Friday, February 15, 2013

ABSDF(မြောက်ပိုင်း)သတ်ဖြတ်မှုများနှင့် MEDIA များကိုခြောင်းကြည့်ခြင်း

by Ko Lin Wai Aung on Tuesday, March 6, 2012 at 3:49am ·
ပန်းချီထိန်လင်း၏ ABSDF (မြောက်ပိုင်း) ပါဂျောင်ဒေသ-လိုင်စင်စခန်းတွင်(၁၉၉၁-၉၂) ကာလက စစ်အစိုးရ၏သူလျှိုများဟုစွပ်စွဲကာ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံခဲ့ရသော အတွေ့အကြုံများကို ဆောင်းပါး (၂)ပုဒ်ဖြင့် FACEBOOK စာမျက်နှာပေါ်တွင် အကျယ်တ၀င့်ရေးသားထားသည်များကို မကြာသေးမှီ ကမှ ဖတ်ရှူ့ခဲ့ကြရပါသည် “ကျနော်သန်းကြွယ်သူဌေးဖြစ်ခဲ့စဉ်က” နှင့် “လူကက်ဆက်” ခေါင်းစဉ်နှစ်ခုဖြင့် အပိုင်းခွဲကာ ရေးသားထားပါသည်…..

စာဖတ်ပရိတ်သတ်များ၊အမှန်တရားကိုချစ်မြတ်နိုးသူများ၏ အားပေးထောက်ခံမှုကိုရရှိခဲ့ပါသည်…. ထိုမှဆက်၍ ပြည်တွင်းပြည်ပမှကာယကံမြောက်ခံစားခဲ့ရသည့်ပုဂ္ဂိုလ်များ၊ အမှန်တရားကိုလိုလားသော အဖွဲ့ အစည်းများ၊လူပုဂ္ဂိုလ်များမှလည်း အချက်အလက် မှတ်တမ်းဓာတ်ပုံများနှင့်တစ်ကွ ဖေါ်ထုတ်တင်ပြ ရေးသား လာကြသောအခါ အဖြစ်မှန်သည်ပိုမိုထင်ရှားလာခဲ့ပြီး ထိုမတရားမှုကြီးကို လူ့အဖွဲ့အစည်းမှ မည်သို့ ဆက်လက် ဆောင်ရွက်သင့်ကြောင်း တိုင်ပင်ဆွေးနွေး အကြံပြုချက်များကိုလည်း တွေ့မြင် လာရပါသည်……

ရန်ကုန်နှင့်မန္တလေးမြို့ကြီးများတွင်လည်းမြောက်ပိုင်းဒေသတွင်ကြွေလွင့်သွားခဲ့ရသောကျောင်းသား များအမှတ်တရနေ့(အနှစ်၂၀ပြည့်)ပွဲများကိုလည်း မြောက်ပိုင်းပြန်ကျောင်းသားရဲဘော်ဟောင်းများ မှ လည်းကောင်း၊ စာနာနားလည်သော အမှန်တရား ကိုမြတ်နိုးသော သူများမှလည်းကောင်း (၁၀.၂.၂၀၁၂) မှ(၁၃.၂.၂၀၁၂)နေ့အတွင်း စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြပါသည်….

အလားတူ အမေရိကန်ပြည်ထောင်စု၊အင်္ဂလန်နှင့်ထိုင်းနိုင်ငံတို့တွင်လည်း အောက်မေ့ဘွယ်အခန်း အနားများကိုကျင်းပခဲ့ပါသည်…..ထိုဖြစ်စဉ်များကို FACE BOOK စာမျက်နှာများ၊INTERNET WEB SITE များ

YOUTUBE စာမျက်နှာများတွင် ထင်ထင်ရှားရှားဖေါ်ပြကြသည်ကို တွေ့ရပါသည်….RFA သတင်းဌာန အနေနှင့် ကာယကံရှင်များနှင့်တွေ့ဆုံမေးမြန်းခန်းကို ပန်းချီထိန်လင်းနှင့်ရော်နယ်အောင်နိုင်တို့ဖြင့်တစ်ကြီမ်

