Phome Maungposted toဘရာဇီး ငှက်ရိုး
ဒေါက်တာနိုင်အောင် မြောက်ပိုင်းကိစ္စဖြေရှင်းချက်စာအပေါ်မှာ ဒီလိုမြင်မိပါသည်။
၁။ ဗိုလ်နေ၀င်းက ဆဲဗင်းဇူလိုင်ကိစ္စကို ၂၆နှစ်ကြာချိန်မှာ ပြန်ဖြေရှင်းသောလည်း တရားခံအဖြစ်မှ ထွက်ပေါက်ရှာပါသည်။ ဒေါက်တာနိုင်အောင် စာသည်လည်း ကာလိုက်၊ဖုံးလိုက်၊ပေါ်လိုက်နှင့်ဖြစ်နေပါသည်။
၂။ သူလျှိုဆိုပြီးရောထွေးထားသော ဖြေရှင်းချက်သည် မြောက်ပိုင်းကိစ္စအမှန်တရားပေါ်ထွန်းရေးအား ဖုံးကွယ်နေသည်လို့ မြင်ပါသည်။ မြောက်ပိုင်းထက်စောပြီး ဒေါက်တာနိုင်အောင်ကန့်  ၁၀၁စခန်းမှာ မဆလတပ်ထွက်ကျော်တင့်(သင်တန်းမှူး)ဦးစီးပြီး ကျောင်းသားအချို့ ကို (၅ဦးလို့  ထင်သည်)သတ်ဖြတ်ခဲ့သောကိစ္စလည်း ရှိထားဖူးပါသည်။ တပ်တွင်းဥပဒေလောက်နှင့် အရေးယူရင်ရနိုင်သောအမှုကို သေဒဏ်ချခဲ့သောလုပ်ရပ်သည်လည်း လူသိထင်ရှားဖြစ်ပါသည်။
၃။ဒေါက်တာနိုင်အောင်၏ မြောက်ပိုင်းကိစ္စစာမှာ တတိယအကြိမ်ညီလာခံနှင့်တော်လှန်ကော်မီတီအကြောင်းရိုးတိုးရိပ်တိတ်ဖော်ပြလိုက်တာကို
တွေ့ ရပါသည်။တတိယအကြိမ်ညီလာခံနှင့်ပက်သက်သောကိစ္စကို ဒေါက်တာနိုင်အောင်နှင့်ကိုမျိုးဝင်းတို့ အမည်နှင့်ထုတ်ပြန်သောစာတမ်းမှာ ကိုမိုးသီးဇွန်မှ ဗဟိုကော်မီတီနေရာခွဲဝေမှုအထိလျော့ချသဘောတူပေးမှုကို စာအကြိမ်ကြိမ်ရေးပြီး ဆွေးနွေးခဲ့ခြင်းကို တွေ့ ရပါသည်။ နေရာလု-အုပ်စုဖွဲ့ အားပြိုင်မှုတွေကြောင့် မကဒတ၏ တတိယအကြိမ်ညီလာခံအကွဲအပြဲသည် ကျောင်းသားတပ်မတော်နှင့် လက်နတ်ကိုင်တော်လှန်ရေးကို ထိခိုက်ခဲ့တာအမှန်ဖြစ်ပါသည်။
၎။ ထို့ အပြင် မကဒတ၏ တော်လှန်ကော်မီတီ(ယာယီ) ပေါ်ပေါက်လာရခြင်းသည်
(က) စစ်မှန်သောဒီမိုကရေစီနိဒါန်းစာတမ်းအား ဒေါက်တာနိုင်အောင်၊ရှေ့ နေအောင်ထူးတို့ မှ မင်ဖြူ၊မင်မဲများဖြင့် တော်လှန်ရေးစာသားများကို ဆင်ဆာလုပ်ခဲ့ခြင်း
(ခ) ၉၀ရွေးကောက်ပွဲမဲရုံများအား ကျောင်းသားတပ်မတော်ကို မဖျက်ဆီးဖို့ ၊ ရန်သူကိုနာကျည်းအောင်မလုပ်ဖို့ စတာများအား ရန်သူအကြိုက်ထုတ်ဖော်ပြောခြင်း
