဒီမိုက ရေစီနှင့်လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသော ကျောင်းသားလူငယ်များဖြစ်သည်ဟု ကျန်ုပ်တို့မှ တာဝန်ယူမှုအပြည့်ဖြင့် တရားဝင်ကြေညာသည်။

(၂) မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ဗဟို)မှ (၉.၁.၂၀၁၂)နေ့တွင်ထုတ် ပြန်သည့် ကြေညာချက်တွင် သုံးနှုံးထားသည့် သူလျှို ဟူသောဝေါဟာရစကားလုံးသည် ကျဆုံးသွားသော ကျောင်းသားရဲဘော်များ၏ ဂုဏ်သိက္ခာကို ထပ်မံထိပါးစော်ကားသည်ဟု မှတ်ယူသည်။

(၃) မကဒတ(မပ)ဖြစ်စဉ်နှင့်စပ်လျင်း၍သက်ဆိုင်ရာတာဝန်ရှိသူများမှ တရားဝင်ထုတ်ဖော် ပြောကြား ကြေညာထားသော ထောက်လှမ်းရေးဖြစ်ကြောင်းသက်သေခံနိုင်သည့် ခိုင်မာသောအထောက်အထားများ ဟု ဆိုသည့်အရာများကို ကမ္ဘာ/မြန်မာ ပြည်သူများသို့ချက်ချင်းထုတ်ဖေါ်ချပြရန် ကျွန်ုပ်တို့မှ အလေးအ နက်တောင်းဆိုသည်။

(မြန်မာပြည်မြောက်ပိုင်းကျောင်းသားရဲဘော်ဟောင်းများ)


· · · Share

  • 31 shares
    • Bobo Lion အမှန်တရားအတွက်မဆုတ်မနစ်ဆက်လက်တိုက်ပွဲဝင်ရန်တောင်းဆိုပါသည်။
    • Aung Moe Win ရိုင်းစိုင်းယုတ်မာသူများအား တရားဥပဒေရှေ့မှောက် အရောက်ပို့ရေးသည် ယဉ်ကျေးသော လူ့အဖွဲ့အစည်းဝင် အားလုံး၏ တာဝန်ဖြစ်သည်။ စိတ်ရော၊ကိုယ်ပါ ပူးပေါင်းသွားမည်ဖြစ်ကြောင်း----
    • ဘရာဇီး ငှက်ရိုး
      မိုးသီးဇွန်က သူ့စာမျက်နှာပေါ်က

      ဖက်စစ်အစိုးရအဆက်ဆက် တိုက်ခိုက်ရင် ကျဆုံးသောသော ABSDF ရဲ ဘော်များ အတွက်အမှတ်တရ တေး။ ဆိုတဲ့ပို့စ်မှာ -

      Moethee Zun အသတ်ခံရတဲ့အထဲမှာရန်သူလူတွေပါနိင်ပါတယ်။ ဒါပေမဲ့ အများစုတော့မဖြစ်နိင်ဘူးလို့ ယူဆပါတယ်။ မြော
      က်ပိုင်းမှာဦးဆောင်ခဲ့စဉ်က တာဝန်ရှိသူတွေက ကိုသံချောင်း ( ယခု ပြည်တွင်းထောင်ထဲ)၊ ကိုမျိုးဝင်း ( တိုက်ပွဲမှာကျဆုံး) နဲ့ ကို အောင်နိင်လေး ( ယခု ) ထိုင်းနိင်ငံတို့ ဖြစ်တယ်။
      7 hours ago · Like · 5

      အဲ့လိုရေးထားလို့ ရှင်းခိုင်းထားတယ်.. ကျက်သရေတုန်းက ဘာသက်သေမှ မပြနိုင်ပဲနဲ့များ...

No comments:

Post a Comment