Monday, February 13, 2012
တစ်ကွေ့ကြုံ AB
37 comments:
AnonymousFebruary 13, 2012 1:44 PMကျွန်မက မြောက်ပိုင်းဖြစ်ရပ်တွေကို သတင်းတွေမှာ ဖတ်ရတော့မှ သိခဲ့ရတဲ့ သာမန်အိမ်ရှင်မတစ်ဦးပါ။ မန်းကိုကိုရဲ့ဘလော့ကိုလဲ အခုမှသိပြီး ဖတ်ကြည့်မိတာပါ။ ကျွန်မကတော့ သာမန်ပြည်သူတဦးအနေနဲ့ပဲ သိတော့ သိသလောက်ခံစားမှုလေးနဲ့ ပြောချင်ပါတယ်။ မတရားသေသွားခဲ့တဲ့ သူတို့ရဲ့ ဂုန်သိပ်ခါ (ပါတ်ဆင့်မရိုက်တတ်လို့ ခွင့်လွတ်ပါ)အတွက် ဒီလိုမျိုးအဖော်ထုတ်မခံသင့်ဘူးလား။ သိချင်ပါတယ်။ အခုက ပြည်သူတွေကို လိမ်လို့မရတော့ပါဘူး။ တချို့က လူတစုနဲ့ တဖွဲ့လုံးကို မကွဲဘူးဆိုပေမယ့် အများစုကတော့ သေချာခွဲခြားနိုင်စွမ်းရှိပါတယ်။ ကျွန်မ မန်းကိုကို ကို မေးချင်တာတခုရှိပါတယ်။ ABSDF ကိုပြိုကွဲမှာစိုးလို့ မတရားသေခဲ့တဲ့သူတွေ အကြောင်းကို နှုတ်ပိတ်ထား ရတာ့မှာလား။ အခုဖော်ထုတ်နေကြတာတွေကလဲ လူတစုကိုအကြောင်းပဲ ဖော်ထုတ်ထားတာပါ။ ဘယ်သူကမှ ABSDF ကိုဖျက်သိမ်းဖို့ ပြောမနေကြပါဘူး။ အားလုံးဟာ ဒီလိုမျိုးအဖွဲ့ကို ထိခိုက်မှာစိုးလို့ အနှစ်(၂၀)တောင် စောင့်နေခဲ့ကြရတာ မဟုတ်လား။ တကယ်တမ်း ABSDF မှာတိုက်ပွဲဝင်ခဲ့တဲ့ ABSDF ကကျောင်းသား စစ်စစ်တွေကတောင် အခုမှအဖြစ်မှန်သိခဲ့တဲ့အခါ နာကျင်၊ ယူကျုံးမရ ဖြစ်ပြီး အဖြစ်မှန်ကို ဖော်ထုတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ (ဥပမာ ဘလော့ဂါ မငယ်နိုင်)။ ဒါပေမယ့် မန်းကိုကိုလိုတော့ မရေးဖူးကြဘူး။ ကျွန်မလို ဘာမှမဆိုင်တဲ့သူတောင် တော်တော်စိတ်မကောင်းဖြစ်ရပါတယ်။ တကယ်တမ်းခံခဲ့ရတဲ့ သူတွေရဲ့ မိဘတွေဆို ဘယ်လောက်တောင် စိတ်ထိခိုက်ကြမလဲ။ သားသမီးချင်း မိဘချင်းကိုယ်ချင်းစာပါလို့ပဲ ပြောချင်ပါတယ်ရှင့်။
Reply
AnonymousFebruary 13, 2012 5:00 PMဆရာ မန်းကိုကို ခင်ဗျား
Reply
ဒီကိစ္စ ကို လူသိရှင်ကြားဖြစ်အောင် စတင်ဖော်ထုတ်တဲ့အထဲမှာ ကျနော်ပါ ပါတယ်....အမြင်ကတော့ တယောက်နဲ့ တယောက် ဘယ်တူနိုင်မလည်းလေ...အမြင်မတူတာကို လက်ခံပါတယ်...အားလုံး အမြင်တူနေရင်...ဘယ်ဒီမိုကရေစီ ဟုတ်တော့မလည်း...ကွဲပြားခြားနားခြင်းကို လက်ခံတာကိုက
ဒီမိုကရေစီကို လက်ခံတာပါပဲ....
