Friday, February 15, 2013

မည်သူ့ကိုမှ မရည်ရွယ်ပါ (တိုက်ဆိုင်မှုရှိသူကိုသာ ရည်ညွှန်းပါသည်။)

by Maungmaung Skw on Friday, February 3, 2012 at 11:33pm ·
သစ္စာ မမဲ့ခဲ့ဘဲ - သစ္စာဖောက် ဖြစ်ခဲ့ရတဲ့ အေဘီ ဟောင်းများသို့
ကံကောင်းလို့ အသက်မသေ
ကံဆိုးလို့ ထောင်မကျ
အင်းစိန်ကိုလည်း မရောက်ဖူး
မြောင်းမြဆိုတာ ကြားယုံကြားဖူး
ရွှေဘိုဘက်လည်း အပို့မခံခဲ့ရ
မန္တလေးကတော့ ဖြတ်သွားဖြတ်လာပဲရှိခဲ့
မုံရွာဆိုတာ အဝေးကြီး
ဆိုးလိုက်တဲ့ ကုသိုလ်ကံ
ဘယ်တိုက်မှလည်း မရောက်ခဲ့ရ
ဘယ်တန်းရဲ့ အတွေ့အ ကြုံမှလည်းမရှိ
သစ္စာရှိခွင့် ရမလားလို့
မြန်မာနဲ့ကမ္ဘာမှာ စာရင်းမ၀င်တဲ့- ကျောင်းသားထောင်မှာ
အသက်ကို အပေါင်ထားခဲ့ပေမဲ့
သစ္စာဖောက်ဘ၀ အော်တိုရောက်ခဲ့ရ
ဒီအကြောင်းတွေ ဘယ်သူမှမသိ
ပြောပြမဲ့သူလည်း မရှိ
ကိုယ်စကားလည်း ဘယ်သူမှမယုံ
အင်ဂျီအိုဖြစ်ဖို့ ဝေးစွ
လူသူကြားပြောလို့မှ အရာမ၀င်
ကူညီထောက်ပံ့မှုအစုစု ကိုယ်နဲ့ဘာမှမဆိုင်
သိုးမဲ အေဘီဟောင်းတွေ အတွက်
ကွက်လပ်ဖြည့်ပေးလိုက်တယ်
ဟုတ်တာမှန်တာတွေ ပြောကြစေသတည်း။ ။
မောင်မောင်
ရွှေကရ၀ိက်
· · Share

No comments:

Post a Comment