Showing posts with label ကိုမိုးစဲ. Show all posts
Showing posts with label ကိုမိုးစဲ. Show all posts

Tuesday, February 19, 2013

ကိုမိုးစဲရဲ့ မှတ်ချက်

"ကိုMoe Sal ကိုsoe lynnရဲ့ ပုံမှာ ပြောသွားတာလေးပါ... အဖြစ်သင့်ဆုံးကိစ္စပါ..."

ကိုရဲလင်း ကိုကျော်ကြီး ကိုစိုးလင်း ကိုသိန်းထွန်း ကိုထိန်လင်း မနန်းအောင်ထွေးကြည် မသင်းသင်းညီ မနန်းစော တို့ မြောက်ပိုင်းတောင်ပိုင်း မှာ ခံခဲ့ရတဲ့ ရဲဘော်တွေရဲ့ ၁၂.၂.၂၀၁၂ မန္တလေးမှာ ထုတ်ခဲ့တဲ့ စတိတ်မန့်ကို ခု အေဘီအမှန်ဖေါ်ထုတ်ရေးအဖွဲ့ကို တရားဝင်တင်သင့်တယ်လို့ ကျနော်မြင်ပါတယ် ခုချိန်မှာ ခင်ဗျားတို့ကို မတရားထွက်ဆိုစေတဲ့ လက်မှတ်ထိုးပေးခဲ့ရတဲ့ ထွက်ချက်တွေကို လူသတ်သမားတွေက ဖျောက်ပစ်ရင် ဖျောက်ပစ်နိုင်ပါတယ် အဲ့ဒီထွက်ချက်တွေ ကို အမှန်တရားဖေါ်ထုတ်ရေး အဖွဲ့ကပဲ တရားဝင် တောင်းယူကြည့်နိုင်တယ်လို့ ထင်ပါတယ် လုပ်ချင်သည်ဖြစ်စေ မလုပ်ချင်သည် ဖြစ်စေ သူတို့ တရားဝင်ဖွဲ့စည်းပေးထားတဲ့ ဘောင်အတွင်းက တောင်းယူစစ်ဆေးကြည့်ရှု့တဲ့အခါမှာ ခင်ဗျားတို့ရဲ့ ထွက်ချက်တွေဟာ အဆက်အစပ်မရှိ အဆက်အစပ်ရှိရင်လဲ အတင်း အဆက်အစပ်လုပ်ယူထားတာကို စဉ်းစားဥာဏ်ရှိတဲ့သူတိုင်းက ဖတ်ရင်းနားလည်နိုင်ပါတယ်..အဲ့ဒီခင်ဗျားတို့ ထွက်ဆိုထားချက်တွေကိုလဲ တဦးခြင်းအနေနဲ့ဖြစ်ဖြစ် အစုအဖွဲ့အနေနဲ့ဖြစ်ဖြစ် တောင်းယူကြည့် ဖို့နဲ့ တောင်းပြီး အများပြည်သူ သိရှိနိုင်အောင် တင်ပြဖို့ ပါ လုပ်ကြရင် ကောင်းမယ်လို့ အကြံပြုပါတယ် ဘယ်လောက်ပဲ ညာညာ အချိန်တွေ ဘယ်လိုဆွဲဆွဲ အဲ့ဒီ ဗွီဒီယိုခွေတွေ ထွက်ချက်တွေကို ကြည့်လိုက်ရင် သိသာပါတယ် အဲ့ဒီအချိန်တုန်းက အေဘီ(နိုင်အောင်) ဘက်ခြမ်းက ဗဟိုအလုပ်အမှုဆောင် လူကြီးတွေ ထဲမှာ ဆယ်တန်းမအောင်တဲ့လူ မစဉ်းစား မချင့်ချိန်နိုင်တဲ့သူ တယောက်မှ မပါပါဘူး သူတို့ ထောက်ခံလို့ စတိတ်မန့်တောင် ထုတ်ခဲ့တာပါပဲ ခုချိန်ကြမှ မဖြစ်နိုင်ဘူး ကျနော်တို့ပြောလို့ မသတ်တော့တာပါ ကျနော်တို့လဲ သနားကြင်နာ နားလည်တတ်ပါတယ် ဆိုတဲ့ အပေါက်မျိုး လုပ်နေတာပါ။ အေဘီလူကြီးတွေကို လူသတ်ကောင်တွေလို့ မသုံးနှုန်း စေချင်ရင် မတရား လူမသတ်ကြနဲ့ပေါ့ဗျာ.အဲ့ဒီထွက်ချက်တွေကို ဗွီဒီယိုဖိုင်တွေကို အများပြည်သူ သိနိုင်အောင် တင်ပြပေးဖို့ တောင်းစေချင်ပါတယ် သူတို့ဖက်က မှန်ကန်တယ်ဆို တင်ပြမှာပါပဲ အချိန်မကျသေးလို့ ဆိုတာ ခိုင်လုံတဲ့ အကြောင်းပြချက်မဟုတ်ပါဘူး အချိန်ကျလို့ပဲ အမှုမှန်ပေါ်ပေါက်ရေး အမှန်တရားဖေါ်ထုတ်ရေး အဖွဲ့တောင် ဖွဲ့ရပြီ မဟုတ်ဘူးလား.ဖေ့ဘုတ်ဆိုတာ အဆင့်အတန်းနိမ့်လို့ အဆင့်အတန်းရှိရှိပြော ချင်တယ်ဆိုရင် ပြောလို့ ရပြီပဲ.ကျိန်းသေတာကတော့..မတရားလူသတ်တာက သတ်တာပါပဲ သတ်လို့ ပြီးတာကတော့ ပြီးပြီ..လက်စဖျောက်တယ်ဆိုတာ ပိုအပြစ်ကြီးပါတယ် လူသတ်အလောင်းဖျောက်ဆိုတာ ပို အပြစ်ကြီးတယ် ဆိုတာ တရာခံများ ဘက်က ရှေ့နေ ၂ ဦးတောင်ရှိနေတာမို့ (အောင်ထူး လှဌေး) ခင်ဗျားတို့ ပိုသိမှာပါ..
February 9