လေးစားလျှက်
မောင်မောင်ဝမ်း
AnonymousFebruary 13, 2012 5:40 PMမန်းကိုကို--- ဒါမျိုးတွေက ရိုးသွားပြီ။ ခင်ဗျားစာက အမှန်တရားကို ထောက်ခံ အားပေးတဲ့သူတွေကိုတောင် "ရိုးသားပါ ၊ ဒါးခုတ်ရာ လက်ဝင်မရှိုပါနဲ့" လို့လည်းပြောချင်ပါတယ် ။ ဆိုပြီး လူတွေကို တဖက်လှည့်နဲ. ခြိမ်ခြောက်သွာံးသေးတယ်။ လူတွေ ပြောနေတာက ဘယ်သူပဲ လုပ်လုပ် မတရားသဖြင့် ဥပဒေမဲ့ လုပ်ရပ်တွေ သတ်ဖြတ်မှုတွေ နှိပ်စက်မှုတွေကို လက်မခံတာပါ--- ခင်းဗျား ခင်းပြတဲ့ ဇာတ်လမ်းက ထောက်လှမ်းရေးတွေ လုပ်ထားတဲ့ ဇာတ်လမ်းတွေကျတော့ မပြောပဲ ဒီကို လာပြီး မြေနိမ့်ရာ လှံစိုက်တဲ့လို. ဆိုချင်တဲ့သဘော--- တကယ် လှံအစိုက်ခံရသူတွေက နစ်နာသူ မိသားစုတွေပါ-- ခံရတာကို ခံရတယ်လို. ပြောတာတောင် ရန်သူအားပေး တခုခုကို ဖျက်ဆီးလိုတဲ့ အတွေးလို. အခု အနှစ် ၂၀ ကြာသည်အထိ ထောက်လှမ်းရေးနဲ. ပေးစားခံရတဲ့ဘ၀က မလွတ်သေးဘူး---ဒါကြောင့် လူသတ်မှုတွေ ဖြစ်ခဲ့တာလဲ ခင်ဗျာလို ရေလာ မြောင်းပေး မြောက်ပေးပြီး အရာရာကို တော်လှန်ရေး ဆိုတဲ့စကားလုံးတွေနဲ. လူတွေကို အနိုင်ကျင့်ချင်တဲ့ စရိုက်တွေကြောင့် အခုလောက်အထိ အရုပ်ဆိုးခဲ့တာ--- ခင်ဗျား ကြိုက်တဲ့ ဖက်က ရပ်တည်ပါ--- အမှန်တရားက မျက်စိ တဆုံးကြည့်စရာ မလိုတော့ပါဘူ-- ရှင်းရှင်းကြီး ပေါနေပါပြီ--- ကျနော်တို. သာမန် အရပ်သားတွေလဲ စာတတ်နေပါပြီ---
Replyကိုမန်းကိုကို ပို့စ်က ကျွန်မ ရှင်းကိုမရှင်းဘူး။ ကျွန်မက ဘာသာစကား သိပ်အားနည်းတယ်။ ဆိုလိုချက်ကို တည့်တည့်ရေးမှ နားလည်တယ်။ ကိုမန်းကိုကို အပေါ်မှာ ပြောထားတဲ့ တွေ့လာရတယ်ဆိုတာက အိပ်မက်မက်တာလား၊ အပြင်မှာ တကယ်တွေ့တာလား ဒါမှမဟုတ် တယောက်ယောက် ပြန်ပြောပြတာလား။ ဘယ်မှာ ဖြစ်သွားတာ ဘယ်သူ့ကိုစစ်နေတာကို ပြောတာလဲ။ မြောက်ပိုင်းမှာ ဖြစ်ခဲ့တာကို စိတ်ကူးယဉ်ပြီး ရေးထားတာလား ဆိုတာ ကျွန်မ လုံးဝမရှင်းဘူး။
Reply
