Saturday, February 16, 2013

မိခင်သို့ နှုတ်ဆက်စကား


by Kyaw Gyi AB on Monday, February 6, 2012 at 11:46am
အမေ မေသိန်းက သစ္စာလေးပါး မသိဘူး
သူ့ ကိုသိစေချငိတယ်
ပြီးတော့ အမေ လည်းမသိပါဘူး
ဟဲ့ -မင်းတို့ ရှိနေတာ ငါကဘယ်လိုသိရမှာလည်း
ကျွန်တော်တို့  မရှိမှ အမေသိလာမှာလား
အဲ -သိချင်လည်း သိလာမှာပေါ့
ဟုတ်တယ် ကျွန်တော်တို့ ကို သံယောဇဉ်ဖြစ်နေသရွေ့ အမေမသိသေးပါဘူး
အမေ
ကျွန်တော်သွားတော့မယ်
အမေ့ ကိုနုတ်ဆက်နေတာပါ
အမေ သံယောဇဉ်တွေကိုလျော့ပါ အမေ

( ကိုထွန်းအောင်ကျော် ရဲ့ တောတွင်းမထွက်ခွာမီ နုတ်ဆက်စကား )

ငါ့သားကြီးကတော့ပြန်မလာနိုင်တော့ဘူးပေါ့ ( 6.2.2012 ) အသက် ၇၈ နှစ်

သားတွေရဲ့ အမေ
သားတွေလုပ်သမျှ ကကြီးကအ အထိ သိတဲ့ အမေ
အိမ်မှာဝင်/ထွက်သူ အားလုံးကိုသိတဲ့ အမေ
မင်းကဘယ်သူ့ သားလဲ လို့ မေးတတ်တဲံ အမေ
မူလ မန္တလေးက ဇစ်မြစ်ကို သိကြတယ်လေ
ဒီနေ့  မှာတော့
သူ့ အမေက ရှီလာဝီလျှံ
ကွန်ဗင့်မှာ သူငယ်ချင်း
အော် သူကဒီလိုတောင်လုပ်ရက် သလား တဲ့
· · Share

