ကျောင်းသားတပ်မတော်က မိတ်ဆွေဟောင်းများကို တောင်းပန်တဲ့ မိုးမခ အယ်ဒီတာ မောင်ရစ်ရဲ့ စာ ။( မောင်ရစ်၊ ဖေဖော်ဝါရီ ၁၁၊ ၂၀၁၂)
ဒီနေ့မှာ အေဘီမြောက်ပိုင်းမှာ မတရားသတ်ဖြတ်ခံပြီး ကျဆုံးခဲ့ရတဲ့ ကျောင်းသားလူငယ်တွေအတွက် အနှစ် ၂၀ ကြာတော့မှ အများစုပေါင်းတဲ့ ကောင်းမှုကုသိုလ်ပြု ဆုတောင်းတဲ့ ဆွမ်းကျွေးပွဲတွေ ပြည်တွင်းပြည်ပမှာ ပြုလုပ်ဖြစ်တယ်။
အဲသည်ဖြစ်ရပ်ကို အနှစ် ၂၀ ကြာမှ ထုတ်ဖော်ပြီး လူအများ သိရှိခွင့်ရတယ်၊ အနှစ် ၂၀ ကြာမှ ဆွမ်းကျွေး ကောင်းမှုကုသိုလ်ပြုခွင့်ရတယ်။ မတရားစွပ်စွဲပြီး လုပ်ကြံသတ်ဖြတ်ခံရတယ်ဆိုတာကို အနှစ် ၂၀ ကြာမှ ကျန်ရစ်တဲ့ ရဲဘော်တွေ၊ မိသားစုတွေ၊ မိတ်ဆွေတွေက အများသူငှာ သိရှိကြစေဖို့ ထုတ်ဖော်ပြောဆိုကြရတဲ့အတွက် ၀မ်းနည်း ၀မ်းသာ ဖြစ်မိတယ်။ ဂုဏ်ယူတဲ့ စိတ်လည်း ဖြစ်မိတယ်။
ဝမ်းနည်းတယ်ဆိုတာ သူတို့တတွေဟာ အာဏာရှင်စနစ်ကို ဆန့်ကျင် တိုက်ပွဲဝင်နေကြရင်း မတရားစွပ်စွဲခံကြရပြီး ရက်စက်စွာ သတ်ဖြတ်ခံရတာကို ၀မ်းနည်းမိတာ။ ၀မ်းသာမိတယ်ဆိုတာက ဒီလိုမျိုး မတရားမှုတွေ လူမသိ သူမသိ ပျောက်ကွယ်သွားခြင်း မရှိဘဲ အမှန်တရားကို ကျန်ရစ်သူတွေက ဖော်ထုတ်မော်ကွန်းတင်နိုင်ကြရတာ။ ပြီးတော့ ဂုဏ်ယူတယ် ဆိုတာက ကျဆုံးသူတွေကို ကျန်ရစ်သူတွေက တစုတစည်းတည်း အလေးဂရုပြုနိုင်တဲ့အတွက် ဖြစ်ပါတယ်။
ဒီနေရာမှာ ကျနော့်အနေနဲ့က ပုဂ္ဂိုလ်ရေးအရ ကျနော့် သူရဲဘောကြောင်ခဲ့တာ၊ ရေငုံနှုတ်ပိတ်နေခဲ့မိတာ၊ မျက်နှာလွှဲခဲပစ် နေခဲ့မိတာအတွက် ကျဆုံးခဲ့သူ ရဲဘော်တွေကိုရော ကျန်ရစ်သူ မိတ်ဆွေတွေ၊ ရဲဘော်တွေကို တောင်းပန်ချင်ပါတယ်။
ကျဆုံးခဲ့သူတွေထဲမှာ ကျနော်နဲ့ တိုက်ရိုက် သိကျွမ်းတဲ့ မိတ်ဆွေတွေ မပါခဲ့သော်လည်း ကျဆုံးခဲ့သူတွေဟာ ၈၈ အရေးတော်ပုံ ရဲဘော်တွေ ဖြစ်ပါတယ်။ ကျန်ရစ်သူတွေထဲမှာ ကျနော်နဲ့ တိုက်ရိုက်သိကျွမ်းတဲ့သူတွေပါတယ်။ ၈၈ အရေးတော်ပုံကတည်းက မိတ်ဆွေဖြစ်ခဲ့တဲ့ အခုလည်း ဖြစ်နေဆဲဖြစ်တဲ့ ကိုအောင်ဇော်မင်း (စာရေးဆရာ၊ ဒါရိုက်တာ ချိုတူးဇော်) ကို သက်သေထားပြီး ပြောရရင် ကျန်ရစ်ခဲ့တဲ့ ကိုစိုးလင်း၊ ကိုရဲလင်းတို့ကို ကျနော် သိကျွမ်းခဲ့ပါတယ်။ ပြီးတော့ ကျနော်တို့ ရန်ကုန်မှာ သမဂ္ဂလှုပ်ရှားမှုတွေထဲက မိတ်ဆွေတွေကို သက်သေပြုပြီး ပြောရရင် ကျန်ရစ်ခဲ့တဲ့ ကိုကျော်နိုင်ဦးကို ကျနော် သိကျွမ်း ပါတယ်။ သူတို့နဲ့ဆက်စပ်ပြီး မိတ်ဆွေဖြစ် သိကျွမ်းလာတဲ့ လက်ရှိ ကျနော်မိတ်ဆွေတွေက ကျန်ရစ်သူ ပန်းချီကိုထိန်လင်းနဲ့ ကိုနေ၀င်းအောင်တို့ ဖြစ်တယ်။
သူတို့တွေအတွက် ကျနော်ဟာ သည်အဖြစ်အပျက်တွေကို ထုတ်ဖော်ပြောဆိုဖို့ အဖြစ်အပျက်တွေကို တင်ပြဖို့ ကျနော် ပျက်ကွက်ခဲ့တယ်။ အချက်အလက်တွေကို စုဆောင်း မှတ်တမ်းပြုစုခဲ့သော်လည်း သတင်းစာမျက်နှာမှာ တင်ဆက်ဖို့ အချိန်ဆွဲခဲ့သူ ပျက်ကွက်ခဲ့သူ ဖြစ်တယ်။
ဒါကြောင့် သူတို့နဲ့တကွ အားလုံးကို ကျနော် တောင်းပန်ပါတယ်။ သို့သော်လည်း ဒီတောင်းပန်စာကို ရေးသားရင်းနဲ့ပဲ မတရားစွပ်စွဲပြီး ဖမ်းဆီး ခံရသူတိုင်းအတွက်၊ မတရား လုပ်ကြံသတ်ဖြတ်ခံရသူတိုင်းအတွက် ကျနော်တို့အားလုံးဟာ အချိန်မဆိုင်းဘဲ တတ်နိုင်သမျှ ထုတ်ဖော်ပြောဆိုပြီး အမှန်တရားဖက်က မကြောက်မရွံ့ ရပ်တည်သင့်တယ်လို့ ပြောချင်ပါတယ်။