    • Aung Moe Win ကိုစိုးလင်း- မိသားစုပုံကို တွေ့ရတာ ဝမ်းသာတယ်
    • Soe Lynn ဟုတ်ကဲ့ ကျေးဇူးပါ။
    • Ko Oo အရင်မာနာပလောကရုပ်လေးနည်းနည်းကျန်သေးတယ်၊အခုလိုမိသားစုနဲ့တွေ့ရတာသမ်းသာပါတယ်ဗျာ၊ကျနော်ကတော့တစ်ယောက်တည်းပါပဲ
    • Aung Moe Win တယောက်တည်းက ဘယ်နှစ်ခါ ရှိနေပြီလဲ ကိုဦးရေ၊
      March 18 at 10:56am · · 1
    • Soe Lynn ကိုဦးရေ မင်းဖို့ လန်ဒန်မြေပဲယိုတွေပို့ ပေးလိုက်မယ်လေ။အောင်မိုးဝင်းရေ ဆလိုင်းကကျောင်းသားစိတ်စစ်စစ်ကြီးနဲ့ ရိုးရှာပါတယ်။ကိုသိန်းထွန်း ကျနော့ ဖုန်းက ၀၉ ၅၁၁၁၂၀၂ ။အမျိုးသမိးဆေးကုဖို့ နောက်အပတ်ထဲရန်ကုန်လာမယ်
    • Ko Lin Wai Aung တွေ့ရအောင်....
    • Soe Lynn နေနိုင်မလား ကိုရဲရေ...
    • Ko Oo အောင်မိုးဝင်းမင်းကအကျယ်ချုပ်နဲ့အမေရိကားမှာမင်းသားတော်မောင်(၁၈)နှစ်ပြည့်တဲ့အထိနေရမှာနော်၊စိုးလင်းရေမင်းပို့လိုက်တဲ့လန်ဒန်မြေပဲယိုအစားအမေရိကန်ကွပ်ကီးပဲစားနေရတာအရသာမတွေ့ဘူးဖြစ်နေတယ်ကွ၊
    • မိုး စဲ
      ကိုရဲလင်း ကိုကျော်ကြီး ကိုစိုးလင်း ကိုသိန်းထွန်း ကိုထိန်လင်း မနန်းအောင်ထွေးကြည် မသင်းသင်းညီ မနန်းစော တို့ မြောက်ပိုင်းတောင်ပိုင်း မှာ ခံခဲ့ရတဲ့ ရဲဘော်တွေရဲ့ ၁၂.၂.၂၀၁၂ မန္တလေးမှာ ထုတ်ခဲ့တဲ့ စတိတ်မန့်ကို ခု အေဘီအမှန်ဖေါ်ထုတ်ရေးအဖွဲ့ကို တရားဝင်တ
      င်သင့်တယ်လို့ ကျနော်မြင်ပါတယ် ခုချိန်မှာ ခင်ဗျားတို့ကို မတရားထွက်ဆိုစေတဲ့ လက်မှတ်ထိုးပေးခဲ့ရတဲ့ ထွက်ချက်တွေကို လူသတ်သမားတွေက ဖျောက်ပစ်ရင် ဖျောက်ပစ်နိုင်ပါတယ် အဲ့ဒီထွက်ချက်တွေ ကို အမှန်တရားဖေါ်ထုတ်ရေး အဖွဲ့ကပဲ တရားဝင် တောင်းယူကြည့်နိုင်တယ်လို့ ထင်ပါတယ် လုပ်ချင်သည်ဖြစ်စေ မလုပ်ချင်သည် ဖြစ်စေ သူတို့ တရားဝင်ဖွဲ့စည်းပေးထားတဲ့ ဘောင်အတွင်းက တောင်းယူစစ်ဆေးကြည့်ရှု့တဲ့အခါမှာ ခင်ဗျားတို့ရဲ့ ထွက်ချက်တွေဟာ အဆက်အစပ်မရှိ အဆက်အစပ်ရှိရင်လဲ အတင်း အဆက်အစပ်လုပ်ယူထားတာကို စဉ်းစားဥာဏ်ရှိတဲ့သူတိုင်းက ဖတ်ရင်းနားလည်နိုင်ပါတယ်..