by Aung Moe Win on Saturday, January 21, 2012 at 8:47pm ·

( ကိုထွန်းအောင်ကျော်အား ခေါင်းဖြတ်သတ် ခဲ့သော ကုန်း )
မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ကို တင်ပြခဲ့တာ အပိုင်း (-၆-) ကိုရောက်ရိှလာခဲ့တယ်။ ဒုတိယအဆင့် ကို ရောက်လာပြီ လို့ ဆိုရပါလိမ့်မယ်။ ဒီအဆင့်မှာ ကျူးလွန်ခဲ့သူတွေ နဲ့ ကိုယ်တိုင်ခံစားခဲ့ရ သူတွေ ကို လေးလေးနက်နက် တိုက်တွန်း ချင်တာ လေးတခုရှိပါတယ်။ ကျဆုံးသွားခဲ့တဲ့ ကျောင်းသားတပ်မတော် ရဲဘော်၊ သူငယ်ချင်းတွေရဲ့ လိပ်ပြာဝိညာဉ်တွေ၊ ကိုယ့်ရဲ့ ဒဏ်ရာတွေကိုသိက္ခာရှိရှိ ကာကွယ်ခုခံသော အားဖြင့်၊ ကာယကံရှင်တွေဟာ သတ္တိရှိရှိ၊ ဗြောင်ထွက်ဆွေးနွေး ကြပါ။ တယောက်ချင်း ဆီဖြစ်ဖြစ်၊ အုပ်စု လိုက်ဖြစ်ဖြစ်၊ လိုအပ်မယ်ထင်တဲ့ စာတမ်းတွေကို တင်ကြဖို့ အချိန်ရောက်ပြီလို့ ယူဆပါတယ်။ သူများရေး တဲ့ဆောင်းပါးတွေမှာ မှတ်ချက်ဝင်ပေးတာမျိုးတွေ၊ ပဟေဠိ ပုစ္ဆာတပုဒ်တွက် သလိုမျိုး မေးခွန်းထုတ်နေတဲ့ လုပ်ရပ်တွေ၊ ပြဇာတ်ထဲက ဒဏ်ရာအနာတရမင်းသားတယောက် ကိုယ့်ရဲ့ကြေကွဲမှုကို အယားဖြေ တယော ထိုး ငိုကြွေးနေတာမျိုးတွေကို ရပ်သင့်ပါပြီ။ ကိုယ့်နှလုံးသားကို ကိုယ့်ဘာသာ သစ္စာရှိဖို့လိုပါတယ်။
ကျနော်ကတော့ ကျနော်တို့ရဲ့ လုပ်ဖေါ်ကိုင်ဘက်၊ ဗကသ ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုထွန်းအောင်ကျော်၊ ကျောင်းသားတပ်မတော် (မြောက်ပိုင်း ဥက္ကဋ္ဌ) ၊ ရဲဘော်စိုးဝင်းသန်း နဲ့ ကျဆုံးခဲ့သော အပြစ်မဲ့ကျောင်းသားများ၊ ကိုယ့်ရဲ့ယုံကြည်မှုကို ရိုးသားသန့်စင်စွာ သတ္တိရှိရှိ ရပ်တည်ခဲ့တဲ့ နန်းအောင်ထွေး ကြည်နဲ့ တခြားရဲဘော်တွေအတွက် ဆက်လက်ရပ်တည်တိုက်ပွဲဝင်သွားပါမယ်။ မရှင်းမလင်းလုပ်နေတဲ့ သူတွေအတွက် ကျနော်တို့ရဲ့အသံတွေ တစုံတရာမှ ရှိမှာမဟုတ်ဘူး ဆိုတာကိုတော့ တိတိကျကျပြောချင် ပါတယ်။ ကာယကံရှင်တွေက သူရဲဘော ကြောင်စွာ ဆက်လက် ငြိမ်သက်နေမယ် ဆိုရင်တော့ ကြိုတင်သ တိပေးလိုက်ပါရစေ။ တတိယအဆင့်မှာ မုန်တိုင်းကို ပိုဖြတ်ကြရပါလိမ့်မယ်။ ပိုပြီးအရှက်တကွဲအကျိုးနဲမဲ့ဖြစ် ရပ်တွေကို ကြုံတွေ့ကြရပါလိမ့်မယ်။
မကောင်းဆိုးဝါးတကောင်ရဲ့ အသံ
“ရော်နယ်အောင်နိုင် ရဲ့ အသံကို ကြားရတိုင်း ပါဂျောင်စခန်းမှာ ညှင်းဆဲ နှိပ်စက်ခံရတဲ့ အသံတွေကို ကြားနေရတယ်၊ သူ့အသံမှာ မကောင်းဆိုးဝါးတကောင်ရဲ့ အခိုးအငွေ့တွေ ရိုက်ခပ်နေတယ်” လို့ အသက်မသေပဲ ပြည်တွင်းကို ပြန်ရောက်သွားတဲ့ ကျောင်းသားတပ်မတော်ရဲဘော်ဟောင်းတွေက ရင်ဖွင့် ပြလေ့ရှိကြတယ်။ တကယ်တော့ ရော်နယ်အောင်နိုင် ဆိုတဲ့သူဟာ လွန်ခဲ့တဲ့အနှစ် (၂၀) လောက် က မြောက်ပိုင်းဒေသမှာ မတရားသဖြင့် စွပ်စွဲ သတ်ဖြတ် ခဲ့တဲ့ အစုလိုက်အပြုံလိုက် လူသတ်မှုတွေကို လူတွေမေ့ပျောက်လောက်ပြီ လို့ ထင်နေသလားမသိပါဘူး။ အသံလွှင့်ဋ္ဌာနတွေနဲ့ အင်တာဗျူးတဲ့အခါတိုင်း လူတတ်ကြီးလုပ်ပြီးသတိလက်လွတ် ပြောဆိုလေ့ရှိတယ်။သူ့ရဲ့ အင်တာဗျုးတခုကတော့ မြောက်ပိုင်းဒေသ မှာ ဒဏ်ရာအနာတရဖြစ်ခဲ့တဲ့ သူတွေအားလုံးကို မီးတောက်လောင်၊ ဒေါသထွက်စေခဲ့တယ်။ မှတ်မှတ်ရရ၊ ၂၀၀၆ ခုနှစ်မှာ လူသတ်သမား သံချောင်းတယောက် စစ်အစိုးရဆီကို လက်နက်ချပြီး ဝင်သွားတဲ့အခါ စစ်အစိုးရက သံချောင်းရဲ့ လူသတ်မှု၊ ရာဇဝတ်မှုတွေအတွက် သေဒဏ် (၅) ခါ ချမှတ်ခဲ့ တယ်။ ရော် နယ်အောင်နိုင်ကို ABSDF ( မြောက်ပိုင်း) နဲ့ ပတ်သက်ပြီး၊ အင်တာဗျုးလုပ်သူက မေးခွန်းတခု မေးတဲ့အခါ၊ သူက လူတတ်လုပ်ပြီး၊ “ ABSDF မှာ ရန်သူ့သူလျှို လို့ ယူဆသူအားလုံးကို သတ်ပစ်ရမယ် ဆိုတဲ့ မူ ရှိတယ်” လို့ ဖြေကြားခဲ့တယ်။ အထဲမှာ နားထောင်လိုက်ရတဲ့ ကျောင်းသားတပ်မတော်ရဲဘော်ဟောင်းတွေက သူ့ရဲ့အမေးအဖြေကို နားထောင်ပြီး ပါဂျောင်ဒေသဆီက မချိမဆန့်အန်ထွက်လာတဲ့ ရဲဘော်သူငယ်ချင်းတွေရဲ့ အော်သံတွေကို နာနာကျင်ကျင် ခံစားလိုက်ကြတယ်။ ရော်နယ်အောင်နိုင် ဆိုတဲ့သူက လူသတ်မှုကို မိန်ရည်ရှက်ရည်ထောက်ခံ ပြောဆိုနေတုံးပါလား ဆိုတာ နားလည် သဘောပေါက် လိုက်ကြတယ်။ ရော်နယ်အောင်နိုင်က ဘာလို့ ထင်ယောင်ထင်မှားကမ္ဘာမှာ ကိုယ့်ဘာသာလိမ်ချင်နေရတာ လဲ။ တကယ်ဆို ထွန်းအောင်ကျော် ဆိုတဲ့ပုဂ္ဂိုလ်ဟာ မန္တလေးကတည်းက ရင်းနှီးကျွမ်းဝင် ခဲ့တဲ့သူဖြစ်သ လို၊ ထောက်လှမ်းရေးမဟုတ်ကြောင်း သက်သေပြခဲ့တဲ့ဖြစ်ရပ်တွေကိုလည်း ကြုံတွေ့ခဲ့ရဘူးတယ်မို့လား။
