Sunday, February 17, 2013

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ - ၇

by Aung Moe Win on Friday, January 27, 2012 at 10:49pm ·
ကိုထွန်းအောင်ကျော် ကျဆုံးအပြီး နောက်တနှစ် ၁၉၉၃ နှစ်ပတ်လည်နေ့မှာ၊ ကိုထွန်းအောင်ကျော် ကို လေးစားချစ်ခင်တဲ့ ရဲဘော်များနဲ့ သူ့မိသားစုတွေက မန္တလေးမှာ နှစ်လည်ဆွမ်းကျွေးခဲ့ပါတယ်။ တချို့က ငွေကြေးအကူအညီပေးဖို့ ပိုက်ဆံကောက်ကြပါတယ်။ အကွက်ခြောင်းနေတဲ့ စစ်ထောက် လှမ်းရေးတွေကလည်း “ ဟာ ဒီမိုကရေစီ လှုပ်ရှားမှုအတွက် တကယ်တန်ဘိုးရှိတဲ့ ခေါင်းဆောင် တယောက် ကျဆုံးသွားတာ ဝမ်းနည်းစရာပဲ၊ ဂျီတီအိုင် ကျောင်းရှေ့မှာ သူ့ရဲ့ ရုပ်ထုကို ထုပေးရမယ်” လို့ပြောဆိုပြီး သူတို့ကလည်း ငွေကြေးထည့်ချင်သလိုလို လုပ်ပါတယ်။ ကျောင်းသားတွေက “ စစ်ထောက် လှမ်းရေးတွေဟာ ကျောင်းသားလှုပ်ရှားမှု အားနည်းချက်ကို အသုံးချပြီး သပ်လျှိုဖြိုခွဲ အပုပ်ချတော့မယ်” ဆိုတာကို ရုတ်ချည်းနားလည်လိုက်ကြပါတယ်။ သူတို့တတွေပြောခဲ့တာရှင်းရှင်းလေးပါ။

“ စစ်ထောက်လှမ်ရေးတွေ ကြောင့် ကျောင်းသားတွေ တောခိုကြတယ်။ မဖြစ်သင့်တာတွေဖြစ်ခဲ့ ကြုံခဲ့ကြ တယ်။ ဒါတွေအားလုံးဟာ ရှင်တို့ကြောင့်ဖြစ်တာဖြစ်တယ်” လို့ ဆိုခဲ့ကြပါတယ်။ ပြောချင်တာက ကိုယ့်ရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို ကိုယ့်ဘာသာနာမည်ဖျက်ဖို့ ကြိုးစားချင်တယ် ဆိုရင် ၊ ၁၉၉၃ ခုနှစ်ကတည်းက စစ်ထောက်လှမ်းရေးတွေပေးတဲ့အကူအညီကိုယူပြီး လုပ်လို့ရပါတယ်။

ပြည်တွင်းကျောင်းသားလှုပ်ရှားမှု သမိုင်းကို မသိတဲ့တချို့သော ( လက်ချိုးရေ လို့ရတဲ့) သူတချို့က
“ ရန်သူ့လူတွေဟာ သမိုင်းကို ဗြောင်းပြန်လှန်ဖို့ ကြိုးစားနေတယ်” ဆိုတသွေးရူးသွေးတန်း စကားတွေကို လှုံ့ဆော်ကြည့်ပါတယ်။ မြောက်ပိုင်းလူသတ်မှုကြီးကို နဂိုကတည်းက ဘယ်သူမှန်တယ်။ ဘယ်သူမှားတယ် ဆိုတာ သမိုင်းက ဆုံးဖြတ်ပြီးသားပါ။ ဥာဏ်ရှိတဲ့သူတွေက ဒီ အစုလိုက်အပြုံလိုက်လူသတ်မှုဟာ ဘယ်လောက် အပြစ်ကြီးတယ် ဆိုတာသိလို့ ငြိမ်သက်နေကြတယ်။ လက်ဝင်မလျှိုကြဘူး။ ဥာဏ်မမှီတဲ့သူတွေသာ အဖွဲ့အစည်းကို ချစ်ဟန်ဆောင်ပြပြီး လက်ဝင် လျှိုတယ်။ ကျောခြင်းကပ်ကြမယ် ဘာညာအော်နေကြတာ။ကျောခြင်းကပ်ချင်သူများရဲ့အရည်အချင်းတချက်လောက်ကြည့်ပါရစေ။ သမိုင်းဆိုး နဲ့အတူ မြေမြှုပ်ပေးလိုက်ပါ့မယ်။

လူသတ်မှုမှာ အဓိကတာဝန်ရှိသူတွေက သူတို့ကိုယ်တိုင်မဖြေရှင်းရဲ တဲ့အခါ ABSDF ခေါင်းစဉ်ကို အကာအကွယ်ယူပြီး ကွေ့ဝိုက် ပြောဆိုဖို့ကြိုးစားတယ်။ လူတချို့ကတော့ လူတစုရဲ့ ယုတ်မာမှုကို အကြောင်းပြပြီး ABSDF ကို တိုက်ခိုက်ဖို့ကြိုးစား ကြတယ်။ ဒီလုပ်ရပ်နှစ်ခုလုံးကို ကျနော်တို့က သတိရှိဖို့လိုပါတယ်။

ကာယကံရှင်တွေဟာ သတ္တိရှိရှိ မဖြေရှင်းသရွေ့ အနာဂတ်မှာ ပိုမို မဲမှောင်တဲ့ လမ်းကြောင်း ကိုသာတွေ့ရလိမ်မယ်။ တောင်ပြိုနေတာ၊ လက်ဖဝါးနဲ့ကာဖို့ မကြိုးစားစေချင်ပါ။
တကယ်တော့ ကျောင်းသားတပ်မတော်ရဲဘော်ဟောင်းတွေဟာ သူတို့အဖွဲ့အစည်းရဲ့အလံတော်ကို သိက္ခာရှိရှိလွှင့်တင်ချင်လို့ပုဂ္ဂိုလ်ရေးစာတွေပို့ ဖြေရှင်းခိုင်းနေတာ နှစ်ကြာနေပါပြီ။ ခေါင်းဆောင်လုပ်ခဲ့သူတွေ က တာဝန်မဲ့လုပ်၊ ခံစားမှုမဲ့လုပ်ခဲ့ကြလို့ အခုလို အဖြစ်ဆိုးကြီးဟာ အပြင်ကို ရောက်ရှိလာခဲ့ခြင်းဖြစ်တယ်။ ခုချိန်ကျမှ ဘာလို့အရှိန်ပြင်းပြင်းဖောက်ခွဲကြသလဲဆိုရင် အဓိက အချက် (၃) ချက်ရှိပါလိမ့်မယ်။

(က) ရော်နယ်အောင်နိုင်ရဲ့ မဆင်မခြင် အင်တာဗျူးများ
(ခ)ကိုထွန်းအောင်ကျော်တို့တတွေကျဆုံးခဲ့တာအနှစ်(၂၀)ကြာ
(ဂ) ABSDF( မြောက်ပိုင်း) ပြန်လည်ဖွဲ့စည်းတဲ့အခါ လူသတ်သမား လှဆိုင်း တို့တတွေ ပြန်ပါနေတယ်။

စိတ်ကူးမယဉ်စေချင်ပါဘူး။ အပြစ်မဲ့ကျောင်းသားတွေကို လည်မျိုကိုခုတ်ဖြတ်သတ်ခဲ့သူတွေ ဟာ တော် လှန်ရေးသမားတွေ မဖြစ်နိုင်သလို၊ သမိုင်းဆိုတာ အချိန်တန်ရင် နေရာမှန်ကို ပြန်ရောက်သွားတဲ့ ကိစ္စတခုပဲဖြစ်ပါတယ်။ ABSDF ( မြောက်ပိုင်း) မှာ တာဝန်ထမ်းခဲ့ပြီး ကြောက်မက်ဘွယ်အဖြစ်ဆိုးကြီးကို ကိုယ်တိုင်ကိုယ်ကျတွေ့ခဲ့တဲ့ “ရဲဘော်ကျော်ခိုင်ဝင်း” က ၂၀၀၈ ခုဝန်းကျင်မှာ စာနှစ်စောင်ရေး ဖွင့်ဟခဲ့တယ်။ ကာယကံရှင်တွေက ဘာမှ အကြောင်းမပြန်ခဲ့ဘူး။ ဖတ်ကြည့်ကြပါ မိတ်ဆွေ တို့..

