Sunday, February 17, 2013

OSC အမျိုးသားသီချင်း

by Kyawzwar Winmg on Friday, April 27, 2012 at 11:49am ·

ငါတို့ ရဲ့ လိုအပ်ချက် လူသားအတွက် ငြိမ်းချမ်းရေး

အခုချိန်မှာ တောင်းတခဲ့ကြသည်

ခေတ် အသွယ်သွယ် သွေးပျက်ခဲ့သမျှသည်

လွတ်လပ်ခြင်းမှာ ဆုံမှတ်တွေ့ကြပြီ



အနာဂါတ် အတွက်လိုအပ်ချက်

ပွင့်လင်းတဲ့ လူ့ အစုအဝေး

အခုချိန်မှာလမ်းစ တွေခဲ့ပြီ

မတူညီတာတွေ ကွဲပြားခဲ့သမျှသည်

အားအင်ကို ဖြည့်စွတ်ခဲ့ကြသည်





cho; ဟေ့ အပြောင်းအလဲ အတွက် အသက်စွန့်ခဲ့သူတွေ

ဟေ့ လိုအပ်ချက် အတွက် ဘဝစွန့်ခဲ့သူတွေ

မင်းတို့ အတွက် ငါတို့ အရေး ရှေးဆက်ကြမယ်...ဟေး





အမှန်တရားအတွက် လိုအပ်ချက်

ညစ်ထေးတဲ့ သမိုင်း ဖျက်ရေး

အခုချိန်မှာ မော်ကွန်းရေးကြမည်

မျှတမှုကို မြတ်နိုးခြင်းများသည်

မျိုးဆက်ကို လက်ဆင့်ကမ်းခဲ့ပြီ

ဒို့ညီနောင်တွေ ပေါင်းစုမှုမှ သည်

အနာဂါတ်ဟာ အပြောင်းအလဲ ဖြစ်ရမည်...။



တေးရေး-ညီညီကျော်

သံစဉ် - ကျော်စွာဝင်းမောင်





ငါ့ မမ ငယ်ရေ... ကျွန်တော် အရင်လို အရက် သောက်ခြင်းကို စွန့်လွတ်လိုက်ပါပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ မန္တလေးမှာ ကိုညီညီကျော် အိမ်မှာ တည်းတာ တစ်လနဲ့ တစ်ပတ် ရှိတော့ လိမ္မာ သွားပါပြီ..။

အခု ကိုညီညီကျော် စာသားကို သံစဉ်ကျော်စွာဝင်းမောင် ရဲ Group Sound တစ်ခု မမငယ်ကို ပေးလိုက်ပါတယ်။ သီချင်းတော်တော်များများတော့မန္တလေးမှာ အကြမ်းသွင်းပြီးပါပြီ ။ မမ ဆီကို အသံဖိုင် ပို့ပေးပါမယ် ။

မမရဲ့ သံချောင်း ကိုရေးပေးတဲ့ သီချင်းရဲ့ အသံဖိုင်ကိုလည်းပို့ပေးပါ ။ မမက ခွင့်ပြုရင် ကျွန်တော် ဆိုချင်လို့ပါ။



ကျော်စွာဝင်းမောင်
· · Share

No comments:

Post a Comment