Monday, February 18, 2013

မိုးသီးဇွန်ရဲ့ status

  • ဘရာဇီး ငှက်ရိုး
    • အကို... ကျနော့် သဘောထားအရ ဆိုရင် ကိုထွန်းအောင်ကျော်ကြီး(၇၄) ဂျပန်မှာ ပြောသွားတဲ့ အတိုင်းဆိုရင် ဒီကေ့စ်မှာ အကို လွတ်သွားပြီ... အကိုဘက်ကနေ အေဘီဥက္ကဌဟောင်း တယောက်အနေနဲ့ စာတခုခု ထုတ်သင့်တယ်လို့ မြင်တယ်အကို... တော်တော်များများလဲ သံသယ ရှင်းသွားလိမ့်မယ်... အကို့ဘက်က တခုခု အဲ့လို လှုပ်ရှားပေးသင့်နေပြီ... ကိုထွန်းအောင်ကျော်ကြီး(၇၄)ရဲ့ တည်ကြည်မှု့အရ သူ့စကားကိုတော့ ကျနော် အကြွင်းမဲ့ ယုံကြည်ထားတယ်အကို... သူဒီကေ့စ်ကို အကောင်းဆုံး ဖော်ထုတ် နိုင်လိမ့်မယ်လို့လဲ ယုံကြည်နေတယ်... သူပါဝင်လာတာ တတပ်တအားပါ... အကိုသာ ပါလာရင် အိုကေမှာ စိုပြေပြီ။ ၈၈တုန်းက လေးစားအားကျခဲ့ရတဲ့ ရဲရဲတောက် အကိုတွေ အဖြစ် ပြန်မြင်ပါရစေ။။။

  • Moethee Zun
    • ညီလေးအကြံပေးတာကို ကျေးဇူးတင်ပါတယ်။ လူသတ်မှုတွေမှာကိုယ်မပါဝင်ဘူးဆိုတာ ကိုယ်တို့  လူရင်းရဲ ဘော်တွေအားလုံးသိကြပါတယ်။ တကယ်တော်လှန်ရေးကိုဖြတ်သန်းလာတဲ့သူတွေသိကြပါတယ်။ တချို့ ကိစတွေကို ကိုယ်သိပ်မပြောချင်တာက ကိုနိင်အောင်တို့ အဖွဲ့ နဲ့ ကို်ယတို့ အဖွဲ့ပြန်ပေါင်းပြီး အေဘီ ကိုဆက် ပြီး တိုက်ပွဲဝင်နေကြတဲ့အတွက် ကိုယ်က အပြစ်က လွတ်အောင် သူကိုလက်ညိုးထိုးပြီါ်ပြောရတာတွေကို သိပ်မလုပ်ခြင်တော့ဘူး။ နောက်သူနောက်ကရဲ ဘော်တွေ၊ရိုးသားတဲ့ ဆက်လက်တိုက်ပွဲဝင်နေတဲ့ရဲဘော်တွေရဲ့ မျက်နာကိုငဲ့ ရတယ်။ သူတို့ မှားသွားတာကို သူတို့ သိနေပြီ။ သူတို့  ကိုထပ်ပြီါ်ကိုယ်တံထွေးမထွေးရက်ဘူး။ ကိုယ်ကို လာထွေးတဲ့တံတွေးကို ပဲကိုခံ ဆို ခံပေးနေရတဲ့ကာလပါ။ လူတွေက ရေမွေးစွပ်တာခံ ခြင်ပေမဲ့ တံထွေး ထွေးတာကို တော့မခံရဲကြဘူး ဆိုတာကိုယ်သိပါတယ်။


No comments:

Post a Comment