Monday, February 18, 2013

ABSDF မြောက်ပိုင်းအရေးကိစ္စကို ဆန်းစစ်ခြင်း

by Htun Aung Gyaw on Sunday, February 12, 2012 at 4:37pm
(မှတ်ချက်။ ။စာရေးသူ ဦးထွန်းအောင်ကျော်သည် ၁၉၈၈ ခုနှစ်တွင်
ABSDF ကျောင်းသားတပ်မတော်ကို စတင်ထူထောင်ရာ၌ ဥက္ကဋ္ဌ တာဝန်
ကို ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ယခုအခါ အမေရိကန် ပြည်ထောင်စုတွင်
နေထိုင်လျက်ရှိသည်၊ ABSDF မြောက်ပိုင်းတွင် မတရား စွပ်စွဲသတ်ဖြတ်
ခံခဲ့ရသော အထက်ဗမာပြည် ဗ.က.သ ခေါင်းဆောင် ကွယ်လွန်သူ
ကိုထွန်းအောင်ကျော်နှင့် အမည်ချင်း ဆင်တူနေပါသဖြင့် စာဖတ်သူ
ဂရုပြုနိုင်ရန် အသိပေးအပ်ပါသည်။ -ပျူနိုင်ငံ)

(ဓါတ်ပုံ-စာရေးသူ၊ ဦးထွန်းအောင်ကျော်)

ABSDF မြောက်ပိုင်းအရေးကိစ္စကို ဆန်းစစ်ခြင်း ….

ABSDF မြောက်ပိုင်းတွင် ဗဟိုဥက္ကဌ ကိုထွန်းအောင်ကျော်
အပါအဝင်အဖွဲ့ဝင် ၃၀ ကျော်ကို ညှင်းပန်းနှိပ်ပြီး လူမဆန်စွာ
သတ်ဖြတ်ခဲ့ကြသည့် အပြင် လူ ၇၀ ကျော်ကို ရက်ရှည်လများ
နှိပ်စက်ညှင်းပန်းခဲ့ကြသည့် အဓိကတရားခံ မြောက်ပိုင်း
ခေါင်းဆောင်များဖြစ်သော ရော်နယ်အောင်နိုင်(ထိုင်း)၊
မျိုးဝင်း (သေဆုံး)၊ သံချောင်း (ထောင်တွင်း)တို့နှင့် တောင်ပိုင်း
ဗဟိုမှ မြောက်ပိုင်းသတ်ဖြတ်မှုကို လုံးဝတာဝန်ယူ သဘောတူ
ခဲ့သည့် ဥက္ကဋ္ဌ ဒေါက်တာနိုင်အောင်နှင့် ဦးဆောင် ဗဟိုကော်မီတီ
ဝင်များဖြစ်သော ဗဟိုရောက်မြောက်ပိုင်းကိုယ်စားလှယ် ကိုလှဌေး
(ယခုအိန္ဒိယ အေဘီဦးစီး)နှင့် နိုင်အောင်ဖက် ဗဟိုကော်မီတီဝင်
များအနေနှင့် တာဝန်ယူဖြေရှင်းရမည်မှာ သာဓက ထင်းရှားစွာ
ရှိနေပေသည်။

လက်ရှိ ကိုသံခဲဦးဆောင်နေသောABSDF ဗဟိုကော်မီတီကို၊
မန္တလေးတွင် ပြုလုပ်မည်ဖြစ်သော အောင်းမေ့ဘွယ် အခန်းအနား
သို့၊ ဝမ်းနည်းကြောင်း သဝဏ်လွှာ အချိန်မှီပို့ပေးရန် တိုက်တွန်း
ခဲ့သော်လည်း လက်ရှိဗဟိုခေါင်းဆောင်များမှ မပို့ပေးဘဲ နေခဲ့ကြ
သည်၊ အေဘီဗဟိုကော်မီတီထဲတွင် မြောက်ပိုင်းကိစ္စသည်
အကြီးအကျယ်မှားယွင်းမှု ဖြစ်သည်ကို လက်ခံကြသူများရှိသော်လည်း
အဓိက အာဏာချုပ်ကိုင်ထားသူတချို့က ဒေါက်တာနိုင်အောင်ဖက်ခြမ်း
ဗဟိုတွင် သဘောတူပါဝင်ဆုံးဖြတ်ခဲ့ကြသူများ ဖြစ်ခဲ့သဖြင့် မိမိတို့
မှားမှန်းသိလျက် လုပ်သင့်သည်ကို မလုပ်ဘဲ အမှားကိုပြင်ရန်
သတ္တိမရှိဘဲ မြောက်ပိုင်းကိစ္စကို မြေမြုပ်သင်္ဂြိုလ်ရန် ဆိတ်ဆိတ်
နေခဲ့ကြသည်ကို တွေ့ရသည်မှာ ဝမ်းနည်းစရာဖြစ်သည်။