ကိုမန်းကိုကို ကျွန်မကို လာ Tag ပေးကတည်းက ကျွန်မကို ဒီအကြောင်း ပို့စ်တင်စေချင်တယ်ဆိုတာ သဘောပေါက်ပြီးသား ဖြစ်တယ်။ ကျွန်မ ဒီအကြောင်းကို မနေ့က ပြည်ထောင်စုနေ့မှာ ပို့စ်တခု ဖြစ်အောင်တင်မယ်လို့ ရည်ရွယ်ပြီး သူများရေးထားတဲ့ ပို့စ်တွေက အချက်အလက်တွေအပေါ် လေ့လာစုံစမ်းခဲ့ပါတယ်။ ပထမ အချက်အလက် ခိုင်လုံဖို့ လိုပါတယ်။ အချက်အလက် ခိုင်မာပြီဆိုမှ ဒီအပေါ်မှာ သုံးသပ်လို့ရမယ်။ ဒါကြောင့် သူများရေးထားတာကိုလည်း ဖတ်တယ်၊ ကျွန်မကိုယ်တိုင်လည်း အဲဒီရေးထားတဲ့ အကြောင်းအရာထဲက အချက်အလက်တွေအပေါ် မေးသင့်တယ်လို့ ယူဆရတဲ့သူတွေကို မေးမြန်းစုံစမ်းခဲ့ပါတယ်၊ အခုအခြေအနေမှာ ဖြစ်သွားတာဟာ ဟိုအရင်က ကျွန်မ သိထားသလိုမျိုး မဟုတ်ဘူး တကယ်ကို ဘယ်လိုမှလက်မခံနိုင်အောင် ယုတ်ရိုင်းအောက်တန်းကျလှတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုကြီး ဖြစ်သွားခဲ့တယ်ဆိုတာ ကျွန်မရသွားပြီ။ ဒါပေမဲ့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက် မဟုတ်တဲ့ ဒီကိစ္စကို ကျွန်မ ဘလော့ဂ်က ဘ၀ဖြတ်သန်းမှုတွေလိုလည်း ပေါ့ပေါ့ပါးပါးလေး ရေးလို့မရပါဘူး။ တကယ်ကို အခြေအမြစ်ရှိရှိ သုံးသပ်ဖို့ လိုအပ်ပါတယ်။ Analysis အနေနဲ့ မှန်မှန်ကန်ကန် သုံးသပ်နိုင်ဖို့ဆိုရင် အချက်အလက်က ဒီလောက်နဲ့ မရသေးဘူး။ ပြီးတော့ အခုချိန်မှာ ကျွန်မဟာ ဒီအတွက် တော်တော်လေးကို စိတ်ထိခိုက်နေတဲ့အချိန်မှာ စိတ်မတည်ငြိမ်ဘဲနဲ့ ခံစားမှုကို ဦးစားပေးပြီး ရေးတဲ့ပို့စ်က မှန်မှန်ကန်ကန် သုံးသပ်မှု ဖြစ်မလာနိုင်ဘူး၊ ဘာမှလည်း ဟုတ်တိပတ်တိ သိတာမဟုတ်၊ ကိုယ်လည်း ပါဝင်ပတ်သက်ခဲ့တာ မဟုတ်တဲ့ အကြောင်းအရာတခုကို အခြေအမြစ် မရှိဘဲနဲ့ တောပြောတောင်ပြော ဟိုလူ့စွပ်စွဲ ဒီလူ့စွပ်စွဲပြီး အပြစ်ပုံချလို့လည်း မဖြစ်ဘူး။ တကယ်ကို ခံစားမှု ကင်းကင်းနဲ့ Analysis လုပ်ရမှာ ဖြစ်တဲ့အတွက် ဒီအတွက် အဆင်သင့် မဖြစ်သေးလို့ ကျွန်မ ဒီအကြောင်းပို့စ် တင်ဖို့ ရည်ရွယ်ထားပေမဲ့ မတင်ဖြစ်သေးဘူး။
Ko Nge ( BYLF)February 13, 2012 10:36 PMကိုမန်းကိုကို ခင်ဗျား-
Reply
မြောက်ပိုင်း မ က ဒ တ မှာဖြစ်ခဲ့တဲ့ လူမဆန်စွာရက်စက်မှုတွေကို
ဖော်ထုတ်ခြင်းဟာ---
လူတချို့ရဲ့ အာဏာရူးမှုကြောင့် မ က ဒ တ ရဲ့ဂုဏ်သိက္ခာ နဲ့သမိုင်းကို
အမဲစက်မစွန်းအောင် လုပ်တဲ့ လုပ်ရပ်လား?
