မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး
အမှန်တရားနှင့်တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့
ထုတ်ပြန်ကြေငြာချက် ( ၁/၂၀၁၂)
၁။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်) သည်၊ အမှန်တရားနှင့်တရားမျှတ မှု ဖော်ထုတ်နိုင်ရေးအတွက် ဗဟိုကော်မတီအစည်းအဝေး (၁/၂၀၁၂)၊ဆုံးဖြတ်ချက် အမှတ်(၂)အရ အောက်ပါ ရည်မှန်းချက်များ ကိုဖော်ဆောင်နိုင်ရန် အမှန်တရားနှင့် တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။
၂။ အမှန်တရားနှင့်တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့သည် ၁၉၉၂ခုနှစ် ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့က မကဒတ (မြောက်ပိုင်း) ဒေသတွင် ဖြစ်ပျက်ခဲ့သော သွေးထွက်သံယိုဖြစ်မှုအပါအ၀င်၊ ယင်းကိစ္စနှင့် ဆက်နွယ်ပတ်သက်ခဲ့သော ဖြစ်စဉ် များအား မကဒတ လက်နက်ကိုင်တော် လှန်ရေး အတွင်း ၀မ်းနည်းကြေကွဲဖွယ်ရာ သမိုင်းဖြစ်ရပ်တခုအဖြစ် ရှုမြင်သုံး သပ်ပြီး အောက်ဖော်ပြပါ လုပ် ငန်းရပ်များ ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။
၃။အထက်ပါလုပ်ငန်းစဉ်များအားအချိန်မီအောင်အောင်မြင်မြင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက်မြန်မာနိုင်ငံနှင့်နိုင်ငံ တကာ တွင် နေထိုင်လျက်ရှိသော မကဒတ ရဲဘော်ဟောင်းများ၊ သက်ဆိုင်သူများနှင့်အမှန်တရား နှင့်တရားမျှတမှုကိုမြတ်နိုးသူ အားလုံး၏ ပူးပေါင်းဆောင်ရွက်မှုကို ဖိတ်ခေါ်အပ်ပါသည်။

(က)သမိုင်းစာမျက်နှာပေါ်တွင်အကြောင်းနှင့်အကျိုးဆိုင်ရာဖြစ်ရပ်မှန်များကိုစုံစမ်းဖော်ထုတ်သွားနိုင်ရေး။
(ခ)ပါဝင်ပတ်သက်သူများအားလုံးအတွက် တရားမျှတမှုနှင့်အမှန်တရားပေါ်ထွန်းရေး။
(ဂ)သက်ဆိုင်သူများအားလုံးနားလည်ကျေနပ်မှုနှင့်ပြန်လည်သင့်မြတ်မှုရရှိစေရေး။
(ဃ)မကဒတ၊ ကျောင်းသားထုနှင့် ပြည်သူလူထုအတွင်း ခိုင်မာသောစည်းလုံးညီညွတ်မှုကို ထိန်းသိမ်းတည်ဆောက်သွား နိုင်ရေး။
(င) အနာဂတ်မြန်မာနိုင်ငံတွင် တာဝန်ရှိမှု၊တာဝန်ယူမှုနှင့် တာဝန်ခံမှု အလေ့အထကောင်း များ ပေါ်ထွန်းလာစေရေးတို့-ဖြစ်သည်။
(က) ဤဖြစ်ရပ်ဖြစ်စဉ်များနှင့်ပတ်သက်၍ ဓမ္မဓိဌာန်ကျသည့် သမိုင်းမှတ်တမ်းတခုဖော်ထုတ် မှတ်တမ်းတင်နိုင်ရေးအတွက် သက်ဆိုင်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်။
(ခ) နစ်နာခဲ့ရသူများအတွက် တရားမျှတမှုရရှိရေးအတွက် အလေးထားပြီး လေးနက်တည်ကြည် စွာရပ်တည် ဆောင်ရွက်သွား မည်။
(ဂ) မကဒတ အတွင်း လက်ရှိတာဝန်ထမ်းဆောင်နေသော ရဲဘော်များ၊ ရဲဘော်ဟောင်း များနှင့် မြန်မာနိုင်ငံ ကျောင်းသားထုအကြား ခိုင်မာမြဲမြံသောနားလည်မှုနှင့်စည်းလုံးညီညွတ်ရေး ကို စဉ်ဆက်မပြတ် တစိုက်မတ်မတ် တည်ဆောက်သွား မည်။
(ဃ)ဤဖြစ်ရပ်ဖြစ်စဉ်များနှင့်ပတ်သက်၍တာဝန်ရှိမှု၊တာဝန်ယူမှုနှင့်တာဝန်ခံမှုကိုဖော်ထုတ်သွားမည်။
(င) အမှန်တရားနှင့်တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့၏ အချက်အလက်စုဆောင်းခြင်းနှင့် အစီရင်ခံစာရေးသားခြင်း လုပ်ငန်းအား၂၀၁၃ခုနှစ် မေလတွင်အပြီးသတ်ဆောင်ရွက် သွား မည်။
ဖြောင့်မတ်တည်ကြည်စွာဖြင့်

အမှန်တရားနှင့်တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့
မကဒတ (ကျောင်းသားတပ်မတော်)။
ရက်စွဲ ။ ။ ၂၀၁၂ ခုနှစ်၊ မတ် လ ၇ ရက်။
ဆက်သွယ်ရန်။ ။
ရဲဘော်မြင့်ဟိန်း
Tel+66 810 229 208၊Email:julianoo98@gmail.com = http://www.facebook.com/myint.hein.33
ရဲဘော်ကျော်ကျော်လင်း
Tel +66 862 140 161၊ Email: kyawlin7@gmail.com = http://www.facebook.com/kyaw.lin.566
ဆက်သွယ်ရမဲ့ ရဲဘော်တွေရဲ့ ဖေ့စ်ဘွတ်ခ်ကို ရောက်ပါတယ်... တယောက်က ခွေးပုံတင်ထားပြီး နောက်တယောက်က ကလေးတွေပုံ တင်ထားပါတယ်...
· · · Share
- 7 shares
Htay Tint မေးချင်ရင် မေးလို့ ရအောင် လိပ်စာပါ ဝင်လာတဲ့ စာကို တလုံးမှ မပြင်ဘဲ အတိအကျကူးပြီး တင်ထားတာပါ ။ အပေါ်က ပုံကတော့ ABSDF ကို တာဝန်ဝန်းဆောင်ခဲ့ဖူးလို့ သံယောဇဥင်္နဲ့  ထဲ့လိုက်တာပါ ။ အောက်ပုံကတော့ စစ်မြေပြင်ကလူ့ အခွင်းအရေးချိုးဖေါက်မှုတွေစစ်ဆေးနေတဲ့ လက်ကိုင်မူဝါဒတွေပါ ။ March 8 at 1:41am · · 2
Htay Tint အရင်တုံးကလဲ သေသေချာချာ စစ်ဆေးစုံစမ်းပြီးမှ သတ်ခဲ့တာပါ ။ ဒီတခါတော့ ဘယ်သူတွေလဲ မသိဖူး ။ http://www.facebook.com/note.php?saved&¬e_id=346 438242064574
တခါတုံးက ABSDF ကနိုင်ငံတကာကို ထုတ်ပြန်ခဲ့တဲ့စာ သေချာ စုံစမ်း စစ်ဆေးပြိးမှ သတ်ဖြတ်ခဲ့ကြတာပါ ။
By: Htay Tint
No comments:
Post a Comment