အဲ့ဒီခင်ဗျားတို့ ထွက်ဆိုထားချက်တွေကိုလဲ တဦးခြင်းအနေနဲ့ဖြစ်ဖြစ် အစုအဖွဲ့အနေနဲ့ဖြစ်ဖြစ် တောင်းယူကြည့် ဖို့နဲ့ တောင်းပြီး အများပြည်သူ သိရှိနိုင်အောင် တင်ပြဖို့ ပါ လုပ်ကြရင် ကောင်းမယ်လို့ အကြံပြုပါတယ် ဘယ်လောက်ပဲ ညာညာ အချိန်တွေ ဘယ်လိုဆွဲဆွဲ အဲ့ဒီ ဗွီဒီယိုခွေတွေ ထွက်ချက်တွေကို ကြည့်လိုက်ရင် သိသာပါတယ် အဲ့ဒီအချိန်တုန်းက အေဘီ(နိုင်အောင်) ဘက်ခြမ်းက ဗဟိုအလုပ်အမှုဆောင် လူကြီးတွေ ထဲမှာ ဆယ်တန်းမအောင်တဲ့လူ မစဉ်းစား မချင့်ချိန်နိုင်တဲ့သူ တယောက်မှ မပါပါဘူး သူတို့ ထောက်ခံလို့ စတိတ်မန့်တောင် ထုတ်ခဲ့တာပါပဲ ခုချိန်ကြမှ မဖြစ်နိုင်ဘူး ကျနော်တို့ပြောလို့ မသတ်တော့တာပါ ကျနော်တို့လဲ သနားကြင်နာ နားလည်တတ်ပါတယ် ဆိုတဲ့ အပေါက်မျိုး လုပ်နေတာပါ။ အေဘီလူကြီးတွေကို လူသတ်ကောင်တွေလို့ မသုံးနှုန်း စေချင်ရင် မတရား လူမသတ်ကြနဲ့ပေါ့ဗျာ.အဲ့ဒီထွက်ချက်တွေကို ဗွီဒီယိုဖိုင်တွေကို အများပြည်သူ သိနိုင်အောင် တင်ပြပေးဖို့ တောင်းစေချင်ပါတယ် သူတို့ဖက်က မှန်ကန်တယ်ဆို တင်ပြမှာပါပဲ အချိန်မကျသေးလို့ ဆိုတာ ခိုင်လုံတဲ့ အကြောင်းပြချက်မဟုတ်ပါဘူး အချိန်ကျလို့ပဲ အမှုမှန်ပေါ်ပေါက်ရေး အမှန်တရားဖေါ်ထုတ်ရေး အဖွဲ့တောင် ဖွဲ့ရပြီ မဟုတ်ဘူးလား.ဖေ့ဘုတ်ဆိုတာ အဆင့်အတန်းနိမ့်လို့ အဆင့်အတန်းရှိရှိပြော ချင်တယ်ဆိုရင် ပြောလို့ ရပြီပဲ.ကျိန်းသေတာကတော့..မတရားလူသတ်တာက သတ်တာပါပဲ သတ်လို့ ပြီးတာကတော့ ပြီးပြီ..လက်စဖျောက်တယ်ဆိုတာ ပိုအပြစ်ကြီးပါတယ် လူသတ်အလောင်းဖျောက်ဆိုတာ ပို အပြစ်ကြီးတယ် ဆိုတာ တရာခံများ ဘက်က ရှေ့နေ ၂ ဦးတောင်ရှိနေတာမို့ (အောင်ထူး လှဌေး) ခင်ဗျားတို့ ပိုသိမှာပါ..
      March 19 at 7:12am · · 6
    • Thein Htun ရှေ့နေတွေကလည်းကိုယ်တိုင်တရားဥပဒေနဲ့ရင်ဆိုင်ရတော့မှာသိလို့နောက်ကိုရှောင်နေတယ်ကိုမိုးစဲရေ၊ကျွန်တော်တို့တိုင်ပင်ကာဆက်လုပ်သွားပါ့မယ်ဗျာ၊ယခုလိုအကြံပေးသည့်အတွက်ကျေးဇူးပါ
      May 18 at 4:58pm ·