ရန်သူ့သူလျှိုတွေဟာ ကျောင်းသားတပ်မတော်ကို ဖြိုခွဲဖို့အတွက် အဆိပ်တွေ ခိုးယူလာခဲ့ပါတယ် လို့ စွပ်စွဲခဲ့တယ်။ ဖမ်းဆီးနှိပ်စက်တယ်။ အဆိပ်ရှာမတွေ့တော့ လက်ဖြတ်တယ်။ ခန္ဓာကိုယ်ကို မီးရှိှု့တယ်။ ရက်စက်မှုပေါင်းစုံကျူးလွန်ခဲ့ပြီးခေါင်းဖြတ်သတ်ခဲ့ကြတယ်။ABSDF(NB)စစ်ကြောရေးခေါင်းဆောင်တွေ ကျောင်းသားတွေထံမှာ ၊ ရှာမတွေ့ခဲ့တဲ့ အဆိပ်တွေက သတင်းထောက်တွေရှေ့မှာလည်း ရောက်ရော့ ဘာကြောင့် အရံသင့်ထုတ်ပြထားတဲ့ သက်သေခံ ပစ္စည်းတွေဖြစ်နေရတာလဲ။ တတ်လည်းတတ်နိုင်ကြလေ ရဲ့။ ဒါပေမဲ့ ဒါတွေဟာ ကိုယ့်ရှူးကိုယ်ပတ်မဲ့ ထောက်ကွက်တွေဖြစ်လာခဲ့ပြန်တယ်။
သက်သေပြချက်တွေ ရှိခဲ့ပေမဲ့
တကယ်တော့ ထောက်လှမ်းရေးလို့ စွပ်စွဲခံရတဲ့ကျောင်းသားတွေဟာ ထောက်လှမ်းရေးမဟုတ်ကြောင်း သက်သေပြခဲ့ ကြတဲ့ ရဲမေ၊ ရဲဘော်တွေရှိကြပါတယ်။ ဒီ အထဲက အထင်ရှားဆုံး သက်သေပြပါဆိုရင် ရဲမေ “သင်းသင်းညီ” ပဲ ဖြစ်ပါတယ်။ ABSDF ( မြောက်ပိုင်း) ရဲ့ခေါင်းဆောင်တယောက်ဖြစ်တဲ့ မျိုးဝင်းက သူတို့ဖမ်းထားတဲ့ ရဲမေတွေကို ထောက်လှမ်းရေးဟုတ်ဟုတ် သေသေချာချာ စစ်မေးနိုင်ဖို့အတွက်၊ “သင်းသင်းညီ” ဆိုတဲ့ ရဲမေလေး ကိုလည်း ဖမ်းဆီးချင်ယောင်ဆောင်ပြီး၊ သူတို့ဖမ်းထားတဲ့ “ ရန်သူ့ထောက်လှမ်းရေး” လို့ စွပ်စွဲခံရသူတွေအထဲကို ထည့်ထားပေးလိုက်တယ်။ “သင်းသင်း” လည်း အဖမ်းခံရတဲ့သူတွေနဲ့ ရက်အတော်ကြာ၊ အတူသွားနေလိုက်ပြီးတဲ့နောက် သဘောပေါက်သွားတယ်။ “သူတို့ဟာ ထောက်လှမ်းရေးတွေ မဟုတ်ဘူး။ စစ်အစိုးရကို တကယ်ဆန့်ကျင်ဖို့ လက်နက်ကိုင် နယ်မြေထဲကို ထွက်လာတဲ့ ကျောင်းသား၊သူ အစစ်အမှန်တွေဖြစ်တယ်” လို့ ABSDF ခေါင်းဆောင် မျိုးဝင်း ဆီကို ရှင်းပြခဲ့တယ်။ မျိုးဝင်း ဆိုတဲ့ကောင်က “ မဟုတ်ဘူး” ဆိုတဲ့ အဖြေကို မလိုချင်ဘူး။ “ သူတို့ဟာ ထောက်လှမ်းရေးတွေဖြစ်တယ်” ဆိုတဲ့ အဖြေကိုသာ လိုချင်သူဖြစ်တော့၊ “သင်းသင်းညီ” ရဲ့ စကားကို လက်မခံဘူး။ “သင်းသင်း” လည်း ထောက်လှမ်းရေးလို့ စွပ်စွဲခံရတဲ့ ကျောင်းသူတွေ နဲ့အတူရောပြီး နှိပ်စက် ညှင်းပမ်းခံခဲ့ရတယ်။
အရိပ်တွေလိုက်လာပြီ
ရော်နယ်အောင်နိုင်က ၂၀၀၈ မတိုင်ခင်မှာ လန်ဒန်မြို့က ဘီဘီစီမြန်မာပိုင်းဆီကို အမြဲတမ်းဝန်ထမ်းအဖြစ် လုပ်ကိုင်ဖို့ ရောက်လာခဲ့တယ်။ သူရဲ့ အသံကို ကြားတိုင်း ငရဲကျနေသလို ခံစားနေရတဲ့ ကျောင်းသား တပ် မတော် ရဲဘော်ဟောင်းတွေ ကလည်း ရော်နယ်အောင်နိုင် ကို တခုခု ပြန်တုန့်ပြန်ဖို့ ဆုံးဖြတ်လိုက်ကြ တယ်။ အော်စတြေရီးယားမှာ အခြေချနေတဲ့ “နန်းအောင်ထွေးကြည်” က ဘီဘီစီ မြန်မာပိုင်း ဋ္ဌာနမှူး၊ ဒေါ်တင်ထားဆွေကို ဖုံးဆက်ပြီးပြောတယ်။ “ အန်တီ တို့ ဘီဘီစီ ဋ္ဌာန က သတင်းထောက်တွေ အနေနဲ့ ကျောင်းသားတပ်မတော်မြောက်ပိုင်း မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို မကြားမိဘူးလား။ ကိုအောင်နိုင် နဲ့ ပတ်သက်တဲ့အရာတွေအကြောင်း ပြန်စုံစမ်းသင့်တယ်။ သတင်းထောက်ဆိုတာ ဘက်မ လိုက်ဘူးလို့ သေချာရင် ဒီကိစ္စကို အလေးအနက်ထားသင့်တယ်- ဘာညာ ဆိုတာတွေကို ကောင်းကောင်း မွန်မွန် ဆွေးနွေးတယ်။ ဒေါ်တင်ထားဆွေက “ ကိုအောင်နိုင် နဲ့ ပတ်သက် လို့ ဘယ်သူမှ စောဒက မတက်ပါဘူး။ မငယ် တယောက်တည်း တက်လို့လည်း သူ့ကို ရာထူးခန့်ထားရာကနေ ဖယ်ပစ်ဖို့ မဖြစ်နိုင်ဘူး ” ဆိုတဲ့ သဘောမျိုး တုန့်ပြန်တယ်။ နန်းအောင်ထွေးကြည်ကလည်း “ ဒါဆိုလည်း ရပါတယ် အန်တီ” ဆိုပြီး နောက်ထပ်တဆင့် တက်လိုက် တယ်။ ပြည်တွင်းက ကျောင်းသားတပ်မတော်ရဲဘော်တွေရဲ့ တိုင်စာတွေ ဘီဘီစီ မြန်မာပိုင်းဋ္ဌာဆီကို ရောက်လာတယ်။ ဒါပေမဲ့ မြန်မာပိုင်းဋ္ဌာနမှူး ဒေါ်တင်ထားဆွေ က ရော်နယ်အောင်နိုင် အပေါ် အရေးယူမှုလုပ်ဖို့ မစတင်သေးပဲ “ ဘယ်လိုလုပ်လိုက်တာလဲ” ဆိုတဲ့ စိတ်အနှောက်အရှက်ဖြစ်တဲ့လေသံနဲ့ မေးခွန်းထုတ်လာတယ်။ ဘီဘီစီ မြန်မာပိုင်း ဋ္ဌာနဆီမှာ ပို့ထား တဲ့ တိုင်စာတွေအားလုံးကို နောက်ထပ် ပုဂ္ဂိုလ်တယောက်ဆီ ထပ်ပို့လိုက်တယ်။ ဘီဘီစီ ဋ္ဌာန ရဲ့ ဒါရိုက်တာ ဆီကို ဖြစ်တယ်။ ဘီဘီစီ သတင်းဋ္ဌာနရဲ့ ဒါရိုက်တာက၊ မြန်မာပိုင်းဋ္ဌာနမှူး ဒေါ်တင်ထားဆွေ ကို ခေါ်ပြီး မေး မြန်းခံရတော့မှ၊ ရော်နယ်အောင်နိုင် တယောက်လည်း ဘီဘီစီ ဋ္ဌာန ကို စွန့်ခွာလိုက်ရတော့တယ်။ အံ့သြ ဖို့ကောင်းတာက ကာယကံရှင်တွေရဲ့ထွက်ချက်တွေ၊ မြောက်ပိုင်းဒေသရဲ့ သတ်ဖြတ်မှုတွေ အကြောင်းတွေ ကို စာတမ်းတွေရေးသားပေးပို့ခဲ့ပေမဲ့၊ ၂၀၀၈ နောက်ပိုင်းမှာထိ၊ ဘီဘီစီ က ဦးမောင်မောင်သန်း လို ပုဂ္ဂိုလ်တွေဟာ ရော်နယ်အောင်နိုင် ကို အင်တာဗျုးလုပ်နေဆဲပဲဖြစ်တယ်။ စာတမ်းတွေကို သေသေချာချာ မဖတ်တာလား။ ဋ္ဌာနမှူးဆီကမဖတ်ရတာလား။ ဒါမှမဟုတ် မတရားသဖြင့် သတ်ဖြတ်ခံရတဲ့ ကျောင်း သားတွေဘက်က သားသမီးချင်း ကိုယ်ချင်းစာနာ စိတ်မရှိတာလား ဆိုတဲ့အချက်ကိုတော့ ကာယကံရှင်တွေ မှ သိလိမ့်မယ်။
