Saturday, February 16, 2013

ABSDFလူသတ်ပွဲဘယ်သူတရားခံလဲ အပိုင်း-၂

အဲဒီနောက်မှာကျနော်.ကို KIA ရဲ.စစ်ရုံးချုပ်ထောက်လှန်းရေးဌါနတာဝန်ခံ စစ်ဦးစီးချုပ် ပထမတန်း ဗိုလ်မှုးကြီးပန်းအောင်ရဲ.ကိုယ်ရေးအရာရှိအဖြစ်ခန်.လိုက်ပါတယ်။ ၅ ရက်လောက်အကြာ ရင်ကျန်းမြို.ကို ဗိုလ်မှုးကြီးပန်းအောင်နဲ.အသွားမှာ ဗိုလ်မှုးကြီးနဲ.ကျနော်တို.တည်းနေတဲ့တည်းခိုခန်းကို NLD (LA) က ဦးကျော်မြအရေးတကြီးလာရှာသွားတယ်လို.ကြားရတယ်။သူတည်းတဲ့ ဝိုင်မော် တည်းခိုခန်းကို လိုက်သွား တဲ့အခါ ဦးကျော်မြက သူ.မိန်းမရဲ.တူအရင်းဘာအပြစ်မှမရှိပဲ ကျောင်းသားတပ်မှာအ သတ်ခံရတဲ့အကြောင်း ကိုဗိုလ်မှုးကြီးပန်းအောင်ကိုငိုပြီးတိုင်တန်းပါတယ်။"ဘာ-ဒီကောင်တွေ သတ်ကြပြန်ပြီးလား?"လို.ပြောပြီးအဲဒီပြောဆိုဆွေးနွေးဖို.တပ်ကိုချက်ချင်းပြန်သွားပါတယ်။ တရက်မှာ NLD (LA) လွတ်မြောက် နယ်မြေ ကလူတယောက် KIA စစ်ရုံးချုပ်ကိုရောက်လာပြီး ဦးကျော်မြပျောက်နေလို.စုံစမ်းပေးဖို.အမှု.လာတိုင် ပါတယ်။ စစ်ရုံးချုပ်ကစုံစမ်းစစ်ဆေးမှုချက် ချင်းစတင်ပြီး စုံစမ်းစစ်ဆေးစဉ်ကာလအတွင်း NLD (LA) ရုံးကလူတွေဘယ်သူမှအပြင်မထွက်ရအမိန်.ထုတ်လိုက်ပါတယ်။ စုံစမ်းစစ်ဆေးချက်အရ ဦးကျော်မြကို NLD (LA) ရုံးမှ ရုံးအကူ ဦးသာမြ(နမ္မတီး)နဲ.အခြားတယောက် (နာမည်မမှတ်မိ)တို.ကသတ်တာဖြစ်ကြောင်းနှင့် အလောင်းကို NLD (LA) ရုံးအတွင်းထမင်းစားဆောင်ရဲ.မြေစိုက်ထမင်းစားပွဲခုံရဲ.အောက်မှာ တူးမြုပ်ထား တာကိုတွေ.ရပါတယ်။ဒီ ဦးကျော်မြရဲ.တူရော၊ဦးကျော်မြရော အသတ်ခံရတာက ဦးကျော်မြရဲ.ကျောင်းသား တပ်မတော်အပေါ်ဝေဖန်မှု၊ဝန်ကြီး ဦးဝင်းကိုအသတ်ခံရတာကို တရားဝင်စုံစမ်းစစ်ဆေးဖို. NLD-LA ကိုတောင်းဆိုခဲ့လို.ဖြစ်ပါတယ်။ဦးကျော်မြကိုသတ်တဲ့ လူသတ်တရားခံ ၂ ဦးကို NLD-LA တာဝန်ရှိသူတွေဖြစ် တဲ့ ဒု-ဥက္ကဌ ဦးတင်အောင်နဲ.အရွေး ချယ်ခံအမတ် ဦးကြာမြတို.က အဓိကတာဝာန်ရှိသူ ကိုအလုပ်ကြမ်း နဲ.ထောင်ဒဏ် ၁၈ နှစ်၊ အားပေးကူညီသူကို အလုပ်ကြမ်းနဲ.ထောင်ဒဏ် ၅ နှစ်ချလိုက်ပါတယ်။ လွတ်မြောက် နယ်မြေမှာပဲချုပ်ထားပြီး အလုပ်ကြမ်းခိုင်းစေပါတယ်။နောက်သုံးလ လောက်အကြာမှာအဲဒီပြစ်ဒဏ်ကျကျဉ်း သားနှစ်ယောက်စလုံးကို ဦးတင်အောင်နဲ. ဦးကြာမြတို.ကအထွေထွေလွတ်ငြီမ်းချမ်းသာခွင့်ပေးပြီးပြစ် ဒဏ်ကနေကွင်းလုံးကျွတ်လွတ်ပေးလိုက်ပါတယ်။အဲဒီလွတ်ငြီမ်းချမ်းသာခွင့်ရသူနှစ်ဦးဟာ သူတို. ကိုပြစ်ဒဏ် ချခဲ့ပြီး၊လွတ်ငြီမ်းချမ်းသာခွင့်ပေးခဲ့တဲ့သူနှစ်ဦးနဲ.အတူNLD-LAရုံးအတွင်းပြန်နေပြီးအရင်လိုပဲအလုပ်တွေ ကိုပြန် တွဲလုပ်နေပြန်ပါတယ်။
ညီညီ မန္တလေး
မြောက်ပိုင်းရဲဘော်ဟောင်း

No comments:

Post a Comment