Monday, February 18, 2013

ပြောပြကြပါ..နှလုံးသားချင်းနီးစပ်နေကြသူချင်း..မျှဝေခံစားပါမယ်...

by Nweni Tun on Sunday, February 5, 2012 at 8:54am

ဒီလပိုင်းအဖြစ်အပျက်တွေက မြန်မြန်ဆန်ဆန်နဲ့ များများပြောင်းလဲနေတာ အားရစရာအားတက်စရာတွေချည်းပဲ ကိုယ်တော့ ကြိုက်တယ်လို့  သူငယ်ချင်းတယောက်က မြန်မာပြည်နဲ့ ပါတ်သတ်တဲ့ အပြောင်းအလဲတွေ အကြောင်းဆွေးနွေးနေရင်း မှတ်ချက်ပေးပါတယ်.. ပြီးတော့ အေဘီမြောက်ပိုင်းကိစ္စတဲ့ စကားစလာပါတယ်.. ဟုတ်ပါတယ် ဘယ်နေရာသွားသွား ဘာဘဲပြောပြော သူငယ်ချင်းတွေနဲ့  စကားဖွဲ့ မိတိုင်း ဒီကိစ္စ.. စိတ်မချမ်းမြေ့စရာကိစ္စပါ.. ယူကြုံးမရစရာ ကိစ္စပါ.. ကြေကွဲစရာကိစ္စပါ..



ဒီအဖြစ်အပျက်တွေက မြောက်ပိုင်းမှာ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်က ဖြစ်ခဲ့တာ.. ကျောင်းသားတွေ အသတ်ခံရတယ်ဆိုတာပဲ သိခဲ့တာ.. ဘယ်သူဘယ်ဝါဆိုတာ သိခဲ့တာမဟုတ်.. သိအောင်လဲမစုံစမ်းဖြစ်ခဲ့.. စုံစမ်းဖို့  ဆိုတာကလဲ..သာမန်ရဲမေတယောက်အနေနဲ့ လွယ်တဲ့အခြေအနေမဟုတ်.. ဆက်သွယ်ရေးကလဲမကောင်း.. ကိုယ်တွေစခန်းမှာကလဲ ကိုယ်တွေအခြေအနေနဲ့ ကိုယ် ရုတ်ရုတ်သဲသဲ.. စခန်းကလဲ ရန်သူ စစ်ထိုးလို့ ဆုတ်ပေးခဲ့ရတော့.. အချို့ က ဒုက္ခသည်စခန်းတွေမှာ အချို့ ကတော့ စစ်စခန်းတွေမှာ..အဲဒီသတင်းကြားတော့ အေဘီက နှစ်ခြမ်းကွဲပြီးနေပြီ.. ပြီးတော့ ကြားနေတဲ့ ရဲဘော်တွေကလဲ ကိုယ့်ရပ်တည်ရေးအတွက် ရုန်းကန်မှုကိုယ်စီနဲ့ .. ကဲဘယ်မှာလဲ..အေဘီရဲ့ သာမာန် ရဲဘော်ရဲမေတွေအနေနဲ့  ဒီကိစ္စတွေ စုံစမ်းသိရှိဘို့ .. ပွင့်ပွင့်လင်းလင်းပြောရရင် အဲဒီလိုအခြေအနေအဖြစ်မှန်တွေကို သိနိုင်ဖို့ မပြောနဲ့ .. အေဘီမှာ တပ်ရင်း ဘယ်နှစ်ရင်းရှိတယ်ဆိုတာတောင် သိနိုင်ဖို့  အခြေအနေရှိခဲ့တာမဟုတ်..



တောထဲမှာနေတုန်းက မှတ်မှတ်ယယ မင်းသမီးစခန်းက ရဲမေတွေနဲ့  စာအဆက်အသွယ်တခါလုပ်ခဲ့ဘူးတယ်..ဒါတောင် ဗဟိုကော်မတီတွေ လူကြုံရှိတာနဲ့ .. အဲဒီတုန်းကစာလေးတစ်စောင်နဲ့  အဆက်အသွယ်လုပ်ခဲ့ဖူးတာ ဒီနေ့ အထိ မင်းသမီးစခန်းကရဲမေတွေနဲ့  ဆက်ဆံရေးက ညီအမတွေလို နွေးထွေးနေတာ.. စိတ်ထဲမှာဘယ်လိုကြည်နူးမိမှန်းမသိဘူး..ဟုတ်တယ် ကျမတို့  ကတော်လှန်ရေးညီအမတွေ သူတို့ အားလုံးကို ချစ်တယ်..အဲဒီလိုဘဲ.. ဒီမိုကရေစီနဲ့  လူ့  အခွင့်အရေးအတွက်တိုက်ပွဲဝင်နေတဲ့သူအားလုံးကိုချစ်တယ်..၈၈ကိုချစ်တယ်..၈၈ကမွေး ဖွားလာတဲ့ သမိုင်းရဲ့လိုအပ်ချက်ကြောင့်မွေးဖွားလာတဲ့ မကဒတကိုချစ်တယ် အေဘီကိုချစ်တယ်.. ဟုတ်တယ် သူတို့ အားလုံးကိုသိပ်ချစ်တယ်..



