Showing posts with label ကိုအေးလွင်. Show all posts
Showing posts with label ကိုအေးလွင်. Show all posts

Thursday, February 21, 2013

မြောက်ပိုင်းပြန်တွေ ဘာလုပ်နေသလဲ - ၂

ကိုညီညီကျော် ၈၈ O.S.Cအား၂၉လမ်းဈေးဆန်ဒ ဖေါထုပ်မှုနှင့် အမှတ် ၃ စခန်းမှ ၁၃ ရက်ညတွင်ခေါ်ဆောင်သွားသည် ။
August 13 via mobile

ကိုညီ၈၈o.s.c၁၀သိန်းအာမခံနှင့်ရဲစခန်းမှပြန်လွတ်


August 13

မန္တလေးမြို့ ဈေးချိုပျံကျဈေးဆန္ဒပြမှုနှင့် ပတ်သတ်ပြီး ကိုညီညီကျော်ကို အောင်မြေသာစံ အမှတ်(၃)ရဲစခန်းမှ မနေ့ ည၁၂နာရီတွင်ခေါ်ယူစစ်ဆေးပြီး စီတန်း ၁၈ ဖြင့် တရားစွဲဆိုလိုက်ပါတယ် ဒီနေ့ နေ့ လည် ၁၁ နာရီမှာတော့ ၅သိန်းတန်းအာမခံနဲ့ လွတ်မြောက်လာပြီး အမှုရင်ဆိုင်နေရပါတယ်


Tuesday, February 19, 2013

ဝိညာဉ် နှိုးတဲ့ ပွဲ (ကိုဖိုးစန်း)

by Aye Lwin on Wednesday, February 15, 2012 at 10:09am ·

ရှင်သန်ခြင်းရဲ့ ဟိုဖက် ခရီးထွက်ခွာ

ဝိညာဉ်တို့  ခြေရာ

ရာဇဝင်မှာ ဘယ်အချိန်ထိ

လစ်လပ်နေဦးမှာလဲ -



ယုံကြည်ချက်ကို ရင်း

နင်းခဲ့တဲ့ ခြေလှမ်း

ဘယ်အလှမ်းမှာ အဟောင်းကို ဖြိုမယ်

ညာအလှမ်းမှာ အသစ်ကိုတည်မယ်

သစ္စာဓိဌာန် ထားခဲ့တယ်



သစ္စာသံ

မိုးယံမှာခြိမ်း ဟိန်းလာတဲ့ အခါ

နေရာ မက်တာလား

အသပြာ ဝှက်တာလား

ခြေထိုး ကစားတာလား

ရေချိုး မှားတာလား

သပ်လျှို ခွဲတာလား

' ဖျတ် ' ဆို ကွဲတာလား

ကြိုတင် ကြံစည်တာလား

နဂို ပင်အမှန်မညီတာလား

ဒီ ' လား ' တွေကြား

ငစဉ်းလဲ ကျား

လက်တွင်းမှာ ဓါး

တက်နင်းကာသွား

မြေခွေး ဥာဏ်နဲ့  ကစား

ယမမင်း ဖျားလောက်တဲ့ အကွက်တွေ နဲ့ 



ဒီလိုနဲ့  ဝိညာဉ် တစ်စု ဟာ

တောင်ကုန်းထိပ် က

အရိပ်မဲ့ ဟင်းလင်းပြင်မှာ

ကျန်နေရစ်ခဲ့ရရှာ .......



သမိုင်းဘီး တပါတ်လည်တဲ့ အခါ

လပ်နေတဲ့ စာမျက်နှာ

ဒါ .........



( ယုံကြည်စွာ တမ်းတခဲ့ရတဲ့ )

ဝိညာဉ်တို့  ရေ

မင်းတို့ ရဲ့  ပွဲ



မောင်ခိုင်သစ် ( ကသာ )

ကသာ ရာပြည့် မဂ္ဂဇင်း 1994 Oct



မြောက်ပိုင်းတွင် ကြွေလွင့်သွားသော ကျောင်းသားများ အမှတ်တရ နေ့  က ဆရာ စူး ရဲ့ Tomorrow ပြကွက် အပြီး

ပါဂျောင်အကျဉ်းသား ဟောင်း ကျော်ဇင် က သူခံစားရသမျှ အတွက်

ဘဝတူ ဖိုးဆန်း ရဲ့  ကဗျာကို ပေးပို့ လာပါတယ်၊

  • 5 shares

    • ဘရာဇီး ငှက်ရိုး
      တနေ့နေ့မှာ အဲ့ဒီကျင်းသုံးကျင်းက အရိုးတွေကို ကျနော်တို့ လက်နဲ့ ကောက်ယူပြီး အကိုတို့အမတို့ ပျော်ရွှင်ခဲ့ဖူးတဲ့မြို့ အကိုတို့အမတို့ သူငယ်ချင်းတွေရှိတဲ့မြို့ အကိုတို့အမတို့ ဇာတိတွေကို ပြန်လည်သယ်ဆောင်ပြီး အိမ်ပြန်စေရမယ် စိတ်ချပါ ကျနော်တို့ ညီငယ်ည
ီမငယ်တွေက ထာဝရသစ္စာအဖြစ် တိုင်တည်ထားပါတယ် နဲနဲလေးပဲ ပွင့်လင်းလာသေးတဲ့ အခြေအနေမို့ပါ အကိုတို့အမတို့ရဲ့ ဝိညာဉ်တွေကို သက်သေအဖြစ်ထားပြီး အိမ်ပြန်ခွင့်ရအောင် စောင့်ရှောက်ပေးပါ မလွှဲမသွေ ကျနော်တို့သေပြီး အကိုတို့နဲ့ ပြန်တွေ့တဲ့အခါ ပြုံးရယ်ပြနိုင်တဲ့သူ ဖြစ်ပါရစေ.. အမှန်တရားကို ဘုရားရှင် (ဘုရားသခင်)နဲ့ နတ်ဒေဝါတွေ စောင့်ရှောက်ပေးပါစေ... ဒီအမှု့ကို တရားသဖြင့် အနိုင်ရသူတွေ အဖြစ် လမ်းပြခေါ်ဆောင်ပေးပါ.. ဒီကနေ့ ကျနော်တို့ ကျခဲ့တဲ့ မျက်ရည် နောင်တနေ့ အပြုံးမျက်ရည် ဖြစ်ပါရစေ...
      အကိုအမတို့ မွေးရပ်မြေတွေကို ကိုယ်တိုင်ကိုယ်ကျ ပို့ဆောင်ပေးခွင့် ရသူဖြစ်ပါရစေ....

    • ဘရာဇီး ငှက်ရိုး ကိုကျော်ဇင်၊ကိုဖိုးဆန်းဆိုတော့ ကိုညီကျော်ရေးတဲ့ လပ်ကီး7 ထဲက မသေတဲ့ သူတွေပေါ့။ မန်းလေးပွဲမှာတော့ ဦးဇင်းဒသကို တွေ့ရပါတယ်.....

    • Kyaw Gyi AB သုံးယောက် လုံးတက်ရောက်ပါတယ်၊ဦးထုပ်နက် နဲ့ ခေါင်းငိုက်စိုက်ကျနေတာ ကျော်ဇင်ပါ။

    • Ohn Mar Oo Pleas let me share