မ က ဒ တ ရဲ့ဂုဏ်သိက္ခာ နဲ့သမိုင်းကို အမဲစက်စွန်းအောင်
အာဏာရူးလူတချို့ရဲ့လူမဆန်စွာရက်စက်မှုတွေကိုဖော်ထုတ် အသုံးချခြင်းလား?
ဆိုတာကို တော့ ကွဲပြားဖို့လိုမယ်ထင်ပါတယ်။
အဓိက ဖော်ထုတ်နေသူများ( ကိုအောင်မိုးဝင်း၊ ကိုမောင်မောင်ဝမ်း....)တို့ရဲ့တင်ပြမှုတွေမှာတော့
ခုအချိန်ထိ မ က ဒ တ ပျက်စီးရေးကို မတွေ့ရသေးပါဘူး။
ဘေးကဝင်လာမယ့် side effect တွေဟာလည်း ပင်မ ဦးတည်ချက် ထဲမှာ မြောပါ ပျောက်ကွယ် သွားရမှာပါ။
ဆိုင်တဲ့သူမဟုတ်ပေမယ့်နဲနဲတော့ဝင်ပွားချင်ပါတယ်....
Reply
ဒီနေရာမှာကိုယ်ချင်းစာတရားကအရေးကြီးတယ်လို့ဆိုချင်ပါတယ်...
သိတဲ့အတိုင်းအနောက်နိုင်ငံတွေမှာအားနာမှု ဆိုတာမရှိပါဘူး
ဒါပေမယ့်ကိုယ်ချင်းစာမှုကိုတော့အလွန်အရေးထားပါတယ်..ကိုမန်းကိုကိုရဲ့အရင်ပို့စ်ထဲက ကရင်တွေမမြင်ရင်
ခွင်ပျောက်လိမ့်မယ် ထဲကလိုပါဘဲ ကိုယ်ချင်းစာတရားမရှိသူ တွေကြောင့်လူ့အသိုင်းအ၀ိုင်းမှာစိတ်အနှောက်
အယှက်ဖြစ် ဒုက္ခရောက်ကြရပါတယ်....
အင်္ဂလိပ်တွေဆိုရင်gentleman ဆိုတာကိုအလေးထားကြပါတယ်....
ကျနော် ကိုထိန်လင်း ရဲ့လူကက်ဆက် ကိုဖတ်မိပြီးအလွန်တုန်လှုပ် မိပါတယ်..ကိုယ်သာသူတို့နေရာမှာဆိုရင်
ဘယ်လိုခံစားရမယ် ဆိုတာမတွေးဝံ့ အောင်ပါဘဲ...
လူလူချင်းကိုယ်ချင်းစာနိုင်တဲ့တနေ့ ကျနော်တို့နိုင်ငံတိုးတက်လာမှာပါ ..
စာရေးသူမန်းကိုကို က ဒါးခုတ်ရာလက်ဝင်မလျှိုပါနဲ့ တဲ့။ ကျောင်းသားတပ်မတော်မြောက်ပိုင်း ဥက္ကဌ ကိုထွန်းအောင်ကျော်ကိုခုတ်လိုက်တဲ့ဓားချက်ကိုလား၊ကျော်ဝေ..ဓမ္မစစ်ကျောင်းသားကွလို့ ကြွေးကြော်ရင်း အသေခံသွားတဲ့ကိုကျော်ဝေကိုခုတ်လိုက်တဲ့ဓားချက်လား၊ သေခါနီးအချိန်တောင်ရီနေနိုင်ခဲ့တဲ့ မင်းတို့  ကြိုက်တဲ့လက်နက်နဲ့ သတ်လို့  သတ္တိပြောင်တဲ့ ကိုမောင်မောင်ကြွယ်ကိုခုတ်လိုက်တဲ့ဓားချက် ကိုလား။......ဘယ်သူ့ ကိုခုတ်လိုက်တဲ့ဓားချက်ကို လက်ဝင်မလျှိုစေချင်တာလဲ ကတော့ စာရေးသူ မန်းကိုကိုပဲသိနိုင်မှာပါ။
Reply
AnonymousFebruary 14, 2012 2:29 PMထူဆန်းပါ့၊၊မတရားမှန်းလဲသိတယ်၊ယုတ်မာမှန်းလဲသိတယ်၊အဲဒါကိုသိသိကြီးနဲ့ ဘာမှအရေးမယူဘဲ အဲဒီလိုလူတွေကို ခေါင်းဆောင်တင်ပြီး တော်လှန်ရေး ဆက်လုပ်တယ်၊