ကိုအောင်နိုင်
ကျနော် ကျော်ခိုင်ဝင်း ပါ။ ကိုအောင်နိုင် မှတ်မိနေလိမ့်မယ် လို့ လုံးဝယုံကြည်ထားပါတယ်။ ကျနော်တို့ တောမခိုခင် မန္တလေး (အနကလ)၊ မိုးညှင်း (အနကလ) နဲ့ အမရပူုရ(အနကလ) မှာ အတူတူလှုပ်ရှားခဲ့တာတွေ၊ ကျနော် တောခိုမဲ့ညက ကိုအောင်နိုင်ရယ်၊ ကိုစိုးလင်းရယ်၊ ကိုမြင့်ကျော်ရယ် မန္တလေးမြောက်ပြင်က ကိုမြင့်ကျော် တို့ ဦးလေးအိမ်မှာ နောက်ဆုံးအိပ်ခဲ့ကြတာကို ကိုအောင်နိုင် မှတ်မိပါလိမ့်မယ်။ ကိုအောင်နိုင် ကို ကျနော်အရမ်းစကားပြောချင်ပါတယ်။ မေးလဲမေးစရာရှိပါတယ်။ တတ်နိုင်ရင် ကျနော့ကို ဆက်သွယ်ပေးပါ။ ကိုအောင်နိုင်ရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ရဲဘော်တွေရဲ့ ဂုဏ်သိက္ခာကို၊ သူတို့ရဲ့ ခံစားမှုတွေကို ညှာတာထောက်ထားစွာဖြင့် ကျနော်တို့နဲ့ ရင်ဆိုင်ဖြေရှင်းပေးပါခင်ဗျား။

ကိုအောင်နိုင် ပြောသလို၊ သူတို့ဟာ ထောက်လှမ်းရေးတွေပါဆိုရင် ဘာလို့ ဘိုဘို ( မိုးကျော်သူ) ကို စစ်အစိုးရက ထောင်ဒဏ် အနှစ် (၂၀) ချထားရတာလဲ။ ကိုရာပြည့် ဘာလို့ထောင်ထဲမှာ အသေဆိုးနဲ့သေခဲ့ရတာလဲ။ ကိုအောင်နိုင် တို့ ထောက်လှမ်းရေးဗိုလ်အဆင့် သတ်မှတ်ထားတဲ့ နန်းအောင်ထွေးကြည် အခုထိ မြန်မာနိုင်ငံပြန်လို့မရတာလဲ။ ဖိုးကျော် ( မြွေဟောက်) တို့ ဒုက္ခသည်စခန်းကို ပြန်ရောက်လာရတာလဲ။ ကိုရဲလင်း ဘာလို့ ထောင်ထဲပြန်ရောက်သွားရတာလဲ။ ကိုထိန်လင်း ဘာလို့ထောင်ထဲထည့်ခံရတာလဲ။ ကျနော်လည်း မြန်မာနိုင်ငံမှာ ရှိတုံးက ခရီးထွက်တိုင်း ဘာလို့ ထောက်လှမ်းရေးကို သတင်းပို့နေရတာလဲ။ ဒါတွေအားလုံးပြောနေရင် ကုန်မှာလဲမဟုတ်ပါ။

ကိုအောင်နိုင် ပါးစပ်က ပြောနေတဲ့ စစ်အစိုးရ၊ အာဏာသိမ်းအစိုးရ၊ လူ့အခွင့်အရေးချိုးဖောက်တဲ့ အစိုးရ ၊နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်ကွပ်တဲ့အစိုးရတောင်မှ ကိုအောင်နိုင်တို့လို လူသားတယောက် အပေါ် မရက်စက်ခဲ့ပါ။ မညှင်းဆဲခဲ့ပါ။ မနှိပ်စက်ခဲ့ပါ။ လူ့အခွင့်အရေး မချိုးဖောက်ခဲ့ပါဘူး။ အစုလိုက်အပြုံလိုက်၊ လည်ပင်းကို ဓါးနဲ့ခုတ်ဖြတ် မစီရင်ခဲ့ပါဘူး။ အမျိုးသမီးတယောက် (မခင်ချိုဦး) က သတ်ခံကာနီး ငိုယိုတောင်း ပန်တာတောင် ကိုယ်တုံးလုံးကို ရဲဘော်တွေအားလုံးရှေ့မှာ ချွတ်ပြီး မပစ်သတ်ခဲ့ပါဘူး။ ကိုကျော်ဝေ လို ထင်းတုံးပေါ် ခေါင်းတင်ပြီး ခုတ်ဖြတ်မသတ်ခဲ့ပါဘူး။ ကိုထွန်းအောင်ကျော်ရဲ့ ဗိုက်ပေါ်ကို ရင်ဘောင်ကြမ်းတင်ပြီး မီးမရှို့ခဲ့ပါဘူး။ ဘိုဘို လိုမျိုး နှာခေါင်းကို သံချိတ်နဲ့ချိတ်ပြီး နိုင်ငံရေးသမားတွေကို မစစ်ဆေးခဲ့ပါဘူး။ စစ်ကြောရေးမလုပ်ခဲ့ပါဘူး။ ရေခဲနေတဲ့ လိုင်စ် ( ပါဂျောင်) လို နေရာမျိုးမှာ မြေကြီးထဲကို ကိုယ်တကိုယ်လုံးမြှုပ် တညလုံးခေါင်းလေးပဲဖေါ်ပြီး မစစ်ဆေးခဲ့ပါဘူး။ နှိပ်စက်တာတွေ ပြောရင်ကုန်မှာ မဟုတ်ပါ။ ကျနော် လောဘတကြီး နဲ့ ကိုအောင်နိုင်ကို တောင်းဆိုနေတာ မဟုတ်ပါ။ အေဘီ ရဲဘော်တွေ အားလုံးရဲ့ ဂုဏ်ကို ငဲ့ညှာသောအားဖြင့် မှားခဲ့ပါတယ် လို့ ကိုအောင်နိုင် ပါးစပ်ကနေ ဝန်ချတောင်း ပန်တာလေးတခုကိုပဲ အားလုံးက ကြားချင်နေကြတာပါဗျာ။ ဝန်ခံပေးပါ ကိုအောင်နိုင်။ မှားခဲ့တယ်။ အဖွဲ့အစည်းအတွက် မှားခဲ့ပါတယ် လို့ ဝန်ချတောင်းပန်ပေးပါ ကိုအောင်နိုင်။ နောက်မှ စာဆက်ရေး ပါအုံးမယ် ကိုအောင်နိုင်

သင့်ရဲ့ ရဲဘော်ဟောင်း ကျော်ခိုင်ဝင်း
ခေတ္တ ကိုရီးယား + ၈၂ ၁၀ ၃၅၁၁ ၁၁၃၉
+ ၈၂ ၇၀ ၈၁၈၂ ၀၃၆၀

ရဲဘော် ကျော်ခိုင်ဝင်းရဲ့ အစီရင်ခံစာ

ABSDF (NB) တွင်တာဝန်ထမ်းဆောင်စဉ်၊ ကိုသံချောင်း၊ ကိုမျိုးဝင်း၊ ကိုအောင်နိုင် တို့မှ ကျောင်း သားတပ်မတော်ခေါင်းဆောင် ကိုထွန်းအောင်ကျော်နှင့်တကွ၊ စစ်မှန်သော ကျောင်းသားရဲဘော်များအား အချင်းချင်းသုတ်သင်ရှင်းလင်းရက်စက်မှုများကာလ၊ ကိုယ်တွေ့မျက်မြင် လူ့အခွင့်အရေးချိုးဖောက်မှုများ မှာ အောက်ပါအတိုင်းဖြစ်သည်။
အေဘီတွင် ကိုသံချောင်း စစ်ရေးတာဝန်ခံ၊ ကိုမျိုးဝင်းအထွေအထွေအတွင်းရေးမှူး၊ အပတ်စဉ် (၅) သင်တန်းကာလတွင် တပ်တွင်းဆန္ဒပြမှုတရပ်ပေါ်ပေါက်ခဲ့ပါသည်။ တပ်တွင်းခေါင်းဆောင်များ ဦးဆောင်မှုညံ့ဖျင်းသည့် အဓိကအကြောင်းအရာဖြစ်ခဲ့ပါသည်။ ထိုအချိန်ကာလတွင် ကိုထွန်းအောင်ကျော်၊ ကိုအောင်နိုင်၊ ကိုစိုးလင်း၊ ကိုညီဂျော် စသည့် ကျောင်းသားခေါင်းဆောင်များ ရောက်ရှိလာပြီး ထိုရောက်ရှိ လာသော ကျောင်းသားခေါင်းဆောင်များအား တပ်တွင်းရှိရဲဘော်များက အားပေးထောက်ခံကြပါသည်။

ထို့နောက်တပ်တွင်းခေါင်းဆောင်နေရာများအတွက် ရွေးကောက်ပွဲလုပ်ပြီး ခေါင်းဆောင်တင်ကြသည့်အခါတွင် ကိုမျိုးဝင်းသည် လူကြိုက်အနည်းဆုံးသူတယောက်ဖြစ်ခဲ့ပါသည်။ ထိုအချိန်မှစပြီး ကိုမျိုးဝင်း၏အတွင်းစိတ် တွင် အမှတ်အငြိုးတေးဖြစ်လာခဲ့ပါသည်။ သူ၏အာဏာပါဝါလျော့ကျသွားခြင်းဖြစ်ပါသည်။ သို့သော် ကိုမျိုးဝင်းအား အသစ်ဖွဲ့စည်းသော ကျောင်းသားတပ်မတော်ဖွဲ့စည်းပုံတွင် တွဲဘက်အထွေထွေအ တွင်းရေး မှူးအဖြစ် ပြန်လည်ခန့်လိုက်ခြင်းသည် ကျောင်းသားတပ်မတော်ပြိုကွဲရန် အောက်ပါဖြစ်ရပ်မှန် ရက်စက် မှုများ၏ အစပင်ဖြစ်ပါတော့သတည်း။