မနန်းအောင်ထွေးကြည်၊မသင်းသင်းညီ၊ကိုမိုးသီးဇွန်၊ဒေါက်တာနိုင်အောင်၊ကိုမျိုးဝင်းတို့နှင့်တစ်ကြိမ်စုစု ပေါင်း

နှစ်ကြိမ်တိုင်တိုင် ထုတ်လွှင့်သွားသည်ကို တွေ့ရ ပါသည်.... သတင်းဌာနအနေနှင့် မည်သည့်ဘက်မှမလိုက်ဘဲ သတင်းကိုသတင်းအနေနှင့် တင်ပြသွားသည်ကိုလေ့လာမိပါသည်…..

ပြည်တွင်းသတင်းဂျာနယ်များတွင်လည်း(၁၀.၂.၂၀၁၂)နေ့ထုတ်NEWSWATCH ဂျာနယ် စာမျက်နှာ

(၂၈)တွင် သိုးထိန်း(မြန်မာပြည်သား) ၏ ABSDF မြောက်ပိုင်းသတ်ဖြတ်မှုများနှင့်ပတ်သက်၍ MEDIA များနှင့်တွေ့ဆုံရန် ပန်းချီထိန်လင်း ရန်ကုန်မြို့သို့ရောက်ရှိနေကြောင်း RFA နှင့်ပန်းချီထိန်လင်း၊ ABSDF(NB) မှ တာဝန် ရှိသူ ရော်နယ်အောင်နိုင်တို့တွေ့ဆုံရာတွင် ရော်နယ်အောင်နိုင်က ထိုစဉ်က အပြစ်ပေး အရေးယူမှုများ ရှိခဲ့ကြောင်း ပြောကြားခဲ့သည်ဟု ရေးသားထားသည်ကိုဖတ်ရှု့ရပါသည်.... ပန်းချီထိန်လင်းသည် (၁၀.၂.၂၀၁၂)နေ့တွင်အလုံမြို့နယ် ရွှေအိုးစည်ကျောင်းတိုက်တွင်ပြုလုပ်မည့် မြောက်ပိုင်းတွင်ကြွေလွင့်သွားခဲ့ရသော ကျောင်း သား များ အမှတ်တရနေ့သို့တက်ရောက်ပြီး MEDIA များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ရေးသားထားသည်ကို ဖတ်ရှု့ရပါသည်….

ထိုနည်းတူ (၂၇.၂.၂၀၁၂)နေ့ရက်စွဲထုတ် THE MESSENGER ဂျာနယ် VOL- 2,NO-41 တွင်လည်း ပန်းချီထိန်လင်း၏“ကျနော်သန်းကြွယ်သူဌေးဖြစ်ခဲ့စဉ်က”နှင့် “လူကက်ဆက်”ဆောင်းပါးနှစ်ပုဒ်ကို စာမျက်နှာ

၎မျက်နှာအပြည့်၊ဖေါ်ပြရုံသာမက အထူးစာမျက်နှာအနေနှင့်ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော်

၏ပုံအပါအ၀င် အဓိကစာသားများကိုနောက်တစ်မျက်နှာအပြည့် ဖေါ်ပြထားသည်ကိုဖတ်ရှု့ရပါသည်…….

ထို့အပြင် (၅.၃.၂၀၁၂)နေ့စွဲထုတ် THE MESSENGER ဂျာနယ် VOL- 2,NO-42 တွင်လည်း ပန်းချီထိန်လင်း၏ လူကက်ဆက် ဆောင်းပါး ဇာတ်သိမ်းကို စာမျက်နှာ၂မျက်နှာခွဲဖြင့် အကျယ်တ၀င့် ဖေါ်ပြခဲ့ပြီး SPECIAL PAGES အနေနှင့် ကိုထွန်းအောင်ကျော်နှင့်ကိုကျော်ဝေ၏အကြောင်းကို ရောင်စုံစာလုံးကြီးများဖြင့်တစ်မျက်နှာအပြည့် ဖေါ်ပြထားသည်ကို ဖတ်ရှူ့ရပါသည်…..