Reply
ဒီလိုလုပ်ဗျာ။ မန်းကိုကို ကဘယ်လိုဖြစ်စေချင်တာလဲ။ တချက်ပြောကြည့်။ နားထောင်ကြည့်ချင်ပါတယ်။
Reply
ဒီကိစ္စကို ခင်ဗျားဘယ်လို ကိုင်တွယ်ချင်သလဲပေါ့။ အဲဒါရှင်းရှင်းလင်းလင်းသိချင်ပါတယ်။ လွန်ခဲ့တဲ့အနှစ် ၂၀ က တော်လှန်ရေးလုပ်ဖို့ ထွက်သွားပြီး ခေါင်းဖြတ်သတ်ခံခဲ့ရတဲ့ ကျောင်းသားတွေအပေါ် ခင်ဗျားဘယ်လိုသဘောထားတယ်။ သတ်ခဲ့တဲ့သူတွေအပေါ်ခင်ဗျားဘယ်လိုသဘောထားတယ်။ ဒီကိစ္စကို ဘယ်လို ဖြေရှင်းသင့်တယ်... စသဖြင့်ပေါ့။ အခု ဒီဆောင်းပါးကတော့ ဗလုံးပထွေးနဲ့  မရှင်းလင်းလှဘူး။ ကျနော့် အထင်တော့ ခင်ဗျားမှာ အတွေးအခေါ်အရကို သိပ်မရှင်းလင်းလှဘူးလို့ ယူဆ တာပဲ။(ဒီစာကိုဖတ်ပြီးခင်ဗျားကိုလှမ်းမြင်ရတဲ့စာဖတ်ပရိသတ်တယောက်ရဲ့ အမြင်ပါ။)
လက်ဝှေ့ မထိုးတတ်ဘူး။
Reply
ဖဲမရိုက်တတ်ဘူး။
အင်္ဂလိပ်စာလည်း သိပ်မတတ်ဘူး။
အထူးသဖြင့် မန်းကိုကိုရေးထားတဲ့ domestic၊ international လား ၊ coded law common law ၊ prosecution ၊ healing ၊ reconciliation ၊ pest analysis, swot analysis strategy ၊plan and goal ၊battle plan
တော်တော်မရင်းနှီးတဲ့စကားလုံးအစိမ်းတွေပါ။
ဘာပဲဖြစ်ဖြစ်စာပြန်တာကျေးဇူးဗျို့ ။
AnonymousFebruary 16, 2012 2:47 PMIt is easier to be critical than correct.
Reply
(Benjamin Disraeli)
မှားတတ်တာ လူ့သဘာဝ
အမှားနည်းတာ လူ့အရည်အချင်း
အမှားကိုအမှားမှန်းသိပြီးဝန်ခံရဲတာ လူ့တန်ဖိုး
(Anonymous)
AnonymousFebruary 16, 2012 2:54 PMKo Mahn Ko, Please state precisely what you means in all posts.
Reply
AnonymousFebruary 17, 2012 10:53 PMHAHAHAHA,finally I've got it I'm dumb as donkey.ManKoKo you're smart you used THE NORTHERN MASSACRE as your stepping stone.I think your blog get more viewers than before isn't it? Its fair enough advertising blog by controversial articles.
