Saturday, February 16, 2013

မြောက်ပိုင်းကိစ္စ ဂျပန်မှာ ဥက္ကဌဟောင်း ကိုထွန်းအောင်ကျော်(၇၄) ဟောပြောမည်

by Tun Wai on Sunday, February 26, 2012 at 6:34pm
by Kyaw Gyi AB on Tuesday, February 21, 2012 at 3:02pm
AB မြောက်ပိုင်းကိစ္စ ဂျပန်မှာ ဥက္ကဌဟောင်း ကိုထွန်းအောင်ကျော်(၇၄) ဟောပြောမည် ။

ABSDF ဥက္ကဌဟောင်း ကိုထွန်းအောင်ကျော်(၇၄)( ယခု အမေရိကား)





၁၉၇၄ မျိုးဆက် ကျောင်းသားခေါင်းဆောင် နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ၏ ပထမဦးဆုံး ဥက္ကဌ ဖြစ်သူ ကိုထွန်းအောင်ကျော် သည် နိုင်ငံရေးခရီးစဉ်အနေဖြင့် ဂျပန်နိုင်ငံသို့ ဖေဖေါ်ဝါရီ လကုန်ပိုင်းအတွင်း လာရောက်မည် ဖြစ်ကြောင်း သိရှိရပါသည်။



အဆိုပါ ခရီးစဉ်အတွင်း ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် မြန်မာ့အရေး တွေ့ဆုံဆွေးနွေးပွဲ တခုကို လည်း ကျင်းပပြုလုပ်သွားရန် ရှိကြောင်း သိရှိရပါသည်။



ကိုထွန်းအောင်ကျော်မှ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စံနစ် ပေါ်ပေါက်လာခြင်း နှင့် ကျောင်းသားများ၏ အခန်းကဏ္ဍ၊ စစ်အာဏာရှင်စံနစ်နှင့် ကျောင်းသားလှုပ်ရှားမှု နှစ်(၅၀)၊ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေ အနေနှင့် လွန်ခဲ့သော အနှစ် (၂၀) က ဖြစ်ပွားခဲ့သည့် ABSDF မြောက်ပိုင်း (ကချင်ဒေသ) မှ ရင်နင့် စရာ ကျောင်းသားများ အသတ်ခံရမှု စသည့် ကိစ္စရပ်များအား အကျယ်တ၀င့် ရှင်းလင်း ပြောကြား မည် ဖြစ်ကြောင်း သိရှိရပါသည်။



ဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက်ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများနှင့် ABSDF ရဲဘော်ဟောင်းများက ပူးပေါင်းစီစဉ် ဆောင်ရွက်နေကြောင်း။ ဟောပြောပွဲသဘောမျိုး မဟုတ်ပဲ အပြန်အလှန် ဆွေးနွေးမည့် အစီအစဉ်များနှင့် အနှစ်သာရရှိရှိ ကျင်းပသွားမည့် အကြောင်း ပွဲစီစဉ်သူ တဦးမှ ပြောကြားခဲ့ပါသည်။



ဆွေးနွေးပွဲကို မတ်လ (၄) ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး နေရာနှင့် အချိန်ကိုတော့ မကြာခင် ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။





ကိုထွန်းဝေ( တိုကျို)

  • You, Khin Yu Yu and 2 others like this.
  • 4 shares
    • Flygon Thapyay ABSDF ဥက္ကဌဟောင်း ကိုထွန်းအောင်ကျော် ဆိုသူနဲ့ (ဗကသ) ခေါင်းဆောင် ဥက္ကဌဟောင်း ခေါင်းဆောင် ကိုထွန်းအောင်ကျော် ( ကျဆုံး ) သူတို့မှာ အမည်ခြင်းတူနေသလို ရာထူးနဲ့ အဖွဲ့အစည်းတွေဟာလည်းတူနေသလိုဖြစ်နေသောကြောင့်...ယခုကဲ့သို့ ပို့ရေးသားသောအခါတွင်..( ၁၉၉၀ နောက်ပိုင်းမွေးဖွားလာခဲ့သော ယခုခေတ်ကျောင်းသား လူငယ်များအမှတ်မှား .. နားလည်မှုလွဲမှားနိုင်သဖြင့် ) ရှင်းလင်းချက်ကလေးအမြဲတမ်း မှတ်ချက်အနေနဲ့ ကွဲအောင် ရေးသားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
    • Yeyint Kyaw အစမှာ ၁၉၇၄ မျိုးဆက်လို့ပါတယ် ညီလေး...။
    • Flygon Thapyay ဟုတ်ပါရဲ့ ၁၉၇၄ ကိုရှမ်းသွားတယ်ဗျာ.. တအားစိတ်ဝင်စားနေလို့ လိုက်ဖတ်နေတာ ခုနှစ်တွေရယ် ... ပါဝင်သူဇာတ်ကောင်တွေရဲ့အမည်တွေ ရယ်..နေရာဒေသတွေရယ်.. မှတ်ရင်းမှတ်ရင်း နဲ့ တစ်ချက်တစ်ချက် မူးမူးသွားတယ်ဗျာ...ခွင့်လွှတ်ပါ....ဒီလိုဆိုရင် ၁၉၇၄ ကိုထွန်းအောင်ကျော်(အေဘီ)က ( ၈ လေးလုံး မတိုင်ခင်ကတည်းက အေဘီဥက္ကဌ ဖြစ်ခဲ့တာလား.... ၈ လေးလုံးပျြီးမှ အေဘီ ဥက္ကဌဖြစ်ခဲ့တာလား ) တစ်လက်စတည်း မသိလို့နော်...အရိုးခံနဲ့မေးတာ.....
    • Yeyint Kyaw ဆရာလေးး ၈၈ ကြောင့် ကမ္ဘာမှာ မရှိတဲ့ ကျောင်းသားတပ်မတော် ဖြစ်လာတာလေ..။

No comments:

Post a Comment