ကျမတို့ တတွေ ပထ၀ီအနေအထားအရ အနေဝေးကွာကြပေမဲ့.. နှလုံးသားချင်းနီးနေကြတာ.. ယုံကြည်ချက်တွေတူတယ်..စွန့် လွှတ် အနစ်နာခံမှုတွေတူတယ်.. အမှန်တရားကိုမြတ်နိုးတာချင်း..အာဏာရှင်ကိုတော်လှန်ကြတာချင်း..အကုန်တူတယ်..

တောင်ပိုင်း အေဘီနဲ့ မြောက်ပိုင်းအေဘီ.. ညီအကိုမောင်နှမတွေပါပဲ.. အခုမြောက်ပိုင်း အေဘီက အကိုအမတွေရဲ့ အဖြစ်ဆိုးတွေကြားရတယ်.. အချို့ သေတယ်.. အချို့  ထောင်ကျတယ်.. အချို့ ဇာတ်မြုတ်ပြီးရှိနေကြတယ်..ပြောပြကြပါ..အကိုတို့ အမတို့  ဖြတ်သန်းခဲ့တဲ့ တော်လှန်ရေးအကြောင်း..အကိုတို့ အမတို့ ရဲ့စွန့် လွှတ် စွန့်  စားမှုတွေအကြောင်း.. ကျမတို့ ရင်ဘတ်နဲ့ နားထောင်ပြီး နှလုံးသားနဲ့  ခံစားမယ်..ကြေကွဲမယ်..နာကြည်းမယ်..ဒီအထဲမှာမှ အကိုတို့ အမတို့ ရဲ့  တော်လှန်ရေးမှာစွမ်းဆောင်ခဲ့တာတွေကို ၀မ်းသာဂုဏ်ယူမယ်..



အကိုတို့ အမတို့ တွေ အထီးမကျန်ပါဘူး.. ကျမတို့ လို ၈၈မျိုးဆက်တွေ..အကိုတို့ အမတို့  ရဲ့ တော်လှန်ရေး ညီအကိုမောင်နှမတွေ မြန်မာပြည်ထဲမှာရှိနေကြတယ်.. နယ်စပ်မှာရှိနေကြတယ်..နိုင်ငံတကာမှာရှိနေကြတယ်.. အကိုတို့ အမတို့ ဟာ သိုးမဲ အေဘီဟောင်းတွေမဟုတ်ပါဘူး.. အေဘီဟာ ယနေ့ အထိ အကိုတို့ အမတို့ ချစ်တဲ့ တိုက်ပွဲဝင် ခွပ်ဒေါင်းအလံကို စွဲကိုင်ထားတုန်းပါ.. အကိုတို့ အမတို့ လိုချင်တဲ့ ဒီမိုကရေစီရရှိရေးနဲ့  ပြည်တွင်းစစ်ငြိမ်းချမ်းရေးအတွက် ဦးတည်ပြီးတိုက်ပွဲဝင်နေတုန်းပါ..



ပြောပြကြပါ…ကျမတို့ ရင်ဘတ်နဲ့ နားထောင်ပြီး နှလုံးသားနဲ့  ခံစားမယ်…အကိုတို့ အမတို့  ဖြတ်သန်းခဲ့တဲ့ တော်လှန်ရေးအကြောင်း.. အဆိုးအကောင်းအားလုံး..