သတင်းသမားတွေရဲ့ ရပ်တည်ချက်အတွက် စိတ်မကောင်းစရာ ပဲ လို့ ပြောယုံမှတပါး ဘာမှ မရှိပါ။
ဘီဘီစီ- မြန်မာပိုင်း ဆီကို စာပို့ခဲ့တဲ့ သင်းသင်းညီ ရဲ့ လက်ရေးမူ ကို ပူးတွဲတင်ပြပေးလိုက်ပါတယ်။ သူမ ရေးခဲ့တဲ့ အချက်တွေက အောက်ပါအတိုင်းဖြစ်ပါတယ်။

စက်တင်ဘာ၊ ၂၀၀၈
သို့
ကျမနာမည် သင်းသင်းပါ။ လွန်ခဲ့သော (၁၀) နှစ်ကျော် ကာလက ABSDF ( NB) ရဲ့ အဖွဲ့ဝင်တဦးပါ။ BBC မြန်မာပိုင်း အစီအစဉ် ဋ္ဌာနမှ ကိုအောင်နိုင် အား အမြဲတမ်း ဝန်ထမ်းအဖြစ် ခန့်အပ်ခြင်းကို ပြန်လည် စဉ်းစားစေလိုပါသည်။
ကိုအောင်နိုင် သည် ABSDF ( NB ) တွင် အထွေထွေ အတွင်းရေးမှူး အနေဖြင့် တာဝန်ယူစဉ်ကာလတွင် ဖြစ်ပွားခဲ့သော ပြဿနာများကို ပြန်လည်ပြီး သုံးသပ်စေချင်ပါသည်။ ထိုစဉ်က ABSDF (NB) မှ ရဲဘော် ရဲမေများကို ထောက်လှမ်းရေးဟု စွပ်စွဲပြီး၊ ဖမ်းဆီးသော အကွဲအပြဲ ပြဿနာများတွင် ကျမကို ABSDF (NB) မှ တွဲဘက် အထွေထွေ အတွင်းအရေးမှူး မျိုးဝင်းမှ ၊ ဖမ်းဆီးခြင်းဟန်ဆောင်ပြီး အကျဉ်းသားများကြားတွင် စုံစမ်းစေခဲ့ပါသည်။
ကျမက “အားလုံးထောက်လှမ်းရေးမဟုတ်” ဟု ဆိုသောအခါ၊ တွဲဘက်အထွေထွေ အတွင်းရေးမှူး မျိုးဝင်းမှ ၊ ကျမကို “သေချာရှာပါ ရှိကိုရှိတယ်” ဆိုပြီး ဆက်လက် ခိုင်းစေခဲ့ပါသည်။ ကျမကိုလည်း မျိုးဝင်းတို့ ခိုင်းထားသော လူမှန်းမသိ သောကြောင့်၊ စစ်ကြောရေးမှာ၊ ကျမကိုယ်တိုင် ရင်ဘတ်ထဲတွင် ကျင်စက်နှင့် တို့ ကာအနှိပ်စက် ခံခဲ့ရပါတယ်။ထို့နောက် ကျမက “ဒီလိုမျိုး မနေနိုင်ဘူး သတ်ရင်လည်း သတ်” လို့ ပြောသော အခါမှ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အားလုံးထောက်လှမ်းရေး မဟုတ်ဟူသော ကျမ၏ ပြောဆိုချက် ကိုလုံးဝလက်မခံပဲ၊ညှင်းဆဲသတ်ဖြတ်မှုများကိုတရားမဲ့စွာဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။
အကျဉ်းထောင်ထဲတွင် ကျမကိုယ်တိုင်လည်း ညှင်းဆဲမှုများကို မတရားသဖြင့်ခံခဲ့ရပါသည်။ ထောက် လှမ်းရေးမဟုတ်ပဲ သတ်ဖြတ်ခြင်းခံခဲ့ရသူများမှာ၊ သမိုင်းကြောင်းအမှန်ကို ပြန်ပြောရန်မတတ်နိုင်တော့ပါဘူး။ ကံကောင်းထောက်မစွာ ကျန်ခဲ့တဲ့ ကျမက သေဆုံးသွားတဲ့ အကိုကြီး ကိုထွန်းအောင်ကျော် ( ဥက္ကဋ္ဌ) ABSDF ( NB) နှင့် သူငယ်ချင်းရဲဘော်ရဲဘက်များကိုယ်စား ပြောရခြင်း ဖြစ်ပါသည်။ အသက်ရှင်ကျန်ပြီး ပြည်တွင်းပြန်ရောက်လာတဲ့ စွပ်စွဲခံရသူများထဲတွင် နိုင်ငံရေးလှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင် နေ သည့်အတွက်၊ ထောင်ကျ နေသူများ၊ ထွက်ပြေးတိမ်းရှောင်နေသူများ၊ အများအပြားပင် ရှိနေသည့်အတွက်၊ ယ္ခုတဖန် ကိုအောင်နိုင်၏ အင်တာဗျူးများကို သိရှိရသည့်အခါ၊ ထိုသူများအစား ကျမရင်နာမိပါသည်။ ထိုကဲ့သို့ နောက်ခံသမိုင်းကြောင်း ကောင်းစွာရှင်းလင်းခြင်းမရှိသူအား၊ BBC မှ ဝန်ထမ်းခံရန် သင့်မသင့်ကို ပြန်လည်ပြီး စဉ်းစားစေချင်ပါသည်။
သင်းသင်း
ABSDF (NB) ရဲမေဟောင်း
မှတ်ချက်- ABSDF (NB) ဆိုတာ ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) ကို အတိုကောက်ရေး ထားခြင်းဖြစ်ပါတယ်။
ခုတော့ ရဲမေ သင်းသင်းညီ က ဗမာပြည်ထဲမှာ ပြန်ရောက်နေပါ တယ်။ ကျောင်း သားတပ် မတော်မြောက် ပိုင်းမှာ မတရားသဖြင့်စွပ်စွဲ သတ်ဖြတ်ခံရတဲ့ ကျောင်းသားတွေအတွက် ရည်ရွယ်ပြီး တေးသီချင်းတွေ သီဆိုထုတ်လုပ်ဖို့ အတွက် လုပ်ဖေါ်ကိုင်ဘက်တွေနဲ့အတူ ပြင်ဆင်နေပါတယ်။ ထွက်လာရင်လည်း အားပေးလိုက်ကြပါအုံး လို့ နှိုးဆော်လိုက်ပါရစေ။
မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ -အပိုင်း (၇) - မှာ နောက်ထပ် ကျောင်းသားတပ်မတော်ရဲဘော်၊ သက်သေ တယောက်ရဲ့ စာ ကိုတင်ပြပေးပါမယ်။

- 28 shares
- Aye Aye Soe Win <<ဒီ အဆင့်မှာ ကျူးလွန်ခဲ့သူတွေ နဲ့ ကိုယ်တိုင်ခံစားခဲ့ရသူတွေကိ
ု လေးလေးနက်နက် တိုက်တွန်း ချင်တာ လေးတခုရှိပါတယ်။ ကျဆုံးသွားခဲ့တဲ့ ကျောင်းသားတပ်မတော်ရဲဘော်၊ သူငယ်ချင်းတွေရဲ့ လိပ်ပြာဝိညာဉ်တွေ၊ ကိုယ့်ရဲ့ ဒဏ်ရာတွေကို သိက္ခာရှိရှိ ကာကွယ်ခုခံသောအားဖြင့်၊ ကာယကံရှင်တွေဟာ သတ္တိရှိရှိ၊ ဗြောင်ထွက်ဆွေးနွေး ကြပါ။ တယောက်ချင်း ဆီဖြစ်ဖြစ်၊ အုပ်စုလိုက်ဖြစ်ဖြစ်၊ လိုအပ်မယ်ထင်တဲ့ စာတမ်းတွေကို တင်ကြဖို့ အချိန်ရောက်ပြီလို့ ယူဆပါတယ်။ >> - Thone Drae Oo အမှန်တရားအတွက် .ဂုဏ်ယူလေးစားပါတယ် မသင်းသင်း..ရှင့်...
