တော်လှန်ရေးသမားတစ်ဦး၏ စံနမူနာထားရမယ့်ကျင့်ဝတ်
ငါတို့တော်လှန်ရေးနယ်မြေကိုထွက်လာတာ ဘာကြောင့်လည်းလို့မေးရင် အဖြေကရှင်းပါတယ်၊
လူ့အခွင့်အရေးချိုးဖေါက်ခံရလို့၊ ဒီမိုကရေစီအခွင့်အရေးတွေမရရှိလို့ဆိုတာလူတိုင်းဖြေရပါလိမ့်
မယ်၊ တော်လှန်ရေးအဖွဲ့အစည်းတိုင်းမှာ ဦးတည်ချက်ရှိတယ်၊ ရည်ရွယ်ချက်ပန်းတိုင်ရှိတယ်၊ ဒါဟာတပ်ဦးတစ်ခု၊အဖွဲ့အစည်းတစ်ခုရဲ့အသက်သွေးကြောဖြစ်တယ်၊
တပ်ဦးအဖွဲ့ဝင်တစ်ဦးကို ဒီလိုမေးခွန်းတွေကိုမေးမယ်ဆိုရင် ဘယ်လိုဖြေကြမလဲ။
၁၊ ခေါင်းဆောင်တစ်ဦးနှင့်အဖွဲ့အစည်း နှစ်ခုထဲကတစ်ခုခုကိုဦးစားပေးရမယ်ဆိုရင် သင်ဘယ်
ဟာကိုရွေးမှာလဲ။
၂၊ အဖွဲ့အစည်းနှင့်အဖွဲ့၏ဦးတည်ချက်ရည်ရွယ်ချက် နှစ်ခုထဲကတစ်ခုခုကိုရွေးရမယ်ဆိုရင် သင်ဘယ်ဟာကို ရွေးမှာလဲ၊
တကယ်တမ်း စစ်မှန်သောတော်လှန်သူတစ်ဦး(သို့)အမှန်တရားကိုလိုလားသူတစ်ဦးသာဆို
လျှင် အဖွဲ့အစည်း၏အရေးဟာ ခေါင်းဆောင်တစ်ဦးထက်ပိုပြီးအရေးတယ်လို့ဖြေမှာဖြစ်သလို
အဖွဲ့အစည်း၏ဦးတည်ချက်ရည်ရွယ်ချက်ဟာလည်း အဖွဲ့အစည်းထက်ပိုပြီးအရေးကြီးတယ်လို့
ဖြေပါလိမ့်မယ်၊
လူ့အခွင့်အရေးချိုးဖေါက်ခံရလို့တော်လှန်ရေးနယ်မြေကိုရောက်ခဲ့ကြသူတွေဟာ လူ့အခွင့်အ
ရေးချိုးဖေါက်မှုကို ဘယ်နေရာရာမှာပဲတွေ့တွေ့ လုံးဝကိုဆန့်ကျင်ရမယ်ဆိုတာ တာဝန်တစ်ရပ်
ဖြစ်ရပါမယ်၊ ကျနော်ချစ်တဲ့ခေါင်းဆောင်လုပ်ခဲ့တာဖြစ်လို့ ကျနော်လေးစားခဲ့ရသောခေါင်း
ဆောင်ဖြစ်လို့ ကျနော်ခေါင်းဆောင်ကိုကျနော်အကာအကွယ်ပေးရမယ်ဆိုတဲ့စိတ်ဓါတ်ကတော့
မှားယွင်းတဲ့စိတ်ဓါတ်(သို့)တော်လှန်ရေးသမားမဆန်တဲ့အတွေးအခေါ်ဖြစ်တယ်၊
အဲဒီလိုအတွေးအခေါ်တွေကြောင့်တော်လှန်ရေးတော်တော်များများပျက်စီးဆုံးရှုံးမှုဖြစ်ခဲ့တဲ့
သမိုင်းတွေဟာ မြန်မာပြည်မှာသာမက ကမ္ဘာပေါ်မှာလည်းအများကြီးဖြစ်ခဲ့ပြီးပါပြီ၊ ဒါကြောင့် အဲဒီလိုအမှားတွေဆက်မမှားဘို့ တော်လှန်သူတိုင်းမှာတာဝန်ရှိပါတယ်၊
ပြီးတော့မိမိတို့အဖွဲ့အစည်းဟာ လူ့အခွင့်အရေးကိုဦးတည်ထားတာဖြစ်လို့ လူ့အခွင့်အရေးချိုး ဖေါက်မှုတွေ မိမိတို့အဖွဲ့အတွင်းမှာဖြစ်လာခဲ့ပြီဆိုရင် ကျနော်တို့အားလုံးတက်ညီလက်ညီ ဆန့်ကျင်ရမယ်၊ တာဝန်ရှိသူတွေကိုဖယ်ရှားပြစ်ရမယ်၊ ဒါဟာတော်လှန်ရေးတပ်ဦးတစ်ခုရဲ့
စံနမူနာထားရမယ့်ကျင့်ဝတ်တွေပဲ၊
ဒီလို ကျနော်တို့ စံနမူနာထားရမယ့်ကျင့်ဝတ်တွေကိုဖေါက်ဖျက်သူတွေဟာ ဖေါက်ပြန်ရေး
