Saturday, February 16, 2013

ABSDFလူသတ်ပွဲဘယ်သူတရားခံလဲ အပိုင်း-၁

အဝေးရောက်အစိုးရအဖွဲ့ ဝန်ကြီးဦးဝင်းကို၊ဦးကျော်မြ၊ဦးကျော်မြ၏တူ
ABSDF လူသတ်ပွဲ ဘယ်သူတရားခံလဲ အပိုင်း(၁)
ညီညီ-မန္တလေး
မကဒတ(မပ)မှာ ကိုထွန်းအောင်ကျော်နဲ. ၁၅ ဦးကိုရက်ရက်စက်စက် သက်ဖြတ်မှုကြီးအပြီးမှာအဲဒီကိစ္စတွေကိုစုံစမ်းစစ်ဆေးအစီရင်ခံစာတင်ဖို. NLD (LA) ကနေ အဝေးရောက်အစိုးရအဖွဲ.၀န်ကြီးဦးဝင်းကိုနဲ. ဒုဥက္ကဌ (မိုးညင်း-မိုးကောင်း-နမ်းမား ဒေသခံ)ဦးတင်အောင်တို.မြာက်ပိုင်းဒေသလွတ်မြောက်နယ်မြေ ကိုရောက်လာပါတယ်။။အဲဒီအချိန်မှာ ကျနော်(ညီညီ-မန္တလေး)ကို KIA ဘက်ကအင်္ဂလိပ်စကားပြော သင်တန်း ဖွင့်ဖို.ဆိုတဲ့ရည်ရွယ်ချက်ဆိုတာကြီးနဲ.ခေါ်ယူထားပြီးပါပြီ။ညနေပိုင်းမှာအင်္ဂံလိပ်စကားပြော သင်တန်းဖွင်နပါတယ်။ကျနော်.ကိုစစ်ရုံးချုပ်G3လိုင်စမ်းရဲ.အီမ်မှာထားပါတယ်။
ဦးဝင်းကိုကနောက်ပိုင်း ကျနော်နဲ.ရင်းနှီး သွားပြီးတဲ့နောက်မှာသူရဲ.လာရင်းကိစ္စကိုဖွင့်ပြောပါတယ်။ စစ်တပ်ကထောက်လှမ်းရေးရဲ. ဗိုလ်လို.စွတ်စွဲခံရ သူတဦးကို KIA ထောက်လှမ်းရေးဌါနရဲ.ရုံး စစ်ရုံးချုပ် မှာခေါ်ထားတယ်ဆိုကတည်းက ဒီကိစ္စမဖြစ်နိုင်ဖူး ဆိုတာသူသိပါတယ်တဲ့။သူကလွတ်မြောက် နယ်မြေ ရုံးကိုခေါ်လို.အကြီမ်ကြီမ်သွားပြီး ဒီထောက်လှန်းရေးလို. စွတ်စွဲကာဖမ်းဆီးမှု၊နှိပ်စက်မှု၊အတင်းအဓ္ဓမ၀န်ခံထွက်ဆိုစေမှု၊သတ်ဖြတ်မှုတွေ ကိုရှင်းပြခဲ့ပါတယ်။