ကျွန်ုပ်အနေနှင့် မကဒတကို သမိုင်းမညစ်စေချင်သည့် စေတနာဖြင့်
တိုက်တွန်းခဲ့သော်ငြားလည်း လက်ရှိ မကဒတ ခေါင်းဆောင်တချို့၏
ဒေါက်တာနိုင်အောင်၏ စားကြွင်းစားကျန်များ စားထားသည့် အပင်းမှ
ရုန်းမထွက်နိုင်ဘဲ ကိုယ်ပါ ရောပါမည့် ဘေးမှလွတ်ရန်၊ ကိုနိုင်အောင်
မညိုညင်စေရန် မန္တလေး အထိမ်းအမှတ်ပွဲကို စာထုတ်ပြန် ပေးရေး
မလုပ်ဘဲ ပျက်ကွက်ခဲ့ကြလေသည်။
မြောက်ပိုင်းကိစ္စကို ဆန်းစစ်လျှင်-

(၁) မြောက်ပိုင်းခေါင်းဆောင်အမည်ခံ ရာဇဝတ်ကောင်များဖြစ်သော
ရော်နယ်အောင်နိုင်၊ မျိုးဝင်း၊ သံချောင်းတို့သည် တရားခံများ၊တာဝန်
အရှိဆုံး သူများဖြစ်ကြောင်း မီးမောင်းထိုးပြထားသည်။

(၂) နိုင်အောင်ဗဟိုမှ ထုတ်သည့်စာတွင် အတိအလင်း မြောက်ပိုင်း
လုပ်ရပ်ကို ထောက်ခံ အတည့်ပြုထားခဲ့ပြီး၊ အတွင်းရေးမှူး ကိုအောင်ထူး
မှ ထိုသူများသည် သူလျှိုများဖြစ်ကြောင်း လုံးဝတာဝန်ယူကြောင်း
လက်မှတ်ရေး ထုတ်ပြန်ခဲ့သည်။

(၃)ထို့အပြင် ဒေါက်တာနိုင်အောင် ကိုသန်းဝင်းကို ပေးပို့သည့်
အီးမေးတွင် ကိုမိုးသီးက နှစ်ခြမ်းမကွဲခင် သူလျှိများကို သတ်မိန့်
ပေးခဲ့သည့်အထောက်အထားရှိသည်ဟုဆိုသည်။

