Friday, February 15, 2013

ဘာတဲ့-၁၂ ရက်နေ့ အစီအစဉ်မှာ တီးကြမှုတ်ကြတာ မသင့်ပါဘူး--တဲ့လား။


by Maungmaung Skw on Saturday, February 4, 2012 at 12:23am ·
ထွန်းအောင်ကျော်ဟာ အနုပညာသမားပါ-သူတောမခိုခင်က မန္တလေးမှာ ညီညီတို့နဲ့ပေါင်းပြီး စီးရီးတွေ သွင်းခဲ့ဘူးပါတယ်။ ဘယ်သီချင်းကိုဘဲ ဖွင့်ပြ ဖွင့်ပြ နိုင်ငံတကာ နုတ်နဲ့ ချက်ချင်းချရေးနှိုင်ပါတယ်-အော်ဂင်တစ်လုံးနဲ့ အမြဲ သံစဉ်ရှာနေတတ်ပါတယ်။ဂစ်တာနဲ့အော်ဂင်ကို ကျွမ်းကျွမ်း ကျင်ကျင် တီးတတ်ပါတယ်။အောင်နိုင်တို့မျိုးဝင်းတို့အဖွဲ့ကလွဲရင် အားလုံးကချစ်ကြတဲ့သူပါ။ တောထဲက လာတဲ့သူတွေဟာ ကျောင်းသား လူငယ်တွေပါ။ခေတ်စနစ်တခုကြောင့် နိုင်ငံရေးတွေလုပ်ကြ လက်နက်ကိုင်တောခိုခဲ့ကြရပေမဲ့- လူငယ်တွေပါ။လူငယ်တွေ အားလုံး ကြိုက်တတ်ကြတဲ့ ဂီတ အနုပညာကိုလည်း ဝါသနာပါကြ ကြိုက်ကြပါတယ်။တောထဲမှာတုန်းကလည်း ဂီတနဲ့ မပြတ်ခဲ့ကြပါဘူး။ကျွန်တော် သူတို့စခန်းကို နှစ်ကြိမ်ရောက်ခဲ့တာ နှစ်ကြိမ်လုံး ဂီတဝိုင်းတွေ တီးနေခတ်နေတာ ကြုံခဲ့ပါတယ်။သူတို့ နေရာတကာမှာ သီချင်းတွေ ဆိုခဲ့ကြပါ တယ်။မျက်ရည်လည်ရွဲနဲ့ ဆိုခဲ့ကြတာတွေကို ကျွန်တော့် ကိုယ်တွေ့ပါ။ပန်းချီထိန်လင်းရဲ့ “လူ ကက်စက်” မှာလည်း ဘယ်သူတွေ ဘာသီချင်း တွေ ဘယ်လိုအခြေအနေမျိုးမှာ ဆိုခဲ့ကြတယ်-ဘယ်သူက ဘယ်သီချင်းကြောင့်သေခဲ့ရတယ်-ဘယ်သူက ဘယ်စာသား အရောက် မှာ မီးစနဲ့မျက်နှာအထိုးခံခဲ့ရတယ်-ဘယ်သူက အရိုက်ခံခဲ့ရတယ် ဆိုတာတွေ အပြည့် အစုံရေးထားပါတယ်။သူတို့မှာ ကိုယ်ပိုင်သီချင်းတွေလည်း ရှိကြပါတယ်။တော်လှန်ရေးအတွက် စပ်ဆိုထားတဲ့သီချင်း-ကျောင်းသားတပ်မတော်အတွက် စပ်ဆိုထားတဲ့သီချင်း- အမျိုးစုံရှိနေပါတယ်-နောက်ဆုံး ဘိုဘို ထံမှာဆိုရင် ထွန်းအောင်ကျော်နဲ့ အာဇာနည်များအတွက် သီးသန့် စပ်ထားတဲ့သီချင်းတောင် ရှိတယ်လို့ကြားတယ်။ အဲ့ဒီတော့ဗျာ---အပစ်တင်မစောကြပါနဲ့-ပြင်းပြင်းထန်ထန်ခံစားနေကြရတဲ့သူတွေကို ဂီတနဲ့ ရင်ဖွင့်နိုင်ဘို့ စီစဉ်ထားတာပါ-ဂီတနဲ့ငိုကြွေးပြနိုင်ဘို့ စီစဉ်ထားတာပါ-ဂီတနဲ့ ပေါက်ကွပြနိုင်အောင်လို့ စီစဉ်ထားတာပါ-လာနားထောင်ကြည့်လှဲ့ပါ-သေနတ် ကိုင်တဲလက်တွေရဲ့ ဂီတသံစဉ်တွေ-တော်လှန်တတ်တဲ့ နှလုံးသားတွေရဲ့ ငိုညည်းသံတွေကို-သေချာပါတယ်-မျက်ရည်စက်တွေနဲ့ ဆိုကြ တီးကြ နားထောင်ကြမှာပါဗျာ။
· · · Share