      ငရဲပွက်ပမာ သေဆုံးသူတို့၏ AB မြောက်ပိုင်းမှအရိုးတွန်သံများ

      by Ko Baloi on Monday, 23 January 2012 at 12:19

      သင်တို့၏ မင်းမဲ့စရိုက်ဆန်စွာ အမိန့်အာဏာတို့ဖြင့်
      ပါးကွက်သားဆန်ဆန် သတ်ဖြတ်ခဲ့သော
      AB မြောက်ပိုင်းမှ တော်လှန်သူတို့၏ အရိုးတွန်သံများသည်
      ... ငရဲပွက်ကဲ့ပမာ ပဲ့တင်ရိုက်ခပ်
      ညပေါင်းများစွာတို့ကို တုန်လှုပ်စေခဲ့ပြီး
      သင်တို့အား ညစဉ်လိုလို ခြောက်လှန့်နေစေမည်ဖြစ်သည်။
      ပြေးလို့လွတ်မည် မဟုတ်သည့်
      ထိုရာဇဝင်သွေးကြွေးတို့ကို
      သင်နှင့် ပြုသူအပေါင်းတို့က
      ပြန်လည် လည်စဉ်းခံ၍ ပေးဆပ်ကြရမည်ဖြစ်သည်။
      သင်တို့၏ အာဏာရမက်ဇောတွေကြောင့်
      အာဏာရှင်ဆန်ဆန် အုပ်ချုပ်မှုစနစ်ဆိုးအောက်
      များစွာသော AB ရဲဘော်အပေါင်းတို့သည်
      ဒုက္ခမျိုးစုံတို့ကို ကြုံဆုံစေခဲ့ပြီး
      ဌက်ဖျားမိလို့အခြေမလှ ပြန်ကြသူလည်းရှိ ၊
      တနေ့ဆေးမကူ သေသူလည်းရှိ ၊
      ခေါင်ဆောင်ပိုင်းတချို့ ရွှေရ- ငွေရ
      ဟန်ကျနေသူလည်းရှိ ၊
      အဲဒီ- ခေါင်းဆောင်တွေပဲ
      ရေငတ်လျှင်ဘီယာသောက် သရဲကြောက်လို့အဖေါ်ခေါ်အိပ့်
      နောင်ရေးစိတ်အေးဖို့ အိမ်မြေ- ခြံ- ကားတွေလည်း
      တိတ်တစိတ် ဝယ်ယူထားကြလေရဲ့ ။
      မြောက်ပိုင်း အေဘီမှ ငရဲပွက်ပမာ
      သေဆုံးသွားသူတို့၏ တောက်ခေါက်သံပြင်းပြင်းတို့သည်
      နေ့ပေါင်းများစွာတို့ကို တုန်လှုပ်စေခဲ့ပြီး
      နေ့စဉ်လိုလို သင်တို့အား
      အရိပ့်မဲ့တစ္ဆေကဲ့သို့ ခြောက်လှန့်နေဦးမည်ဖြစ်သည်။
      ထိုသူတို့၏ ရာဇဝင်သွေးကြွေးတို့ကို ငါတို့ဆပ်အံ့
      ငါတို့၏ ချွန်မြသော ကလောင်သွားဖြင့်
      ရာဇဝင်သမိုင်းမှန်များကို ရေးဖော်ကြ ၊
      ငါတို့၏ ကိုယ်စွမ်းဥာဏ်စွမ်း ရှိသမျှအားတို့ဖြင့်
      အမှန်တရားကို တူးဖော်ကြ ၊
      ကမ္ဘာကုန်တည်သ၍ ငါတို့၏ စိတ်အစဉ်ထဲဝယ်
      ရက်စက်သူတို့အပေါ်
      ဖြေသော် မပြေ- ချေသော်မကြေ ကမ္ဘာမကြေပဲ....ဟေ့းးးးးးးးးးး။။

      ABSDF တွင် ဥပဒေမဲ လူမဆန်စွာ ရက်ရက်စက်စက် အမိန့်ပေးသတ်ဖြတ်ခဲ့ကြသည့် လူသတ်တရားခံများကို ဤ- ကဗျာဖြင့်ပြင်းပြင်း- ထန်ထန် ကန့်ကွက်ရှုတ်ချလိုက်သည်..။
      ( ဖြေသော်- မပြေ.....ချေသော်- မကြေ.....ကမ္ဘာမကြေ )
      Ko Baloi facebook မှကူးယူဖော်ပြသည်။