Reply
AnonymousMarch 3, 2012 4:44 PMအမှားတွေကို သူတို့ချည်းပဲ လုပ်ခဲ့တာမဟုတ်ဘူး။ တခြားတခြားသောသူတွေ စစ်ထောက်လှန်းရေးတွေလည်း လုပ်ခဲ့တာပဲ လို့ ပြောလို့တော့ မရဘူးဗျ။ စစ်ထောက်လှန်းရေးတွေနဲ့ တခြားတခြားသောသူတွေအတွက်လည်း သမိုင်းက ကမည်းတင်သွားမှာပါ။ ဒီကိစ မှာလည်း ခံရတဲ့သူတွေဟာ ထောက်လှန်းရေးတွေမဟုတ်ဘူး။ သူတို့ဟာ တိုင်းပြည်အတွက် ဒီမိုကရေစီရေးအတွက် အလုပ်လုပ်ဖို့ တောထဲဆင်းလာတဲ့ လူငယ်လေးတွေ။ လူယုတ်မာတွေကြောင့် ဒီလို သေခဲ့ရတယ်ဆိုတာ သမိုင်းကို ပေါ်အောင်ဖော်နေကြတာပါ။ ခု အသက်ပေးသွားရတာတောင် လူယုတ်မာတွေ စစ်ထောက်လှန်းရေးတွေအဖြစ် နာမည်ဖျက်တာကို ခံထားခဲ့ရတဲ့သူတွေပါ။ သတ်တဲ့သူတွေဟာ အခုအချိန်အထိ ထောက်လှန်းရေးတွေမို့ သတ်ခဲ့ရတာပါ ဆိုတာကနေ လုံးဝမလျော့ပေးသေးတဲ့ အနေအထားမှာ ရှင်ကျန်နေခဲ့ရတဲ့သူတွေအနေနဲ့ သေဆုံးသွားတဲ့ သူတို့ရဲဘော်တွေအပေါ် ဂုဏ်သိကာပိုင်းအရ သမိုင်းအရ ဖော်ထုတ်ပေးဖို့ တာဝန်ရှိပါတယ်။ စစ်တပ်က စစ်တပ်ခေါင်းဆောင်တစ်စုက ပြည်သူအမြောက်အများကို သတ်ခဲ့တဲ့အတွက် စစ်တပ်တစ်ခုလုံးကို ကျွန်တော်တို့ မမုန်းသလို ဒီလူယုတ်မာတွေက ဒီရဲဘော်တွေကို သတ်ခဲ့တဲ့အတွက် အေဘီကို အထင်သေးစရာ အေဘီအနေနဲ့ သေးသိမ်သွားစရာ မရှိပါဘူး။ ဒါပေမယ့် အေဘီသမိုင်းကို လေ့လာကြတဲ့အခါ ဒီအဖြစ်အပျက်ကို တလွဲတွေ မဖြစ်စေဖို့အတွက် လူယုတ်မာက မင်းသား၊ မင်းသားက လူယုတ်မာ မဖြစ်လာစေဖို့အတွက် ဖော်ကိုဖော်ထုတ်ကြရတော့မှာပါ။ အချိန်စောင့်နေစရာ မလိုပါဘူး။ ဘာပြီးမှ ဘာလုပ်မယ်ဆိုတာလည်း အဓိပါယ် မရှိတော့ပါဘူး။ ဘယ်အချိန်အထိ ဘာကိုထပ်ပြီးစောင့်ရဦးမှာပါလဲ ကိုမန်းကိုကိုခင်ဗျာ..
Reply
ကဲအပေါ်က ဆရာတွေ
Reply
မြောက်ပိုင်ပြီးရင်တောင်ပိုင်သို့မဟုတ်ကရင်ပြည်နယ်ဘက်ကိုပြန်လာပါ စစ်ထောက်လှမ်းရေးဟာ မင်းတို့ကျောင်းသားတွေကိုဘာအတွက်ကြောင့်မင်းတို့ကိုကောင်း ကောင်းမွန်မွန်လွတ်လိုက်တာလည်ဆိုတာမင်းတိုအရင်စဉ်းစားပါ တနေ့စစ်တပ်ကိုပြန်တိုက်မဲ့ကျောင်းသားတပ်ကိုဘာဖြစ်လိုလမ်းဖွင့်ပေလိုက်တာလည်ဆိုတာမင်းတိုသိမှာ မင်းတိုတွေတောထဲကိုမထွက်ခင်ကျောင်းပေါ်မှာပညာသင်ကတည်ကစစ်ထောက်လှမ်းရေးတွေဟာမင်းတိုကြားထဲမှာရောက်နေပြီးဆိုတာမင်းတိုသိဖိုလိုတယ် ဒီမိုကရေစီလိုအော်တတ်တာနဲနိုင်ငံရေသမာမဟုတ်သလိုပညာတတ်တိုင်ခေါင်းဆောင်မဟုတ်ဘူး