လိပ်ပြာမဲ့ မိုးသီး သို့ 
လိပ်ပြာမဲ့ မိုးသီး
ပူးတွဲပါ ပုံပါစာက မင်းရေးခဲ့တာနဲ့ ပါတ်သက်ပြီး ရှင်းလင်းချက်ပေးပါ ။
ပထမဆုံးကျနော်ပြောချင်တာကတော့ ဌေးနိုင်ဟာ ထောက်လှမ်းရေးဖြစ်ခဲ့တယ် လို့ 
နိုင်ငံတကာကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ရေးခဲ့ဖူးတယ် ။
မိုးသီးမှာ ခိုင်လုံသော သက်သေ အထောက်အထားရှိရင် အများသိအောင် ချပြပါ
ဒီနေ့ ကာလမှာ ခင်ညွန့် ထောက်လှမ်းလည်း ဝါးအစည်းတွေလို ပြေသွားပါပြီ ။
မိုးသီးကို စွပ်စွဲ တိုက်ခိုက်ဖို့  ဌေးနိုင် အကိုရင်း အသက်၅၂ နှစ်ရှိတဲ့ ငါ မှာ မရှိပါဖူး ။
၁၉၉၁ က တော်လှန်ရေး အမည်ခံ မိုးသီးခိုင်းတဲ့ ဘန်ကောက်မှာ လူစုပြီး အဖွဲ့ ထောင် ။
ထောင်ထောင်လုပ်တဲ့ မြန်မာ ကျောင်းသားတွေကို ရိုက်ပစ်ဆိုတဲ့ လူမိုက် အတွေးအခေါ်
စကားကို မကြိုက်လို့ မိုးသီးရုံးကို မသွားတော့တာ ။
ငါနဲ့ မွေးလာထဲက တော်လှန်ရေးနယ်မြေ အထိ အတူတူကြီးပြင်းလာခဲ့တဲ့
ဌေးနိုင် ထောက်လှမ်းရေးဖြစ်သွားတယ် ။
မင်းရေးခဲ့တဲ့ စာထဲကလို အခိုင်အမာဆိုတဲ့ အချက်ကို သိချင်တယ် ။
ဌေးနိုင်ထောက်လှမ်းရေး ဖြစ်တာ တကယ်မှန်ခဲ့ရင်
မင်းတို့ ကို ငါ တသက်လုံး လေးစားသွားမှာပါ ။
ငါကိုယ်တိုင် မင်းဖက်က ရပ်တည်ပြီး
ဆက်လက်ဖေါ်ထုတ်ပေးမှာပါ ။
ကျောင်းသား တပ်မတော် သမိုင်းမှာ
ဂုဏ်သိက္ခာရှိစွာ မှတ်တမ်းထားနိုင်ဖို့ အများသိအောင် ရှင်းပါ ။။
တမလွန်ရောက်သွားတဲ့ ဌေးနိုင်ရဲ့  ဂုဏ်သိက္ခာ အတွက်ပါ ။
မိုးသီး မင်းအနေနဲ့ 
ဌေးနိုင်မိသားစုနဲ့ 
အောက်ခြေက ကျောင်းသားရဲဘော်တွေကို ရှင်းပြပေးဖို့  အချက်တွေက
ဌေးနိုင်ကို ဘာကြောင့်ဖမ်းခိုင်းတာလဲ ။
အထောက်အထားတွေ ဘယ်က ရတာလဲ ။
ဘယ်သူတွေကို တာဝန်ပေး စစ်ကြောရေးဝင်ခိုင်းတာလဲ။
ကိုကိုဦးက ဌေးနိုင် သူလျို မဟုတ်ပါဖူးလို့  ကြေးနန်းပို့ တာ
ဝင်းနိုင်ဦးက စစ်ရုံးကို မပေးဖူးလို သိရတယ် ။
ဌေးနိုင်ကို ဘယ်လို သေတာလဲ ။ ဘယ်မှာ မြုတ်ထားခဲ့လဲ ။
ဖြစ်ခဲ့တာတွေကို သတင်းပို့ ထားလို မိုးသီးအားလုံးသိတယ်လို့ 
ဆက်သွယ်ရေးတပ်က စက်ကိုင်တဲ့ ကျောင်းသားရဲဘော်တွေ ပြောနေကြပြီ ။
မင်းလိပ်ပြာမင်းလုံရင် ဘာကြောင့် ဌေးနိုင်နဲ့ ပါတ်သက်ပြီး
မေးလာသူတွေ အားလုံးကို အဆက်ဖြတ်နေတာလဲ ။
မင်းမှာ ရှက်တတ်တဲ့ လိပ်ပြာကောရှိရဲ့ လား ။
မြန်မာပြည်သားတွေ အားလုံးက မေးလာကြပြီ ။
မင်း သမိုင်း အမှန်တင်ပြပါ ။
မင်း မတင်ပြရဲဖူး ဆိုရင် လိပ်ပြာမဲ့ မိုးသီးပေါ့ ။
ကျောင်းသားတပ်မတော်ရဲ့  ဂုဏ်သိက္ခာ ဟာ
အရှက်တရား လိပ်ပြာမဲ့ 
မိုးသီး လက်ထဲရောက်ခဲ့ဖူးတယ် ။
ဌေးတင့်
နယ်သာလန် ။
http://www.facebook.com/profile.php?id=1024100985
- 6 people like this.
- 6 shares
- Zayar Htun he is also mother f**er.
No comments:
Post a Comment