ထိုအသစ်ဖွဲ့စည်းသော ကျောင်းသားတပ်မတော်တွင် ကိုအောင်နိုင် သည် အဖွဲ့အတွက် အလွန်အရေး ပါသော အထွေထွေအတွင်းရေးမှူးရာထူးကို လက်ခံရယူထမ်းဆောင်ခဲ့ပါသည်။ အထက်ပါကဲ့သို့ ဖွဲ့စည်းပုံအသစ်ဖြင့် ကျောင်းသားတပ်မတော်သည် အင်အားခိုင်မာကျစ်လစ်စွာ နယ်မြေခံလူထု အားပေးထောက်ခံမှု အားကောင်းစွာ အရှိန်အဟုန် ကောင်းနေစဉ်တွင် တပ်တွင်းရဲဘော် တယောက် ဖြစ်သော တပ်သားစိုးမင်းအောင် တပ်မှထွက်ပြေးခဲ့ပါသည်။ ထိုတပ်ပြေးစိုးမင်းအောင် အားတရုပ်ပြည် ရင့်ကျန်းမြို့တွင် ပြန်လည်ဖမ်းစည်းရရှိမိကာ ရိုက်နှက်နှိပ်စက် စစ်ကြောပြီး အစိုးရထောက်လှမ်းရေးဟု အတင်းအကြပ်ဝန်ခံခိုင်းခဲ့ပါသည်။ စိုးမင်းအောင်မှ တဆင့် ကျောင်းသားတပ်မတော်တွင်းရှိ အခြားသော ကျောင်းသားတပ်မတော် တွင်းရှိ အခြားသောကျောင်းသားများ၏အမည်ကို မေးကာ ထိုကျောင်းသားများသည်လည်းပဲ ထောက်လှမ်းရေးဖြစ်ပါသည်ဟု မဝန်ခံမခြင်း လူမဆန်စွာ လူ့အခွင့် အရေးကို အစွမ်းကုန်ချိုးဖောက်ကာ ကိုသံချောင်းနှင့် အပေါင်းပါများက သေသည်အထိ ညှင်းပမ်းနှိပ် စက်ခဲ့ကြပါသည်။ ထိုမှတဆင့် ကိုမျိုးဝင်းသည် သူ့အား အပတ်စဉ် (၅) သင်တန်းကာလဆန့် ကျင်ခဲ့သူများအားနှိပ်ကွပ်ရန် အကွက်မြင်သွားပြီး သူ့အား အတိုက်အခံလုပ်ခဲ့သူများကို ထောက်လှမ်းရေးဟု စွပ်စွဲကာ အစုလိုက်အပြုံလိုက်ဖမ်းဆီးပြီး ပြောပြမကုန်နိုင်လောက်သော ညှင်းပမ်းနှိပ်စက်မှု မျိုး စုံဖြင့် သေသည်အထိလည်ကောင်း၊ မသေမရှင်ဖြစ်သည်အထိလည်ကောင်း၊ လူလုံးမလှတော့သည်အထိ လည်ကောင်း၊ ယုတ်စွအဆုံး မိန်းခလေးများဖြစ်သော အဖမ်းခံထောက်လှမ်းရေးဟု အစွပ်စွဲခံ မငယ် ( နန်းအောင်ထွေးကြည်)၊ မခင်ချိုဦး တို့၏ မိန်းမ အင်္ဂါထဲသို့ပင် ရှာဖွေစစ်ဆေးကာ အမျိုးသမီးတို့၏ အခွင့် အရေးကိုပါ ချိုးဖောက်ပြီး စစ်ကြောရေးကြီးကို စတင်ခဲ့ပါသည်။ ညှင်းပန်းနှိပ်စက် လူ့အခွင့်အရေး ချိုးဖောက်ခဲ့မှုများနှင့် ညှင်းပမ်း နှိပ်စက်ခံခဲ့ရသူများကို ကျွန်တော်သည် အောက်ပါအတိုင်း ကိုယ်တွေ့ မျက်မြင် မိမိအရှေ့တွင် မျက်ဝါးထင်ထင် မြင်ခဲ့ရသည်ကို နှိပ်စက်ခံရခဲ့သော လူအမည်များဖြင့် တ ကွ ဖေါ်ပြထားပါသည်။

ကိုထွန်းအောင်ကျော် ( မန္တလေး)
သံပြားအားမီးဖုတ်ပြီး ပေါင်ခြေသလုံးထံ ကပ်ထားခြင်း၊ ဗိုက်ပေါ်သို့ ကတ္တရာစီးပြားများကို မီးရှို့၊ အစက်ချ မီးမွှေးခြင်း၊ သံချောင်းများကို မီးဖုတ်ခါ၊ ပေါင်အတွင်းသို့ ထိုးသွင်းခြင်း၊ စိတ်ဓါတ်ပျက်ပြားခြောက်ခြားစေရန်၊ ကိုကျော်ဝေကိုထင်းတုံးပေါ်တင်ပြီးခေါင်းဖြတ်သတ်ထားခါ၊ထိုခေါင်းပြတ်မှ၊ပန်းထွက်နေသော သွေးများကို၊ သောက်ခိုင်းခြင်း၊ ကိုချိုကြီး၏ လက် ကို လက်ကောက်ဝတ်မှ ခုတ်ပြတ်သော်လည်း၊ ခုတ်ချက်မမှန်ကာ၊ လက်ဝါးအရင်းပိုင်းမှ ပြတ်ထွက်ခါ၊ ( လက်မ တချောင်းထဲပင် ကျန်ထားပါသည်)၊ ထိုလက်ပြတ်အား ကိုက်ထားခိုင်းခြင်း၊ ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ ဒုတ်ကောက်ဖြင့်သာလမ်းလျှောက်နိုင်ပြီး၊ အသတ်ခံ လိုက်ရချိန်တွင်၊ ခေါင်းမပြတ်သဖြင့်၊ ပြန်ထလာသည်ကို၊ ပေါက်ပြားနောက်ဖင်ဖြင့်၊ ရိုက်ချ သတ်ခံရပါသည်။
ကျော်ကျော်မင်း (မုံရွာ)
သေဒဏ်ချမှတ်လိုက်သည်ဟု အမိန့်စာပြန်သောအခါတွင်၊ အောက်ပိုင်း ရုတ်တရက်သေ၊ မိမိကိုယ်မှ သေးထွက်မှန်းကို မိမိမသိသည်အထိ၊ ထိတ်လန့်ခါ၊ ခေါင်းဖြတ်မည့်နေရာသို့ တွဲခေါ် ယူခဲ့ရပါသည်။
(၂) ကိုချိုကြီး ( မန္တလေး)
စစ်ဆေးရေးကာလတွင် ဗိုက်ပေါ်တွင် မီးရှို့ခံရခြင်း၊ လက်ဝါးကပ်တိုင်တွင် လက်များကို သံချောင်းဖြင့် ရိုက်နှက်စစ်ဆေးခံရခြင်း၊ ကိုကျော်ဝေအား ခေါင်းဖြတ်သည့်နေ့တွင် လက်ဝါးအရင်းပိုင်းမှ ခုတ်ဖြတ် ခံရခြင်း၊ ခေါင်းဖြတ်သည့်အခါတွင်၊ ထူးခြားစွာဖြင့် တည်ငြိမ်စွာ ခုတ်ဖြတ်ခံသွားပါသည်။
မောင်မောင်ကြွယ် ( ရန်ကုန်) ဒေါ်ချိုချိုကျော်ငြိမ်း၏ မွေးစားသားဟုဆိုသူ
အပတ်စဉ် (၅) ကာလတွင်၊ ကိုမျိုးဝင်းအား အများဆုံးဝေဖန်ခဲ့သူဖြစ်သည်။ မိမိ၏ပါးစပ်အား တိတ်ဖြင့်ကပ်ခါ၊ ကိုမျိုးဝင်းကို အသံတိတ်ဆန္ဒပြခဲ့သည်။ ကျောင်းသားတပ်ထောက်လှမ်းရေးများ၏( အထူး သဖြင့် ကိုမျိုးဝင်းမှ ညှင်းပမ်းနှိပ်စက်ခဲ့) ခေါင်းဖြတ်သတ်ခံခဲ့ရပါသည်။
တူးတူး ( မြစ်ကြီးနား)
ခေါင်းဖြတ်ခံနီးတွင် ဆုတောင်းခိုင်းသောအခါ၊ မည်သည့်စကားတလုံးမှ မဆိုပဲ၊ ခေါင်းဖြတ်သတ်ခံရ၊
ကိုလှမြင့် ( တပ်ကုန်း)
ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ မိမိမှာ ထောက်လှမ်းရေး မဟုတ်ကြောင်း၊ ပြင်းထန်စွာငြင်းဆန်သွားပါသည်။
ရန်အောင် ( ရန်ကုန်)
ခေါင်းဖြတ်သောအခါ ပြန်ထလာသဖြင့်၊ ရင်ဘတ်အား သေနတ်ဘက်နက် ဖြင့် ထိုးသတ်ခံရ၊
အောင်ဖိုး ( ရန်ကုန်)
ကိုသံချောင်း၊ ကိုမျိုးဝင်း၊ ကိုအောင်နိုင်တို့မှ ကော်မတီဝင်များနေထိုင်ရာ တည်းစခန်းရှေ့ သို့ခေါ်ယူပြီး ခြေထောက်တွင် မိုင်းအပျော့စားကပ်ပြီး၊ မိုင်းခွဲခါ ခြေဖြတ်ခံရ၊ ( ထိုမိုင်းခွဲပွဲတွင်) မငယ်
( နန်းအောင်ထွေးကြည်) အပါအဝင် နှိပ်စက်ခံခဲ့ရသော်လည်း၊ ကံကောင်းထောက်မစွာ၊ လက်မိုင်းခွဲမခံခဲ့ ရ၊ နောက်ပိုင်းတွင် ထိုခြေပြတ်ဘဝနှင့်ပင်၊ ခေါင်းဖြတ်သတ်ခံရပါသည်။
ဋ္ဌေးမြင့်ဝင်း ( ရန်ကုန်)
အပတ်စဉ် (၅) သင်တန်းကာလ၊ တပ်တွင်းဆွေးနွေးပွဲတွင်၊ ကိုမျိုးဝင်းအား ပြင်းထန်စွာ ဝေဖန် ခဲ့သဖြင့်၊ ခေါင်းဖြတ်သတ်ခါနီးတွင်၊ ကိုမျိုးဝင်းမှ၊ “ ဟေ့ကောင် မင်း ငါ့ကို အပတ်စဉ် (၅) တုံးက ပြော သလို ပြောနိုင်သေးလားဟု အငြိုးကြီးစွာ မေးခဲ့သည်ကို ကျနော်ကိုယ်တိုင် နားဖြင့်ကြား ရပြီး၊ ဋ္ဌေးမြင့်ဝင်းမှ သေနတ်နှင့် ပစ်သတ်ပေးရန်တောင်းဆိုသဖြင့်၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။
မခင်ချိုဦး ( ရန်ကုန်)
အသတ်ခံရခါနီးတွင်၊ ငိုယိုရှစ်ခိုးတောင်းပန်သော်လည်း၊ ရဲဘော်များအားလုံးရှေ့တွင် ကိုယ်တုံးလုံး ချွတ်ပြီး၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။
ကိုကျော်ဝေ ( မန္တလေး)
ဦးခေါင်းအား ထင်းတုံးပေါ်တင်ပြီး၊ ကိုမျိုးဝင်းမှ ခေါင်းဖြတ်သတ်ခဲ့ပါသည်။ အသတ်မခံ ရသေးချိန်တွင်၊ တောင်းပန်သေးသော်လည်း အသတ်ခံရမည်ကို သိသောအခါ၊ ဓမ္မစစ် ကျောင်းသားကွ၊ မင်းတို့ သတ်လို့ ငါသေပေမဲ့၊ ငါ့ဝိညာဉ်မသေဘူးကွ၊ ကျော်ဝေ- ဓမ္မစစ် ကျောင်းသားကွ၊ သတ်လိုက် ရတယ် လို့ အော်ဟစ်သွားခဲ့ပါသည်။ စစ်ကြောရေးကာလတွင်လည်း မိုင်းခွဲပွဲတွင် လက်ကို မိုင်းခွဲခံရခါ လက်ဖြတ် ပစ်ရသူဖြစ်ပါသည်။
ပြည်စိုးနိုင် ( ရန်ကုန်)
ညတွင်းချင်းပင် ဖမ်းဆီးခံရခါ၊ လိုင်စင် ကဲ့သို့ ရေခဲသောအရပ်တွင် မြေကြီးထဲတွင် ကိုယ်ကို မြှုပ်ခါ၊ ခေါင်းလေးသာ ဖေါ်ထားပြီး နှိပ်စက်ခဲ့ပါသည်။ ဘုန်းနှိမ့်စေရန် မခင်ချိုဦးအား ခေါင်းပေါ်သို့ ကျော်ခွ ခိုင်းခဲ့ကြသည်။ ထို့နောက် ဥနှောက်အမြေးပါးယောင် ရောဂါအခံရှိသော ပြည်စိုးနိုင် သည် ဦးခေါင်းကို ရိုက်နှက်ပါ များသည့်အတွက်၊ မနက်ရောက်သောအခါ၊ စစ်ဆေးရင်းသေဆုံးသွားခဲ့ရပါသည်။ မခင်ချိုဦးနှင့်လည်းဖောက်ပြန်နေသည် ဟု စွပ်စွဲခံခဲ့ရပါသည်။
မငယ် (ခ) နန်းအောင်ထွေးကြည်၊ ရန်ကုန်
သူမ၏ ချောမောသော ရုပ်ရည် ပျက်စီးသည်အထိ မီးဖိုထဲမှ မီးစွဲလောင်နေသော ထင်းချောင်းဖြင့် မျက်နှာအား အထိုးခံခဲ့ရသည်။ သေဒဏ်စာရင်းတွင်ပါသော်လည်း ကံကောင်းထောက်မစွာ အသက် မသေခဲ့ပါ။
နန်းစော ( ဗန်းမော်)
သူမ၏ လက်မသည် ကျိုးကျေသွားပြီး ယ္ခုတိုင် ကွေးဆန့် မရတော့သည့်တိုင်အောင် ဝါးဆစ်ပိတ်ဝါးဖြင့် အရိုက်ခံခဲ့ရသည်။ ကိုအောင်နိုင် တို့ ထောက်လှမ်းရေးဟု စွပ်စွဲထားသော နန်းစော သည် ယ္ခုအခါ စက်တင်ဘာ အရေးအခင်းမှစပြီး လိုက်လံဖမ်းဆီးခံနေရသဖြင့် ပြည်တွင်းတွင် မိန်းခလေးတန်မဲ့ ထွက်ပြေးတိမ်းရှောင်နေရသည်။ ( ယ္ခုအခါ ထိုင်းနယ်စပ်သို့ရောက်ရှိနေပါပြီ)
ကိုထိန်လင်း ( ဟင်္သာတ)
ညလုံးပေါက် ရိုက်နှက်စစ်ဆေးပြီး အဆိပ်ရည် ပုလင်းထုတ်ပေးရန် စစ်ဆေးခဲ့၊ မိုးလင်းသောအခါ စစ်ဆေးတာ မခံနိုင်သဖြင့် သူပန်းချီဆွဲသောအခါ အသုံးပြုသော ပန်းချီဆေးရည်များကို ထုတ်ပေးခဲ့ရ၊ ထိုဆေးရည်များဖြင့် သူ၏မျက်နှာကို လောင်းချ သုတ်လိမ်းခံခဲ့ရ၊ ကိုယ်ပေါ်သို့လည်း လောင်းချခံခဲ့ရပါသည်။ ပြန်လည်လွတ်မြောက်လာသော်လည်း စစ်အစိုးရမှ ကိုအောင်နိုင်တို့ထောက်လှမ်းရေးဟု ယူဆခဲ့သူများကို ပြန်လည်ထောင်ချခဲ့ပါသည်။
ဘိုဘို (မိုးကျော်သူ)
နှာခေါင်းတွင် သံချိတ်ဖြင့် ချိတ်ဆွဲကာ အဖောက်ခံခဲ့ရ၊ ယခုအချိန်ထိ ကိုနိုင်အောင်တို့ထောက်လှမ်းရေးဟု အစွပ်စွဲခံရသော သူသည် မန္တလေး အကျဉ်းထောင်တွင် ထောင်ဒဏ် အနှစ် (၂၀) ချမှတ်ခံထားရသည်။
( ယခု ပြန်လည်လွတ်မြောက်လာပြီး ပြည်တွင်းတွင်)