မြို့ပေါ်မှာအော်နေတဲ့အချိန်နဲတောထဲကဘ၀နဲကွာခြာသလိုလက်နက်ကိုင်လိုက်ရင်လည်စိတ်ဓါတ်ကပြောင်လည်သွားနိုင်တယ် ခင်ဗျာတိုကျောင်းသားတွေတောထဲမရောက်စစ်ထောက်လှမ်းရေးကမင်းတိုထက်ပိုပြီးစနစ်တကျအကွက်စိစိနဲလုပ်နိုင်တယ် မင်းတိုမြိုပေါမှာအော်နေတာသူတိုမကြိုက်လိုတောထဲကိုလမ်းဖွင့်ပေးလိုက်တာဘဲအဲဒီထဲမှာသူလူတွေထည့်လိုက်တောမင်းတိုအချင်ချင်သတ်ကြတောဟိုလူသတ်တယ်ဒီလူသတ်တယ်ထအော်နေကြတယ် အမြန်တောမင်းတိုကိုသတ်တာစစ်ထောက်လှမ်းရေးဘဲ ဒါကိုမင်းတိုဘာကြောင့်မအော်ကြတာလည် ထအော်နေတဲ့ကောင်တွေကလည် တိုင်းရင်းသားကိုပါဆွဲထည့်လိုက်သေးတယ်ထိုအတူဘဲကရင်နယ်တဲ့ကျောင်းသားတွေကလည်အချင်ချင်သတ်ကြတာကိုတိုင်းရင်းသားတွေကသတ်သလိုလိုနဲ2003-2004 လောက်မှာBBCမေးမြန်ခန်းတခုမှာပါလာသေးတယ် မင်းတိုခေါင်းဆောင်မိုးသီးကနိုင်အောင်လူကိုသတ်တယ် နိုင်အောင်ကမိုးသီလူကိုသတ်တယ်မင်းတိုအားနေရင်ဒါတွေလည်ထည့်ရေးလိုက်ပါအုန်ဖတ်ချင်တယ်
KoMinMinMarch 22, 2012 3:43 AM”ကိုထိန်လင်း ၊ မနန်းအောင်ထွေးကြည် ၊ ကိုညီညီကျော် ၊ ကိုထင်လင်းအောင်-”
Reply
- သူတို့က ယုတ်ကန်းပက်စက်လှတဲ့အဲဒီငရဲခန်းကြီးကို ကိုယ်တိုင်ခါးစည်းပြီး ဖြတ်သန်းခဲ့ကြရတဲ့ သူတွေထဲက ကံကြီးလွန်းလို့ မသေပဲ လွတ်မြောက်လာသူ တချို့။
တနည်းပြောရရင် ငရဲကောင်တွေကို ငရဲပို့ဖို့၊ လူ့အဖွဲ့အစည်းတရားခွင်မှာ လူမဟုတ်တဲ့ လူတူ သတ္တဝါတွေကို လူ့စည်းဝိုင်းအပြင်ဘက် လူ့သမိုင်းအဆက် ဆက်မောင်းထုတ်ကြဖို့၊ လောကပါလ တရားကိုယ် အရ၊ လိုအပ်မှုအရ ရှင်သန်ခွင့်ရခဲ့ကြတဲ့ လူတွေထဲက တချို့။၊
လူ့အဖွဲ့အစည်းဝင်တစ်ခုဖြစ်တဲ့မြန်မာ့လူ့အဖွဲ့အစည်းရဲ့ဂုဏ်သိက္ခာနဲ့ လူ့ယဉ်ကျေးမှုတန်ဘိုး ”စံ” ကို ရုပ်ပျက်ဆင်းပျက် ဖြစ်အောင် ဖျက်ဆီးခဲ့ကြတဲ့၊ ဖျက်ဆီးနေဆဲလည်းဖြစ်တဲ့၊ ဆက်ဖျက်ဆီးဖို့လည်း ကြံစည် နေကြတဲ့ ဗီဇယုတ် ငရဲကောင်တွေနဲ့အပေါင်းပါတွေရဲ့အန္တရာယ်က နောက်မျိုးဆက်တွေ လွတ်ကြရအောင် လုပ်ဖို့တာဝန်ရှိတဲ့၊ တာဝန်သိတဲ့၊ခိုင်ကြည်တဲ့ သက်သေ၊ တရားလိုတွေဖြစ်တယ် ။ ကာယကံရှင်တွေဖြစ်တယ်။ မြောက်ပိုင်းကိစ္စဟာ ဘက်နှစ်ဘက်(နိုင်ငံတော်နှစ်မျိုး) ကြားက ပြဿနာ၊ တပ်စုတစ်စု၊ အဖွဲ့အစည်း တစ်ခုတည်း အတွင်းက ပြဿနာမျှသာ မဟုတ်တော့ဘူး။
နယ်လွန်သွားပြီ၊
မြန်မာ အပါအဝင် တိုင်းရင်းသား လူ့အဖွဲ့အစည်းဝင် အားလုံးရဲ့ယဉ်ကျေးမှု ဂုဏ်သိက္ခာကို ပြောင်ပြောင်တင်းတင်း အသရေဖျက်တာ။