  • 37 shares
    • Cho Tu Zal စိတ်မကောင်းဖြစ်လိုက်တာ...
    • Than Doke ဘာပြောရမှန်းကို မသိတော့ပါဘူးဗျာ။
    • Tayzar Myat စိတ်မကောင်းပါဘူး
    • Aye Aye Soe Win ရင် ထဲ ဆို့ သွား ပါ တယ်
    • Udp Myanmar
      ကျောင်းသားတွေ အိမ်ပြန် လာကုန်ပြီ။ ထောင်တံခါးတွေ ဖွင့်လို. အိမ် ပြန်ရောက်သူတွေ ရောက်ကုန်ပြီ။ တောထဲ တောင်ထဲကနေလဲ ရဲဘော်တွေ ပြန်လာဖို. စကားတွေ ပြောနေပြီ။ နိုင်ငံခြားရောက်တဲ့ ပြည်ပက ကျောင်းသားတွေလဲ ပြန်လာတဲ့သူတွေ ပြန်လာနေပြီး ပြန်လာဖို. လ
ုပ်နေသူတွေလဲ ပြန်လာဖို. ပြင်ဆင်နေကြပြီ----သို.သော် ဗကသ ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော်တို.အဖွဲ.ကတော့ ဘယ်တော့မှ အိမ်ပြန်လာခွင့် ရရှိတော့မှာ မဟုတ်ပါ။ မိသားစုတွေနဲ. မိတ်ဆုံစားခွင့်တွေ ရရှိတော့မှာ မဟုတ်ပါ။ ။ကျောင်းသား အချင်းချင်း စွပ်စွဲပြီး အသတ်ခံလိုက်သည်။ ကျဆုံးတာခြင်း သေတာခြင်း နှိပ်စပ်ငြင်းပန်းတာ ခံရတာခြင်းအတူတူတောင် အစိုးရလက်ချက်နဲ. ဖြစ်တဲ့ကိစ္စတွေကို ဟိုလေးတကျော် ပြောကျ ဆိုကျသော်လဲ ကိုထွန်းအောင်ကျော်တို.ကိစ္စကို ပြောတာ ဆိုတာ ရေးတာတွေကို မကြိုက်တဲ့ ကျောင်းသားခေါင်းဆောင်ဆိုတဲ့ တော်လှမ်းရေးသမားကြီးတွေ အများကြီးပါ။ ။ ဘ၀ ပေးသွားရချင်းအတူတူ အခုအချိန်အထိကို ဖိလို ဖုံးလိုနဲ. ကိုထွန်းအောင်ကျော်တို. ကိစ္စတွေကို ဒိုင်ရှိုထားခြင်တဲ့ အုပ်စုတွေ ခေါင်းဆောင်တွေ ဒီမိုကရေစီအဖွဲ.အထဲမှာ အများကြီး ရှိနေတာ တွေ.ရတော့ ပိုပြီးတောင် ရင်ထဲ ဆို.စရာ။ စိတ်မကောင်းစရာပါ--အချင်းချင်း သတ်တာလဲ ခံရတယ်။ အဲဒီကိစ္စကို ပြောပြရင်တောင်----ဘာဖြစ်မှာမို. ဘယ်သူလူတွေမို. ဘယ်သူအကြိုက် ဖြစ်မှာမို.==== မို.တွေ မို.တွေ မို.တွေ များနေလေရဲ.။ ။ ကောင်းရာ သုဂတိ လားပါစေ။ အမှန်တရား ပေါ်ပါစေ။ ဥပဒေအရ အပစ်ရှိသူတွေကို တရားဥပဒေ၏ အဆုံးအဖြတ်တွေကို မိခင်တွေ အမေတွေ မကွယ်လွန်ခင်မှာ စိတ်အေးလက်အေး ခေါင်းချနိုင်ဖို. အားလုံးက ၀ိုင်းပြီး ကူညီဖို. လိုပါသည်။ ။
    • Depar Nyo so sad!!
    • Vi Ya ကျူးလွန်သူတွေရဲ့ မိဘတွေတော့ ကိုယ်ချင်းစာတက်မှာပါ။ ကျူးလွန်သူတွေကိုတော့ မမျှော်လင့်တော့ပါဘူး။
    • Kyi Yu အမေအိုပုံကို ကြည့်ပြီး စိတ်အရမ်းထိခိုက်မိပါတယ်။
    • Khin Nyein Thit ကျမ အမေက ကျမအိမ်ပြန်လာတာကိုမျော်လင့်ရင်း ကျမ အိမ်ပြန်ရောက်ပြီး မကြာခင်မှာပဲ လောက ကြီးကနေ စိတ်ချလက်ချထွက်သွားခဲ့တယ်။ ကိုထွန်းအောင်ကျော်အမေကတော့ အသက် ၇၈ နှစ်အထိ သူ့သားပြန်မလာနိုင်မှန်းသိရဲ့နဲ့ မတော်ပြန်ရောက်ရင်ဆိုတဲ့မျော်လင့်ချက်နဲ့ အသက်ရှင်နေတာထင်ပါတယ်။
      February 7 at 6:01am · · 3
    • Khin Nyein Thit ကျမကတော့ ကျူးလွန်သူတွေ လှလှပပ ၀ဠ်လည်ပါစေလို့ အားရပါးရ ဆုတောင်းပေးပါတယ်
    • Zaw Latt So......sad.