အထက်ပါဖြစ်ရပ်များသည် ကျနော်ကိုယ်တွေ့မျက်မြင် ဖြစ်ခဲ့သော အဖြစ်အပျက်များဖြစ်ပါသည်။ မည်သည့်လူနှင့်မဆို ကျတော်ကိုယ်တိုင်ရှင်းရဲပါသည်။ နေ့ရက်များကို အတိအကျမမှတ်မိသော်လည်း ကျနော်ရေးသောစာကို ကျနော်တာဝန်ယူပါသည်။ ထိုအဖြစ်အပျက်များအတွင်း ကိုအောင်နိုင်သည် ဥက္ကဋ္ဌ ရာထုးတာဝန်ယူပြီး ဖြစ်ပျက်ခဲ့သော်လည်း ကိုအောင်နိုင်ကို ကျနော်နားလည် နိုင်ခဲ့ပါသည်။ သူသည်လည်း အသက်ကို ဥာဏ်စောင့်ရမှာပေါ့ လို့ ပေါ့တွေးထားခဲ့ပါသည်။ အထက်ပါအဖြစ်အပျက်များကို မည်သူ့ကိုမှ မပြောတော့ပါ ဟု ဆုံးဖြတ်ထားခဲ့သည်မှာ ဆယ်စုနှစ်ကျော်လာခဲ့ပါသည်။ ထိုသို့နေလာရာ တနေ့တွင် ဘီဘီစီ အသံလွှင့်ဋ္ဌာနမှ ရော်နယ်အောင်နိုင်ဆိုသည့် သတင်းထောက်တယောက် ချင်းမိုင်မှ သတင်းပေးပို့ ဖတ်ကြားလိုက်သည်ကို ကြားလိုက်ရပါသည်။ အသံကို သိသည်။ ရင်းရင်းနှီးနှီးသိသည်ဟု မှတ်ထား လိုက်ပါသည်။ နောက်ပိုင်းတွင် စုံစမ်းကြည့်သောအခါ အေဘီ ( မြောက်ပိုင်း) မှ ကိုအောင်နိုင် ဖြစ်နေ သည်ကို သိလိုက်ရပါသည်။ ထိုအချိန်အထိ ကျနော့စိတ်ထဲတွင် ကိုအောင်နိုင် အား နားလည်နိုင်ပါသည်။ စပ်ခွန်ကျော် လို့ ပင်ခေါ်ခေါ်၊ သံချောင်းပင်ဖြစ်ဖြစ်၊ မြင့်စိုး ပင်ဖြစ်စေ၊ အဖမ်းခံရသောအခါ ကိုအောင်နိုင် သည် လူတတ်ကြီးလုပ်ပြီး ကျောင်းသားတပ်မတော်အတွင်း အချင်းချင်းသတ်ဖြတ်ကြတုံးက ဥပဒေ တခုရှိပါတယ်။ ဘာလဲဆိုတော့ အဲ့ဒီတုံးက ထောက်လှမ်းရေး လို့ သံသယရှိသူတွေကိုကွပ်မျက်ရမယ် ဆိုတဲ့ ဥပဒေ ရှိပါတယ် လို့ သတင်းမီဒီယာတခုတွင် ဖွင့်ဆိုသွားပါသည်။