သတင်းမှန်ကိုရဲရဲတင်းတင်း အချိန်အခါမရွေး ဖေါ်ပြခဲ့သော NEWSWATCH JOURNAL ,

THE MESSENGER JOURNAL တို့ကိုများစွာလေးစားမိပါသည်….

သတင်းဂျာနယ်အတွက်လည်းဂုဏ်ယူမိပါသည်…..အဂတိတရား(၄)ပါးကင်းစင်သော အမှန်တရားကိုရဲဝံ့စွာ ဖေါ်ထုတ်တင်ပြရဲသော…သတင်းမီဒီယာတစ်ခု ဖြစ်ကြောင်း သက်သေပြလိုက်ခြင်း ဖြစ်သည်ဟု ယုံကြည် မိပါသည်……

ပြည်တွင်းသတင်းဂျာနယ်(၆)ခုမှ တာဝန်ရှိသူများကို မြောက်ပိုင်းကျောင်းသားများ ကြွေလွင့်ခြင်းနေ့

ပွဲများသတင်း(ရန်ကုန်၊မန္တလေး) / ABSDF မြောက်ပိုင်းသတ်ဖြတ်မှုများသတင်း မည်သည့်အတွက်ကြောင့် မဖေါ်ပြခဲ့ရပါသလဲဟု မေးမြန်းခဲ့ရာစီစစ်ရေးတင်ခဲ့ကြောင်း စာပေစီစစ်ရေးမှခွင့်မပြု၍သာ ဖြစ်ကြောင်း တညီတညွတ်တည်း ဖြေဆိုခဲ့ကြပါသည်……

နိုင်ငံရေးသတင်းဂျာနယ်တစ်ခုမှ အယ်ဒီတာချုပ်တစ်ဦးကမူ ကျောင်းသားများကွဲကြသည့် သတင်းဖြစ်နေ၍မထည့်ရန် ဆုံးဖြတ်သည်ဟု အတွင်းသတင်းအရသိရပါသည်…..

ထိုအတွက်လည်း စိတ်မကောင်းရုံမှတပါး ဘာမှမတတ်နိုင်ပါကြောင်း ရေးသားလိုက်မိပါသည်….

လွတ်လပ်သောသတင်းမီဒီယာများ ပေါ်ထွန်းပါစေ……

သတင်းမှန်ရရှိပါလျှက်…နှုတ်ပိတ်နေကြသော သတင်းဋ္ဌာနများ….အယ်ဒီတာများ မမြင်လိုမတွေ့လိုရပါ၏….
· · Share