- Udp Myanmarကချင်မှာ ကျောင်းသားတွေ အသတ် ခံရတဲ့အမှုဟာ သေဆုံးသွားတဲ့ ကျောင်းသားတွေအတွက် အမှန်တရားနဲ. သမိုင်းတွေကို ဖော်ထုတ်ပေးဖို. အရေးကြီးယုံတင်မက နောင်လားနောက်သားတွေအတွက် သိထား လေ့လာထားဖို. လိုအပ်တဲ့ လက်နက်ကိုင်တော်လှန်ရေး- တောတွင်းနိုင်ငံရေးအတွက် ကာကွယ်ဆေး ပညာပေး တွေလဲ ဖြစ်သွားပါမည်။ သမိုင်းကင်ဆာကို ကုသရာရောက်သလို နောက်ဖြစ်လာမည့် ရောဂါအသစ်တွေအတွက် မဖြစ်အောင် ကြိုတင်ကာကွယ်ဆေး- ပညာပေး လုပ်ရာလဲ ဖြစ်ပါသည်။ သမိုင်းကင်ဆာဖြစ်တဲ့အတိုင
်း--ခံစားခဲ့ရတဲ့ဝေဒနာတွေ နစ်နာချက်တွေကတော့ ဘယ်လောက်ပဲ ကုကု နဂိုမူလအဆင့် မူလအခြေအနေတွေကိုတော့ ပြန်ရောက်တော့မှာ မဟုတ်ပါ။ ။ ဒါပေမယ့် ဒီလိုကုသမှုတွေ အတွေ.အကြုံတွေကပဲ နောင်မှာ တောခိုဖို. လက်နက်ကိုင် လမ်းစဉ်ကို လုပ်မယ်လို. စိတ်ကူးသူ စိတ်ဝင်စားသူတွေ ကျောင်းသားလူငယ်တွေအတွက် ဒီဖြစ်ရပ်တွေ ဒီသမိုင်းတွေကို အရင်လေ့လာပြီး--ဘာလုပ်သင့် သလဲဆိုတဲ့ သင်းခန်းစာတွေ ပညာပေး လက်ဆွဲတွေ ဖြစ်လာစေမှာမို. နောက်ထပ် အနာဂတ်၏ ရတနာကြယ်ပွင့်တွေကို အချိန်မတန်ပဲ လူယုတ်မာတွေ လူရမ်းကား ရာဇ၀တ်ကကောင်တွေ၏ လက်ချက်က လွတ်မြောက်အောင် ကာကွယ်ပေးနိုင်မည် ဖြစ်ပါသည်။ အခုအချိန်အထိ လက်နက်ကိုင်တော်လှန်ရေးနဲ. အောင်ပွဲခံရမည်လို. ကြွေးကြော်နေတဲ့ ခေါင်းဆောင်တွေဟာ ပြည်သူတွေ မပြောနဲ. ကိုယ့်ရဲဘော်တွေ အဖွဲ.၀င်တွေ မတရား အသတ်ခံရတာ နှိပ်စက်ခံရတာတောင် တကယ် လက်တွေ.မှာ ဘာမှ မလုပ်ပေးနိုင်ဘူး ရပ်တည် မပေးနိုင်ဘူးဆိုတဲ့ အရှိတရားကိုလဲ ထင်ဟပ်စေပါသည်။ ။ ထို.အတူ အမှန်တရားတို. တရားဥပဒေ စိုးမိုးရေး လူ.အခွင့်အရေးကို မြတ်နိုးပါတယ် တိုက်ပွဲ ၀င်နေပါတယ်ဆိုတဲ့ Established Leaders-အရှိန်အ၀ါကြီးပြီး ထိပ်တန်းရောက်တဲ့အပြင် သြဇာသက္ကမကြီးတဲ့ ဒီမိုကရေစီခေါင်းဆောင်တွေအ တွက်လဲ သူတို.ဟာ ဘယ်လို လူစားတွေလဲ ဆိုတာ ဒီဖြစ်ရပ်က မှတ်ကျောက်တင်မည့် Measurement Tool ဖြစ်သွားမှာပါ။ ။။ စစ်တပ်။ အစိုးရနဲ. အာဏာပိုင်တွေ မဟုတ်တာလုပ်ရင် ဆပ်ဆပ်ခါအောင် နာတတ် အော်တတ်တဲ့သူတွေ ရပ်ကွက်ထဲက အဒေါ်ကြီး လေလည် ရင်တောင် ဒါ ဘာကြောင့် ဖြစ်တယ် ဘယ်လို ဖြစ်တယ် ဘယ်သူမှာ တာဝန်ရှိတယ်ဆိုပြီး ကောက်ချက်တွေ မှတ်ချက်တွေ သုံးသတ်ချက်တွေနဲ. ပွားချင် ပြောချင်တဲ့သူတွေ---- အခု ဒီကိစ္စမှာ ဘာကြောင့် ငြိမ်နေသလဲ။ လက်ရှောင်နေသလဲ--- နှာစေးနေသလဲဆိုတာကိုလဲ လူတွေ သိခွင့်ရတော့---သူတို.ပြော တဲ့ အမှန်တရား-- သူတို.ပြောတဲ့ တရားမျှတမှု ဥပဒေ စိုးမိုးမှု လွတ်လပ်မှု လူ.အခွင့်အရေးနဲ. နစ်နာသူတွေ ခံရသူတွေ နိမ့်ကျသူတွေဖက်က ရပ်တည်သူတွေဆိုတာ----အပြော နဲ. အလုပ်။ ခံယူချက်နဲ. လက်တွေ. ဆောင်ရွက်မှုတွေ ညီ မညီ စစ်ဆေးရာလဲ ရောက်ပါသည်။ ဘယ်သူတွေက တကယ် အမှန်တရားကို မြတ်နိုးသူလဲ--- လူတွေ သိခွင့် ရရှိတာမို.--- ဘီလူးတွေ မင်းသား မျက်နှာဖုံးတွေ အချွတ်ခံရ အခွါခံရတဲ့ ပွဲမျိုးပါ။ - Udp Myanmarပြည်ပသတင်းဌာနတွေ၏ ပြည်သူတွေ ပရိတ်သတ်တွေအပေါ် ဘယ်လောက်အထိ စာနယ်ဇင်း ကျင့်ဝတ်နဲ.အညီ အမှန်တိုင်း သတင်းပေးသလဲ အသိပေးသလဲ--- ထင်ရှားစေပါသည်။ ABSDF( မြောက်ပိုင်း)မှာ ကျောင်းသားတွေ အသတ်ခံရတဲ့ကိစ္စ အင်တာနက်တွေ Social Media ဖြစ်တဲ့ Facebook & Blog တွေမှာ ဒီလောက် ရေးသားနေတာ ပြောဆိုနေတာ Crimes for Justices တရားမျှတမှုအတွက် အော်ဟစ် ငိုကြွေးနေတဲ့ကိစ္စတွေကို ဘယ်သတင်းဌာနကမှ လေ့လာစုံစမ်းမှု လုပ်ပြီး ပြည်သူကို အမှန်အတိုင်း အသိပေးတာ သတင်းထုတ်လွှင့်တာ မရှိပါဘူး။ ဒါအပြင် Facebook တွေမှာ ပြည်ပ သတင်းဌာနက သတင်းထောက်တွေ အများကြီး ရှိကြပေမယ့် အဲဒီ မောင်းမင်းကြီးသားတွေ မယ်မင်းကြီးမတွေဟာ ဒီကိစ္စတွေကို မသိနိုင်တာ မကြားဖူး မမြင်ဖူးဆိုတာလဲ မဖြစ်နိုင်ပါ---သတင်းထောက်
သတင်းသမားဖြစ်ပြီး ဒီဟာတွေကိုမှ မကြားဘူး မမြင်ဘူး မသိဘူးဆိုရင် ဘယ်မှာလဲ ပြည့်နား ပြည့်မျက်လုံးဆိုတာ---ဖြစ်တော့မှာလဲ။ ဒါအပြင် အစိုးရဌာနတွေ ရဲစခန်းတွေမှာ တခုခု ပြသာနာတက်ရင် သက်ဆိုင်ရာ သတင်းဌာနတွေက ပြောလေ့.ရှိသည့် စကားကတော့=== ဒီကိစ္စနဲ. ပတ်သက်ပြီး သက်ဆိုင်ရာ ရဲစခန်း--သက်ဆိုင်ရာ ဆေးရုံကို---ကျနော်။ကျမတို. BBC-RFA-VOA-DVB သတင်းဌာနမှ ဆက်သွယ်မေးမြန်ဖို. ကျိုးစားခဲ့ပေမည့် ပြန်လည်ဖြေကြားဖို. ငြင်းဆိုခဲ့ပါသည်။ ဖုန်းကိုင်မည့်သူ မရှိပါဘူး။ တာဝန်ရှိတဲ့ လူကြီး အစည်းအဝေး တက်နေပါတယ်လို.သာ--- ပြောပြီး ဖုန်းချသွားတယ်---ဆိုတာမျိုး ပြည်ပ သတင်းဌာနတွေက လုပ်တတ် ပြောတတ် အကြောင်းပြတတ်ပါသည်။ ဒါပေမယ့် အဲဒီ သတင်းဌာနတွေဆီကို ပြည်သူတွေက စာရေးဆက်သွယ်တာ ဖုန်းဆက်ပြီး အသိပေးတာ မေးမြန်းတာမျိုးဆိုရင်---တုန်.ပြန်ဖြေကြားခြင်း ဖြေရှင်းခြင်းမရှိပဲ--ဥပက္ခာြ့ပုတာ လျစ်လျူရှုတာက များပါသည်။ ကိုယ်ကတော့ သူများကို ဆက်သွယ်လို. မေးတာ မရရင် သတင်းထဲ ထည့်ပြီး တွယ်တတ်ပေမယ့် ကိုယ့်ကိုယ် ပရိသတ်တွေက မေးတာ မြန်းတာ စာရေးတာမျိုးကျတော့ ဘယ်တော့မှ အကြောင်းမပြန်တတ်တဲ့ ပြည်ပ သတင်းဌာနတွေ၏ ကျင့်ဝတ်နဲ. Professional Standard and Code of Conducts ကိုလဲ ပိုပြီး ပေါ်လွန်စေပါသည်။ အမှန်တရားကို တားလို. ရမည် မဟုတ်ပါ။ ဖုံးကွယ်ဖို. မကျိုးစားပါနဲ.။။ လူထုကို အမှန်အတိုင်း အသိပေးဖို. သတင်းပေးဖို. တာဝန်ရှိပါသည်။ - Aung Zaw What is BBC? Where is BBC?