(က) သို့ရာတွင် ယနေ့အထိ ထိုအထောက်အထားကို၊ ကိုနိုင်အောင်မှ
ထုတ်ပြန်ပေးခြင်းမရှိချေ။
(ခ) မြောက်ပိုင်းလုပ်ကြံသတ်ဖြတ်မှုသည် မိုးသီး-နိုင်အောင် နှစ်ခြမ်း
ကွဲသည့်အချိန်အထိမဖြစ်သေး၊ နှစ်ခြမ်းကွဲစဉ်၊ မြောက်ပိုင်းကိုယ်စားလှယ်
ကိုလှဌေးက မြောက်ပိုင်းသည် ကိုနိုင်အောင်ဖက်ခြမ်းတွင် ပြတ်ပြတ်သားသား
ရပ်တည်ကြောင်း ကြေငြာပြီး ကိုနိုင်အောင်တို့ဖက်သို့ ပူးပေါင်းသွားခဲ့သည်။
(ဂ) ကိုနိုင်အောင် မြောက်ပိုင်းသို့ ကချင်ကျော်ကျော်တို့နှင့် သွားရောက်
ပြီး မြောက်ပိုင်းထောက်ခံမှုကို ရယူအောင်ပွဲခံခဲ့သည့် အချိန်အထိ၊
မြောက်ပိုင်းတွင်လူသတ်မှု မဖြစ်သေး။
(ဃ) ကိုနိုင်အောင် ကိုယ်တိုင်ကိုယ်ကျ အကျဉ်းသားများကို စစ်ဆေးပြီး
တချို့ကို ကိုယ်ထိလက်ရောက် ရိုက်နှက်စစ်ဆေးသွားခဲ့သည်ကို လွတ်လာ
သူများ၏ တိကျခိုင်လုံသော ထွက်ချက် ရှိနေခဲ့သည်။
(င) ကိုနိုင်အောင်တို့နှင့်အတူ ပါလာသော ကချင်ကျော်ကျော်က၊ ကိုနိုင်အောင်
တို့ပြန်သည့်အခါ ကချင်တွင်ကျန်ခဲ့ပြီး သေဒါဏ်ကျခံရသူများထဲတွင်
ပါဝင်နေသည့် နန်းအောင်ထွေးကြည်ကို သေဒါဏ်ချမှတ်ထားခြင်းအပေါ်
အပြင်းအထန်ကန့်ကွက်ခဲ့သဖြင့် နန်းအောင်ထွေးကြည် သေဒါဏ်မှ
လက်မတင်လေး လွတ်မြောက်သွားခဲ့ရပြီး အဖြစ်မှန်များကို ထုတ်ဖေါ်
ခွင့် ရခဲ့ခြင်းဖြစ်သဖြင့် ကချင်ကျော်ကျော်ကိုကျေးဇူးတင်ရပေသည်။
(စ)မြောက်ပိုင်းကိစ္စနှင့် ပတ်သက်၍ ကိုမိုးသီးဖက်ခြမ်းမှ လူ့အခွင့်အရေး
ချိုးဖေါက်မှုဖြစ်ကြောင်း ဗြောင် စာထုတ်ခဲ့ခြင်း သက်သေခိုင်လုံစွာ
ရှိနေခဲ့သည်ကို အားလုံးသိရှိဖတ်ရှုပြီးဖြစ်သည်။ ထိုကြောင့် မိုးသီးဖက်
ခြမ်းသည် မြောက်ပိုင်းလူသတ်မှုနှင့် မပတ်သက်ကြောင်း သိနိုင်သည်။

ကျွန်ုပ်သည် ကိုနိုင်အောင်အုပ်စု၊ ကိုမိုးသီးအုပ်စု ဘယ်အုပ်စုကိုမှ
ဘက်လိုက်မည်မဟုတ်၊ ကျွန်ုပ် စိတ်ဝင်စားသည်မှာ ကိုယ်စတင်၍
နေ့မအိပ်ညမအိပ် ပျိုးထောင်ပေးခဲ့သော မကဒတ ကျောင်းသား
တပ်မတော်ကြီးကို ခုတုံးလုပ်ခါ ကိုယ်နေရာရရေး၊ အာဏာရရေးတို့ကို
အဆင်ချင်တုံတရားမရှိဘဲ သွေးစွန်းထင်းစေခဲ့သူများကို ဖေါ်ထုတ်ပြီး
အရေးယူနိုင်ရေး၊ အနာဂါတ်မြန်မာ့နိုင်ငံရေးတွင် ဝင်မရှုပ်နိုင်ရေး
တို့ကိုသာရည်ရွယ်ပါသည်။ ဘယ်သူ့ကို သာစေဘယ်သူ့ကို နာစေမရှိ
ပါ။ရန်ကုန်တွင် မြောက်ပိုင်းအောင်းမေ့ခြင်း အခမ်းအနားသို့ မင်းကိုနိုင်
တို့ ၈၈ မျိုးဆက်များ တက်ရောက်အားပေးခဲ့သလို၊ ဖေဖေါ်ဝါရီ ၁၂ ရက်
မန္တလေးတွင် ပြုလုပ်သောအခမ်းအနားသို့ ကိုမြအေးနှင့် ၈၈ မျိုးဆက်များ
တကူးတက တက်ရောက်ပြီး ကိုမြအေးမှ “ကိုထွန်းအောင်ကျော်နဲ့
ကိုမောင်မောင်ကြွယ်တို့ဟာ ကျောင်းသားတွေဖြစ်တယ် ဆိုတာ
ကျွန်တော့အသက်နဲ့ ထပ်ပြီးအာမခံရဲပါတယ်” လို့ ပြောတာကို
ကြည့်ရင် မြောက်ပိုင်းကိစ္စဟာ ကျောင်းသားတွေက သူလျှိုတွေကို
သတ်တာမဟုတ်ဘဲ၊ သူလျှိုတွေ အာဏာရူးတွေက ကျောင်းသား
တွေကိုသတ်တာ လိုဖြစ်နေတာ ကိုတွေ့ရမှာဖြစ်တယ်။