၁၉၉၂ တုန်းက ကိုကျော်နိုင်ဦးကို အေဘီမြောက်ပိုင်းမှာ ထောက်လှမ်းရေးလို့ စွတ်စွဲပြီး ဖမ်းဆီးထားတယ်။ မိဘတွေကိုယ်တိုင်က သွားရောက်ပြီး မဟုတ်တဲ့အကြောင်း အထောက်အထားတွေပြသပြီး တောင်းဆိုနေရတယ် ကြားခဲ့ပါတယ်။ အဲသည်အချိန် ဖမ်းဆီးစွတ်စွဲသူကိုယ်တိုင်က ကျနော်တို့ မန္တလေးမှာ အရေးတော်ပုံရဲဘော်တဦးအနေနဲ့ သိကျွမ်းခဲ့တဲ့ ကိုအောင်နိုင်ကိုယ်တိုင် ဖြစ်တယ်လို့ ကြားခဲ့ပါတယ်။ ကျနော်ကိုယ်တိုင်က ဒါကို စစ်အစိုးရရဲ့ မျက်လှည့်တွေ၊ စစ်ဆင်ရေးတွေ ဖြစ်တယ်လို့ ထင်ခဲ့တယ်။ လိမ်ညာလုပ်ကြံ ၀ါဒဖြန့်တာလို့ ထင်ခဲ့တယ်။ အဲသည်လိုမျိုး ကျနော်အသိဥာဏ်တွေ ထုံထိုင်းညံ့ဖျင်းခဲ့တာကို တောင်းပန်ပါတယ်။
၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့မှာ စစ်အစိုးရနဲ့ အကြမ်းဖက်သမားတွေက ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ အန်အယ်ဒီပါတီဝင်တွေကို မြန်မာပြည်အထက်ပိုင်း ဒီပဲယင်းမှာ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့တယ်။ အဲသည်မှာ ပါတီဝင်တွေ အများအပြား ဒဏ်ရာရ သေကြေပျက်စီးကြတယ်။ အချို့က နယ်စပ်ကနေ ထွက်ပြေးလွတ်မြောက်လာတယ်။ အဲသည် လုပ်ကြံမှုကို ကျနော်တို့ မိုးမခမီဒီယာ စတင်ထူထောင်ပြီး လပိုင်းအတွင်းမှာ ဖြစ်ပွားတာ ဖြစ်တယ်။ အဲသည် လုပ်ကြံမှုကြီးကို ကျနော်တို့ ခါးခါးသီးသီး ထုတ်ဖော် ဝေဖန် ရှုပ်ချတယ်။ ဒီမတရားမှုကြီးကို အမြဲတမ်း မပျေက်မပျက် မမေ့မလျော့ ကျနော်တို့ ထုတ်ဖော် ပြောဆိုနေဆဲ ဖြစ်တယ်။ အဲသည်ကျမှ ကျနော် အေဘီမြောက်ပိုင်း လုပ်ကြံမှုကြီးကို ပြန်ပြီး ခေါင်းထဲ ၀င်လာတယ်။
အဲသည်အချိန်မှာ ကျနော် သိခဲ့ရတာက အေဘီမြောက်ပိုင်းဥက္ကဋ္ဌ အောင်နိုင်က သူ့နဲ့ မန္တလေးမှာကတည်းက လုပ်ဖော်ကိုင်ဖက်ဖြစ်ခဲ့တဲ့ ကိုစိုးလင်းကို ဖမ်းဆီးပြီး ထောက်လှမ်းရေးအဖြစ် သတ်ဖြတ်လိုက်တယ်လို့ ကြားခဲ့ရတယ်။ အဲသည်အချိန်မှာလည်း ကျနော်ကိုယ်တိုင်ကလည်း ကိုစိုးလင်း သေဆုံးသွားပြီလို့ မှတ်ယူပြီးတော့ ဆက်လက် စုံစမ်းဖို့ အမှန်တရားကို ရှာဖွေဖို့ ပျက်ကွက်ခဲ့တာကို တောင်းပန်ပါတယ်။
အဲသည်နောက်ပိုင်း ၂၀၀၆ လောက်ကျမှ ပန်းချီကိုထိန်လင်းအကြောင်းကို ကျနော် ကြားပါတယ်။ ကိုထိန်လင်းက မြောက်ပိုင်းကို တောမခိုခင်မှာ အိန္ဒိယပြည်ဖက်မှာ ကျောင်းသားတပ်မတော်တရပ် ထူုထောင်တဲ့ လှုပ်ရှားမှုနဲ့ တောခိုခဲ့ဖူးတာကိုး။ အဲသည် တောခိုဖို့ မဟာမြိုင်တောကြီးထဲဖြတ်သွားခဲ့တဲ့ ကျနော့်မိတ်ဆွေတွေနဲ့ ဆက်စပ်ပြီး ကိုထိန်လင်းကို ကျနော် သိရှိသွားတယ်။ ပြီးတော့ အနောက်ဖက်က ကျောင်းသားတပ်မတော်ထူထောင်ရေးက အဆင်မပြေဖြစ်တဲ့နောက် ကိုထိန်လင်း မြောက်ပိုင်းအေဘီရောက်သွားတယ်။ သူလည်း ထောက်လှမ်းရေးအဖြစ် စွတ်စွဲခံရပြီး နောက်တော့ ထွက်ပြေးလွတ်မြောက်လာတယ။် သို့သော် စစ်အစိုးရက ဖမ်းဆီးထောင်ချလိုက်တယ်။ နောက်မှ ပြန်လွတ်ပြီး ထူးခြားတဲ့ အနုပညာရှင်တယောက်အဖြစ် ရပ်တည်လာတယ်လို့ သိရတယ်။ အေဘီမြောက်ပိုင်းနဲ့ ရေစက်ပါတဲ့ သူတယောက်အကြောင်း သိရဲ့သားနဲ့ ဆက်စပ်ပြီး ကျနော် လေ့လာစုဆောင်းဖို့ ကျနော် ပေါ့ဆခဲ့တာအတွက် ကျနော့်မှာ အပြစ်ရှိတယ်လို့ ထင်ပါတယ်။
၂၀၀၇ နှစ်ဦးမှာမှ ကျနော် ကိုနေ၀င်းအောင်နဲ့ ဆုံပါတယ်။ ကိုနေ၀င်းအောင်က ၈၈ အရေးတော်ပုံတုန်းက မြန်မာစာဆရာ၊ နောက်တော့ တောင်ပိုင်းအေဘီမှာ တောခို။ သူလည်းပဲ တောင်ပိုင်းအေဘီက ဥက္ကဋ္ဌ ကိုနိုင်အောင်လက်ထက်မှာ ၁၉၉၂ က ထောက်လှမ်းရေးအဖြစ် ဖမ်းဆီး နှိပ်စက်ညှင်းပန်းခြင်း ခံရတဲ့သူလို့ သိလာရတယ်။ အမေရိကား ရောက်နေတာတောင် တောထဲက ထွက်ပြေးလာတဲ့ ထောက်လှမ်းရေးဟောင်းလို့ လူတချို့က သမုတ်လေ့ရှိတဲ့ ကိုနေ၀င်းအောင်ကို ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ ကဗျာဆရာ ဦးတင်မိုးက စကားကြုံတိုင်း မိတ်ဆက်ပေးနေလို့ ရင်းနှီးနေခဲ့ပြီး ဖြစ်ပါတယ်။