- Lin Htein BBC is British Broadcasting Coporation in London, UK.
- Cherry Berry Thanks!!!
- Cherry Berry Thanks for posting on my wall, saya!
- Aye Aye Soe Winအခု ဆိုရင် ကိုအောင် မိုးဝင်း ၏ အပိုင်း (၆) အထိ ရှိလာပါပြီ ဖြစ် တဲ့ အတွက် လူ ယုတ် မာ တရားခံတွေဆီက အမှန်တရားက မ ထွက် လာသေးလဲ သူတို့ ဖက် မှာ ကို မဟားဒရား အကြိတ်အနယ် လုတ်ပြီး စုတ်ပဲ့ နိမ့် ကျ တဲ့နည်းတွေကို သုံး ပြီး ရာဇဝတ်ကောင် တွေ ရဲ့ အာက် တန်: စား တ ပည့် တွေ က ကြိုးစား နေ တာ ရွံစရာကောင်း တာ က လွဲ ရင် အမှန်တရား အမြန်ဆုံး ပေါ ပေါက် ရေး မှာ မ ထိခိုက် ပါ။ အောက် လန်: နည်: သုံး တဲ့ ကျော် ကျော် ဆို တဲ့ ကောင် မှန် ထောင် ပြီး အ ရှက် နဲ့ နေ ထိုင် ပါ။ မိမိ ရဲ့ မ ရိုး သား မှု ကိုရှက် ပါ။
Htin Lin Aung also...မိမိ ရဲ့ မ ရိုး သား မှု ကိုရှက် ပါ။ DNA advertising team မိမိ ရဲ့ မ ရိုး သား မှု ကိုရှက် ပါ။ If you don't know BBC, မိမိ ရဲ့ မ ရိုး သား မှု ကိုရှက် ပါ။ IF you think that DNA i at the top of the democratic movement, မိမိ ရဲ့ မ ရိုး သား မှု ကိုရှက် ပါ။ - Aung Khaing Myint http://
8888newgenerations.blogspot for sharing.ကျွန်တော် သိခဲ့တဲ့ ကိုထွန်းအောင်ကျော် (သို့) ၈၈ ရဲ့ ကိုဗဟိန်း.com/2012/01/ blog-post_7.html#links...th anks - San Yu ဘယ်မီဒီယာလာမေးမေးမန္တလေးကျေ
ာင်းသားတွေအတွက်ဖြေဖို့အဆင် သင့်ပါ။ - Darli Pug to some of သတင်းဌာန ,,,"(အရှင်သခင်အကြိုက်) သတင်းတွေကို တင်ချင် တင်တယ်။ မတင်ချင် မတင်နဲ့ သတင်းသမားဆိုတာ ဘက်မလိုက်ရဘူး လေး ဘာလေးနဲ့ အသံကောင်းက ဟစ်လိုက်ကြပြန်သေးတယ်။ ဆန်းတော့ မဆန်းဘူး။ အဲဒီ့ သတင်းဌာန ဆိုတာကြီး တွေမှာ ကြီးစိုးနေသူ အများစုက လက်သင့်ရာ ကြုံသလို ဆွဲခန့်ထားတာကိုး။" be careful!!!
- Shwe Hmone ဟုတ်တာပေါ.ကိုယ်တွေ.ပါ
- အိုးဝေအောင် အိုးဘားမား ပါဂျောင်ဒေသဆီက မချမဆန့်အန်ထွက်လာတဲ့...ဆို
တဲ့ စာသားမှာ..မချမဆန့် ဆိုတာကို မချိမဆန့် လို့ သတ်ပုံ ပြောင်းပေးပါ ။ - အိုးဝေအောင် အိုးဘားမား ABSDF ( မြောက်ပိုင်း) ရဲ့ခေါင်းဆောင်တယောက်ဖြစ်တဲ
့ မျိုးဝင်းက သူတို့ဖမ်းထားတဲ့ ရဲမေတွေကို ထောက်လှမ်းရေး ဟုတ် ဟုတ် ...ဆိုတဲ့ စာသားမှာ=ဟုတ် မဟုတ် လို့ သတ်ပုံပြန်ပြင်ပေးပါ။ဆရာသမား။ - အိုးဝေအောင် အိုးဘားမား ပြည်တွင်းက ကျောင်းသားတပ်မတော်ရဲဘော်တေ
ွရဲ့ တိုင်စာတွေ ..ဘီဘီစီ မြန်မာပိုင်းဋ္ဌာဆီကို ....ဆိုတဲ့ စာသားမှာ =ဌာနဆီ ..လို့ သတ်ပုံပြန်ပြင်ပေးပါ။ - အိုးဝေအောင် အိုးဘားမား အံ့သြဖို့ကောင်းတာက ကာယကံရှင်တွေရဲ့ထွက်ချက်တွေ
၊ မြောက်ပိုင်းဒေသရဲ့ သတ်ဖြတ်မှုတွေအကြောင်းတွေကို စာတမ်းတွေ ရေးသားပေးပို့ခဲ့ပေမယ့်၊ ၂၀၈ နောက်ပိုင်းမှာထိ၊ .....ဆိုတဲ့ စာသားမှာ= ၂၀၀၈ နောက်ပိုင်းမှာထိ..လို့ သုညတလုံး ထပ်ဖြည့်ပေးပါ။ - အိုးဝေအောင် အိုးဘားမား http://hittai.net/
?show=rm&fileid=101&t=home7 ပုံများစွာဖြင့် ဟစ်တိုင်မှာ တင်ထားပါတယ်။&id=7 - Thone Drae Oo ဟစ်တိုင်မှာ စုစည်းထားတာ တော်တော်ကောင်းပါတယ်..ကျေးဇ
ူးပါ...