ထိုအချိန်မှ စပြီး ကိုအောင်နိုင်သည် အထက်ပါ အဖြစ်အပျက်များတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ပါလား ဟု သုံးသပ်မိသည်။ နောက်ပိုင်း ကျွန်တော်သည် အေဘီတွင် ယခုအချိန်အထိ တာဝန်ထမ်းဆောင်နေသော ရဲဘော်များနှင့် ပြန်လည် အဆက်အသွယ်ရခဲ့သည်။ ကိုအောင်နိုင် အကြောင်းစုံစမ်းသောအခါ၊ သူသည် ABSDF ( မြောက်ပိုင်း) ကို ဖျက်သိမ်းခိုင်းကြောင်း၊ မဖျက်သိမ်းပါက မင်းတို့ဘဲ လူသတ်ခဲ့တာတွေကို တာဝန်ယူဖြေရှင်းရလိမ့်မယ် ဟု ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ဆိုပြီးလျှင် ပူးတွဲပါ ကိုအောင်နိုင်ရဲ့ လူတွင်ကျယ် လုပ်ထားသော အင်တာဗျူးကို ဖတ်လိုက်ရသောအခါ အထက်ပါ လူသတ်နှိပ်စက် လူ့အခွင့်အရေးချိုးဖောက်ပွဲကြီးတွင် ကိုအောင်နိုင် တယောက်သည်လည်း အင်တိုက်အားတိုက် ပါဝင်ခဲ့ ပါလား ဆိုတာကို လက်မခံချင်ပဲ လက်ခံလိုက်ရပါတော့သည်။

ထို့အတွက်ကြောင့် ဘီဘီစီ မြန်မာပိုင်းဋ္ဌာနအနေဖြင့် ကိုအောင်နိုင် ကဲ့သို့သော လူ့အခွင့်အရေး ချိုးဖောက်ခဲ့သူတဦးအား အလုပ်ဆက်လက် ခန့်သင့် မခန့်သင့် ဆိုတာကို စဉ်းစားပေးစေလိုပါတယ်။ အထူးသဖြင့် အန်တီဒေါ်တင်ထားဆွေ အနေဖြင့် ခေါင်းအေးအေးတည်ငြိမ်စွာ ဆုံးဖြတ်နိုင်လိမ့်မယ်လို့ ကျွန်တော်သည် အထူးမျှော်လင့်မိပါသည်။ ဘီဘီစီ ဟာ ကျနော်တို့နှင့်အတူ စစ်အစိုးရကို လက်တွဲတိုက်ပွဲဝင်နေသော အားကိုးရတဲ့ ရဲဘော်တယောက် လို့ ဘဲ ကျနော့ရင်ထဲမှာ အမြဲရှိနေမှာပါ။
ယုံကြည်လေးစားလျှက်
ကျော်ခိုင်ဝင်း
ABSDF (NB) ရဲဘော်ဟောင်း
ကိုအောင်မိုးဝင်းရဲ့ မြောက်ပိုင်းဒေသမှအရိုးတွန်သံများ-အပိုင်း( ၇ )တွင်အဖွဲ့ အစည်းအတွက် ဝန်ချတောင်း ပန်ပေးပါ ဟုကိုအောင်နိုင်ထံ စာရေးတောင်းဆိုခဲ့တဲ့ကိုကျော်ခိုင်ဝင်း ကသူ့ရဲ့ ဆန္ဒကို ထပ်မံဖော်ပြ လာပါတယ်။
အပိုင်း ( ၇ )ပါလိပ်စာ ခေတ္တ ကိုးရီးယားဟာကိုးရီးယားမှာနေစဉ်ကဖြစ်ပြီးယခု နေရပ်မှာ မိုးညှင်းမြို့  ကချင်ပြည်နယ်ဖြစ်ပြီးဖုန်း- ၀၉၄၉၃၀၁၈၀၁ ဖြင့်ဆက်သွယ်နိုင်ပါကြောင်း ........

· · Share

  • 36 shares
    • Nang Aung Htwe Kyi Thank you Kyaw Khaing Win .
    • Vi Ya
      ‎(၈၈) ဆိုတာ ထောင်ကျနေခဲ့သည်ဖြစ်စေ တောခိုပြီးသေနတ်ပြေး ဆွဲခဲ့သည် ဖြစ် စေ ... ဒီမိုကရေစီနဲ့  လူ့ အခွင့်အရေးဆိုတဲ့ တန်ဖိုးတခုအောက်မှာပဲ ဆက်ပြီးရပ်တည် တည်ရှိနေရမှာဖြစ်တယ် ဒါဟာ (၈၈) ခွပ်ဒေါင်းပဲ ... သည်အတိုင်းပဲရှိနေတယ်.... အဲသည် ဒီမိုကရေစီနဲ့ လ
ူ့ အခွင့်အရးဆိုတာကို မျက်ကွယ်ပြုခြင်းလိုက်ချိန်မှာ ... (၈၈) နဲ့ မသက်ဆိုင်တော့သလို ... သင်ဟာဒီမိုကရေစီလူ့ အခွင့်အရေးနဲ့ လည်းသက်ဆိုင်တော့မှာ မဟုတ်ဖူးဆိုတာကို အမြဲသတိချပ်စေလိုပါတယ် (ဦးနေ၀င်းကိုရဲဘော်သုံးကျိတ်ဝင်အဖြစ်အသိအမှတ်ပြုပေမဲ့အာဏာရှင်တဦးအဖြစ်လည်း မြန်မာ့သမိုင်းမှာမှတ်တမ်းတင်ခဲ့တယ်ဆိုတာ ... သင်/သင်တို့  ... ဘယ်တော့မှမမေ့ပါနဲ့ ) ... လှိုင်ဘွား/၈၈
    • Thet Naing Maung
      ချုပ်နှောင်ရန်နှင့် ပြောင်းရွေ့စဉ် ထွက်ပြေး၍ ပစ်သတ်လိုက်ရ ဟူသည့် စီမံဆောင်ရွက်မှုမျိုး လုပ်ဆောင်လာသည်ကို တွေ့ရသည်။ မကဒတ အဖွဲ့အစည်းကို ယုံကြည်သော်လည်း စစ်ကော်မရှင် အတွင်း၌ မူမမှန်မှုများ ရှိနေသည်ကို တိကျစွာ (အထောက်အထား) နှင့်တကွ သိလာခဲ့သည်။ မက...See More
    • Myint Zabai very disguesting.
    • Thone Drae Oo ကဲ..မြောက်ပြီးရင် တောင် ပေါ့ကွယ်..
      ပြီးရင် အရှေ့ နဲ့ အနောက် ရှိအုံးမလား
      လာထား..လူသတ်ကောင်တွေ
      သမိုင်းကဘယ်တော့မှ ခွင့်လွှတ်မှာမဟုတ်ဖူး...ဖေါ်ထုတ်သူများအားလုံးကိုလေးစားပါတယ်..
    • Aung Khin Myint သာယာဝတီထောင်ထဲက အေဘီ မြောက်ပိုင်း လူသတ်ပွဲရဲ့ အဓိက တရားခံ တစ်ဦးဖြစ်တဲ့ သံချောင်းရဲ့ ပညာ အရည်အချင်း မှတ်တမ်းကို သိတဲ့လူများ ရှိရင် ကျနော် သိချင်လို့ပါ ခင်ဗျာ၊ တဆိတ်လောက် ပြောပြပေးဖို့ မေတ္တာရပ်ခံပါတယ် ...
    • Oo Thar ဘယ်လို comment မှ မပေးနိုင်လောက်အောင် ဝမ်းနည်းမိပါသည်၊
    • Harry Lwin ကို Aung Moe Win ရေ ... ခင်ဗျား ရေးထားပြီးသမျှ ကျနော် word နဲ့ format ပြန်ချထားတယ် ... ပို့လိုက်မယ်ဗျ .. ပြီးသမျှလည်း ဆက်ပြီး update လုပ်သွားပါ့မယ်
    • Lin Htein
      စာရေးသူကိုမောင်မောင် ( ကလောင်အမည်မောင်မောင်ရွှေကရဝိတ် ) ရေးသားသော """ ABSDF သွေးသမိုင်းစာအုပ် """ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦးအဖွဲ့အတွင်းသတ်ဖြတ်မှုတွေအတွက်မြန်မာပြည်အတွင်း ၂၀၁၂၊ဖေဖော်ဝါရီလအတွင်းစာအုပ်ထုတ်ဝေန...See More
    • Aye Aye Soe Win
      BBC(Jan 28, 2012) program runs 30 mins, but the coverage on Ko MG MG Shwe's Book runs from 15:00 to 19 :00, a total of 4mins roughly..And BBC should also reach out to the victims who are still alive and ask what had happened. The broadcaste...See More
    • Aung Moe Win ဘီဘီစီ က လန်ဒန်မှာနေတဲ့ ကိုထိန်လင်းတို့ကိုကျ မမေးပဲနဲ့၊ ကြားကနေခွပြီး စွပ်စွဲသွားတာတွေသာ ပြောနေတယ်။ ရိုင်းစိုင်းယုတ်မာတဲ့အချက်တွေကိုကျ တခွန်းမှ ပြောမသွားပါလား
    • Aye Aye Soe Win This is called 'bare minimum" for them to say that they covered the news...But that is not at all good enough...