အစဉ်လေးစားလျှက်

NNT
  • 14 shares
    • Aung Khaing Myint အကိုတို့ အမတို့  ဖြတ်သန်းခဲ့တဲ့ တော်လှန်ရေးအကြောင်း..အကိုတို့ အမတို့ ရဲ့စွန့် လွှတ် စွန့်  စားမှုတွေအကြောင်း.. ကျမတို့ ရင်ဘတ်နဲ့ နားထောင်ပြီး နှလုံးသားနဲ့  ခံစားမယ်..ကြေကွဲမယ်..နာကြည်းမယ်..ဒီအထဲမှာမှ အကိုတို့ အမတို့ ရဲ့  တော်လှန်ရေးမှာစွမ်းဆောင်ခဲ့တာတွေကို ၀မ်းသာဂုဏ်ယူမယ်..
    • Lwin Maung အင်မတန်ကောင်းတယ်။၈၈အားလုံး အေဘီရဲဘော်ရဲမေတွေအားလုံးဒီလိုခံစားမှုမျိုး၊ဒီလိုစိတ်မျိုးနဲ့ဝိုင်းဝန်းအဖြေရှာသင့်တယ်။
    • Htay Thanhtwaykyu
      ပြန်ရှယ်လိုက်ပါတယ် နွယ်နီရေ ABSDF ရဲဘော်ရဲမေဟောင်းတွေ ၈၈ ကတည်းက ဒုက္ခပေါင်းစုံကိုခါးစည်းခံပြီး ရုန်းကန်တွန်းလှန်လာကြတာချင်းအတူတူ ဘယ်သူဖြူတယ်ဘယ်သူမဲတယ် ကျမတို့ခွဲခြားမမြင်ပါဘူး ညီကိုမောင်နမတွေထဲမှာ အမေအဖေကတစ်ယောက်ကိုရိုက်လို့ နာနာကျင်ကျင် ခံစ
ားနေရချိန်မှာလည်း ခံရသူနဲ့ထပ်တူ ကိုယ့်အသားမနာပေမယ့် အသဲနလုံးကနာပါတယ် အခုလည်း သူတို့ဟာ ကျမတို့လို စိတ်နဲ့ ကျမတို့လိုဘ၀နဲ့ ကျမတို့လိုအတွေးနဲ့ ကျမတို့လိုရင်ဆိုင်မှုတွေနဲ့ ရောက်လာကြသူတွေဖြစ်ပြီး အခုလိုဖြစ်သွားတဲ့အခြေနေမှာ တကယ်ခံစားရပါတယ် ကျမတို့ရဲမေတွေဟာ တကယ်မောင်နမတွေထက် ပိုပြီး ချစ်ကြပါတယ် ကိုယ့်အိမ်မှာကျန်ခဲ့သူတွေထက်ပိုပြီး ကိုယ့်အချင်းချင်း ပိုယုံကြည်ကြပါတယ် လေးစားတန်ဖိုးထားကြပါတယ် နွယ်နီရေးသလိုပဲ မြောက်ပိုင်းနဲ့တောင်ပိုင်းဆိုတာ အဲဒီခေတ်က အခုလက်ရှိ မြန်မာပြည်နှင့် အမေရီကန်ထက်ဝေးပါတယ် အဲဒီအနေထားမပြောနဲ့ဦး တောင်ပိုင်းဒေသနေသူအချင်းချင်း သေ့ဘောဘိုးစခန်းက ရဲမေတွေက မင်းသမီးစခန်းက ရဲမေတွေကို သတိရတဲ့အကြောင်း အားပေးတဲ့စာလေးတစ်စောင်ရောက်လာဖို့ ကြားမှာ လနဲ့ချီကြာပါတယ် မင်းသမီးကပြန်ပို့တဲ့စာတစ်စောင်ဟာလည်းဒီလိုပဲကြာခဲ့ပါတယ် ဒီလိုတဦးကတစ်ဦးကို စာလေးတစ်စောင်ရေးပြီးပေးလိုက်တာကို ဖတ်လိုက်ရတယ်ဆိုရင်ပဲ ကျမတို့ရင်ထဲဘယ်လောက်ကျေနပ်ဝမ်းမြောက်ပြီး တခါမှမသိဖူးမမြင်ဖူး ဘ၀ဘ၀တွေကလည်း သိခဲ့ဖူးတယ်လို့မထင်ရပဲ တကယ်ကို တမေတည်းကမွေးတဲ့ မောင်ညီမတွေလို ချစ်ခင်စိတ်တွေဝင်ပြီး ယုံကြည်မှုတွေ လေးစားမှုတွေ သနားဂရုဏာကိုယ်ချင်းစာမှုတွေ ဖြစ်စေခဲ့ပါတယ် အခုလည်း ၈၈ ကကျမတို့လိုပဲ တောခိုလာခဲ့ကြတဲ့ ကျောင်းသူလေးတွေ မြန်မာပြည်နယ်စပ်တနေရာမှာ အဲလိုအဖြစ်တွေဖြစ်ါသွားခဲံ့ရတာ တကယ်ပဲညီကိုမောင်နမတွေထဲ ဖြစ်သလိုခံစားပြီး သူတို့ရဲ့နာကျင်မှုဟာ ကျမတို့နာကျင်မှုလို့ ခံစားမိပါတယ်
    • Minthura Wynn
      well said...ကျမတို့ တတွေ ပထ၀ီအနေအထားအရ အနေဝေးကွာကြပေမဲ့.. နှလုံးသားချင်းနီးနေကြတာ.. ယုံကြည်ချက်တွေတူတယ်..စွန့် လွှတ် အနစ်နာခံမှုတွေတူတယ်.. အမှန်တရားကိုမြတ်နိုးတာချင်း..အာဏာရှင်ကိုတော်လှန်ကြတာချင်း..အကုန်တူတယ်..