လက်ရှိ ABSDF ဗဟိုမှာ မသန်ရှင်းတဲ့သူတွေပါနေတယ်၊ မြောက်ပိုင်း
အောင်းမေ့ဘွယ် အထိမ်းအမှတ်ပွဲကို ဝမ်းနည်းကြောင်း သဝဏ်လွှာ
ပို့ရမှာကို လက်တွန့်နေတဲ့ ဗဟိုကော်မီတီဟာ အမဲစက်စွန်းနေတာကို
ဆေးကြောဘို့ မလုပ်ဘဲ နွံ့ထဲကို ထပ်နှစ်လိုက်သလို ခံစားရတယ်၊
အောက်ခြေရဲဘော်တွေကို မကြည့်ဘဲ၊ ငါတို့ လုပ်ချင်တာလုပ်မယ်
ဘယ်သူ့မှ ဂရုမစိုက်ဘူး၊ အဖွဲ့အစည်း နံမည်ပျက်ချင် ပျက်ပစေ၊
ငါတို့ မှားခဲ့တာ၊ ငါ့ဆရာတွေ မှားခဲ့တာ မပေါ်အောင် ဖုံးမယ်ဆိုတဲ့
တပါးကျွန် စိတ်ဓါတ်ဟာ မဆလ၊ နဝတတပ်တွေမှာ ရှိသလို
ဒီမိုကရေစီရေး တိုက်ပွဲဝင် နေတယ်ဆိုတဲ့ မကဒတထဲမှာလဲ
ရှိနေတာ ဝမ်းနည်းစွာတွေ့နေရပြီ။ ဒါကြောင့် မကဒတကနေ မြောက်ပိုင်း
ကိစ္စကို စုံစမ်းဘို့ ကော်မီရှင်ဖွဲ့တယ်ဆိုတာ ဘာလဲ၊ဒေါသထွက်နေတဲ့
ပြည်သူတွေကို ခေတ္တငြိမ်ဆေးများ ကြွေးပြီး နှစ်သိမ့်လိုက်သလားလို့
သံသယရှိတယ်။

တချို့က ABSDF ကို တိုက်ခိုက်ဘို့ မြောက်ပိုင်းကိစ္စကို ဘန်းပြနေတာ၊
ABSDF ကိုဖျက်သိမ်းဖို့တောင် ပြောလာကြပြီဆိုပြီး ညာသံပေး
ဒီလိုဖေါ်ထုတ်မှုကို မလိုလားအပ်ဘူး၊ အချိန်မကျသေးဘူးဆိုပြီး၊ ABSDF
နဲ့ အဖြစ်မှန် ဖေါ်ထုတ်ရေးကို ရင်နာလွန်းလို့ ကြိုးစားနေတဲ့ သူတွေနဲ့
လှည့် ရန်တိုက်ပေးဘို့ အကွက်ဆင်လာကြတယ်။ အဲဒီလိုအော်နေ
ကြသူတွေကို ကြည့်လိုက်တော့ ကိုနိုင်အောင့် တပည့်တပန်းတွေ
ဖြစ်နေတာကို တွေ့ရတော့ သိပ်မအံ့သြမိပါဘူး အဖွဲ့နဲ့ပေးအပ်
ထားတဲ့ အာဏာကို အလွဲသုံးစားလုပ်ပြီး ပြစ်မှုကျူးလွန်သူတွေကို
ဖေါ်ထုတ်နေတဲ့သူ တယောက်အနေနဲ့ တခု အာမခံနိုင်တာက
ငါဟာ ABSDF ကို ပျက်အောင်လုပ်နေတာ မဟုတ်ဘူး၊ ကိုယ့်ရဲ့
ဥာဏ်စွမ်းရှိသမျှနဲ့ တတ်နိုင်သမျှ ကြိုးစား ကာကွယ်ပေးနေတာ
ဖြစ်တယ်၊ လက်ရှိ ဗဟိုကော်မီတီရဲ့ ဦးဆောင်မှု မကောင်းရင်
ငါတို့ ဘယ်လောက်အားပေးအားပေး ပျက်မှာဘဲ၊ ဗဟိုအနေနဲ့
အမှန်တရားကို ကျောခိုင်း၊ ပြည်သူတွေ ရဲဘော်တွေရဲ့ လိုလား
ချက်တွေကို မျက်ကွယ်ပြု၊ လုပ်သင့်တာကို သတ္တိရှိရှိ မလုပ်ဘဲ
တွေဝေနေရင် ပြည်သူက ကျောခိုင်းတာကို ခံရမှာဘဲ။

