Maungmaung Skw
ခင်ရွှေလှိုင် ရေးထားတာတွေဖတ်ရတော့ မဆီမဆိုင် လှမျိုးအောင်ကို သတိရမိတယ်။လှမျိုးအောင်ဆိုတာက မပ ကျောင်းသားတပ် က ထောင်မှူး၊သူနဲ့ဆုံကြတော့ သူကအဖိုးတန်စကားတွေပြောပြခဲ့ဘူးတယ်။သူပြောတာကဒီလို-“ကိုမောင်မောင်ရေ-မြို့ပေါ်နေတဲ့ တက္ကသိုလ်ကျောင်းသားတွေတဲ့ဗျာ-တော်လှန်ရေးလုပ်ဖို့လာကြတာ- ဝါးလေးတစ်လုံးတောင်ဖြောင့်ဖြောင့်တန်းတန်းမခုတ်တတ်ဘူး-နှီးလေးတောင်ဖြစ်အောင်မဖျာတတ်ဘူး-တောင်းလေးတစ်လုံးတောင်ဖြစ်အောင်မရက်တတ်ဘူး-ဒီအလုပ်ကလေးတွေလောက်တောင်မလုပ်တတ်ဘဲဘယ်လိုလုပ် တိုင်းပြည်ကို အုပ်ချုပ်ကြမလဲ-ရင်လေးတယ်-ဒီကောင်တွေအတွက် ရင်လေးတယ်။”တဲ့ဗျ။အဲ့ဒီတော့ နိုင်ငံကိုအုပ်ချုပ်နေသူများရော၊ ရွေးကောက်ပွဲဝင်မည့်သူများရော မြောက်ပိုင်းပြောလိုသူများပါမကျန် လှမျိုးအောင် ပြောခဲ့သလိုမဖြစ်ရအောင် ဝါးခုတ်တာ၊နှီးဖျာတာ၊တောင်းယက်တာတွေသင်ထားကြပါ-ခင်ရွှေလှိုင် ကထမင်းကျွေးပြီးတက်ခိုင်းမဲ့တောင်ကုန်းလေးကိုတက်နိုင်အောင် လေ့ကျင့်ထားကြပါ။ပြီးမှ ဘုန်းတော်ကြီးမြတ်လှသော အာဇာ နည် ကျောင်းသားတော်လှန်ရေးခေါင်းဆောင်များဖြစ်တော်မူကြသော ဦးမျိုးဝင်း၊ဦးသံချောင်း၊ဦး မစ္စတာအောင်နိုင်၊ဦးလှဆိုင်းတို့၏ အကြောင်းကိုပြောဆိုကြပါ။
ကိုမောင်မောင်(ရွှေကရဝိတ်) ရေးတာလေး မျှဝေလိုက်ပါတယ်...
ကိုမောင်မောင်(ရွှေကရဝိတ်) ရေးတာလေး မျှဝေလိုက်ပါတယ်...
No comments:
Post a Comment