Friday, February 15, 2013

ဒီနေရာမှာရက်ရက်စက်စက်စစ်ဆေးခဲ့ကြတယ်

by Ko Lin Wai Aung on Friday, February 3, 2012 at 10:48pm ·
ဒီနေရာမှာရက်ရက်စက်စက်စစ်ဆေးခဲ့ကြတယ်….

( ၁ ) ကိုကျော်ဝေ၏လက်ကို ဒစ်တိုနေတာတပ်ကာဝါယာရှော့ဖြင့် ဖေါက်ခွဲခဲ့သည့်အတွက် လက်ကောက်
ဝတ်မှပြတ်ခဲ့ရသည်။
( ၂ ) ကိုအောင်ဖိုး( ခ ) အေးသက်လတ်၏ ခြေထောက်ကို ဒစ်တိုနေတာတပ်ကာဝါယာရှော့ဖြင့် ဖေါက်ခွဲခဲ့သည့် အတွက် ခြေမ၊ခြေညှိုး၊ခြေခလယ်၊ပြတ်တောက်ခဲ့ရသည်။
အဖမ်းခံအချုပ်သား (၂၀ ) ခန့်က လက်တွင်ဒစ်တိုနေတာချည်ထားခံရပြီး ၀ိုင်းထိုင်ကြည့်ခဲ့ရသည်။
( စေခိုင်းသူ-မျိုးဝင်း၊လှဆိုင်း၊သန်းဇော်၊ )
ပြန်လည်ဖြတ်တောက်ချုပ်ပေးခဲ့ရသူ - (ဆေးဆရာမသိမ့်ဆွေ)
( ၃ ) ကိုထွန်းအောင်ကျော်နှင့် ကိုချိုကြီး အားလက်ဝါးကပ်တိုင်တွင် ချည်နှောင်ထားခဲ့ပြီး ကိုထွန်းအောင်ကျော် ၏လက်ဝါးနှစ်ဘက်အား ၄လက္မ သံဖြင့်ရိုက်သွင်းခဲ့ကြသည်။
ကိုချိုကြီးခြေထောက်ရှေ့တွင် မီးဖိုထားပြီး ဝေဒနာခံစားအောင်လုပ်ခဲ့ကြသည်။
ကိုဘိုဘို(ခ)မိုးကျော်သူ၊ကိုရဲလင်း+၂ဦး ကထိုင်ကြည့်ခဲ့ရသည်။
(စေခိုင်းသူ-သံချောင်း၊သံရိုက်သွင်းသူ-ရာဟု၊ အစောင့်-ဇော်မြင့်(ခ)လက်သီး)
· · · Share

  • You, Htun Htun Oo, Soe Naing, Nay Zaw and 2 others like this.
  • 52 shares
    • Nyan Lin Oo လုပ်တဲ့သူတွေက သရဲသဘက်များဝင်စီးနေရော့သလားဗျာ။
    • ဘရာဇီး ငှက်ရိုး ပုံနဲ့တကွ တင်ပြလာပါပြီ.....
    • Maung Than Swe မြောက်ပိုင်းဗဟိုဆိုတဲ့သန္ဓေုယုတ်တွေနဲ့အပေါင်းပါများ၊ (ပင်မဗဟိုက နိုင်အောင်နဲ့တကွပါဝင်ပတ်သက်သူအားလုံး)ကို လူ့ယဉ်ကျေးမှုခုံရုံးတင်မဲ့ စွဲချက်တစ်ချို့ပဲရှိပါသေးတယ်။ဥက္ကဋ္ဌ အတွင်းရေးမှုး တရားသူကြီးကအစ ထောက်လှမ်းရေး၊စစ်ကြောရေး၊အစောင့်ခွေး အဆုံး အားလုံး ကိုယ့်တာဝန်ကိုယ်ယူပြီး ရှင်းကြရမယ်။
      February 4 at 2:59am · · 5
    • Kyaw Gyi AB
      ဒီကွက်လပ်ကလေးမှာပေါ့ လူ(၂၀)လောက် ဝိုင်းထိုင်နေရတယ်၊ ကက်တန်းလန်းနဲ့  အောင်ဖိုး ခြေချောင်းပြတ်ပြီးတော့ သံချောင်းက သက်နိုင်နားရွက်ကိုသေနတ်နဲ့ ပစ်လိုက်တယ် ပြီးတော့အပေါက်ထဲကိုဆေးလိပ်တိုတစ်ခုကောက်ထိုးလိုက်ရင်း အားရပါးရရီ လ့ို့ ၊မိုးတွေကလဲရွာနေမ
ျက်နှာပေါ်ကရေစက်တွေအတွက် ခေါင်းငုံ့ ထားရတယ်၊အဲဒီအချိန် အောင်နိုင်ကကွင်းလည်မှာ ခေါက်တုံ့ ခေါက်ပြန်ရှောက်လို့  ပါးစပ်ကလဲ အောက်ဗမာပြည်မှာ ကိုကိုကြီးတက်လာပြီးအထက်ဗမာပြည်မှာ ထွန်းအောင်ကျော် တက်လာကတဲက ကျုပ်က မင်္သကာဖြစ်နေတာ လို့ ရွတ်တယ်။ကံကောင်းလို့ ပါလား ကိုကိုကြီးရယ်
      February 7 at 1:21pm · · 2
    • ဘရာဇီး ငှက်ရိုး အဲ့ကိုကျော်ဝေက ခေါင်းဖြတ်သတ်ခံရချိန်မှာ လက်ပြတ်ကြီးနဲ့လားဗျာ...
      ဒါတောင် အသတ်ခံရကာနီး ဓမ္မစစ်ကျောင်းသားကွလို့ အော်ခဲ့တယ်ဆိုတော့ ဘယ်လောက်နာကျည်းနေမလဲ ကျနော်တို့ ခန့်မှန်းလို့ရပါတယ်...

No comments:

Post a Comment