ABSDF ဗဟိုမှာ သဝဏ်လွှာပို့ဘို့ ကိစ္စကို ဘာကြောင့်မလုပ်တာလဲ?
ဘယ်သူ့မှာတာဝန်ရှိလဲ?
သိရရင် သိပ်ကောင်းမယ်၊ အခု သမိုင်းဆေးတဲ့ အချိန်ရောက်ပြီ၊
ဘယ်သူက သန့်ရှင်းကြောင်း စစ်တမ်းထုတ်ဖို့လိုပြီ။

-ထွန်းအောင်ကျော်
  • 38 shares
    • Aye Aye Soe Win It seems Myo Win (DNA's top right wing man) did veto it, I heard...
    • Kokomyo Min we are like your ...thanks alot
    • Aung Khin Myint စာလုံးပေါင်းသတ်ပုံအချို့ အနည်းငယ် ပြင်ဆင်ပြီး ကျနော့် စာမျက်နှာတွင် ဖော်ပြထားပါတယ် အကိုကြီး ခင်ဗျာ ... http://www.pyustate.com/2012/02/absdf_13.html
    • Tom Soe မျက်နာပြောင်တိုက်ခတ်တည်တည်နဲ့လူသတ်ကောင်တွေတိုင်းပြည်ထဲဝင်ဘို့ လုပ်နေကြတယ်မင်းတို့ လုပ်ရပ်တွေမင်းတို့ ရဲ့ နောက်ကိုအရိပ်လိုလိုက်နေမယ်ဆိုတာခေါင်းရှောင်လုပ်နေတဲ့ရက်တွေနဲလာဘီဆိုတာမမေ့ကြနဲ့ အလှည့်ဆိုတာဘဝမကူးဘူးဆိုတာလဲမမေ့ကြနဲ့ .....
      a few seconds ago · LikeUnlike · 1.
    • Aye Aye Soe Win အလှည့်ဆိုတာဘဝမကူးဘူးဆိုတာလဲမမေ့ကြနဲ့  exactly...law of kamma
    • Sandy ThinThin MarOo Thanks for sharing this Kogyi Htun. I hope your family are keeping well. Next time come and visit to UK with your whole family, please.
    • မင်းမင်း လတ် ကျနော်ကတော့ ဒီလိုမြင်ပါတယ် မဖြေရှင်းရဲတဲ့အဖွဲ့နဲ့ ဖြေရှင်းရဲတဲ့ အဖွဲ့
    • Myo Thant သိခွင့်ရတဲ့အတွက်ကျေးဇူးပဲ
    • Tun Oo လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ စကားလေး တခု အမှတ်ရမိပါတယ် "စားဖားတွေ ညီညွတ်နေတာ မလိုခြင်ဘူး" အမှန်တရားဟာ တနေ့ ပေါ်လာမယ် ဆိုတာ မှန်ပါတယ် ၊ ခုမြောက်ပိုင် လူသတ်မှု့ က အချိန်တန်နေပါပြီ၊ လက်ရှိ ဗဟို အေဘီ က တာဝန်ရှိသူတွေ စားဖားတွေ မဖြစ်ပါစေနဲ့၊ လုပ်ရဲရင် ခံရဲတဲ့ စိတ်ဓါတ်ဟာ ယောက်ကျာင်္း။
    • Aye Aye Soe Win <<တချို့က ABSDF ကိုတိုက်ခိုက်ဘို့မြောက်ပိုင်းကိစ္စကိုဘန်းပြနေတာ၊ ABSDF ကိုဖျက်သိမ်းဖို့တောင်ပြောလာကြ ပြီဆိုပြီးညာသံပေးဒီလိုဖေါ်ထုတ်မှုကိုမလိုလားအပ်ဘူး၊အချိန်မကျသေးဘူးဆိုပြီး၊ ABSDF နဲ့ အဖြစ်မှန်ဖေါ်ထုတ် ရေးကိုရင်နာလွန်းလို့ ကြိုးစားနေတဲ့သူတွေနဲ့လှည့်ရန်တိုက်ပေးဘို့အကွက်ဆင်လာကြတယ်။ အဲဒီလိုအော်နေ ကြသူတွေကိုကြည့်လိုက်တော့ကိုနိုင်အောင့်တပည့်တပန်းတွေဖြစ်နေတာကိုတွေ့ရတော့သိပ်မအံ့သြမိပါဘူး >>Ko Tun Aung Yeyint Kyaw...