    • Ko Baloi AB မြောက်ပိုင်း ကိစ္စနဲ့ပတ်သက်ပြီး....ကျနော်ကတော့ ကံကြမ္မာကို အပြစ်မမြင်ဘူး...အပြစ်မတင်ဘူး....လူသတ်ကောင်တွေကိုပဲ အပြစ်မြင်တယ်..အပြစ်တင်မယ်...ဒီလူသတ်ကောင်တွေကို ထိုက်သင့်- ဖိုက်တန်တဲ့ အပြစ်ပေးဖို့ လှုပ်ရှားမှုတွေ ပြုလုပ်နေပါပြီး....အမေ။
    • Ko Wunna Ko ဒီအမေကြီးရဲ့မျက်နှာကို ကြည့်တိုင်း ဝမ်းနည်းမိပါတယ် ခံပြင်းမိပါတယ်
    • May Myo ကြည့်တောင် မကြည့်ရက်ပါဘူးရှင်။ အင်မတန်မှ ကိုရင်ထဲမကောင်းတာ။ အမေတိုင်းဟာ သားတွေကို သူတို့ အသက်ထက်ချစ်မြတ်နိုးကြတယ်လေ။ အရမ်းခံပြင်းဘို့ ကောင်းလိုက်တာ။ လူ မဟုတ်တဲ့ လူယုတ်မာ တစု ကြောင့် ဒီလို တွေ ဖြစ်သွားရတာ။
    • Ko Baloi From Facebook Tue Feb 7 18:19:37 2012
      X-Apparently-To: baloiaungsoe@yahoo.co.uk via 87.248.110.101; Tue, 07 Feb 2012 18:19:38 +0000
    • Aung Pan အမေ ရေလို့ခေါ်ပါရစေ.............. အမေသားပြန်မလာတော့ဘူး။ အမေ့သားကို ဂေါင်းဖြတ်ပြီး သတ်လိုက်ကြပြီအမေ........
    • Zaw Zaw Hlaing
      ကိုယ်ချင်းစာတရားကင်းမဲ့တဲ့လူတွေကတော့.. သားပျောက်မိခင်တွေ.. သားမျှော်မိခင်တွေရဲ့ရင်ထဲက ခံစားချက်ကို သူတို့ဘယ်သိမှာလဲ..။ ကိုထွန်းအောင်ကျော်ရေ.. ဒီလာမဲ့ ၁၂ရက်နေ့မှာ .. ဒီမိုကရေစီတိုက်ပွဲဝင် သူရဲကောင်းအဖြစ်နဲ့ ခင်ဗျားရဲ့မိခင်ကို တမလွန်ဘ၀ကနေ ဂုဏ
်ယူစွာနဲ့ နုတ်ဆက်လိုက်ပါ.. ဒီ၁၂ရက်နေ့မှာ ခင်ဗျားနဲ့တကွ ကျဆုံးသွားခဲ့ရတဲ့ ရဲဘော်.. ရဲမေတွေကို ဒီမိုကရေတိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ရဲဘော်တွေအဖြစ် ဒီမိုကရေစီအင်အားစုတွေက တရားဝင်အသိအမှတ်ပြုတော့မှာပါ.. ။ အမေ... အမေ့သားကြီး ကိုထွန်းအောင်ကျော်အတွက် ဂုဏ်ယူပါ.. ယုတ်မာတဲ့လူတစုရဲ့ သူလျှို ဆိုတဲ့ မှိုင်းတိုက်ထားမှု့ကို သားတို့အားလုံး ပူးပေါင်းပြီး. နှစ်(၂၀)အကြာမှာဖယ်ရှားပြစ်လိုက်ပါပြီ.. တကယ်တော့ အမေ့သားဟာ ဒီမိုကရေစီ တိုက်ပွဲဝင် သူရဲကောင်းပါ.. ဂုဏ်ယူလိုက်ပါအမေ.....။
    • Nan Wut Yi ရင်ထဲတော်တော်မကောင်းဘူး.....
    • Than Aung Naing ပြန်မဆုံနိုင်တော့တဲ့ ရိုးသားတဲ့အမေနဲ့ တိုင်းပြည်ကိုချစ်တဲ့သား လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် ကတည်းက သေကွဲ ကွဲခဲ့ကြရတယ်။ ဝမ်းနည်းမျက်ရည်များစွာနဲ့ ရင်နာစွာ ခံစားမိရပါတယ်ဗျာ.......
    • Han Myo Win တကယ်ကိုစိတ်မကောင်းပါဘူး။
    • အိုးဝေအောင် အိုးဘားမား ”ငါ့သားကြီးကတော့ပြန်မလာနိုင်တော့ဘူးပေါ့ ” ( 6.2.2012 ) အမေတင်။အသက် ၇၈ နှစ်။((ကိုထွန်းအာင်ကျော် ဆုံးသွားတာ အမေတင် ကို အသိပေးလိုက်ကြပြီလား...ကိုကျော်ကြီး))။း(
    • Ma Su Mon အမေနဲ့ သားနဲ့ ပြုံးပုံရော မျက်နှာကျပုံရော တပုံစံတည်းပဲ စိတ်ထိခိုက်လိုက်တာ..................
    • Htar Htar Lwin ရိုးသားမှုနဲ့ဖြူစင်မှုကို အမေရော သားမျက်နှာမှာပါမြင်နေရတယ်

No comments:

Post a Comment