    • Lin Htein ယခင် ABSDF က " ဝင်းနိုင်ဦး" က လက်ရှိ BBC ဝန်ထမ်းဖြစ်နေလို့ပါ။ဒါကြောင့် စွပ်စွဲသွားတာတွေသာ ပြောနေပါတယ်။ Ronald Aung Naing ကလည်းသူ့ဝန်ထမ်းဟောင်းတဦးပါ။လိုက်ပြီး " COVER " လုပ်နေတာပါ။
    • Lin Htein http://soundcloud.com/kohtike-1/rfa-interviewed-with-ko-htein
      soundcloud.com
      ANSDF မြောက်ပိုင်း လူသတ်မှု၊ လူမဆန်စွာ ညှဉ်းပမ်း နှိပ်စက်မှုတွေ အတွက် RFA မေးမြန်းချက်
    • Aye Aye Soe Win But they had to let Ronald Aung Naing go when they felt the heat of the pressure of the good audience..Am I right? The audience have rights, and the newsmen have their duties...And what else is more important?
    • ဦး ဦး RFA ကအတော်ရယ်ရတယ် ကိုထိန်လင်းကို တရားခံစစ် စစ်နေ
      တယ်
    • Lin Htein လူသတ်သမား Ronald Aung Naing က အပြစ်ပေးခဲ့တာရှိတယ်၊ဟုတ်တယ်လို့ပြောပြီးယခု ABSDF ကိုပါ ခုတုံးလုပ်နေပါသည်။
    • Aye Aye Soe Win
      It only concerns a few individuals of the ABSDF, not the entire absdf organization..In this sense, the idea of using the ABSDF is not going to be effective and safe; besides, NO ONE from the current ABSDF has said that Ronald Aung did what
      he did in 1991 and 1992 at the north camp according to the ABSDF's official order back then.....It means they have very little leverage to pull it the way in the direction which Ronald Aung Naing has been shifting the attention...It is called lack of safety net, for wider percussion. It has nothing to do with the organizational mission or objectives..On legal ground, they have no safety net...
    • Lin Htein Ako Love@ RFA က မျိုးဝင်းတောင်မသိဘူး။တော်လိုက်တာ။
    • Aye Aye Soe Win These are the best words...<<ဥာဏ်မမှီတဲ့သူတွေသာ အဖွဲ့အစည်းကို ချစ်ဟန်ဆောင်ပြပြီး လက်ဝင် လျှိုတယ်။ ကျောခြင်းကပ်ကြမယ် ဘာညာအော်နေကြတာ။ ကျောခြင်းကပ်ချင်သူများရဲ့ အရည်အချင်းတချက်လောက်ကြည့်ပါရစေ။ သမိုင်းဆိုးနဲ့အတူ မြေမြှုပ်ပေးလိုက်ပါ့မယ်။ >>
    • Lin Htein လောလောဆယ်မြေမြှုပ်ပေးလိုက်လို့မရသေးဘူး။သွေးကြွေး၊ပြစ်ဒဏ်ဆပ်ရအုန်းမယ်။အပြစ်မဲ့သေသွားသူတွေရဲ့ကျန်ရစ်သူမိသားစုတွေအတွက်တာဝန်မဲ့ရာရောက်နေလိမ့်မယ်။အပြစ်မဲ့သေသွားသူတွေ တမလွန် က ခွင့်လွတ်
      မှာမဟုတ်ဘူး။
    • Hlaing Amy ကောင်းသလိုသာ စီစဉ်ပါ။ နိုင်ငံအေးချမ်းဘို့က အရေးကြီးတယ်။
    • Udp Myanmar
      ကချင်းက ကျောင်းသားတွေကို လူမဆန်စွာ လူ.ဂုဏ်သိက္ခာ ကင်းမဲ့စွာဖြင့် ဖမ်းဆီးနှိပ်စက်ခြင်း၊ ရက်ရက်စက်စက် ညှင်းပမ်းနှိပ်စပ်ခြင်း။ လူစိတ်ကင်းမဲ့စွာဖြင့် ခေါင်းဖြတ်သတ်ခြင်းတွေကို အမှုအမှန်ပေါ်အောင် အားပေးကူညီခြင်း အမှန်တရားဖက်က ရပ်တည်ခြင်းဟာ---ဘယ်သ...See More
    • Zayar Htun
      ငါတို့ လူရွှင်တော်ကြီးကမြောက်ပိုင်းဒေသလူသတ်တာကို ဟုတ်လေလား.မဟုတ်လေလားလို့ ပြောသွားတယ်..သူ့ သမီးဖင်ထဲဒုတ်ထည့် မွှေအစစ်ခံရရင်ဘယ်လိုနေမလဲမသိဘူး..သူထောင်ထဲငါးခြောက်တဖတ်နဲ့ ထမင်းစား၇တာကိုတော့ ရင်နာနာနဲ့ ပြောသွားတယ်..ဘာလို့ အေဘီမြောက်ပိုင်းကိစ္စဖော်
      ရလဲဆိုတာသူကိုယ်တိုင် focus လွဲနေတယ်..မိုးသီးတို့ နိုင်အောင်တို့ ပြန်မွှေမှာစိုးလို့ ဦးအောင်သတိပေးတာကိုပြန်မပြောသင့် ဘူးတဲ့ ...သူကျတော့ ပြောချင်တာပြောပြီး သူများကျတော့ ခံခဲ့ ရတာလေးတောင်ပြန်မပြောရဘူးတဲ့ ...
    • Aye Aye Soe Win I like your comment Zayar Htun...It's a good point...Ko Min Ko Naing was at the memorial day Swan Kyway on Feb 10, 2012 in Yangon with the victims and their families. Ko Min Ko Naing has the heart..He shows it...Ko Zarganar has no power to have a say about the killings of the absdf north camp....
    • Kyi Yu Forget about Ko Zaganar whether he has concern on this issue. If you treat him as a comedian whom the way he is, that is just good enough. Here, the talking point is human beings and being violated by so called human right activist. That is all. Without cracking any joke.
    • Aye Aye Soe Win I don't care about what he says one way or the other, but Daw Su created a stage for him while other major significant ones are off her political reign...But the less intelligent refuse to see this as it is...Talk shows in towns and cities have very little impact..
    • Lin Htein ‎"" မနုသီဟဖင်နှစ်ခွ နဲ့ဇာဂနာကိုဘေးမဲ့တာလွတ်ထားလိုက်။"" ငပေါမို့လို့ အရင်လွတ်လာတာ။
    • Nyunt Shwe ဟိုအစောပိုင်းတုန်းကတော့ ဇာဂနာက လူပြက်ပါ။ အခု လူပျက်ဖြစ်သွားပါပြီ။ သိပ်မျှော်လင့်ထားသူတွေ ပိုနာတာပေါ့။ ကျနော်တို့ကတော့ အစကတည်း က သိပ်မမျှော်လင့်ထားတော့
    • Nyunt Shwe ဆောရီး အစကတည်းက မျှော်လင့်မထားတော့လို့ ရေးတာ မ ပြုတ်ကျသွားလို့။ လူမှ ဟုတ်ရဲ့လားလို့ပါ။ မထောက်ခံချင်ရင် ပါးစပ်ပိတ်နေတာကမှ တန်ဖိုးရှိပါသေးတယ်။ ဘာပြောပြော ခပ်ပေါပေါ ပုရိတ်သတ်က သူ့နောက်မှာ ကျန်နေသေးတာကိုး။ ဇာဂနာလဲ အဆုံးတော့ ဗလခြာပါပဲ။