    • Thein Than Oo Down with murders!
    • Naing Naing Maw ခုချိန်မှာ အမှန်ကို ဖော်ထုတ်ဖို့ အနည်းငယ်စောနေသေးတယ်လို့ ထင်မိပါတယ်။ လက်ရှိအစိုးရကို လုံးဝယုံကြည်ထားလို့မရပါဘူး။ ဒီလို အခြေအနေမျိုးတွေကို ဖန်တီး စီစဉ်သူတွေဟာ တော်လှန်ရေး အတွေ့အကြုံ ရင့်ကျက်နေတဲ့ ကေအိုင်အေ အဖွဲ့ ဖြစ်ပါတယ်လို့ ထောက်ပြပြောဆိုကြတာတွေလည်း ရှိနေခဲ့ပါတယ်။ ဒါဆိုရင် ယုံမှားသံသယ ရှိမယ်မထင်တော့ပါဘူး။
    • Naing Naing Maw
      မိုးညှင်း အရှေ့စု အရေးအခင်းရယ် ၊ အင်းတော်ကြီးလုံးစန့် အရေးအခင်း၊ ဆိုင်းတောင်(ဖားကန့်) လူသေချောင် မုးယစ်ဆေးဝါးအကြောင်းပြပြီး ကချင်လူမျိုးကလွဲရင် ကျန်တဲ့ မူးယစ်ဆေးစွဲသူအားလုံးကို သတ်ဖြတ်ခဲ့ခြင်း။ တာမခံ ကျေးရွာမှာ ခေတ်အဆက်ဆက် တပ်မတော်နဲ့ ပူး
      ပေါင်းခဲ့တဲ့ ဒေသခံပြည်သူ့စစ်တွေကို ငြိမ်းချမ်းရေးကာလမှာ လက်နက်တွေ လက်ဆောင်ပေး အယုံသွင်းပြီး ရှမ်းနီသူပုန်ထဖို့ ကြိုးစားနေတယ်လို့ သတင်းပို့ပြီး တာမခံ ပြည်သူ့စစ် ၂၀ ကျော်ကို သုတ်သင်ခံရအောင် ကေအိုင်အေက ဖန်တီးခဲ့တာတွေကို ဘယ်လိုများမှတ်ချက်ပြန်ပေးကြမှာပါလိမ့်။ စဉ်းစားစေလိုပါတယ်။
    • Naing Naing Maw
      သေချာတာတစ်ခုကတော့ လက်ရှိရောက်ရှိနေတဲ့ အချိန်အခါမှာ လက်ရှိအစိုးရကို ကွင်းလုံးကျွတ်ယုံကြည်လို့ မရသေးပါဘူး။ အဲဒီလို အပြီးတိုင်ထိ ယုံကြည်ဖို့ လိုအပ်နေသေးတဲ့အတွက် သတိကြီးကြီး ထားကြဖို့တော့ လိုအပ်နေပါတယ်။ ဒီအချိန်မှာ တစ်ဦးတစ်ယောက်ကို တရားခံရယ်လ
ို့ စွပ်စွဲတာမျိုး လုပ်ဆောင်ဖို့ မသင့်သေးဘူးလို့ထင်ပိါတယ်။
      လက်ရှိမြောက်ပိုင်း ABSDF ဖြုတ်ထုတ်သတ်ခံတွေအတွက် ဆုတောင်းပွဲတွေ လုပ်သူတွေထဲမှာ တိုက်ပိတ်(ခေါ်) သန်းထွန်းစိုးလည်း ပါနေလိမ့်မယ်လို့ ထင်မိပိါတယ်။ အဲဒီသန်းထွန်းစိုးဟာ တစ်ချိန်တစ်ခါ ကထောက်လှမ်းရေးကမွေးထားတဲ့ အမာခံအဖြစ်သတ်မှတ်ခံထားရတယ် ဆိုတာကို လည်း သတိထားသင့်ပါတယ်။
      တောင်ပိုင်း ABSDFမှာရော၊ မြောက်ပိုင်း ABSDFမှာရောပါ ဖော်ထုတ်ဖမ်းမိတဲ့။ အကြွေစေ့၊ chess ခုံနဲ့ အရုပ်၊ ပုဝါနီတွေကိုရော ဘယ်လိုအဆုံးအဖြတ်ပေးချင်ပါသလဲ။ သူလျှိုတွေရဲ့ coad ( လျှို့ဝှက် သင်္ကေတ) အဖြစ် ယူဆထားတာရှိပါတယ်။