ကိုနေ၀င်းအောင်နဲ့ စကားစပ်မိတော့မှ ကိုနေ၀င်းအောင်ပြောပြတဲ့ အေဘီ တောင်ပိုင်း၊ မြောက်ပိုင်းက မတရားစွပ်စွဲလုပ်ကြံသတ်ဖြတ်မှုတွေကို သိလာရတယ်။ အဲသည်မှာမှ ကိုရဲလင်းကို မြောက်ပိုင်းမှာ ကိုကျော်နိုင်ဦးတို့လိုပဲ ဖမ်းဆီး နှိပ်စက်ခံခဲ့ရတယ်လို့ သိရတယ်။ အဲသည်မှာမှ ကိုစိုးလင်း မသေဘူးဆိုတာ သိရတယ်။ ဘယ်သေမှာလဲ။ ကိုစိုးလင်းကို ထောက်လှမ်းရေးဆိုပြီး မြောက်ပိုင်းက ကြေးနန်းပို့လို့ ကိုနေ၀င်းအောင် ကိုယ်တိုင် တောင်ပိုင်းမှာ ရောက်နေတုန်း ဖမ်းခဲ့ရတာကိုး။ နောက်တော့ ကိုနေ၀င်းအောင်လည်း ထောက်လှမ်းရေးလုံးလုံးအဖြစ် စွတ်စွဲခံရပြီးတော့ ကိုစိုးလင်းနဲ့ အတူတူ ကျင်းတကျင်းထဲမှာ ခြေကျဉ်းချ အဖမ်းခံ၊ အနှိပ်စက်ခံ၊ အသတ်ဖြတ်ခံရလုနီး ဖြစ်ခဲ့ရတာကို ကျနော် သိရပါတော့တယ်။
ကိုနေ၀င်းအောင်၊ ကိုစိုးလင်းနဲ့ နောက်ရဲဘော်တဦးတို့ အသက်လုပြီး ထွက်ပြေးလွတ်မြောက်ခဲ့တာ။ နောက်တော့ ကိုစိုးလင်းက နယ်စပ်ကို ဖြတ်ကျော်ပြီး မြန်မာပြည်ထဲ ပြန်ဝင်သွားတာ။ ကိုနေ၀င်းအောင်ကတော့ ဘန်ကောက်မြို့တ၀ိုက်မှာ ဇာတ်မြုပ်နေထိုင်ရင်း လောကဓံကို ခါးစည်းခံခဲ့ရတာတွေကို ကြားသိရပါတယ်။ ကိုနေ၀င်းအောင်တယောက် အမေရိကားကို ပြောင်းရွှေ့အခြေချပြီး ဆယ်စုနှစ် ၁ခု နီးပါး အကြာ တွေ့ဆုံတဲ့အခါ အေဘီ တောင်ပိုင်း၊မြောက်ပိုင်း လုပ်ကြံမှုတွေကို ကျနော် အတော်အသင့် သိလာရတယ်။ ကိုယ့် မိတ်ဆွေသူငယ်ချင်းတွေရဲ့ ရဲဘော်တွေ ဘယ်လိုမျိုး ကျဆုံးခဲ့ကြတယ်။ အသက်လုပြီး လွတ်မြောက်ကျန်ရစ်ကြတယ်ဆိုတာကို သိခဲ့ရပါတယ်။
အဲသည်တုန်းကလည်း မှတ်စု မှတ်တမ်းတွေ ယူထားခဲ့သော်လည်း ဒါတွေကို ထုတ်ဖော်ဖို့ ကျနော် လက်နှေးခဲ့တယ်။ အရေးတော်ပုံ လှုပ်ရှားမှုတွေထဲက မိမိတို့ရဲဘော်တွေ သေကြေပျက်စီး ဆုံးရှုံးခဲ့ကြရတဲ့ လုပ်ကြံမှုကြီးကို ထုတ်ဖော်ဝန်ခံ ပြောကြားဖို့ကို ကျနော်ကိုယ်တိုင်က သူရဲဘောကြောင်ပြီး တွန့်ဆုတ်နေခဲ့မိပါတယ်။
၂၀၀၈ ထဲမှာမှ ကိုထိန်လင်းနဲ့ စကားပြောဖြစ်တယ်။ သူ့ဖက်က အတွေ့အကြုံတွေကို သိရှိလာရတယ်။ ကိုကျော်နိုင်ဦးက သူနဲ့ မရှေးမနှောင်း ထွက်ပြေးလွတ်မြောက်လာခဲ့တယ်။ စစ်အစိုးရက ဖမ်းဆီးခဲ့တဲ့အကြောင်း သိရတယ်။ ကာယကံရှင်တွေဖြစ်တဲ့ ကိုနေ၀င်းအောင်နဲ့ ကိုထိန်လင်းတို့ရဲ့ ပြောကြားချက်တွေကို ပြန်လည် ထုတ်ဖော်ရေးသားဖို့ကို ကျနော် မလုပ်ခဲ့ဘူး။ ဒီမိုကရေစီရေး တိုက်ပွဲကာလတလျောက်လုံး နှစ်ပေါင်းများစွာ အဲသည် မတရားမှုကို ထုတ်ဖော်ဖို့၊ အမှန်အတိုင်းပြောဖို့ကို မြိုသိပ်ပြီး ဇာတ်မြှပ်နေထိုင်ကြတဲ့ ကျန်ရစ်သူရဲဘော်တွေ၊ ကျနော့်မိတ်ဆွေတွေ ကိုစိုးလင်း၊ ကိုရဲလင်း၊ ကိုကျော်နိုင်ဦးတို့ကို ရှာဖွေ ဆက်သွယ်မေးမြန်းပြီး သဘောထားတောင်းဖို့ ကျနော် မလုပ်ခဲ့ဘူး။ ကာယကံရှင်တွေကိုသာ သူတို့ကိုယ်တိုင် ထုတ်ဖော်ပြောဆိုကြဖို့ကို တိုက်တွန်းတဲ့အလုပ်ပဲ လုပ်မိခဲ့တယ်။
အဲသည်နောက်ပိုင်းမှာ ကိုထိန်လင်းနဲ့ သူ့အနုပညာပိုင်းဆိုင်ရာ အင်တာဗျုးလေး ဘာလေးလုပ်တယ်။ အဲသည်မှာ သူပြောပြတဲ့ လူနည်းစုလေး တစုအတွက် သူတင်ဆက်ခဲ့တဲ့ အနုပညာဆိုပြီး (သူ့ရဲ့ လူကက်ဆက်အကြောင်းပေါ့) သူပြောပြတာလေးကို နည်းနည်းပါးပါးရေးခဲ့မိတာပဲ လုပ်ဖြစ်ပါတယ်။
