မန္တလေး မှာဒီကနေ့ တောင်ပိုင်း မြောက်ပိုင်းနဲ့ မြန်မာပြည်
တနံတလျား ဒီမိုကရေစီလှုတ်ရှားမှုတိုက်ပွဲတွင် ကြွေလွင့်
ခဲ့ရသူများအတွက် ဘုရားကြီးအလယ်တိုက်တွင် သီးတင်း
သုံးနေကြသော စာဖြေသံဃာတော်များကိုဆွမ်းဆက်ကပ်
လှူဒါန်းခြင်း အခန်းအနားတခု ပြုလုပ်ခဲ့ပါတယ်။အလှု့
ရှင်များကိုယ်စား ကျောင်းသားရဲဘော်ဟောင်းများ
Old Student Comrades မှ စီစဉ်ခဲ့ခြင်းဖြစ်ပြီး ဆွမ်းကျွေး
ပွဲအပြီးတွင် အစည်းအဝေးဆက်လက်ကျင်းပပြီး ရုံးခန်း
ဖွင့်လှစ်ရေး၊စည်းရုံးရေး၊မိသားစုဝင်များအကူအညီပေး
ရေး၊အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်
များတွင်တိုင်းရင်းသားလူမျိုးစုများ၊တောင်သူလယ်သမား
များအကြားကျယ်ကျယ်ပြန့်ပြန့်စည်းရုံးဖော်ဆောင်ရေး၊
သတင်းဖြန့်ချီရေး၊မြောက်ပိုင်းတွင်ဖြစ်ပွားခဲ့သည့် ကျောင်း
သားတပ်ဖွဲ့ဝင်အချင်းချင်း မဟုတ်မမှန်စွပ်စွဲ ဖမ်းဆီး နှိပ်
စက် လုပ်ကြံသတ်ဖြတ် ခံခဲ့ကြရမှုနှင့်ပတ်သက်၍အမှု
မှန်၊အဖြစ်မှန်ဖော်ထုတ် တရားစွဲဆိုနိုင်ရေး တို့ကိုကျယ်
ကျယ်ပြန့်ပြန့် ဆွေးနွေးဆုံးဖြတ်ခဲ့ပါသည်။ရန်ကုန်တာဝန်
ခံ၊စစ်ကိုင်းတာဝန်ခံ၊ရွှေဘိုတာဝန်ခံ၊ကသာတာဝန်ခံများ
ခန့်ထားတာဝန်ပေးအပ်ခဲ့ပြီးကျန်ရှိသောမြို့များအတွက်
လည်းဒေသတာဝန်ခံများတိုးချဲ့ခန့်အပ်တာဝန်ပေးသွား
မည်ဖြစ်ကြောင်း သိရှိရပါသည်။
— with Aye Aye Soe Win and 7 others. တနံတလျား ဒီမိုကရေစီလှုတ်ရှားမှုတိုက်ပွဲတွင် ကြွေလွင့်

No comments:
Post a Comment