· · Share
- 100 shares
- Maung Maung Wannမြောက်ပိုင်း ဒေသ လူသတ်မူ့ အကြောင်းအရာများနဲ့ပတ်သက်သေ
ာ အထောက်အထားများ ဆောင်းပါးများကိုပေးပို့ရာတွင်….ကာယကံရှင်များကိုယ်တို င်ရေးသားထားသော လက်ရေးစာမူများ…ဆက်သွယ်ရန်လိပ်စာ..ဖုန်းနံပတ် အီးမေးလ်များကိုထဲ့သွင်းဖော်ပြပေးပါ…ကျနော်တို့ဆက်သွယ် ပါမည်။ ဆ က်သွယ်အတည်ပြုပြီး ခိုင်လုံ မှန်ကန်မှသာလျှင်..ဖော်ပြမည်ဖြစ်ပါသည်….ကျန်မည်သည့်စာမူများကိုမှဖော်ပြလိမ့်မည်မဟုတ်ပါ။ကွန်မင့်များကိုဝင်ရောက်ရေးသာရာတွင်လည်း……မြောက် ပိုင်းဒေသ ဖြစ်ရပ်အပေါ်…စစ်အာဏာရှင်အကြွင်းအကျန်များမှဝင်ရောက်အမြ တ်ထုတ်နှောက်ယှက်သည်ဟုယူဆရ သော မည်သည့် ကွန်မန့်မဆို ဖျက်ပစ်ပါမည်။( အကျိုးထက် အဆိုးကိုဦးတည်စေနိုင်သေြာေ ကာင့်ဖြစ်သည် ) - Min Thuyein ဒီကိစ္စကို ပြည်တွင်း ပြည်ပမှာရှိသော ၈၈ မျိုးဆက် ကျောင်းသားများအားလုံး ပါဝင် ဖေါ်ထုတ်ကြပါလို့ အလေးအနက် ထား ဆန္ဒပြုလိုက်ပါသည်။
- ဘရာဇီး ငှက်ရိုး နဲနဲပါးပါးတော့ လှုပ်လှုပ်ရှားရှား ဖြစ်လာပြီအကိုဝမ်းရေ.....
ကိုအောင်မိုးဝင်း တင်ပြလာပုံတွေက ပိုပြီးပိုပြီး ဒီလူတွေ အတွက် စည်းကကျဉ်းသထက်ကို ကျဉ်းလာနေပြီ တဖြည်ဖြည်းတော့ ရုပ်လုံးပေါ်ပေါ်လာနေပါပြီ ဆက်လက်တင်ပြလာတာတွေကို စောင့်ဖတ်နေပါတယ် - Min Thuyein အခုလူတွေတော်တော်များများ စိတ်ဝင်စားလာပြီး ... အဖြစ်မှန်ကို ပြည်တွင်းက ၈၈ ကျောင်းသားတွေ အကုန်လုံးသိချင်နေကြပါတယ်။ ကာယကံရှင်များ ၀ိုင်းဝန်း ဖေါ်ထုတ်ပေးကြပါခင်ဗျာ။
- Nyunt Shweဘီဘီစီမြန်မာပိုင်းပဲဖြစ်ဖြ
စ် တခြားအသံလွှင့်ဌာနတွေပဲဖြစ်ြ ဖစ် အများစုက ဘာသတင်းထောက် သင်တန်းမှမရှိပဲ၊ ဘယ်တက္ကသိုလ်က သက်ဆိုင်တဲ့ ဘာသာရပ်နဲ့ ဘွဲ့ရသူတွေမဟုတ်ပဲ ဗမာလိုပြောရရင် ဆွဲခန့်တွေဆိုတော့ မီဒီယာအက်သစ်တို့ ကျင့်ဝတ်တို့ဆိုတာ တကယ်လေးလေးနက်နက် မရှိပါဘူး။ ကျနော့်ကို အသံလွှင့်ဌာန ၂ ခုက သူတို့စကားဝိုင်းမှာ ဝင်ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပြီး ခေင်းစဉ်ကို ပြောပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကျနော် ဘာတွေ ပြောပေးနိုင်မလဲမေးတော့ ကျနော်က ကျနော် သိတဲ့ နားလည်ယုံကြည်တဲ့ အတိုင်း ဒါတွေပြောမယ်လို့ပြောတော့ ဒါဆိုရင် ကျနော်တို့ လိုင်းနဲ့မကိုက်ဘူး၊ ပြင်ပြောမပေးနိုင်ဘူးလားလို့ မေးပါတယ်။ ကျနော်က အေးဗျာ၊ တခြား ပြောနိုင်တဲ့သူတွေ ရှိမှာပါ၊ ကျနော် နောင် အလျင်းသင့်တဲ့အခါ ဝင်ဆွေးနွေးပါ့မယ်လို့ တိုတိုနဲ့ရပ်ပစ်ရဘူးပါတယ်။ အခု လီဘီစီကော တခြားဌာနကပါ ကိုနိုင်အောင်ကို ရေချိုး ချေးတွန်းပေးနေတာများ ရှက်စရာတောင် ကောင်းပါတယ်ဗျာ။ ဟို ခေါ်တောကုလားတွေ အရေးဆိုရင်လဲ ဒီအသံလွှင့်ဌာနတွေက အပြိုင် ကိုယ်စားလှယ်ယူနေသလား အောက်မေ့ရအောင်ကို မာသာထရီဇာ လုပ်ပြနေကြတာ မနည်းပါဘူး။ အခု မြောက်ပိုင်း အေဘီအရိုးတွန်တဲ့ကိစ္စကတော့ ခုလောက်ဆိုရင် ပြည်တွင်းကလဲ အကုန်သိလောက်ပါပြီ၊ အဓိကက နိုင်ငံတကာခုံရုံးရောက်အောင်ပို့ဖို့ ဖြစ်တဲ့အတွက် ကိုအောင်မိုးဝင်းတို့အနေနဲ့ ဥပဒေပိုင်းမှာ ကျွမ်းကျင်တဲ့ အတိုင်ပင်ခံတွေ ရှိထားဖို့လိုလိမ့်မယ်လို့ ထင်ပါတယ်။ အဲဒီကိစ္စမှာ အတန်အသင့် ကုန်ကျစရာတွေရှိလာရင် အကုန်အကျခံနိုင်အောင် ရံပုံငွေတစ်ရပ်လိုမယိလို့ ထင်ပါတယ်။ ကော်မီတီဖွဲ့ပြီး ကောက်ခံလာရင် တတ်နိုင်သလောက် ပါဝင်ပါမယ်၊ အားလုံးလဲ ဒီကိစ္စကိုအောင်မြင်အောင် ဝိုင်းဝန်းကြဖို့ တိုက်တွန်းပါတယ် ခင်ဗျား။ - Tharchit Zaw အကိုရေဇာတ်ရှိန်မြင်.လာပါပြ
ီ။ရောနယ်အောင်နိုင်ရဲ.ဆင်ြေ ခဆင်လက်စာကိုလဲဖတ်ရပါတယ်၊ဘယ်လိုပဲပြောပြော၇ာဇဝတ်မှုကို ကျူးလွန်ခဲ.တဲ.အတွက်တစုံတရာ ကိုအရေးယူပေးဖို.တောင်းဆိုပါတယ်၊ဆက်လက်စောင်.ဖတ်နေပါတယ်၊ - Udp Myanmarကချင်မှာ ကျောင်းသားတွေ အသတ် ခံရတဲ့အမှုဟာ သေဆုံးသွားတဲ့ ကျောင်းသားတွေအတွက် အမှန်တရားနဲ. သမိုင်းတွေကို ဖော်ထုတ်ပေးဖို. အရေးကြီးယုံတင်မက နောင်လားနောက်သားတွေအတွက် သိထား လေ့လာထားဖို. လိုအပ်တဲ့ လက်နက်ကိုင်တော်လှန်ရေး- တောတွင်းနိုင်ငံရေးအတွက် ကာကွယ်ဆေး ပညာပေး တွေလဲ ဖြစ်သွားပါမည်။ သမိုင်းကင်ဆာကို ကုသရာရောက်သလို နောက်ဖြစ်လာမည့် ရောဂါအသစ်တွေအတွက် မဖြစ်အောင် ကြိုတင်ကာကွယ်ဆေး- ပညာပေး လုပ်ရာလဲ ဖြစ်ပါသည်။ သမိုင်းကင်ဆာဖြစ်တဲ့အတိုင