  • 20 shares
    • Udp Myanmar
      ကျောင်းသားများ ကွဲကြသည့် သတင်းဖြစ်နေ၍ သတင်းမထည့်ရန် ဆုံးဖြတ်တယ် ဆိုတဲ့ နိုင်ငံရေးသတင်းဂျာနယ်တခုမှ အယ်ဒီတာချုပ်ဆိုတဲ့ သူတွေဟာ စာနယ်ဇင်းလွတ်လပ်ခွင့် ရှိဖို. အသံ ကွဲအောင် အော်တတ်သူတွေပါ။ ။ အဲဒီလို အယ်ဒီတာမျိုးတွေက လူကြားသူကြားမှာဆိုရ
      င် Media Freedom, Freedom of Expression ဆိုတဲ့စကားလုံးတွေကို ပါးစပ်က သွားရည်တွေ ကျအောင် အားရ ပါးရ အော်တတ်ပါသည်။ စတုတ္ထမဏ္ဍိုင်တွေ၏ အခန်းကို အင်မတန် မွန်းတင်ပြီး ဘယ်သို. ဘယ်မျှ အရေးကြီး အရေးပါသည်ဟု ဆောင်းပါးတွေ အတိုအရှည်နဲ. ပြောတတ်သူတွေပါ။ နိုင်ငံခြား အစိုးရကိုယ်စားလှယ်တွေ လာရင်လဲ မြန်မာပြည်မှာ စာနယ်ဇင်းလွတ်လပ်ခွင့် မရှိဘူး။ စာပေ စီစစ်ရေးအဖွဲ. ဘယ်လို လူလည်ကျတယ်။ သတင်းထောက်တွေ ဘယ်နှစ်နောက် သံတိုင်းအကြားမှာ ရှိနေတယ်---စတဲ့ စကားလုံးတွေနဲ. ရေပက်မ၀င် ပြောချင်သူတွေပါ---ကိုယ်တိုင်ကျတော့ အမှန်းအတိုင်း လူထုကို သတင်းပေးဖို. သတင်းရေးဖို. ၀န်လေးပြီး နိုင်ငံရေး တွက်ချကာ ဗကပတို. မဆလတို. ဆိုရှယ်လစ် အစိုးရတွေ၏ ၀ါဒဖြန်.ချီရေးမှူး စိတ်ဓာတ်တွေနဲ. သတင်းသမားအရေခြုံထားသူတွေပါ။ ။ မှားတယ် မှန်တယ် ဆိုတာ ပရိသတ်က ဆုံးဖြတ်ရမှာပါ။ မျှမျှတတနဲ. ဘက်လိုက်မှုမရှိပဲ အမှန်အတိုင်း လူထုကို အသိပေးဖို. သတင်းပေးဖို. ရေးသား တင်ပြဖို.ဆိုတာ စာနယ်ဇင်းသတင်းပညာရှင်တွေ ကိုယ်ကျင့်သိက္ခာရှိတဲ့ တာဝန်ယူ တာဝန်ခံရဲတဲ့ သတင်းသမားတွေ၏ အရည်အချင်း အစစ်အမှန်တွေပါ။ ဒီတာဝန်တွေကို ကျေပြွန်မှသာ စတုတ္ထမဏ္ဍိုင်ဆိုတာ လူတွေက ယုံကြည်မှာပါ။ မဟုတ်ရင်တော့ ===No Comment" ပြောဖို. ၄ ရက်လောက် အချိန်ယူရတဲ့ န၀တ ခေတ်က နိုင်ငံခြားရေးဌာနမှာ လုပ်တဲ့ အစိုးရ ၀န်ထမ်း သံတမန်တွေလိုပဲ ဖြစ်နေမှာပါ-- အမှန်အတိုင်း မပြောရဲ မဆိုရဲ-- မှတ်ချက် ပေးစရာ မရှိပါ ဆိုတာတောင် အထက်ကို တင်ပြပြီး ၄ရက်ကြာအောင် စောင့်ခိုင်းရတဲ့ မြန်မာပြည်က သတင်းထိန်းချုပ်ချဉ်တဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ၏ အကျင့်နဲ. ဘာထူးမှာလဲ---အတူတူပဲ မဟုတ်လား။ အဲဒါ သတင်းသမား မဟုတ်ပဲ သတင်းသမား အရေခြုံပြီး ၀ါဒဖြန်.ချီရေးအတွက် နိုင်ငံရေး လက်သဲ ၀ှက်ပြီး ခိုးကြောင်ခိုးဝှက်နဲ. မလိမ်.