၂၀၁၁ ထဲ ချိုတူးဇော် အမေရိကား အလည်ရောက်လာတော့မှ ကိုယ်ကိုယ်တိုင် မြိုသိပ်ခဲ့ရတဲ့ အကြောင်းတွေကို မိတ်ဆွေဟောင်းနဲ့ ထုတ်ဖော်ပြောဆို တိုင်ပင်မိတယ်လေ။ သူကိုယ်တိုင်နဲ့ သိကျွမ်းတဲ့ မိတ်ဆွေတွေအကြောင်း သူသိသမျှနဲ့ ကိုယ်သိသမျှ ဖလှယ် ပြောဆိုကြတာပေါ့။ ကိုစိုးလင်းနဲ့ သူနဲ့က ရန်ကုန်မှာ မန္တလေးမှာ ပြန်တွေ့ဆုံခဲ့ပြီးပြီ။ သူ့မိတ်ဆွေတွေအကြောင်းလဲ သူ သိရှိခဲ့ပြီးပြီ။ ဒီဖက်က ကာယကံရှင်တွေအကြောင်းလည်း တဖက်သံကြားနဲ့တင်မဟုတ်ဘဲ သူကိုယ်တိုင် တွေ့ဆုံ သိရှိခဲ့ပြီဖြစ်တယ်။
အဲသည်နောက်ပိုင်းမှာ စာဖတ်သူတွေ သိတဲ့အတိုင်းပါပဲ။ ကိုထိန်လင်းကိုယ်တိုင် ထုတ်ဖော်ရေးသားလာတယ်။
မန္တလေးသား အောင်မိုးဝင်းကလည်း သူစုံစမ်းသိရှိသမျှ မြောက်ပိုင်းလုပ်ကြံသတ်ဖြတ်မှုများကို ထုတ်ဖော်ရေးသားလိုက်တယ်။ အနှစ်နှစ် အလလက သိမ်းဆည်းမြိုသိပ်ထားကြတဲ့ မှတ်တမ်းတွေ၊ အထောက်အထားတွေဟာ ပြည်တွင်း ပြည်ပကနေ နေရာအသီးသီးကနေ ပေါ်ထွက်လာကြတယ်။ ဖေ့စ်ဘွတ်တွေ၊ ဘလောဂ့်တွေကနေ စာရေးသူတွေက ထုတ်ဖော်ရေးသားလာကြတယ်။
http://8-8-88.blogspot.com/p/nothern.html#
http://www.facebook.com/groups/344699038880694/
ယခုတော့ နှစ်ပေါင်း ၂၀ ကျော်ကြာတဲ့ နှစ်ပတ်လည်မှာ နိုင်ငံတကာမှာ၊ မြန်မာပြည်တွင်းမှာ အများပြည်သူတွေ၊ ကျန်ရစ်သူရဲဘော်တွေ၊ ကျန်ရစ်သူ မိသားစုတွေ အားလုံး အတူတကွ စုဝေးကြလို့ ကျဆုံးခဲ့သူ ရဲဘော်တွေကို ကောင်းမှုကုသိုလ်ပြု အထိမ်းအမှတ်ပြုကြပြီ ဖြစ်ပါတယ်။
မောင်ရစ် အနေနဲ့ကတော့ ကိုယ့်ဖက်က အဲသည်တုန်းက ဖြစ်ရပ်ကို စုံစမ်းသိရှိထားရက်နဲ့၊ ကိုယ့်မိတ်ဆွေတွေကိုယ်တိုင် ရင်ဆိုင်ဖြတ်သန်း အသက်ဘေးက လွတ်မြောက်ခဲ့ကြတာ ဖြစ်ရက်နဲ့၊ သိရှိသလောက် မှတ်တမ်းရှိသလောက် ထုတ်ဖော်ပြောဆိုခြင်း မပြုဘဲ မောဟအမိုက်မှောင်ဖုံးပြီး တွေဝေခဲ့မိတာကို ၀မ်းနည်းမိပါတယ်။
သို့သော်လည်း နှစ်ပေါင်းများစွာ ဖုံးကွယ်ထားတဲ့ ဖြစ်ရပ်မှန်ကို အားလုံးသော ကာယကံရှင်များ၊ မိတ်ဆွေများ၊ မိသားစုများရဲ့ ထုတ်ဖော်ပြောဆိုမှုနဲ့ တင်ပြနိုင်ခဲ့တာ အများပြည်သူတွေကိုယ်တိုင်က ဒီအကျဉ်းတန်ဖြစ်ရပ်ကြီးကို တည်ငြိမ် ရင့်ကျက်စွာ လက်ခံသိရှိခွင့်ရကြတဲ့အတွက် ၀မ်းသာမိပါတယ်။
အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ခိုက်ခဲ့ကြရင်း ကျဆုံးခဲ့သူ၊ အနစ်နာခံ စွန့်လွှတ်ခဲ့ကြသူတိုင်း သူရဲကောင်းတိုင်းအတွက် အမိမြန်မာပြည်နဲ့ ပြည်သူလူထုဟာ အသိအမှတ်ပြုတယ်၊ အတူတကွ ရပ်တည်ကြတာအတွက်လည်း ဂုဏ်ယူမိပါတယ်။
ကိုယ့်တဦးတည်းအနေနဲ့ကတော့ မတရားမှုတခုကို ထုတ်ဖော်ပြောဆို တင်ပြဖို့ ပျက်ကွက်ခဲ့သူ တဦးအဖြစ်နဲ့ မိမိရဲ့ မိတ်ဆွေတွေကို တောင်းပန်ပါတယ်။ ဒီလိုမျိုး အကျည်းတန်သော လုပ်ကြံမှုတွေကို နောက်ထပ်မဖြစ်ဖို့ ကျနော်တို့ ဆုတောင်းနေရုံနဲ့ မပြီးပါဘူး။ ကိုယ်တတ်နိုင်တဲ့ ၀န်ကို ထမ်းပြီး ဆောင်ရွက်ကြမယ်လို့ မရဲတရဲ သန္နိဋ္ဌာန် ချမိပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် အပြစ်မဲ့တဲ့ လူတွေကို သတ်ဖြတ်စရာ မလိုပါ။ နောင်လည်း မသတ်ဖြတ်ကြပါနဲ့လို့ တောင်းပန်လိုက်ပါတယ်။
http://moemaka.blogspot.com/2012/02/blog-post_11.html
- 30 shares
- Cho Tu Zal စိတ်ဆင်းရဲ လွန်းလို့ ၀င်မပါဘဲနေနေတာ..။ မောင်ရစ်က အစဖေါ်လေတယ်။
ရေးပါဦးမယ်လေ. . ။ ဒီအဖြစ်အပျက်တွေကိုလည်း. . ။
ရှယ်သွားပါတယ်ဗျာ။ - Ye Ni ရေးကြပါဗျာ။ သိတဲ့လူတွေရေးမှ သိကြရမှာမို့ ရေးကြပါ။
- May Nyane ဟုတ်တယ်.. မြောက်ပိုင်းကိစ္စနဲ့ ပတ်သက်ပြီး တချို့စာတွေဆို ခုထိ တထိုင်တည်း မဖတ်နိုင်ဘူး။ စိတ်ထိခိုက်လွန်းလို့..။
- Zaw Myo Lwin Please let me share. Thanks!