လူ့အဖွဲ့အစည်းဝင်တွေရဲ့ လူ့ဂုဏ်သိက္ခာ၊ လူ့တန်ဘိုးကို မိုက်ရိုင်း စုတ်ပဲ့စွာ စော်ကားလိုက်တာပဲ လို့ ယူဆပါတယ်။
စိတ်ဝင်စားစရာကောင်းတဲ့ ဆောင်းပါးလေးတစ်ချို့ရဲ့ လင့်တွေပါ ။
Reply
ကျနော့်အနေနဲ့ ဘယ်သူ့ကိုမှ မှန်တယ် မှားတယ်လို့ ပြောပိုင်တဲ့ နေရာမျိုးမှာ ရှိမနေတာကြောင့်
သိလာတာတွေကို မှတ်ထားပြီး ကာလတစ်ခုရောက်မှပဲ မှတ်ချက် ထပ်ပေးလို့ရတော့မယ် ထင်ပါတယ် ။
Sunday, 19 February 2012မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ (အပိုင်း- ၁ နှင့် ၁၀)
http://www.pyustate.com/2011/12/blog-post_21.html
http://www.pyustate.com/2012/02/blog-post_19.html
ABSDF မြောက်ပိုင်းအရေးကိစ္စကို ဆန်းစစ်ခြင်း (ထွန်းအောင်ကျော်)
http://www.pyustate.com/2012/02/absdf_13.html
Sunday, 12 February 2012မြောက်ပိုင်းဒေသ ABSDF တပ်ဖွဲ့ဝင် ကျောင်းသားဟောင်းများ၏ ရင်ဖွင့်စကားများ (ရုပ်သံ)
http://www.pyustate.com/2012/02/absdf_12.html
မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၁) (၂) (၃)http://www.naytthit.net/?p=25841
http://www.naytthit.net/?p=25892
http://www.naytthit.net/?p=26016
AnonymousApril 6, 2012 2:01 PMAw man, its boring that you rarely write a post.
Reply
Come on, do something!
Whip it up!!
Make all known for your name!!
Yaaaa.... hooooooo .......
:)
Thu said...
မန်းကိုကို is nothing, just begging the comments to his blog with different views indirectly.
And his week writing style confuse what he wants and peoples are not interested.
February 13, 2012 11:46 PM
copied from "http://8-8-88.blogspot.com.au/2012/02/blog-post_7302.html"
ဒုက္ခပဲ ၊
Reply
ထပြီး ကပြရမလို ဖြစ်နေပြီ :-)
ယေဘုယျ ...
- အားမှ စာရေးလို့ ရတာပါ ၊
- စိတ်ရှိမှ အတွေး အာရုံရမှ ရေးလို့ရတာပါ ၊
- အစွန်း ဘောင်လွတ်အောင် ရေးရပါတယ် ၊
- လူမသိလည်း ကိစ္စ မရှိပါ ... လို့ ပြောရမယ် ထင်တယ် ။
အောက်က Thu ရေးတာတွေက ... အင်း ... ဟုတ်ပါတယ်လေ ၊
အရှူံးပေး နှလုံးအေး အပြုံးကလေးတွေ ပွင့်စေမယ်ဆိုရင်တော့ ....
ချွင်းချက် အချို့ကလွဲရင် သဘောအတိုင်းပါဗျာ သဘော သဘော .. ။



No comments:
Post a Comment