တပတ်လုပ်နေတဲ့ ခပ်ညံညံ့ညံ့အတွေအခေါ် ရှိသူတွေသာ ဖြစ်ပါသည်။ လူထုတွေ စာဖတ်ပရိတ်သတ်တွေကိုယ်စား ဆုံးဖြတ်ချက် ပေးချင်တဲ့ အကျင့်တွေ ပြင်ဖို. လိုပါမည်။ မှားတယ် မှန်တယ်ဆိုတာ လူထုကသာ သူတို. ဘာသာ သူတို. လေ့လာ သုံးသတ်ပြီး ဆုံးဖြတ်ရမှာပါ။။ သတင်းသမားကတော့ လူထုကို အမှန်အတိုင်း အသိပေးဖို. တာဝန်ရှိသူပါ။ မှားတာ မှန်တာ ဆုံးဖြတ်ရမည့် တရားသူကြီး မဟုတ်ပါ။ Just tell the stories as your duty is a story-teller, not as a judge, don't make a decision which one is right and wrong.
    • Khin Nyein Thit နိုင်အောင်တို့ကို လျော့မတွက်ကြနဲ့ သူတို့က ပြည်တွင်းက ဂျာနယ်တစ်ချို့ကို အမေရိကန်အစိုးရ ထောက်ပံငွေထဲမှာ စွန့်ကျဲထားပါတယ်။ ဒါကြောင့် ဒီကိစ္စကို အဖော်ပြရဲပါ။ ပြည်ပမီဒီယာတွေကလည်း နိုင်အောင့်ရဲ့ ကျေးဇူးခံကျေးဇူးစားတွေ ရှိနေပါတယ်
    • Thar Swe မြောက်ပိုင်းကိစ္စ မီဒီယာမှာ ပထမဦးဆုံးစပြီးအသံလွှင့်ပေးတာ DVB သတင်းဌာန။ ABSDF ဗဟိုကော်မတီက မြောက်ပိုင်းကိစ္စနဲ့ ကြေညာချက်တစောင်ထုတ်ပြန်တော့ အဲဒါကို DVB ကနေ လက်ရှိ ABSDF ဒုဥက္ကဌ ကိုမျိုးဝင်းကို အင်တာဗျုးလုပ်တာ။ နောက်တခါ DVB သတင်းဌာနကပဲ ပထမ အင်တာဗျူးကိစ္စ တဖက်သတ်ဖြစ်သွားလို့ ပရိတ်ဿတ်ကို ပြန်ပြီးတောင်းပန်တဲ့သတင်းထပ်ပြီးလွှင့်ထုတ်ပေးခဲ့တယ်။ ဒါ ကျနော် ဖြည့်စွက်ပေးတာပါ။
    • Thar Swe မြောက်ပိုင်းအကြမ်းဖက်သတ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီး လက်ရှိကြံ့ဖွတ်အစိုးရက သတင်းမီဒီယာတွေမှာ မဖော်ပြဖို့ ပိတ်ပင်တယ်ဆိုတာ သွေးရိုးသားရိုးတော့ မဟုတ်လောက်ဘူးလို့ ကျနော်ထင်တယ်။ အချက် ၃ ချက် ကျနော် စဉ်းစားထားတာရှိတယ်။
    • Thar Swe ၁။ မြောက်ပိုင်းကိစ္စ ဖွင့်ပေးရင် စစ်အစိုးရလုပ်ခဲ့တဲ့ ဒီပဲယင်းမှာအကြမ်းဖက်သတ်ဖြတ်ခဲ့တဲ့ကိစ္စ လက်ခံပေးရတော့မယ်။ ဒါကြောင့် မြောက်ပိုင်းကိစ္စ ပိတ်ပင်တားမြစ်တာဖြစ်မယ်လို့ ကျနော်စဉ်းစားတယ်။
    • Thar Swe ၂။ မြောက်ပိုင်းသတ်ဖြတ်မှုမှာ ကိုယ်တိုင်ကိုယ်ကျ အကြမ်းဖက်နှိပ်စက်ခဲ့တဲ့လူတချို့ စစ်အစိုးရဆီမှာ လက်နက်ချပြီး အခု ထောက်လှမ်းရေးနဲ့ ပလဲနံပသင့်နေတယ်။ ဒီအချက်ဟာ သံသယရှိဖို့ကောင်းတဲ့အချက်ဖြစ်နေတယ်။ မြောက်ပိုင်းကိစ္စမှာ (န၀တ/ နအဖ/ ကြံ့ဖွတ် အစိုးရ) ရဲ့ စစ်ထောက်လှမ်းရေးရဲ့ ပါဝင် ပတ်သက်နေတာမျိုး ရှိလိမ့်မယ်။ မြောက်ပိုင်းကိစ္စဖွင့်ပေးလိုက်ရင် စစ်အစိုးရရဲ့ လက်တံတွေပေါ်လာတော့မယ်။ ဒါကြောင့်ပိတ်တာဖြစ်မယ်လို့ ကျနော်စဉ်းစားတယ်။
    • Thar Swe နံပတ် ၃ အချက်ကတော့ ကျနော်အရံ သဘောမျိုး စဉ်းစားထားတာဖြစ်ပါတယ်။