- Cho Tu Zal ကျနော်အမှန်အတိုင်းဝန်ခံရရင
်... ဖတ်ရရင် ဖတ်ကို မဖတ်ဘူးအမရာ...။
စိတ်နှလုံး မချမ်းမြေ့လွန်းလို့ . . ဘယ်ဗျာ.. အာဏာရှင်စနစ်ကိုတော်လှန်တယ်
ဆိုတဲ့ သူတွေဗျာ..၊ ကျနော်တို့.ပြောရစေတော့၊ ထောက်လှန်းရေးအစစ်တွေ
ဆိုရင်တောင် အဲဒီလို လုပ်စရာအကြောင်းမရှိဘူးဗျာ။ - Moe Thet Linn ကျနော်လဲ ဒီအတိုင်းပါပဲ အကိုတို့ရာ။ ကျနော့်အသက်ငယ်လို့ မမှီပေမဲ့ ဖတ်စကတည်းက စိတ်ထဲ ဆက်မဖတ်ချင်အောင် ကြေကွဲမိတယ်။ နောက်ပီး ကျနော်နဲ့ နီးစပ်ခင်မင်သူတချိုး ပြောဖူးလို့ လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက ဒီအကြောင်း အနည်းငယ် တီးခေါက်မိတယ်။ ရက်ရက်စက်စက် သတ်ခံရတာလဲ ကြားဖူးမိတယ်။ ဒါပေမဲ့ မယုံရဲဘူး။ ခုတော့တကယ်ဆိုတာကို ..ကျနော်ဆက်မဖတ်ဝံ့တော့ဘူး
- May Nyaneကျမက ကိုယ်တိုင် တောမခို..နိုင်ငံရေးမလုပ်..
ထောင်မကျခဲ့ဖူးတာမို့.. မြောက်ပိုင်းလူသတ်မှု နဲ့ ပတ်သက်ရင် အမေနေရာကနေပဲ တွေးမိပါတယ်။ မကြာခင်မှာ ကျမသားကြီး အသက် ၂၁နှစ်ပြည့်တော့မယ်။ သူ ဘယ် တက္ကသိုလ်မှာ သွားတက်ရမယ်လည်း မသိသေး။ အိမ်နဲ့ အဝေးမှာဆို သူ အခက်အခဲတော့ ကြုံမှာလို့ စဉ်းစား မိရင်တောင် စိတ်ထဲ တယ်မကောင်းချင်ပါဘူး။ ဒါတောင် ကျမက သားသမီးကို ကြက်သားအုပ်မကြီးလို့ ကိုယ်နဲ့မကွာ အုပ်ထားချင်တဲ့ အမေမျိုး မဟုတ်ပါဘူး။ ဆိုတော့ ခုတလောတွေမှာ မြောက်ပိုင်းလူသတ်မှု အကြောင်းတွေ ဖတ်ရတော့ အမေတွေကိုယ်စား ရင်ထဲ မချိအောင် နာကျင်ရပါတယ်။ ဖတ်နေရင်း မျက်ရည်ကျ မိတာလည်း အကြိမ်ကြိမ်ပါပဲ။ ဒါတောင် အဲဒီ အရက်စက်ခံရတဲ့သူတွေထဲမှာ ကျမ သိတဲ့သူဆိုလို့ ထိန်ထိန်(ပန်းချိထိန်လင်း)တယောက်ပဲ ပါတာပါ။
ကျမစဉ်းစားနေမိတယ်။ ကိုယ်မွေးထားတဲ့ သားလေးတွေ… ကိုယ်နဲ့ ခွဲပြီး တိုင်းပြည်အတွက်ဆိုပြီး ထွက်သွား ကြ.. အစားဆင်းရဲ.. အနေဆင်းရဲ.. ဘက်ပေါင်းစုံမှာ အဆင်ပြေစရာအကြောင်းမရှိ။ ဒါပေမဲ့ တိုင်းပြည်အတွက် ဆိုတဲ့ စိတ်ကလေးတွေနဲ့ နေခဲ့ကြရင်း.. မဟုတ်မတရား ရန်သူ့လူလို့ စွပ်စွဲခံရတာ။ ပိုဆိုးတာက အမေတွေမို့.. အမှန်ကို သိတယ်။ ကိုယ့်ကလေးတွေဟာ ရန်သူလူမဟုတ်ကြောင်း.. မတရားသဖြင့် ရမယ်ရှာခံရတာ ဖြစ်ကြောင်း.. အမေတွေ ရဲ့ အသည်းနှလုံးက ကျိန်းသေသိပါတယ်။ အမေအနေနဲ့ စဉ်းစားကြည့်တော့.. ကဲ.. မသင်္ကာစရာဖြစ်ဦးတော့.. လူအချင်းချင်း..သူငယ်ချင်း အချင်းချင်း… ခုလောက်ရက်ရက်စက်စက် မလုပ်ရက် ပါဘူးကွယ်လို့.. အမေတွေခမျာ နာကျင်ကြရှာမယ်..။
အမေတွေရဲ့ ညပေါင်းများစွာမှာ.. ဒီသားသမီးတွေရဲ့ မျက်နှာလေးတွေမြင်ယောင်ရင်းပူလောင်ပြင်းပျရ ရှာမယ်..။ ပိုဆိုးတာက သမိုင်းမှာ ကိုယ့်ကလေးတွေကို သစ္စာဖောက်အဖြစ် သမုတ်ခံရတာကလည်း ဆိုးလွန်း လှတာပါ…။ ကျမ ဆက်ပြီး ခံစားမကြည့်နိုင်တော့ပါဘူး… ။ ကျမ သားသမီး ၃ယောက် မွေးထားတာ..။ ကလေးတွေ ဖျားရင်ကို အိပ်မရ နေမရ ထိုင်မရ… ငါသာ ဖြစ်လိုက်ပါ တော့ လို့ တ, မိတဲ့အထိ…။ ဒါကို အမေတိုင်းသိပါတယ်။ အဲဒီအခါ ဒီရက်ပိုင်းတွေထဲတွေ့ရတဲ့ ကိုထွန်းအောင်ကျော်နဲ့ ကိုချိုကြီး အမေတွေရဲ့ ပုံတွေကို ကျမ ကြာကြာမကြည့်ရက်တော့ပါဘူး.. ။
တချိန်တည်းမှာပဲ အဲဒီလူသတ်မှုကျူးလွန်ခဲ့တဲ့ လူတွေရဲ့ အမေတွေရော…… မနာကျင်.. မထိခိုက်.. မကြေကွဲဘဲ နေပါ့မလား… အရှက်ရတာတခုပါ ပိုတိုးခံစားရဦးမယ်လို့ တွေးမိပါတယ်..။