်း--ခံစားခဲ့ရတဲ့ဝေဒနာတွေ နစ်နာချက်တွေကတော့ ဘယ်လောက်ပဲ ကုကု နဂိုမူလအဆင့် မူလအခြေအနေတွေကိုတော့ ပြန်ရောက်တော့မှာ မဟုတ်ပါ။ ။ ဒါပေမယ့် ဒီလိုကုသမှုတွေ အတွေ.အကြုံတွေကပဲ နောင်မှာ တောခိုဖို. လက်နက်ကိုင် လမ်းစဉ်ကို လုပ်မယ်လို. စိတ်ကူးသူ စိတ်ဝင်စားသူတွေ ကျောင်းသားလူငယ်တွေအတွက် ဒီဖြစ်ရပ်တွေ ဒီသမိုင်းတွေကို အရင်လေ့လာပြီး--ဘာလုပ်သင့် သလဲဆိုတဲ့ သင်းခန်းစာတွေ ပညာပေး လက်ဆွဲတွေ ဖြစ်လာစေမှာမို. နောက်ထပ် အနာဂတ်၏ ရတနာကြယ်ပွင့်တွေကို အချိန်မတန်ပဲ လူယုတ်မာတွေ လူရမ်းကား ရာဇ၀တ်ကကောင်တွေ၏ လက်ချက်က လွတ်မြောက်အောင် ကာကွယ်ပေးနိုင်မည် ဖြစ်ပါသည်။ အခုအချိန်အထိ လက်နက်ကိုင်တော်လှန်ရေးနဲ. အောင်ပွဲခံရမည်လို. ကြွေးကြော်နေတဲ့ ခေါင်းဆောင်တွေဟာ ပြည်သူတွေ မပြောနဲ. ကိုယ့်ရဲဘော်တွေ အဖွဲ.၀င်တွေ မတရား အသတ်ခံရတာ နှိပ်စက်ခံရတာတောင် တကယ် လက်တွေ.မှာ ဘာမှ မလုပ်ပေးနိုင်ဘူး ရပ်တည် မပေးနိုင်ဘူးဆိုတဲ့ အရှိတရားကိုလဲ ထင်ဟပ်စေပါသည်။ ။ ထို.အတူ အမှန်တရားတို. တရားဥပဒေ စိုးမိုးရေး လူ.အခွင့်အရေးကို မြတ်နိုးပါတယ် တိုက်ပွဲ ၀င်နေပါတယ်ဆိုတဲ့ Established Leaders-အရှိန်အ၀ါကြီးပြီး ထိပ်တန်းရောက်တဲ့အပြင် သြဇာသက္ကမကြီးတဲ့ ဒီမိုကရေစီခေါင်းဆောင်တွေအ တွက်လဲ သူတို.ဟာ ဘယ်လို လူစားတွေလဲ ဆိုတာ ဒီဖြစ်ရပ်က မှတ်ကျောက်တင်မည့် Measurement Tool ဖြစ်သွားမှာပါ။ ။။ စစ်တပ်။ အစိုးရနဲ. အာဏာပိုင်တွေ မဟုတ်တာလုပ်ရင် ဆပ်ဆပ်ခါအောင် နာတတ် အော်တတ်တဲ့သူတွေ ရပ်ကွက်ထဲက အဒေါ်ကြီး လေလည် ရင်တောင် ဒါ ဘာကြောင့် ဖြစ်တယ် ဘယ်လို ဖြစ်တယ် ဘယ်သူမှာ တာဝန်ရှိတယ်ဆိုပြီး ကောက်ချက်တွေ မှတ်ချက်တွေ သုံးသတ်ချက်တွေနဲ. ပွားချင် ပြောချင်တဲ့သူတွေ---- အခု ဒီကိစ္စမှာ ဘာကြောင့် ငြိမ်နေသလဲ။ လက်ရှောင်နေသလဲ--- နှာစေးနေသလဲဆိုတာကိုလဲ လူတွေ သိခွင့်ရတော့---သူတို.ပြော တဲ့ အမှန်တရား-- သူတို.ပြောတဲ့ တရားမျှတမှု ဥပဒေ စိုးမိုးမှု လွတ်လပ်မှု လူ.အခွင့်အရေးနဲ. နစ်နာသူတွေ ခံရသူတွေ နိမ့်ကျသူတွေဖက်က ရပ်တည်သူတွေဆိုတာ----အပြော နဲ. အလုပ်။ ခံယူချက်နဲ. လက်တွေ. ဆောင်ရွက်မှုတွေ ညီ မညီ စစ်ဆေးရာလဲ ရောက်ပါသည်။ ဘယ်သူတွေက တကယ် အမှန်တရားကို မြတ်နိုးသူလဲ--- လူတွေ သိခွင့် ရရှိတာမို.--- ဘီလူးတွေ မင်းသား မျက်နှာဖုံးတွေ အချွတ်ခံရ အခွါခံရတဲ့ ပွဲမျိုးပါ။ - Udp Myanmarပြည်ပသတင်းဌာနတွေ၏ ပြည်သူတွေ ပရိတ်သတ်တွေအပေါ် ဘယ်လောက်အထိ စာနယ်ဇင်း ကျင့်ဝတ်နဲ.အညီ အမှန်တိုင်း သတင်းပေးသလဲ အသိပေးသလဲ--- ထင်ရှားစေပါသည်။ ABSDF( မြောက်ပိုင်း)မှာ ကျောင်းသားတွေ အသတ်ခံရတဲ့ကိစ္စ အင်တာနက်တွေ Social Media ဖြစ်တဲ့ Facebook & Blog တွေမှာ ဒီလောက် ရေးသားနေတာ ပြောဆိုနေတာ Crimes for Justices တရားမျှတမှုအတွက် အော်ဟစ် ငိုကြွေးနေတဲ့ကိစ္စတွေကို ဘယ်သတင်းဌာနကမှ လေ့လာစုံစမ်းမှု လုပ်ပြီး ပြည်သူကို အမှန်အတိုင်း အသိပေးတာ သတင်းထုတ်လွှင့်တာ မရှိပါဘူး။ ဒါအပြင် Facebook တွေမှာ ပြည်ပ သတင်းဌာနက သတင်းထောက်တွေ အများကြီး ရှိကြပေမယ့် အဲဒီ မောင်းမင်းကြီးသားတွေ မယ်မင်းကြီးမတွေဟာ ဒီကိစ္စတွေကို မသိနိုင်တာ မကြားဖူး မမြင်ဖူးဆိုတာလဲ မဖြစ်နိုင်ပါ---သတင်းထောက်
သတင်းသမားဖြစ်ပြီး ဒီဟာတွေကိုမှ မကြားဘူး မမြင်ဘူး မသိဘူးဆိုရင် ဘယ်မှာလဲ ပြည့်နား ပြည့်မျက်လုံးဆိုတာ---ဖြစ်တော့မှာလဲ။ ဒါအပြင် အစိုးရဌာနတွေ ရဲစခန်းတွေမှာ တခုခု ပြသာနာတက်ရင် သက်ဆိုင်ရာ သတင်းဌာနတွေက ပြောလေ့.ရှိသည့် စကားကတော့=== ဒီကိစ္စနဲ. ပတ်သက်ပြီး သက်ဆိုင်ရာ ရဲစခန်း--သက်ဆိုင်ရာ ဆေးရုံကို---ကျနော်။ကျမတို. BBC-RFA-VOA-DVB သတင်းဌာနမှ ဆက်သွယ်မေးမြန်ဖို. ကျိုးစားခဲ့ပေမည့် ပြန်လည်ဖြေကြားဖို. ငြင်းဆိုခဲ့ပါသည်။ ဖုန်းကိုင်မည့်သူ မရှိပါဘူး။ တာဝန်ရှိတဲ့ လူကြီး အစည်းအဝေး တက်နေပါတယ်လို.သာ--- ပြောပြီး ဖုန်းချသွားတယ်---ဆိုတာမျိုး ပြည်ပ သတင်းဌာနတွေက လုပ်တတ် ပြောတတ် အကြောင်းပြတတ်ပါသည်။ ဒါပေမယ့် အဲဒီ သတင်းဌာနတွေဆီကို ပြည်သူတွေက စာရေးဆက်သွယ်တာ ဖုန်းဆက်ပြီး အသိပေးတာ မေးမြန်းတာမျိုးဆိုရင်---တုန်.ပြန်ဖြေကြားခြင်း ဖြေရှင်းခြင်းမရှိပဲ--ဥပက္ခာြ့ပုတာ လျစ်လျူရှုတာက များပါသည်။ ကိုယ်ကတော့ သူများကို ဆက်သွယ်လို. မေးတာ မရရင် သတင်းထဲ ထည့်ပြီး တွယ်တတ်ပေမယ့် ကိုယ့်ကိုယ် ပရိသတ်တွေက မေးတာ မြန်းတာ စာရေးတာမျိုးကျတော့ ဘယ်တော့မှ အကြောင်းမပြန်တတ်တဲ့ ပြည်ပ သတင်းဌာနတွေ၏ ကျင့်ဝတ်နဲ. Professional Standard and Code of Conducts ကိုလဲ ပိုပြီး ပေါ်လွန်စေပါသည်။ အမှန်တရားကို တားလို. ရမည် မဟုတ်ပါ။ ဖုံးကွယ်ဖို. မကျိုးစားပါနဲ.။။ လူထုကို အမှန်အတိုင်း အသိပေးဖို. သတင်းပေးဖို. တာဝန်ရှိပါသည်။ - Aye Aye Soe Win DVB is not reporting responsibly..
- Curt Williams that just means WE become the media!!
- Curt Williams they will be addressed on this..believe me
- Damn VanMeter We will do all we can to spread this story as members of the alternative media, thank you for being a voice of truth for the victims. When the mainstream is let you down, we are here to support you, and get the word out there!
- Myint Zabai let me share.