    • Thar Swe ၃။ ကြံ့ဖွတ်အစိုးရက ရန်ကုန်မှာ ABSDF နဲ့ စကားပြောဖို့ရှိနေတယ်။ ABSDF က တောင်းဆိုထားလို့ ကြံ့ဖွတ်ဖက်က ပိတ်ပင်တားမြစ်ပေးတာလည်းဖြစ်နိုင်တယ်။ နောက်အပြန်အလှန်သဘောနဲ့ ကြံ့ဖွတ်အစိုးရက ABSDF နဲ့ စေ့စပ်ဆွေးနွေးရေး အဆင်ပြေအောင်လုပ်တဲ့သဘောမျိုး ကာကွယ်မှုပေးတဲ့သဘောမျိုး သဘောထားကြီးပြတဲ့သဘောမျိုးနဲ့ လာတွေ့မယ့် ABSDF ကိုယ်စားလှယ်တွေကို ပြတာလည်းဖြစ်နိုင်တယ်-
    • Kyaw Swar ကိုရဲရေ စာပေစိစစ်ရေးက ပယ်လိုက်တာက အမှန်ပါ ။ massenger က ရိုက်/တင် ရထားလို့ပါ ။ ဂျာနယ်တွေရဲ့ ဆင်ဆာခွင့်ပြုချက် ရ/မရကလည်း တစ်တိုက်နဲ့တစ်တိုက် မတူပါဘူး ။ ဒါပေမယ် နောက်ဆက်တွဲသတင်းကို Massenger ဂျာနယ်တစ်ခုတည်းကပဲ စိတ်ဝင်တစားတင်ပြနေတာကတော့ နည်းနည်းထူးခြားနေပါတယ် ။ စာပေခွင့်ပြုချက် ရခဲ့သည်တိုင်အောင် ကိုရဲပြောတဲ့ (ကျောင်းသားခြင်းဖြစ်တဲ့ဟာမို့) လို့ ယူစတဲ့ ဂျာနယ်တွေလည်း ရှိကောင်းရှိမှာပါ ။
    • Aye Aye Soe Win The 3 min by DVB was hardly news on the North Case for two reasons..1..it sold the statement of the ABSDF and Myo Win's opinions 2. it did not include the
    • Aye Aye Soe Win victims and survivors so its 3-min coverage was not comprehensive.
    • Aye Aye Soe Win On Jan 23, 2012, DVB had one-minute-long apologetic TV coverage dedicated to the victims and families, citing there were flaws in the first 3-min program two weeks earlier. From these facts, DVB has NOT done substantial news reporting if both short videos were measured by the news reporting standards of accuracy, fairness, and balance.
    • Aye Aye Soe Win
      The Messenger seems to have a few heads-up, bringing coverage of the north case to the public inside Burma, as VOA has been exclusively selling the bloody ABSDF...But no one bought their idea....In 2006, ex-US army generals went to TV shows
      to sell the war in Iraq..But with the case of VOA exclusive, yet promotional coverage of the ABSDF, the whole scheme is self-detrimental... Their greed does not enable them to think right....


No comments:

Post a Comment