ကျမကတော့ အမေတွေကို သနားတာပါပဲ…။ - Sit Aungကျွန်တော့ညီ ထောက်လှမ်းရေးဖမ်း၊ထောင်ကျ၊
ထောင်ထဲမှာပဲ အစာအိမ်ရောဂါ နဲ့ဆုံးတယ်။ ဒါပေမယ့် မြောက်ပိုင်းက သံချောင်းတို့နှိပ်စက်သလောက် ဆိုးဆိုး ၀ါးဝါးမခံခဲ့ရဘူး။ ဦးခင်ညွှန့်တို့သတင်းစာရှင်းလင်းပွဲလုပ်တော့ ချဲ့ကားပြောတယ် ထင်ခဲ့တယ်။ အခုကျတော့ ဗကပ ဖြုတ်ထုတ်သတ်ထက်တောင် ဆိုးသေးတယ် ဗျာ။ ဘယ်လိုစိတ်ရိုင်းတွေဝင်ကုန်တာလဲနော်။ သူတို့သာ အာဏာရရင် ခမာနီ လိုများဖြစ်မလားမသိဘူး။ ဖွင့်ချပေးတဲ့သူတွေလည်းကျေး ဇူးတင်ပါတယ်ဗျာ။ မဟုတ်ရင် အခုအချိန် ပြည်တွင်းပြန်လာပြီး ဒီမိုကရေစီရေးလုပ်ရင် မှားပြီး အားကိုးနေမိဦးမယ်။ - Myint Myint Kyi အာဏာရှင်စနစ်ကို တော်လှန်ကြတဲ့ တော်လှန်ရေးရဲဘော် အချင်းချင်း မစူးစမ်း မဆင်ချင်ပဲ ......ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ ရတဲ့ သူတွေ အတွက် တော်တော် ကို စိတ်ထိခိုက်ခံစားရပါတယ်....
ဘာဖြစ်လို့ များ လူမဆန်စွာရက်ရက်စက်စက်...သတ်ဖြတ်တဲ့ ထိရက်စက်ကြမ်းကြုတ်..ကြရတာ ပါလိမ့် နော်......။ - Moe Thet Linn ယောက်ျားပီပီ မကျေနပ်လို့ သစ္စာဖောက်ထင်ရင် သေနတ်နဲ့ ပစ်သတ်လိုက်ရင်တောင် ဖြေသာသေး။ နှိပ်စက်တာက လူမဆန်လွန်းဘူး
- Maung Myay Zar အဲဒီအဖြစ်အပျက်တွေ ကြားပါတယ်။ အဖြစ်အပျက်တွေ အမှန်ဆိုတာ သိရှိလိုက်တဲ့ အချိန်ကစပြီး အခုထိအောင် စိတ်နှလုံး တုန်လှုပ်ခြောက်ခြား ခံစားရပါတယ်။ မတရား လုပ်ကြံဖမ်းဆီး ရက်စက်ယုတ်မာစွာ နှိပ်စက်သတ်ဖြတ်ခံခဲ့ရတဲ့ လူတွေကို တမလွန်မှာ ဖြောင့်တန်းစွာ ဘ၀ကူး ကောင်းစေချင်တဲ့အတွက် တရားခံတွေကို ထပ်တူညီတဲ့ ပြစ်မှုပြစ်ဒါဏ် ရစေချင်ပါတယ်။
- Moe Ei i feel so sad when i read those articles, but i am still reading :(
- Sein Soe ကိုမောင်ရစ်၇ယ်၊ ဘာမှမပြောပဲနေတာတောင်ကောင်း
အုန်းမယ်ထင်တယ်၊ ကျတော်ထင်တာဟိုတုံးကရိုးရိုးသားသားမဖွင့်မိတာလား၊ ဒါမှမဟုတ်မရိုးမသား အလိုတူအလိုပါဖုံးဖိနေတာလား တခြားလူတွေဘယ်လိုသိမလည်းဗျာ ၊ အခုသူများတွေဖွင့်လာမှဒါမျိုးပြောတာတော့ သိပ်မကြိုက်ဘူးဗျာ။ ခံခဲ့ရတဲ့သူတွေ ရဲ့ဓါတ်ပုံတွေကိုမြင်လေ အသဲနာလေပဲဗျာ။ - Thet Naing Maung အမျိုးသားတော်လှန်ရေးတွင် မဖြောင့်မတ်သောသူတို့သည်ဧကန
်ကျရှုံးရမည်။ - Khin Yu YuCho Tu Zalကျောင်းတုန်းကသူငယ်ချင်းရဲ့ အကိုတယောက် ခေါင်းဖြတ်အသတ်ခံရတယ်လို့ ပဲ တိုးတိုးတိတ်တိတ်ကြားဘူးခဲ့
တာ။အဲဒီတုန်းကလဲဒီအကြောင်းေ တွက ကျယ်ကျယ်မပြောရဲကြဘူး။ နံရံတိုင်းမှာနားရှိနေကြတဲ့ အချိန်လေ။ ထောက်လှမ်းရေးတွေကကျောင်းသားထုထဲစိမ့်ဝင်နေတာကတပိုင်း။ ကျောင်းသားတချို့က ကိုပဲလခယူပြီး ထောက်လှမ်းရေး လုပ်နေကြတာကပိုကြောက်ဖို့ ကောင်းတာ။ ကိုယ်သိတဲ့သူငယ်ချင်းတယောက်ကိုပဲထောက်လှမ်းရေးဖြစ်နေတာ ။လုံးဝသေချာတယ်။ ဒီတော့ သူ့ အကိုအသတ်ခံလိုက်ရတဲ့ သူငယ်ချင်းအကြောင်းလဲ တိုးတိုးပဲကြားဘူးခဲ့တာ။ အခုမှ ကိုထွန်းအောင်ကျော်ရဲ့ ညီအငယ်ဆုံးဖြစ်နေမှန်း ဆက်စပ်သိရတာ။ ကျနော်သူငယ်ချင်းခမျာမှာ ဒီအဖြစ်ဆိုးကြီးကြောင့် ရောဂါသည်ကိုဖြစ်သွားတာ။ ကျောင်းကနေလဲနှစ်နဲ့ ချြီုပီးပျောက်သွားတာ။ စာသိပ်တော်တဲ့သူငယ်ချင်း ထက်မြက်တဲ့သူငယ်ချင်း ဂီတသမားသူငယ်ချင်းဟာ ကျောင်းပြန်တက်တဲ့အချိန်မှာ တုံ့ဆိုင်းဆိုင်း ဒရွတ် ဆွဲသလောက်ဖြစ်နေတယ်။ ရေအိုင်သေးသေးလေးတောင် သူအကြာကြီးကြိုးစားပြီးကျော်ရတယ်. ကျောင်းတက်ရင်တယောက်တည်းမဟု တ်ဘူး။ ဦးလေးကြီးတယောက် အဖော်ပါရတယ်။ သူငယ်ချင်းဟာစကားလဲမပြောတော့ ဘူး။ ကိုချိုတူးဇော်မှတ်မိမှာပါ။ ကျောင်းနောက်ဘက် ရပ်ကွက်ထဲကအဆောင်ကနေ ဂျီဟောရှေ့ကနေ ဖြတ်ဖြတ်ပြီး ခေါင်းငိုက်စိုက်နဲ့  တလှမ်းချင်းတု့ံဆိုင်းပြီး လာတတ်တဲ့ လူတယောက်ကို ။နေ့ တိုင်းနီးပါး ဂျီဟောပေါ်ကနေ မြင်ခဲ့ရတယ်။ - Phonemo Moသူများတွေရေးမှ ကိုမောင်ရစ်က သူလဲ သိတာ၊သူများထက်နောက်မကျပါဖူ
း၊ အစောကြီးထဲကသိပီးသားပါလို့၊ တောင်းပန်စာရေးပီ့းကြွားတာထ င်ပ။ ကျွန်မကတော့ တောင်းပန်နေတာထက်လုပ်သင့်လု ပ်ထိုက်တာကို ပြုသူတွေ၊ခံခဲ့ရသူတွေသက်ရှိ ထင်ရှားရှိနေတုန်းမှာ အရေးယူဆောင်ရွက်စေချင်ပါတယ်။ခံခဲ့ရသူတွေနဲ့ ရင်နီးနေ တဲ့ ကိုမောင်ရစ်တို့လို လူတွေကမှဒီကိစ္စကို အရေးယူဖို့တွေဝေနေရင်၊ဒီကိစ္စက ခံခဲ့ရသူတွေ၊၊အသတ်ခံခဲ့ရသူေ တွအတွက်၊အထူးသဖြင့်ပြည်ပရော က်နေသူတွေ တာဝန်မကြေသမိုင်းကြွေးတင်ပါ လိမ့်မယ်။ ဒီထက်တော့နောက်မကျ စေချင်ပါ။ လွမ်းစာတွေရေး၊ ဆွမ်းတွေကျွေးနေကြတာနဲ့ပဲ ရပ်မနေပဲ၊ လုပ်သင့်လုပ်ထိုက်တာကိုဒီကိ စ္စမှာမျက်မြင်သက်သေများ၊ထွက်ပြေး လွတ်မြောက်လာသူများ၊သူတို့ကိုကူညီနိုင်သူများ၊အားလုံးမှ အမြန်ဆုံးလုပ်ကြပါလို့ လဲတောင်းဆိုချင်ပါတယ်။ - Nang Saw ကို ကျော် နိုင်ဦး (ကို ကြောင်)၊ မငယ်(နန်းအောင် ထွေးကြည်)၊ ကိုဂျိုးဖြူ(နိုင် ၀င်း အောင်) ပါတို့ပုံ ပါ။ကိုညီ မဟုတ် ပါ ဘူး။
- Nainai Tunဒီလူဂျီးအခုမှ တောင်းပန်နေတာ ကျနော်လဲသဘောမကျပါဘူး။ ဘာလဲ အခု ခံရတဲ့သူဖက်က တကယ်ထလုပ်ကြဘီ လူထုအင်အား ကောင်းလာပီဆိုလို့ ဘက်ပြောင်းတာလား၊ အယင်ကတည်းက သိရဲ့သားနဲ့ ကိုယ်တိုင်လဲ ပြည်ပမီဒီယာတခုမှာ ရှိရက်သားနဲ့ မတင်ပြရဲခဲ့တာ ဘာကြောင့်လဲ။ လူတွေလဲ ခက်တယ်ဗျာ။ ရိုးရိုးသားသားတောင်းပန်နေတ
ယ်ဆိုတာကိုတော့ ယုံပါတယ်။ ဒါပေမယ့် အချိန်ကိုက် တောင်းပန်တာကိုတော့ နားမလည်နိုင်ဘူး၊ မတောင်းပန်ယင်လဲ ခင်ညားနဲ့မဆိုင်ဘူးဆိုယင် ဘာမှတော့မဖြစ်ပါဘူးဗျာ။ တောင်းပန်လိုက်မှ ပိုဆိုးသလိုဖြစ်နေဘီ။ - အိုးဝေအောင် အိုးဘားမား ဟုတ်ကဲ့ မနန်းစော ပြင်လိုက်ပါပြီ။
- Bamar Gyi ဖေါက်ပြန်တာတွေကိုသိသိကြီးန
ဲ့ မဖေါ်ထုတ်ရဲတာကမှ ကျဆုံးသွားတဲ့ရဲဘော်တွေနဲ့ေ ထာင်ထဲကရဲဘော်တွေကိုသစ္စာမဲ့ တာပါ....မှားတာကိုသိတာကိုက တာဝန်မကျေတာကိုသိတာကိုကဟန်ကျတာပါ...... - Ko Wunna Ko ဟိုတစ်ခါ ဖြတ်ညှပ်ကပ်တဲ့ အယ်ဒီတာကြီးထင်တယ် http://
8-8-88.blogspot.com/2012/ 01/blog-post_31.html - အိုးဝေအောင် အိုးဘားမား Ko Wunna Ko ထင်တဲ့ အယ်ဒီတာက သိန်းနိုင်
မောက္ခပညာရေးမဂ္ဂဇင်းက အယ်ဒီတာပါ။ကိုမောင်ရစ်က မိုးမခ အယ်ဒီတာပါ။နောက်ဆုံး ခ ခြင်းတူလို့ အထင်မှားတာ ဖြစ်မယ်။ - Ko Wunna Ko ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ မှားသွားတဲ့အတွက်လည်း တောင်းပန်ပါတယ်ဗျာ
- Moe Zaw Aung ကိုမောင်ရစ်ရေ....မြောက်ပို