      တောင်ပိုင်း အေဘီနဲ့ မြောက်ပိုင
်းအေဘီ.. ညီအကိုမောင်နှမတွေပါပဲ.. အခုမြောက်ပိုင်း အေဘီက အကိုအမတွေရဲ့ အဖြစ်ဆိုးတွေကြားရတယ်.. အချို့ သေတယ်.. အချို့  ထောင်ကျတယ်.. အချို့ ဇာတ်မြုတ်ပြီးရှိနေကြတယ်..ပြောပြကြပါ..အကိုတို့ အမတို့  ဖြတ်သန်းခဲ့တဲ့ တော်လှန်ရေးအကြောင်း..အကိုတို့ အမတို့ ရဲ့စွန့် လွှတ် စွန့်  စားမှုတွေအကြောင်း.. ကျမတို့ ရင်ဘတ်နဲ့ နားထောင်ပြီး နှလုံးသားနဲ့  ခံစားမယ်..ကြေကွဲမယ်..နာကြည်းမယ်..ဒီအထဲမှာမှ အကိုတို့ အမတို့ ရဲ့  တော်လှန်ရေးမှာစွမ်းဆောင်ခဲ့တာတွေကို ၀မ်းသာဂုဏ်ယူမယ်..
    • Zaw Ye Nweni Tun Well Done My Friend ( အကိုတို့ အမတို့ ဟာ သိုးမဲ အေဘီဟောင်းတွေမဟုတ်ပါဘူး) ကျနော် လဲပြောချင်လိုက်တာ ဟိုနေ က တွေ တယ် ကဗျာတစ်ပုဒ် တော်လှန်ရေး လုပ်ခွင့် မရတဲ့ သိုးမဲဟောင်း တွေ တဲ့ သူတိုဟာ ကျနော် တို ရဲ့ တိုက်ပွဲဝင် ရဲဘော်တွေ ပါ၊ ကျေူးဇူးဘဲ သူငယ်ချင်းရေ ဒီပိုတ် လေး အတွက် ကြိုက်.......ကြိုက် .....ကြိုက် .... ခံစားချက်တူ တယ်
    • Hlaing Bwa Maung အရမ်းကာင်းတယ် နွယ်နီ။ နင်မှာလက်ရှိတယ်။ တကယ့်ခံစားရတာတွေ ကိုတည်ပြီး စာကိုဆက်တိုက်ရေးနိုင်အောင်သာလုပ် ။
    • Nge Naing
      နွယ်နီိထွန်းပို့စ်မှန်း အခုမှသိလို့ အခုမှ ဆုံးအောင်ဖတ်ဖြစ်တယ်။ လူချင်းတခါမှ မမြင်ဖူးပေမဲ့ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ကတောင် စာနဲ့အဆက်အသွယ်ရပြီး ရင်းနှီးနေကြတဲ့ သူတွေအချင်းချင်းမို့ တော်လှန်ရေးနဲ့ ပတ်သက်လာရင် ရင်ထဲက ခံစားမှုတွေက အဖွဲ့အစည်းအပေါ်
      ထားတဲ့စေတနာတွေ တူပြီးသားဆိုတော့ အခုလည်း ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ပြတ်လှတဲ့ မဲဇာတောင်ခြေလို လူမနီးသူမနီး အရပ်မှာ လူနဲ့သူနဲ့ မတူတဲ့သူတွေရဲ့ ကြီးစိုးမှုအောက်မှာ လူမဆန်တဲ့ ညှဉ်းဆဲမှုတွေကြောင့် ကံကြမ္မာဆိုး ၀င်ပြီး မကြွေသင့်ဘဲ ကြွေခဲ့ရသူတွေ အားလုံးအတွက် ရင်ထဲမှာ ဖြစ်ပေါ်နေတဲ့ ခံစားချက်တွေ၊ ဝေဒနာတွေ တထပ်တည်းကျတယ် ဆိုတာကို အထူးအထွေ ပြောစရာလိုမယ်မထင်ဘူး။

No comments:

Post a Comment