ဦးဝင်း ကိုကအကူအညီတောင်းလို.အဝေးရောက်အစိုးရအဖွဲ.က ကုလသမဂ္ဂမှာတင်တဲ့အင်္ဂလိပ်စာတန်း ကိုမြန် မာလို ဘာသာပြန်ပေးခဲ့ပြီး ကျောင်းသားတပ်နဲ.KIAတပ်ထဲကိုလဲဖြန်.ချီခဲ့ပါတယ်။အဲဒီရုံး ကိုကြိမ်ဖန်များစွာ သွားရောက်ခဲ့ရာမှာ အဲဒီမှာရှိတဲ့အရွေးချယ်ခံအမတ် ဦးကြာမြနဲ.ဒု-ဥက္ကဌ ဦးတင်အောင်တို. ဟာကျနော် ကိုမလိုလားကြောင်းကိုယ်နှုတ်အမူအရာနဲ.အကြီမ်ကြီမ်ပြခဲ့ကြပြီး၊ကျနော် နဲ.တကြီမ်မှစကားမပြောခဲ့ကြ ပါဘူး။မိုးညင်းမြို.နယ်NLDစည်းရုံးရေးမှုးဦးကျော်မြကတော့သူသိသမျှကို ၀င်ရောက်ပြောဆိုပြီးကျောင်း သား တပ်ရဲ.လွဲမှားမှုတွေကိုထောက်ခံဆွေးနွေးလေ့ရှိပါတယ်။ မတ်လဆန်း မှာ ၀န်ကြီးဦးဝင်းကို တရုပ် ပြည်ခွေးမှင်(ကူမင်း) ကတဆင့်အမေရိကန်ကိုပြန်ပါတယ်။ဒါပေမဲ့သူဟာ အမေရိကန်မပြောနဲ. ကူမင်းမြို. တော်တောင်မရောက်ခဲ့ပါဘူး။လမ်းခုလတ် တရုပ်ပြည် မန်ရှီမြို.ကသူတည်းခိုတဲ့ဟိုတယ်အခန်း ထဲမှာဓါး ထိုးလုပ်ကြံခံခဲ့ရပါတယ်။ဝန်ကြီးရဲ.အပြန်ခရီးကိုတာဝန်ခံ ပို.ဆောင်ခဲ့တဲ့သူတွေဟာABSDF(NB)ကွန်မန်ဒို တပ်က ဖြစ်ပါတယ်။နောက်တရက်ခြားမှာ ABSDF(NB) ကစစ်ရေးတာဝန်ခံသံချောင်း၊၀ါဒဖြန်.ချီရေးက အရာခံဗိုလ်စိန်သန်း၊တပ်ကြပ်ကြီးစောမြအောင်နဲ.ထောက် လှမ်းရေးကရဲဘော်သက်လင်း တို.၄ ယောက် KIAကကျနော်နေ တဲ့ဗိုလ်ကြီး လိုင်စမ်းG3ရဲ. အီမ်ကိုရောက်လာပြီးကျနော်ကို ABSDF ကိုပြန်ခေါ်ဖို. ဆိုပြီး ဒေါသတကြီးနဲ.ရောက် လာပါတယ်။ဗိုလ်ကြီးလိုင်စမ်းကပြန်မထဲ့ပေးသေးပဲKIAရဲ.စစ်ဦးစီးချုပ်ဗိုလ်ချုပ်ဇော်မိုင်ကိုသွားတင်ပြပါ တယ်။ဗိုလ်ချုပ်ဇော်မိုင်ရဲ.အမိန်.နဲ.ကျနော်ကိုသံချောင်းပြန်ခေါ်ခွင့်မရပါဘူး နောက်တခါ ကျနော်ကို ချက် ချင်း KIA အဖွဲ.၀င်အဖြစ်ကျမ်းသစ္စာကြီမ်ဆိုခိုင်းပြီးစာရင်းသွင်းမှာဖြစ် လို.နောက်နောင်ကျနော်ရဲ. လုံခြုံရေး ကိုမထိပါးဖို.သံချောင်းကိုအမိန်.ပေးလိုက်ပါတယ်။ သံချောင်းကဗိုလ်ချုပ် အီမ်ကပြန်ဆင်း လာပြီး“မင်းကံကောင်းသွားတယ်မှတ်၊မင်းအတွက်ငါကျင်းတူးခဲ့ခိုင်းခဲ့ပြီးပြီ၊မင်းတပ်ပြန်မရောက်ဖူး လမ်း တင် ရှင်းပြစ်ခဲ့မလို. ၊အေးကွာနောက်တော့တွေ. တာပေါ.” လို.မချင့်မရဲနဲ.ကြီမ်းဝါး သွားခဲ့ပါတယ်။
ဆက်လက်ရေးသားပါမည်။

မိုက်နှင့်စကားပြောနေသူ ကိုညီညီ

No comments:

Post a Comment