· · Share

  • 108 shares
    • Maung Maung Wann
      မိတ်ဆွေ များခင်ဗျား...လာမဲ့..ဖေဖော်ဝါရီလ ( ၁၂ ) ရက်နေ့မှာ ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော် အပါဝင် ကျဆုံးသွားသော ရဲဘော်များအတွက် အခန်းအနားကို မန္တလေးမြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ၀ိုင်းဝန်းကူညီပံ့ပိုးပေးကြရန်နှင့်...မီဒီယာများအ
ားလည်း သတင်းစကားပါးလိုက်ပါတယ်။ ၈၈ မျိုးဆက်မှ ကျောင်းသားခေါင်းဆောင် တချို့လည်း တက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိထားပါတယ်...သက်ဆိုင်ရာ..ဒေသအသီးသီးမှာလည်း..ကျင်းပပေးကြပါရန်....နှိုးဆော်အပ်ပါတယ်။ပြည်ပ နိုင်ငံများမှာလည်း ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိထားပါတယ်။
    • Jodi Stranger ပေါ်လာပြီ။ ဖြစ်ရပ်မှန်ကြီးက တဖြေးဖြေးရုပ်လုံးပေါ်လာပြီ။ အတိတ်ရဲ့ အရိပ်ကြီးက ကောင်းစားနေသူတချို့ရဲ့ ကောင်းကင်ပေါ် တဖြေးဖြေးမည်းမှောင် မှိုင်းညို့နေပြီ။ မိုးကြိုးတွေ တစင်းပြီး တစင်းပစ်နေပြီ။
    • Maung Maung Wann ၁၉၉၂ ခု မတ်လက ကျောင်းသား ၁၅ ယောက်ကို ခေါင်းဖြတ်သတ်အပြီး ကိုမိုးသီး ထုတ်ခဲ့သော statement....http://www.scribd.com/doc/79633042/ABSDF-Statement-1992-March
      www.scribd.com
      Scribd is the world's largest social reading and publishing site.
    • အိုးဝေအောင် အိုးဘားမား
      ၁၉၉၂ မတ်လမှာ ဒီလို အမှန်မြင်သုံးသပ်ပြီး ကြေငြာချက်ထုတ်ပြန်ခဲ့တဲ့ ကိုမိုးသီးရဲ့ ပြတ်သားတဲ့ ရပ်တည်ချက်ကို သိလိုက်ရသဖြင့် ကိုမိုးသီးအနေဖြင့် မြောက်ပိုင်းကိစ္စကို ကြား(ဂျား) မနေတော့ဘဲ ၊အမှန်တရားဖော်ထုတ်သည့်ဘက်မှ ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား ရပ်တည
်ဖို့ အချိန်ကျရောက်ပြီ ဟု ကျနော်တို့ ထပ်မံတိုက်တွန်းလိုက်ပါတယ်။ ဒီတပွဲမှ မရပ်ရင် ကိုမိုးသီးဟာ ရက်စက်သူ -ဖိနှိပ်သူ -လူမဆန်စွာ လူ့အခွင့်အရေး ချိုးဖောက်ခဲ့ကြသူ =လူသတ်သမားများဘက်က ရပ်တည်နေသူလို့ စွပ်စွဲသတ်မှတ်ရတော့မှာပါ။ကိုမိုးသီးဟာ နို်င်ငံရေးဆက်လုပ်ဦးမယ်ဆိုရင် လူသတ်သမားများကို ဖော်ထုတ်ပေးပါ။ဖော်ထုတ်နေသူများဘက်က ဘက်လိုက်ပြီး ရပ်ပါ။ကြား(ဂျား)မနေသင့်ပါ ဟု တိုက်တွန်းလိုက်ပါတယ်။
    • Tharchit Zaw ကိုဝမ်းရေ၊ဒီကိစ္စကိုကံယာကံရှင်တွေဘယ်လိုရှင်းလင်းကြမလဲဆိုတာကိုစောင်. ကြည်.နေပါတယ်၊နိုင်ငံရေးမှာတခါတခါတော.အမှန်ကိုအမှန်အတိုင်းပဲသိမြင် ချင်ပါတယ်၊ဘယ်policy မှမရောစွက်ပဲ၊
    • Tharchit Zaw နဲနဲတော.ကျောင်းသားတွေကြားမကျေနပ်ချက်တွေပွင်.ထွက်လာကုန်ပြီ၊ဖြစ် သင်.ပါတယ်လေ၊အဖြူအမည်းသဲသဲကွဲကွဲသိဖို.
    • ဘရာဇီး ငှက်ရိုး လန်ဒန်မှာလဲ ကိုထိန်လင်း(ပန်းချီ) တို့ ပွဲလုပ်မယ်လို့ ကြေငြာထားတယ် ကိုဝမ်းရေ.....
    • အိုးဝေအောင် အိုးဘားမား
      ကိုကျော်ခိုင်ဝင်းက လူသတ်သမား (-ါ-ိုးမသား)ရောနယ်အောင်နိုင်ကို တောင်းဆိုထားတာက ပြတ်သားတယ်ဗျာ။သူ့အချက်အလက်တွေက တခြားအပိုင်းတွေထက် ဇာတ်ရှိန်မြင့်စေပြီး-အခု အပိုင်း(၇)ဟာ ပါဂျောင်က ဆီးနှင်း ရေခဲတွေ လူသတ်သမား ရော်နယ်အောင်နိုင်ရဲ့ လည်မျိုနားကိုေ၇ာ
      က်လာသလို မရှုနိုင် မကယ်နိုင် ဖြစ်နေစေပါပြီ။နောက်အပိုင်းတွေမှာ လည်မျိုကို ဂဠုန်ဦးစောကို ပေးခဲ့တဲ့ ကြိုးကွင်း ရစ်ပေးရမယ့် အပိုင်းရောက်လာမယ်လို့ မျှော်လင့်ပါတယ်။(ကျနော် မဆဲဘဲ မနေနိုင်လို့ ဆဲလိုက်မိပါတယ်။ဒီလူသတ်သမားရော်နယ်အောင်နိုင်။ အောက်တန်းစားစိတ်ဓါတ်နဲ့အာဏာရူးတဲ့ကောင်။(-ါ-ိုးမသား)ရောနယ်အောင်နိုင်။ဒီကောင့်ဖေ့စ်ဘွတ်ခ်မှာကို သွားဆဲဦးမယ်။(စာဖတ်သူများကို ရိုင်းမိပါတယ်။ခွင့်လွှတ်ကြပါ။)း(း(း(
    • ဘရာဇီး ငှက်ရိုး စိတ်လျှော့ထားကြပါ အေးဆေးပေါ့ဗျာ အချိန်ကျနေပါပြီ...
    • စစ် မုန်း သူ လူသတ်မှုမှာ အဓိကတာဝန်ရှိသူတွေက သူတို့ကိုယ်တိုင်မဖြေရှင်းရဲ တဲ့အခါ ABSDF ခေါင်းစဉ်ကို အကာအကွယ်ယူပြီး ကွေ့ဝိုက် ပြောဆိုဖို့ကြိုးစားတယ်။ ရန်သူဘက်က လူတချို့ကတော့ လူတစုရဲ့ ယုတ်မာမှုကို အကြောင်းပြပြီး ABSDF ကို တိုက်ခိုက်ဖို့ကြိုးစား ကြတယ်။ ဒီလုပ်ရပ်နှစ်ခုလုံးကို ကျနော်တို့က သတိရှိဖို့လိုပါတယ်။
    • Miracle Sto Rm ပို့စ်ရေးတဲ့ ကိုအောင်မိုးဝင်းနဲ့ ကိုမောင်မောင်ဝမ်းခင်ဗျာ...ဒီပို့စ်တွေကို ကျွန်တော်တို့ share လုပ်ခွင့်ပြုပါလို့ တောင်းဆိုပါရစေဗျာ.... ကျေးဇူးတင်ပါတယ်
    • Aung Khin Myint သာယာဝတီထောင်ထဲက အေဘီ မြောက်ပိုင်း လူသတ်ပွဲရဲ့ အဓိက တရားခံ တစ်ဦးဖြစ်တဲ့ သံချောင်းရဲ့ ပညာ အရည်အချင်း မှတ်တမ်းကို သိတဲ့လူများ ရှိရင် ကျနော် သိချင်လို့ပါ ခင်ဗျာ၊ တဆိတ်လောက် ပြောပြပေးဖို့ မေတ္တာရပ်ခံပါတယ် ...
    • Min Min Aung ပြန်လာမှ လာဖတ်မယ်..သေသေချာချာသိချင်လို့
    • Nainai Tun
      ကိုမိုးသီးဟာ အဲဒီအချိန်တုန်းက အဲလိုပြတ်ပြတ်သားသား စတိတ်မန့် ထုတ်ပြန်ခဲ့ပြီး ခုချိန်ကျမှ ဘာလို့ အသတ်ခံရသူတွေဖက်က ရပ်တည်ပြီး အမှန်တရားပေါ်ပေါက်အောင် မဆောင်ရွက်တာလဲဗျ။ ကျနော်တို့လို လူငယ်မျိုးဆက်တွေအနေနဲ့ ယုံထင်ကြောင်ထင် ဖြစ်စေတယ်။ နဂိုကတည်းကြ
      ပည်ပအဖွဲ့အစည်းတချို့ကို မယုံကြည်ခဲ့ဘူး။ ကျောင်းသားတပ်ကိုတော့ ချွန်းချက်နဲ့ ယုံကြည်ခဲ့တယ်။ ဒီကိစ္စကြီးပေါ်လာတော့ ကျောင်းသားတပ်နဲ့ ကျောင်းသားခေါင်းဆောင် ဆိုသူတွေကို ယုံကြည်မှုပျက်ပြားလာခဲ့ဘီ။ တကယ်ဆို ခေါင်းဆောင်ဆိုတာ အဖွဲ့အစည်းတခုရဲ့ ဆိုးမွေး ကောင်းမွေအကုန်လုံးအပေါ်မှာ တာဝန်ရှိရတယ်။ တာဝန်ယူရတယ်လို့ ကျနော်ကတော့ယူဆတယ်။ ဒေါက်တာနိုင်အောင်ကိုတော့ နဂိုတည်းက ပုဂ္ဂိုလ်ရေးလေးစားမှု လုံးဝမရှိဘူး။ အခုလဲ ဒီငနဲနှုတ်ဆိတ်တုန်း၊ အဓိကတရားခံတွေကိုတော့ထားလိုက်တော့၊ မြေလျှိုးလို့မိုးပျံရင်တောင် နေစရာရမှာမဟုတ်ဘူး။ ဒီအမှုက သကြားမင်းရော ယမမင်းဆီကိုရော အားလုံးရောက်နေပီးဘီ။ ဒင်းတို့အတွက် ဒီဝသုန်မြေမှာ နေရာလွတ်မရှိစေရ။ အဲဒီအချိန်မှာ အဓိကတာဝန်ရှိနေတဲ့ ခေါင်းဆောင်ဆိုတဲ့ လူတွေ(လူတွေလို့တောင်မပြောချင်တော့ဘူးဗျာ) တခုခုတော့ ပြောသင့်နေဘီလို့ မြင်ပါတယ်။ အဲဒါမှမဟုတ်ယင်တော့လဲ ခင်ညားတို့ ကိုယ်လည်ပင်းကိုယ် ကြိုးကွင်းစွပ်လိုက်ကြပါတော့။ ခင်ညားတို့ လောကကြီးမှာ ရှိမနေသင့်တော့ဘူး။ တော်ဘီဗျာ..... တော်တော်ဒေါသဖြစ်သွားဘီ။