    • Naing Naing Maw ကျွန်တော့်အနေနဲ့ လက်လှမ်းမီသလောက် တင်ပြရခြင်းဖြစ်ပါတယ်။ အားလုံး သတိကြီးကြီး ထားဖို့လိုအပ်နေပါသေးတယ်။ တောတွင်းပြန် (ထွက်ပြေး၊ အလင်းဝင်) တွေကို လက်ရှိနိုင်ငံရေး အသိုင်းအဝိုင်းက အသိအမှတ်မပြုလို့ ၊ ဒါမှ မဟုတ် အပယ်ခံဘဝရောက်နေလို့ ဖျက်မြင်းလုပ်တာ။ ဒါမှ မဟုတ်ရင် သူတို့လည်း နေရာတစ်နေရာ ရချင် လက်ရှိနိုင်ငံရေးမှာပေါ့ နေရာရချင်လို့ ဒိလိုလုပ်နေတာလို့ကော ယူဆလို့ မရပေဘူးလား ဆိုတာ ကို သိချင်မိပါတယ်။
    • Naing Naing Maw အချင်းချင်း ညီညီညွတ်ညွတ်နဲ့ ရှေ့ဆက်သွားရမယ့် အချိန်မှာ အခုလို အစဖော်ထုတ်တာဟာ ခရီးလည်းမတွင် အချင်းချင်းစိတ်ဝမ်းကွဲပြားစရာ အခြေအနေတွေ ဖြစ်လာနိုင်တယ်ဆိုတာ တော်လှန်ရေးသမားတွေ အထူးသတိကြပ်ကြပ်ထားဖို့ လိုအပ်တယ်လို့ ယူဆပါတယ်။
    • Aung Htun Hnin Waiwai အပေါ်က ပိုစ်က လူသတ်မှု့  အကြောင်းပါ။ ရန်သူ အပြောလိုင်း လှုပ်ရှားမှု့  အမာလိုင်း လှုပ်ရှားမှု့  ဆိုပြီးလိုင်း အသစ်မတင်ပါနဲ့ ။ အခြေခံ POW မှ မသိပဲ လက်နက်ကိုင်ရင်တော့ ......
    • ဘရာဇီး ငှက်ရိုး
      Hnin Waiwai သို့/
      ၁- အမှန်ကို ဖော်ထုတ်ဖို့ အနည်းငယ် စောနေသေးတယ် = နှစ်ပေါင်း၂၀
      ၂- တော်လှန်ရေး အတွေ့အကြုံ ရင့်ကျက်နေတဲ့ ကေအိုင်အေ အဖွဲ့ = KIA နယ်မြေထဲမှာ ဆိုပေမဲ့ အားလုံးကို ကူညီပေးပြီး အေဘီကို လုပ်ပိုင်ခွင့် တွေပေးထားပြီး ကယ်လို့ရသလောက် ကယ်
      တင်ပေးပါတယ် မငယ်(နန်းအောင်ထွေးကြည်) သာ အဲ့တုန်းက သေသွားရင် ကိုညီကျော်သေမှာပဲ ကိုညီကျော်သေရင် အကုန်သေမှာပဲ ခုလိုမြင်တွေ့ရတော့ ကေအိုင်အေကို လူလွှဲပြောင်းပေးလိုက်ရတာ စိတ်နာနေတယ်ထင်ပါရဲ့...
      ၃- တောတွင်းပြန် (ထွက်ပြေး၊ အလင်းဝင်) တွေကို လက်ရှိနိုင်ငံရေး အသိုင်းအဝိုင်းက အသိအမှတ်မပြုလို့ ၊ ဒါမှ မဟုတ် အပယ်ခံဘဝရောက်နေလို့= ကိုပေါ်, ကိုမြအေး, ကိုထွန်းမြင့်အောင်, ၈၈မျိုးဆက် အဟောင်း/အသစ် အကုန်လုံး ဆုတောင်းပွဲတက်ပါတယ် အသက်နဲ့ရင်းလောင်းကြေးထပ်ပါသတဲ့ ကိုပေါ်ဦး(မင်းကိုနိုင်) နားမှာ ဒီလူတွေ လက်တွဲပြီး တိုင်းပြည် တာဝန်ထမ်းဆောင်နေတာ မြင်ရတော့ ဘာပြောကြမလဲ သိချင်ပါသေးတယ်...
      သက်သေတစုံတရာ= လူ.ပစ္စည်း.စာရွက်စာတမ်း. ဗီဒီယိုဖိုင်. ဓါတ်ပုံ ရှိရင်ချပြပေးပါ ကျနော်တို့လဲ လေ့လာလို့ရတာပေါ့ . . .
