Sunday, February 17, 2013

၁၂-၂-၉၂

၁၂-၂-၉၂
by Kyawzwar Winmg on Saturday, April 21, 2012 at 8:35am


အကြောင်းအမျိုးမျိုးကြောင့် အခြေအနေ အထွေထွေကြောင့် ခင်ရွှေလှိုင် နဲ့ ပတ်သက်လို့



ကျွန်တော့် ကို အမျိုးမျိုး ချောင်ပိတ်မေးနေကြသူတွေကို ကျွန်တော်ပြောပြမယ်။



“ ၄၀၁ က ကျွန်မရဲ့ ရဲဘော်တွေ ဆိုတာ ”



သူက မင်းတို့ ရဲ့ ဗိုလ်ကြီး မမ လား ဆိုတဲ့ မေးခွန်းမှာ မဟုတ်ပါ ။



ဲပြည့်စိုးနိုင်(ခ)မျီုးနိုင် A/5881



ကျော်စွာဝင်းမောင် A/5882



ခင်ရွှေလှိုင် A/5883



အေဘီ(ဗဟို)မှ တရားဝင်ထုတ်ပေးသော ကိုယ်ပိုင် နံပါတ် တွေပါ။



ဘယ်လိုပဲ ဖြစ်ဖြစ် မရွှေ ဟာ ကျွန်တော့်ရဲ့ အချစ်ဆုံး ရဲဘော်ရဲဘက် တစ်ဦးပါ။



I never count male or female



ဒါပေမယ့်



၁၂-၂-၉၂ ဆိုတဲ့ ခေါင်းစဉ် နဲ့ Punk သီချင်း တစ်ပုဒ်ကိုတော့



အောင်နိုင် ၊ နိုင်အောင် နဲ့ ကျူးလွန်ခဲ့တဲ့သူတွေ ရော



ခံခဲ့ရတဲ့သူတွေ အတွက်ရော



ရည်ညွှန်းလိုက်ပါတယ် ။



၁၂-၂-၉၂ (သီချင်း)

Punk Beat



တိမ်တွေ ပြိုနေပြီ.... ငါ့ရဲ့ အခန်းထဲမှာ

ဆေးသားပန်းချီ ပြယ်လွင့်သွား... အိပ်မက်များ ..

စာတန်တွေရယ်... မြူးတူးကခုန် သလား ...

ပျောက်ဆုံးသွားတဲ့ မျှော်လင့် တံခါးများ...။



နေရောင်မကယ်နီုင်ပြီ.... အတ္တ အမှောင်ထုကြီးကို...

ပင့်ကုမျှင်နဲ့ အကျဉ်းချထား... ပိုးဟတ်များ..

နောင်တတွေနဲ့... အရှုံးပေးရမှာလား....

ကြေမွသွားတဲ့ ပန်းငယ်ရိုင်းများ..။



ကျိန်စာ ဝင်နေတဲ့ ... ည ဦးဏှောက်ကို ဖောက်စား

ဆယ့်နှစ်ကြိုးတပ် ကဝေမရဲ့ ရေရွတ်သံများ ...

အာဆံမြေရဲ့ တေးသွားများက နားထဲ မချိုလည်း

လေလွင့်သွားတဲ့ မီးခိုးငွေ့များထဲ....။



Cho; အချိုမြိန်ဆုံး နမိတ် တစ်ခု

ငါကြားခဲ့ရပြီ ဟေ့

အမှောင်ယံထဲမှာ

လွတ်မြောက် သွားမဲ့

ငါ့ရဲ့ အတ္တ နှလုံးသား .... ... ရည်ညွှန်း (၁၂-၂-၂၀၁၂)





==========================

ငါ့ အမ မငယ်လဲ ကျွန်တော် ဆီ စာရေးပါဦး.....။





ကျော်စွာဝင်းမောင်

၂၁-၄-၁၂
· · Share

No comments:

Post a Comment