သမားမျှသာဖြစ်တယ်၊ ငါတို့ရဲ့တော်လှန်ခဲ့တဲ့သိက္ခာကိုအထိအခိုက်ခံပြီး သူတို့ကိုအကာ အကွယ်ပေးစရာမလိုဘူး၊ သူတို့ကိုမှားယွင်းစွာအကာအကွယ်ပေးခြင်းအားဖြင့် ငါတိုရဲ့ညီညွတ် ရေးကိုအထိအခိုက်မခံပါနဲ့၊
အခုအချိန်မှာဆို အားလုံးကအမှန်အမှားကို ဆင်ချင်သုံးသပ်လို့ရနေပါပြီ၊
ထာဝရခေါင်းဆောင်ဆိုတာ ဘယ်တော့မှမရှိ
ထာဝရအဖွဲ့အစည်းဆိုတာ ဘယ်တော့မှမရှိ
လူ့အခွင့်အရေးသည်သာ ကမ္ဘာပေါ်မှာလူသားတွေတည်ရှိနေသ၍တည်တန့်နေမည်မှာမလွဲပေ၊
- 14 shares
- Smile Pyone လူတိုင်းသိသင့်။လိုက်နာကျင်
့သုံး။ထိန်းသိမ်းစောင့်ရှော က်သင့်တဲ့ ပရမတ္ထ တရားတွေပါ။ - Min Min Aungအင်မတန်ကောင်းတဲ့ ဖြစ်သင့် ဖြစ်ထိုက်တဲ့ အယူအဆ....ဒါပေမယ်လို့ တချို့လူတွေအတွက်တော့ ကျင့်သုံးဖို့ခက်မှာပါ... "ဟိုတချိန်က ငါ့ကို ဘယ်လို ကူညီခဲ့ ကယ်တင်ခဲ့တယ် " ဆိုတာကြီးက အဓိက ရည်ရွယ်ချက်ကို ပျောက် ဆုံးစေခဲ့တာပါ...ခုချိန်မှာ
ထောက်ပြလဲ "ပေါက်တဲ့နဖူး မထူးဘူး" ဆိုတဲ့ဇာတ်ကိုပဲ က ကြတော့မှာ...သိသိကြီးနဲ့ မိုက်ကြတော့မှာ...ဒါပေမယ်လို့ သူတို့ရဲ့ Guilty Sense ကို Moral Sense အစား သယ်သွားရတော့ ဆိုတာ အချိန်မီသိဖို့ ပဲလိုပါတယ်...သုံးသပ်နိုင်ြ ကပါစေ... May 16 at 1:05pm · · 3 - Lay Lay Nwe I agree with you Ko Oo....thanks for sharing....lovely note....:o)May 16 at 6:16pm · · 1
- Yinmon Monအခုတော့ တော်လှန်ရေးကြီးထဲက ခေါင်းရှောင်ကြီးတွေက ငါနဲ့မတူ ငါ့ရန်သူ...ငါ့ကိုချစ်ရင် နင်ကြိုက်တာယူ တွေချည်းပဲ....သူတို့ကို အဲဒီလို ပြောရင် သူတို့က ငါ့ကို ဆရာမလုပ်နဲ့ ငါပြောသလို လုပ် ငါလုပ်သလို မလုပ်နဲ့လို့ ပြောမှာ...ဆရာကြီးတွေလေ...ဆ
ရာကြီးတွေ ....တပည့်လည်း မရှိဘဲနဲ့ ဆရာကြီးတွေဖြစ်နေတာ...ကျီးကို ဘုတ် မြှောက်...ဘုတ်ကို ကျီးမြှောက်နဲ့ ရွံဖို့ကောင်းတဲ့ သတ္တဝါတွေ...တော်လှန်ရေးကြီး အဒွန့်ရှည်ပါစေလို့ ကျိတ်ဆုတောင်...မြန်မာပြည်ထဲဝင်ဖို့ အခါခါဖန်နေကြပါရောလား...ဖန် မှာပေါ့ အပြင်မှာ ဂွင်ပျက်နေတော့...အတွင်းမှာ ဂွင်ဝင်ရိုက်တော့မယ်...ဒီမှာကွယ်...သူတို့က နအဖ နဲ့ သားအဖ ဆိုတာ မမေ့ကြဖို့ပဲ... - Aung Khaing Myint Please let me share a great article in blog..thanks..http://
8888newgenerations.blogspot .ca/2012/05/ blog-post_8109.html#links
No comments:
Post a Comment