(ဂ) ရွေးကောက်ပွဲအပြီး အင်န်အယ်လ်ဒီအနိုင်ရပြီဆိုတာနှင့် ဘန်ကောက်စ်ပို့ သတင်းစာမှာ ကျောင်းသားတပ်မတော်မှ အပစ်အခတ်ရပ်စဲထားပြီးဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုခဲ့ခြင်း
(ဃ) လက်နတ်ကိုင်တော်လှန်ရေးအတွေးအခေါ်ကိုရိုက်ချိုးပြီး အညံ့ခံစေ့စပ်ရေးအတွေးအခေါ်ကို အာဖရိကမှ နယ်လ်ဆင်မန်ဒဲလား-အေအန်စီ၊အကြမ်းမဖက်နှလုံးရည်တိုက်ပွဲဂျင်းရှပ်တို့ အား အသုံးချသွပ်သွင်းလာတာများကြောင့် တော်လှန်ကော်မီတီပေါ်ထွက်လာရခြင်းဖြစ်သည်ကို ကျယ်ကျယ်ပြန့် ပြန့် ရှင်းပြဖို့ လိုပါသည်။
၅။ အမျိုးသားထောက်လှမ်းရေးအဖွဲ့ ၏ ရေလှိုင်းစစ်ဆင်ရေးကိုဖော်ထုတ်တာဆိုပြီး ကျောင်းသားများအားအစုအပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ်အပေါ် တာဝန်ခံထားသော ဒေါက်တာနိုင်အောင်၊ရှေ့ နေအောင်ထူးတို့ ၏ ထုတ်ပြန်ကြေညာစာများသည် ထင်ထင်ရှားရှားရှိနေပြန်သဖြင့် ယခုဒေါက်တာနိုင်အောင်ထုတ်ပြန်စာသည် ရှေ့  မှစာများနှင့်ကွဲလွဲနေတာကိုတွေ့ ရပါသည်။ ။
သူ့ အကြွေးရှိက ပြန်ဆပ်ရမည်။
စစ်အောင်
၁။ ဗိုလ်နေ၀င်းက ဆဲဗင်းဇူလိုင်ကိစ္စကို ၂၆နှစ်ကြာချိန်မှာ ပြန်ဖြေရှင်းသောလည်း တရားခံအဖြစ်မှ ထွက်ပေါက်ရှာပါသည်။ ဒေါက်တာနိုင်အောင် စာသည်လည်း ကာလိုက်၊ဖုံးလိုက်၊ပေါ်လိုက်နှင်
၂။ သူလျှိုဆိုပြီးရောထွေးထားသော ဖြေရှင်းချက်သည် မြောက်ပိုင်းကိစ္စအမှန်တရားပေါ်ထွ
၃။ဒေါက်တာနိုင်အောင်၏ မြောက်ပိုင်းကိစ္စစာမှာ တတိယအကြိမ်ညီလာခံနှင့်တော်လှန်ေ
တွေ့ ရပါသည်။တတိယအကြိမ်ညီလာခံနှင့်ပ
၎။ ထို့ အပြင် မကဒတ၏ တော်လှန်ကော်မီတီ(ယာယီ) ပေါ်ပေါက်လာရခြင်းသည်
(က) စစ်မှန်သောဒီမိုကရေစီနိဒါန်းစာတ
(ခ) ၉၀ရွေးကောက်ပွဲမဲရုံများအား ကျောင်းသားတပ်မတော်ကို မဖျက်ဆီးဖို့ ၊ ရန်သူကိုနာကျည်းအောင်မလုပ်ဖို့ စတာများအား ရန်သူအကြိုက်ထုတ်ဖော်ပြောခြင်း
(ဂ) ရွေးကောက်ပွဲအပြီး အင်န်အယ်လ်ဒီအနိုင်ရပြီဆိုတာနှင
(ဃ) လက်နတ်ကိုင်တော်လှန်ရေးအတွေးအခေ
၅။ အမျိုးသားထောက်လှမ်းရေးအဖွဲ့ ၏ ရေလှိုင်းစစ်ဆင်ရေးကိုဖော်ထုတ်တ
သူ့ အကြွေးရှိက ပြန်ဆပ်ရမည်။
စစ်အောင်
1 ·
No comments:
Post a Comment