    • ဘရာဇီး ငှက်ရိုး ကိုLaminn Maung ရေ... လိုက်ခ်အကြီးကြီးပေးလို့ရရင် ပေးလိုက်ချင်ပါရဲ့...
    • ဘရာဇီး ငှက်ရိုး ကျနော်က လွန်ခဲ့တဲ့နှစ်က ကိုဆမားညီညီ ရေးတာကို ဖတ်မိတော့ အလကားပါလို့ထင်ထားတာ ဗိုလ်ထိန်ရေးလိုက်တော့ ပွဲကတော်တော်ပြတ်သွားပြီ အခုအေဘီက ကျနော့်အမြင်အရတော့ ဘာရုပ်မှ မပေါက်တော့ဘူး အချိန်မှီလေး မြောင်းထဲမကျခင် ပြန်ဆွဲတင်နေကြတာပါ...
    • Maung Maung Aye ‎((((( ABSDF 88 မှာ အမှန်တကယ် နိုင်ငံရေးစိတ်ဓာတ်နဲ့ အစိုးရကို တွန်းလှန်ခဲ့တယ်။ စစ်အစိုးရရဲ့ နှိမ်နင်းမှုမခံနိုင်တော့ပဲ အာဏာသိမ်းခြင်း ခံရပြီးတဲ့နောက် တောခိုသွားရတယ်။ )))) ???????? Misinformed ?
    • Thein Than Oo
      I totally denied UR kind n substantial suggesstions.But U Sein who was brutally killed by those so called northen AB leader was my comrade
      for life.He was a veteran anti dictatorship fighter.He was sentenced 9 yrs imprisonment in insein jai
      l in 1976 together with me as a bcp underground cell leader.Till to his tour to northen AB,he was a
      leading cader of bcp 4828 party comittee.He chosed to serve the
      student revolution n went to kachin.Those who killed U Sein are
      genuine murderers.May be KIA paved the way to massacre but murderers
      are only murderers .I'll try till to my last breath to uncover the
      truth and urge for justice.
      February 16 at 6:50am via · · 1
    • Tin Maung Win god see the truth, but wait. Truth will prevail .
    • Ling Maji Ling မိုးညှင်း အရှေ့ စု အရေးအခင်း အင်းတော်ကြီး လုံးစန့် အရေးအခင်းကို လူကြီးမင်း ဘယ်လိုများ ကြားသိထားပါသလဲ သေချာသိမှ သိပါသလား အဲဒီအရေး အခင်း၂ခုစလုံးမှာ ကချင် တွေကို ပြည်သူ့ စစ်နဲ့ ဗမာစစ်တပ်က သတ်ဖြတ်တဲ့ ရက်စက်တဲ့ လူသတ်ပွဲပါ ထွက်ပြေးကြရ အိုးအိမ်ထားခဲ့ ကြရသူတွေက ကချင်တွေပါ ကိုယ်တွေ့ ကြုံကြရတဲ့ သူတွေ သက်ရှိထင်ရှားရှိပါတယ်
    • Ling Maji Ling ABSDF အရေးနဲ့ မရောစေလိုပါ

No comments:

Post a Comment