ုင်းကိစ္စကနေ တောင်ပိုင်းမှာ ကိုနိုင်အောင်တို့ဘက်မှ ကိုနေဝင်းအောင်နှင့်ကိုစိုး လင်းတို့ကို စစ်ဆေးချက်အရဆိုပြီး ကိုဋ္ဌေးနိုင်အား စစ်ထောက်လှမ်းရေးအဖြစ်ဖမ်းလိုက်ပြီး ရက်စက်စွာဖြင့် လူမဆန်စွာသတ်ဖြတ်လိုက်တယ်။ကိုဋ္ဌေးနိုင် အသတ်ခံရမှု့မှာ ကိုနေဝင်းအောင်လဲ တာဝန်ရှိပါတယ်။ https://www.facebook.com/ note.php?note_id=3019218531 77434 ပန်းနဲ့ပေါက်တာလောက်ပဲ ထင်တယ်သူငယ်ချင်းတို့ရေ၊ စာဖတ်သူတွေကို...By: Ko Oo - Moe Zaw Aung “ဋ္ဌေးနိုင်”ဘယ်လို အသတ်ခံခဲ့ရသလဲ https://www.facebook.com/
note.php?note_id=3100002390 41708 “ဋ္ဌေးနိုင်”ဘယ်လို အသတ်ခံခဲ့ရသလဲ ကိုသန်းဝင်း ရေးသားသည် ။ ပြည်သူ၊ရဲဘော်၊မိတ်ဆွေများခင်ဗျား မိုးသီးဇွန်ဆီမှ အီးမေးတစောင်၊ လျှို့ဝှက်စွာ တွဲပြီးပို့ခဲ့ပါတ...By: Htay Tint - Moe Zaw AungABSDF မြောက်ပိုင်းအရေးကိစ္စကိုဆန်
းစစ်ခြင်း။
ABSDF မြောက်ပိုင်းတွင်ဗဟိုဥက္ကဌကိုထွန်းအောင်ကျော်အပါအဝင်အဖွဲ့ဝင်၃၀ ကျော်ကို ညှင်းပန်းနှိပ်စက်ပြီး လူ မဆန်စွာ သတ်ဖြတ်ခဲ့ကြသည့်
အပြင်လူ ၇၀ ကျော် ကိုရက်ရှည်လများနှိပ်စက်ညှင်းပန်းခဲ့ကြသည့်
အဓိက တရားခံ မြောက်ပိုင်းခေါင်းဆောင်များဖြစ်သော
ရော်နယ်အောင်နိုင်(ထိုင်း)၊
မျိုးဝင်း (သေဆုံး)၊
သံချောင်း (ထောင်တွင်း) တို့နှင့်တောင်ပိုင်းဗဟို မှ မြောက်ပိုင်းသတ်ဖြတ်မှုကိုလုံးဝတာဝန် ယူသဘောတူခဲ့သည့်
ဥက္ကဌ ဒေါက်တာနိုင်အောင်နှင့်ဦးဆောင်ဗဟိုကော်မီတီဝင် များဖြစ်သော
ဗဟိုရောက်မြောက်ပိုင်းကိုယ်စားလှယ် ကိုလှဌေး (ယခုအိန္ဒိယ အေဘီဦးစီး)
နှင့်နိုင်အောင် ဖက်ဗဟိုကော်မီတီဝင်များ အနေနှင့်တာဝန်ယူဖြေရှင်းရမည် မှာ
သာဓကထင်းရှားစွာရှိနေပေသည်။
လက်ရှိကိုသံခဲဦးဆောင်နေသောABSDF ဗဟိုကော်မီတီကို ၊
မန္တလေးတွင်ပြု လုပ်မည်ဖြစ်သောအောင်းမေ့ ဘွယ် အခန်းအနားသို့၊
ဝမ်းနည်းကြောင်သဝဏ်လွှာ အချိန်မှီပို့ပေးရန်တိုက်တွန်းခဲ့သော်လည်း
လက်ရှိဗဟိုခေါင်းဆောင်များမှမပို့ပေးဘဲ နေခဲ့ကြသည်၊
အေဘီဗဟိုကော်မီတီထဲတွင်မြောက်ပိုင်းကိစ္စသည်အကြီးအကျယ်မှားယွင်းမှု ဖြစ်သည်ကို လက်ခံကြသူများရှိသော်လည်းအဓိကအာဏာချုပ်ကိုင်ထားသူတချို့ က
ဒေါက်တာနိုင်အောင်ဖက် ခြမ်းဗဟိုတွင်သဘောတူပါဝင်ဆုံးဖြတ်ခဲ့ကြသူများဖြစ်ခဲ့သြ ဖင့် မိမိတို့မှားမှန်းသိလျက်လုပ် သင့်သည်ကိုမလုပ် ဘဲအမှားကိုပြင်ရန်သတ္တိမရှိဘဲ မြောက်ပိုင်းကိစ္စကိုမြေမြုပ်သဂြိုင်္ရန်ဆိတ်ဆိတ်နေခဲ့ကြသ ည်ကိုတွေ့ရသည်မှာဝမ်းနည်းစရာဖြစ်သည်။ https://www.facebook.com/ notes/htay-tint/ absdf-%E1%80%B1%E1%80%BB%E1 %80%99%E1%80%AC%E1%80%80%E 1%80%B9%E1%80%95%E1%80%AD% E1%80%AF%E1%80%84%E1%80%B9 %E1%80%B8%E1%80%A1%E1%80%B 1%E1%80%9B%E1%80%B8%E1%80% 80%E1%80%AD%E1%80%85%E1%81 %A5%E1%80%80%E1%80%AD%E1%8 0%AF%E1%80%86%E1%80%94%E1% 80%B9%E1%80%B8%E1%80%85%E1 %80%85%E1%80%B9%E1%80%BB%E 1%80%81%E1%80%84%E1%80%B9% E1%80%B8/331651196876612 ABSDF မြောက်ပိုင်းအရေးကိစ္စကိုဆန်းစစ်ခြင်း။ ABSDF မြောက်ပိုင်းတွင်ဗဟိုဥက္ကဌကိုထွန်းအောင်ကျော်အပါအဝင်အဖွဲ့ဝင်၃၀ ကျော်ကို ညှင်းပန်းနှိပ်စက်ပြီး လူ မဆန်စွာ သတ်ဖြတ်ခဲ့ကြသည့် အပြင်လူ ၇၀ ကျော် ကိုရက်ရှည်လများနှိပ်စက်ညှင်းပန်းခဲ့ကြသည့် အဓိက တရားခံ မြောက်ပိုင်းခေါင်းဆောင်များဖြစ်သော ရော်နယ်အောင်နိုင်(ထို... By: Htay Tint - Ko Aung Than မောင်ရစ်မင်းဒီလောက်တောင်းပ
န်ရုံနဲ့မပြီဘူး၊တချိုမင်းသိတာတွေဆက်လက်ဖော်ထုပ်ပေးဖို့ လို့တယ်။
No comments:
Post a Comment