      January 28 at 3:53am · · 7
    • Htat Yar Zar ကျနော်အေဘီနဲ့မသက်ဆိုင်ပေမယ့် ကြားရတာတွေအတွက် အမှန်ဖက်ကရပ်တော့မယ်
    • Min Min Aung
      ဒီစာသားလေးရဲ့အဓိပ္ပါယ်ကိုပြန်လည်သုံးသပ်စေချင်ပါတယ်...တကယ်ကိုယ်ချင်းစာနာပြီး comment ရေးသူများကို တမျိုးအဓိပ္ပါယ်သက်ရောက်စေ သလားလို့..."ဥာဏ်ရှိတဲ့သူတွေက ဒီ အစုလိုက်အပြုံလိုက်လူသတ်မှုဟာ ဘယ်လောက်အပြစ်ကြီးတယ် ဆိုတာသိလို့ ငြိမ်သက်နေကြတယ်။ လက်ဝင်မလှ
ျိုကြဘူး။ ဥာဏ်မမှီတဲ့သူတွေသာ အဖွဲ့အစည်းကို ချစ်ဟန်ဆောင်ပြပြီး လက်ဝင် လျှိုတယ်။ ကျောခြင်းကပ်ကြမယ် ဘာညာအော်နေကြတာ။ ကျောခြင်းကပ်ချင်သူများရဲ့ အရည်အချင်းတချက်လောက်ကြည့်ပါရစေ။ သမိုင်းဆိုးနဲ့အတူ မြေမြှုပ်ပေးလိုက်ပါ့မယ်။"
    • Nainai Tun
      ဟေ့လူ Blind Hackers အဲလိုဆိုယင် ကိုအောင်မိုးဝင်းတယောက်တည်းမဟုတ်တော့ဘူးဗျ။ ဒီထဲမှာ ထွက်ဆိုချက်ပေးနေတဲ့ ကိုထိန်လင်း၊ မငယ်၊ မသင်း၊ ကိုလှိုင်ဘွား၊ ကိုမောင်ဝမ်း၊ ကိုထိန်လင်းအောင်၊ ကိုရဲဝင်းအကြောင်းရေးတဲ့တယောက်၊ အခု ကိုကျော်ခိုင်ဝင်း အစရှိသဖြင့်
      အားလုံး သူလျှိုတွေလို့သာ ပြောလိုက်တော့။ အဲလိုဆိုယင် ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော်တို့ သူလျှိုဖြစ်လို့ သတ်ပစ်လိုက်တာ မှန်တယ်လို့ ခင်ညားကပြောချင်နေသလိုပဲ။ သတ္တိရှိယင် ခင်ညားဘယ်သူပါဆိုတာပြောပီး ပေါ်တင်ပြောပေါ့ဗျာ။ ခိုးကြောင်ခိုးဝှက်နဲ့ ဖာသည်မနဲ့ ဝရမ်းပြေးရလို့ မွေးတဲ့ကောင်လိုမပြောပါနဲ့။ ဒီကိစ္စတွေဟာ ကျုပ်နဲ့လဲ ဘာမှမပတ်သက်ဘူး။ ဒါပေမယ့် လူမှန်ရင် အမှန်တရားအတွက် လူပီသစွာရပ်တည်ပေးရမယ်လို့ ခံယူတယ်။ သေချာတာက ဒီအချိန်မှာ ခင်ညားဒီစကားတွေလာပြောရဲတာ ခင်ညားလဲ ဟိုတိရိစ္ဆာန်ကောင်တွေထဲက တကောင်ပဲ ဖြစ်ဖို့များပါတယ်။
      January 28 at 9:37am · · 7
    • Maung Maung Wann
      မြန်မာ့နိုင်ငံရေးမှာ လူတစ်ယောက်ကို အမြင်ကတ်ရင်...ထိုးချချင်ရင်..ထောက်လှမ်းရေး သူလျှိုလို့စွပ်ဆွဲပြီး လုပ်ကြံလို့ရမဲ့ ခေတ်က ကုန်ပြီ....ဒါ အိုင်တီခေတ်...သတင်းစီးဆင်းမှု့ဟာ..စက္ကန့်ပိုင်းဆီမှာ ကမ္ဘာအရပ်ရပ်ဆီရောက်သွားနိုင်တယ်ဆိုတာ...ဥာဏ်မမှီဘူးထင်
      ပါရဲ့...လွတ်လပ်တဲ့ ၀န်းကျင်ကြီးမှာ...ဘယ်သူဘာဆိုတာ ကွက်ကွက်ကွင်းကွင်းသိနိုင်နေတဲ့အခြေနေကြီးမှာတောင်..ကလေးကလား ဒီလိုစွပ်ဆွဲမှု့တွေနဲ့ လုပ်ကြံတတ်သေးရင်...တောထဲတောင်ထဲ...သေနပ်မိုးပြီး..အနိုင်ကျင့်ခံရတဲ့အခြေနေမှာ...သေဆုံးသွားသူတွေ...ခံခဲ့ရသူတွေအဖို့ ဘယ်လောက်နစ်နာသလည်း...စဉ်းစားကြည့်ကြပါ....။ ထောက်လှမ်းရေးလောက်ကို ကြောက်ရွံ့တုန်လှုတ်နေရင်...သူ့ထက်မြင့်တဲ့ စစ်အာဏာရှင်ကို...ဘယ်လိုတော်လှန်ကြမလည်း....စစ်အာဏာရှင်တွေနဲ့ လက်ဆွဲနှုတ်ဆက်နေတဲ့...ဒေါ်စုကို သူတို့ဘယ်လိုသဘောထားမလည်း.....ကျနော်ပြောလိုက်မယ်ဗျာ...နောက်လာမဲ့ အနာဂါတ်မှာ...ပြည်သူတရပ်လုံးရဲ့ ဘုံရန်သူဟာ...အဲဒီလိုကောင်မျိုးတွေဖြစ်လာလိမ့်မယ်။
    • Aung Khaing Myint လူသတ်မှုမှာ အဓိကတာဝန်ရှိသူတွေက သူတို့ကိုယ်တိုင်မဖြေရှင်းရဲ တဲ့အခါ ABSDF ခေါင်းစဉ်ကို အကာအကွယ်ယူပြီး ကွေ့ဝိုက် ပြောဆိုဖို့ကြိုးစားတယ်။ ရန်သူဘက်က လူတချို့ကတော့ လူတစုရဲ့ ယုတ်မာမှုကို အကြောင်းပြပြီး ABSDF ကို တိုက်ခိုက်ဖို့ကြိုးစား ကြတယ်။ ဒီလုပ်ရပ်နှစ်ခုလုံးကို ကျနော်တို့က သတိရှိဖို့လိုပါတယ်။ http://8888newgenerations.blogspot.com/2012/01/blog-post_702.html#links
    • MrMaung KoThet ‎"၁၉၉၂ ခု မတ်လက ကျောင်းသား ၁၅ ယောက်ကို ခေါင်းဖြတ်သတ်အပြီး ကိုမိုးသီး ထုတ်ခဲ့သော statement." ဆိုတာ ဘယ်လို သက်သေရှိပါသလဲ။ အခုမှ ကတိုက်ကရိုက်ထပြီး ရိုက်ထားတာမဖြစ်နိုင်ဘူးလားခင်ဗျာ။ တကယ်လို့ အဲဒီstatement ရဲ့ မူလ Copy ရှိရင်တင်ပေးစေချင်ပါတယ်။ကျနော်မမှားရင် ၉၂တုန်းက အခုတွေ့တဲ့ statement မှာသုံးထားတဲ့ စာလုံးပုံစံမထွက်သေးပါ။ ကျေးဇူးပါ။
    • Sliv Mmc
      ကျမတွေ.နေရတာကတော့ ခေါင်းဆောင် မ ဟုတ်ပဲ ခေါင်းရှောင်ဖြစ်နေကြတာပဲ ။ ခေါင်းဆောင်ကောင်းဆိုတာ ကိုယ်တာဝန်ယူစဉ်ကာလမှာ ကိုယ်သိလျှက်ဖြစ်စေ ၊ မသိလိုက်ပဲ ဖြစ်စေ ဖြစ်ပျက်ခဲ့တာတွေကို ခုချိန်မှာ သက်သေ အထောက်အထားနဲ.တကွ ဖော်ထုတ်ပြောပြနေကြတာကို တာဝန်ယူဖြေရှ
      င်းပေးရမယ် ။ ဒီမိုကရေစီ နဲ. လူ.အခွင့်အရေး အတွက် တိုက်ပွဲဝင်န်ေတဲ့သူတွေက ဒါတော်လှန်ရေးလုပ်တာ ၊ သတ်တာဘာဖြစ်လဲဆိုတာကြီးကတော့ တော်တော့ကို အော့နှလုံးနာစရာပါပဲ ။ ပြီးတော့ ABSDF နှစ်ဖွဲ.ကွဲတာဟာ ဒီလူသတ်မှု.ကြောင့် ကွဲတာမဟုတ်ပဲ အာဏာလုလို.ကွဲတာ ကို မိုးသီးဇွန်ရဲ့ အင်တာဗျူးမှာ လူသတ်မှု.ကြောင့် ကွဲတာပါလို. ပြောသွားပါတယ် ။ ဒီရေးနေတဲ့သူတွေကိုလည်း သူမသိသယောင် ပြောသွားပါသေးတယ် ။ အဆိုးဆုံးကတော့ သူ.အဖွဲ.ဝင်မဟုတ်ခဲ့သူကို လွဲမှားပြောဆိုသွားတာကတော့ ရုပ်ဆိုးလှပါတယ် ။ ဒီလို ခေါင်းဆောင်လက်အောက်မှာ နေခဲ့ကြရတဲ့ ကျောင်းသားများဘဝ ကံဆိုးလှပါ၏ လို.သာတွေးရင်း .......
    • Lay Lay Ko
      ငယ်ငယ်က စာသင်ခန်းထဲ ဆရာ။ ဆရာမ ၀င်လာတဲ့အခါ ကျောင်းသား ကျောင်းသူ တစ်ယောက် ယောက်က ( အားလုံးသတိ ) ဆိုပြီး အော်လိုက်ရပါတယ် ။ အဲ့ဒီ ( အားလုံးသတိ ) ဆိုတဲ့ စာသားက အခု လက်ရှိဗမာပြည် နိုင်ငံရေး အတွက် သည်းထိတ်ရင်ဖို အရေးကြီးဆုံးဖြစ်နေပြီဆိုတဲ့ အကြောင်
းကို ဒီနေရာကနေ အလေးအနက် တိုက်တွန်းလိုက်ပါရစေ ။တစ်ချက်မှားတာနဲက တစ်သာပြန်သွားအုံးမှာပါဘဲ ။ ဗမာပြည်သူပြည်သားတိုင်း တစ်ဥိးချင်းစီ တစ်ယောက်ချင်းစီ ဗမာ့နိုင်ငံရေးအတွက် ( သတိ ) ကြီးစွာ ထားကြရမဲ့ အချိန် တည့်တည့်ကိုရောက်နေပြီ ဆိုတဲ့ အကြောင်း လေးနက်စွာ ပြောလိုက်ပါရစေ ။ လက်ရှိ ဗမာပြည်သည် တကယ် ဒီမိုကရေစီ လုံးဝ လုံးဝ ကို မရ ရှိသေးပါ ။

No comments:

Post a Comment