  • 15 shares
    • ဘရာဇီး ငှက်ရိုး နားထောင်စမ်း
      ဒီည ပါဂျောင်ရဲ့ အကျဉ်းထောင်ထဲမှာ "ယုဇနပင်နဲ့ဖဲကြိုးဝါ" သီချင်းဆိုမဲ့သူ မရှိဘူး၊ "ထွန်းအောင်ကျော်" ရဲ့ဝိညာဉ်တွေက စန္ဒယား ခလုတ်တွေပေါ် ပြေးဆော့နေတယ်.....
      "ကိုအောင်မိုးဝင်း ရေးထားတာလေး ရင်ထဲမှာထိခိုက်သွားတယ်"
    • Nay Zaw ကိုမောင်ခင်ဗျား....ကိုမောင်မောင်ဦးမေးတာကိုတမျိုးမမြင်စေချင်ပါဘူး။သူပြောတာကိုကျွန်တော်နားလည်ပါတယ်။၁၂ ရက်ပွဲမှာ ဂီတပါရမယ်ဆိုတာလည်း ကိုထိန်လင်းရဲ့လူ့ကက်ဆက်မှာဖတ်ရကတည်းကနားလည်ခဲ့ပါတယ်။ကျေးဇူးတင်ပါတယ်....
    • KyawLwin San ဂီတဉ္စလီ.... ဂီတဖြင့် ဦးညွတ် ပူဇော်ပါ၏ ...
    • Maungmaung Skw
      မမြင်ပါဘူးခင်ဗျာ-တမျိုးမဟုတ်ပါဘူး
      ဘယ်လိုမှလည်းမမြင် ဘယ်လိုမှလည်း
      သဘောမထားပါဘူးဗျာ။ကျေးဇူးတောင်
      တင်ပါသေးတယ်-ကလေးတွေ(ဆောရီး)
      လူငယ်တွေရဲ့ အခြေအနေ ကိုသိသွား
      ရင် ရှင်းသွားမဲ့ကိစ္စပါ။ကိုမောင်ဦး မေး
      လိုက်တော့မှ ဒီအကြောင်းက အစောကထဲက ရှင်းပြထားသင့်တယ်
      ဆိုတာ ကျွန်တော်တို့ သတိရတာပါ။
      အားလုံးကို ကျေးဇူးတင်ပါတယ်။
    • Aung Moe Win ကြိုက်သလိုသာ ခုန်ပေါက်ကြစမ်းပါ။ အဓိက ဝိညာဉ်တွေ နိုးထ လာဖို့ပဲ အရေးကြီးတယ်။ ဒါမှ လူသတ်သမားတွေ သွေးလေခြောက်ခြားနေမှာ ကိုး။
      February 4 at 8:30pm · · 5
    • ဘရာဇီး ငှက်ရိုး အကိုတို့မြောက်ပိုင်းကေ့စ်ကို ရေးကြတာတော်တော်များများက မကြိုက်ကြဘူးဗျ... ကျနော်တောင် အကိုတို့နဲ့ တလှေထဲ စီးမိနေပြီ...
    • Aung Moe Win မကြိုက်တဲ့ကောင်တွေက အမှန်တရားကို မျက်ကွယ်ပြုချင်တဲ့သူ၊ အချောင်နေချင်သူပဲ နေမှာပါ။ သူတို့ကို အရေးစိုက်မနေစမ်းပါနဲ့။ သမိုင်းဆိုတာကို အချောင်းသမားတွေက ရေးနိုင်လို့လား။
      February 4 at 8:34pm · · 4
    • ဘရာဇီး ငှက်ရိုး သူတို့လူတွေထင်ပါရဲ့ ကျနော့်ကိုမေးကြတယ် မြောက်ပိုင်းပြန်လား ဘာလဲပေါ့ ကျနော်က ပြည်သူတွေထဲက လူပါ ဘယ်အဖွဲ့နဲ့မှ မသိကျွမ်းပေမဲ့ မတရားဘူးထင်လို့ ဒီကေ့စ်မပြီးမချင်း ကျနော့်ဆီမှာ ဒီအကြောင်းပဲ တင်ထားမှာပဲ မတရားဘူးလို့ ကျနော်ထင်တယ် အမှန်တရားပေါ်အောင် ရေးသားကြသူတွေကို ကျေးဇူးတင်ပါတယ် ရဲဘော်ရဲဘက်စိတ် အပြည့်ရှိတယ် သစ္စာရှိကြတယ် ဆိုတာကိုတော့ ဂုဏ်ပြုထားပါတယ်ဗျာ အတူတူပူးပေါင်း ဖော်ထုတ်ကြဖို့လဲ တိုက်တွန်းချင်ပါတယ် အကိုတို့ .....

No comments:

Post a Comment