- Damn VanMeter This evening, we of the US alternative started a series on Irritate The State with Curt and Donna: The Sacrifice of Newly Found Democracy in Burma; The Voice of the Martyrs.... We are telling the stories of the victims of ABSDF North. IF any victims wish to speak out, and have been largely ignored by other outlets, contact me at: vanmeter@defiantforyou.com
- Curt Williams you may also contact me as well at CurtWilliams@IrritateTheSt
ate.net - Pandora Herz အကျဉ်းသားတွေ ဘယ်လိုလွတ်မြောက်သွားလဲဆိုတ
ာ အသေးစိတ်သိချင်ပါသေးတယ် - Maungmaung Skwကိုမောင်မောင်ဝမ်း
ကိုအောင်မျိုးဝင်း
ကျွန်တော်တို့ မန္တလေးမှာ ဖေဖော်ဝါရီ
၁၂ ရက်နေ့မှာ ကိုထွန်းအောင်ကျော်နဲ့ကျဆုံးသွားသူအားလုံးအတွက် အခမ်း
အနားတခု လုပ်ဖို့ စီစဉ်နေကြတယ်။
ပွဲတော်တော် လှမယ်။ဖြစ်နိုင်ရင် မြောက်ပိုင်းကို ရောက်ခဲ့ဘူးတဲ့ မြောက်
ပိုင်းနဲ့ ပတ်သက်ခဲ့ဘူးတဲ့ ရင်ဒီးလက်ချ
ရွန်ချွတ် တို့ ဘတ်တင်းလ်လစ်တနာ တို့
ရောက်လာရင်တော့ ရှယ်ဘဲ။နဲနဲလေး
ဆက်သွယ်ကြည့်ပေးပါလား။ - May Thu ကြောက်စရာကာင်းလိုက်တာ.
ဖတ်ကြည့် ပြီးရင်ထဲမကောင်းဘူး
အမှန်တရား အမြန်ဆုံး ပေါ်ပါစေ ... - Thet Naing Maung ရဲ့ဝုံစွာဆက်လက်တိုက်ပွဲဝင်
ကြပါ သူရဲကောင်းတို့၏အောင်လံကိုရဲ့ဝံ့စွာစိုက်ထူကြပါ ရန်သူမှန်သမျှရဲဝံ့စွာချေမှုန်းကြပါ ခွက်ဒေါင်းအသည်းမှန်လျင် အသည်းကောင်းကြပါ ရဲဘော်တို့။ - Nang Shwe Wot Hmoun after reading the story I couldn't sleep i feel so sad for victims. did someone inform to their families? sorry for their families as well. and i want to see how's myo win look like? do you have his photo? if possible I would like to see it and i am sure many people like to see his photo. thanks
- Saw Min Htike Kyaw myo win's photohttp://
8-8-88.blogspot.com/2011/ 12/blog-post_23.html 8-8-88.blogspot.comကျေးဇူးဗျို့  အောက်ကလင့်က မူရင်းစာဗျ။http://8-8-88.blogspot.com/2011/12/killing-field.html - Min Min Aung တရားခံတွေဆီက အမှန်တရားကလွယ်လွယ်တော့ထွက်
ကျလာမှာမဟုတ်ပါ...အဖြေမှန်ရ သည်ထိ မဆုတ်မနစ်တိုက်ပွဲဝင်ကြပါစို့... - ဦး ဦး ဒါတွေကို အမေစုသိပါသလား။ ဘာမှက်ချက်မှ မပေးဘုးလား။ နားမလည်နိုင်ဘူးဗျာ
- Aung Khaing Myintအမှန်တရားကို မြတ်နိုးလို့ တော်လှန်ရေးလုပ်ခဲ့တယ်..အခု
လို မကောင်းဆိုးဝါးတွေက အာဏာရူးပြီး မတရားလုပ်ကြံသတ်ဖြတ်မှုဟာ ကြေကွဲရင်နာစရာပါ..အမှန်တရား အမှုမှန်ပေါ်ပေါက်ဖို့ အားလုံးလက်တွဲဖော်ထုတ်ကြပါ. ဒါမှလည်း အပြစ်မဲ့ စွန့်လွှတ်ပေးဆပ် သေဆုံးခဲ့ရတဲ့ ကျနော်တို့ သူငယ်ချင်း ညီအစ်ကို အာဇာနည်ရဲဘော်ရဲဖက်တွေအတွက်ကျနော်တို့ တာဝန်ကျေရာရောက်မယ်.သူရဲကော င်းအားလုံးကိုအလေးနီပြုလျက် ...http:// 8888newgenerations.blogspot let me share in blog..Thanks...com/2012/01/ blog-post_5203.html#links.. .plrase - Aye Aye Soe Winအခု ဆိုရင် ကိုအောင် မိုးဝင်း ၏ အပိုင်း (၆) အထိ ရှိလာပါပြီ ဖြစ် တဲ့ အတွက် လူ ယုတ် မာ တရားခံတွေဆီက အမှန်တရားက မ ထွက် လာသေးလဲ သူတို့ ဖက် မှာ ကို မဟားဒရား အကြိတ်အနယ် လုတ်ပြီး စုတ်ပဲ့ နိမ့် ကျ တဲ့နည်းတွေကို သုံး ပြီး ရာဇဝတ်ကောင် တွေ ရဲ့ အာက် တန်: စား တ ပည့် တွေ က ကြိုးစား နေ တာ ရွံစရာကောင်း တာ က လွဲ ရင် အမှန်တရား အမြန်ဆုံး ပေါ ပေါက် ရေး မှာ မ ထိခိုက် ပါ။ အောက် လန်: နည်: သုံး တဲ့ ကျော် ကျော် ဆို တဲ့ ကောင် မှန် ထောင် ပြီး အ ရှက် နဲ့ နေ ထိုင် ပါ။ မိမိ ရဲ့ မ ရိုး သား မှု ကိုရှက် ပါ။
- Aye Aye Soe Win Htin Lin Aung also...မိမိ ရဲ့ မ ရိုး သား မှု ကိုရှက် ပါ။
- Aye Aye Soe Win Don't trust this commission...full of thugs and liers..
- Aung Khaing Myint http://
8888newgenerations.blogspot သိခဲ့တဲ့ ကိုထွန်းအောင်ကျော် (သို့) ၈၈ ရဲ့ ကိုဗဟိန်း.com/2012/01/ blog-post_7.html#linksကျွန် တော် - ဘရာဇီး ငှက်ရိုးအရင်က ပို့စ်တွေမှာ ဝင်ဆွေးနွေးကြတဲ့ သူတွေ ခုငြိမ်ကုန်ကြတယ်ဗျာ စိတ်မကောင်းစရာပါ တတပ်တအားအနေနဲ့ သိသမျှလေးတွေနဲ့ ပါဝင်ကြပါလားဗျာ တကယ်ဆို အဖွဲ့အစည်းအတွင်းမှာ မဖြစ်သင့်တဲ့ ကိစ္စပါ ဖြစ်ပြီးသွားပြီ ဒါကိုအမှန်တရားပေါ်အောင် မလုပ်ပေးချင်ကြတော့ဘူးလား ဒါမှမဟုတ် အခုလိုတင်ပြသူတွေရဲ့ အမှားကို စောင့်နေတာများလား ဒါဆိုရင် ပြောလိုက်မယ်နော် ရေးသူတွေက နေရာစုံ ဒေါင့်စုံကလူတွေချည့်ပဲဗျ တနေရာစီ ကွဲပြားနေကြပေမဲ့ ဒီအဖြစ်ကို ရေးတင်ကြတာမှာတော့ တူညီကြတာ မြင်တွေ့ရပါတယ် ကိုထွန်းအောင်ကျော်အပါအဝင် အပြစ်မဲ့အသတ်ခံရသူတွေရဲ့ ဝိညာဉ်တွေက ခင်ဗျားတို့ ခေါင်းပေါ်ဝဲလှည့်နေပြီ ဆိုတာတော့ယုံပါ သိပ်မကြာခင် အပြင်းအထန်ဆုံး လှုပ်ခတ်ဦးမှာပါ စောင့်မျှော်နေပါ.........
- Mingalar ShweMaunge http://myanmargeneva.org/
NLM2006/myn/2feb/ <<< press conference mm versionm060223.pdf - Mingalar ShweMaunge သို့ ကိုအောင်မိုးဝင်း၊ အဖြစ်အပျက်ထဲမှာ ပါသူများတွင် နာမည်တူသူများကို အဖွဲ့အစည်းနှင့် တွဲလျက်သော် လည်းကောင်း နာမည်ပြောင်ဖြင့် တွဲလျက်သော်လည်းကောင်း ပြန်လည်ရှင်းပြပေးစေလိုပါသည
်။ ကျတော်ကဲ့သို့ အပြင်လူများ မျက်စိလည်သွားစေနိုင်သောကြောင့်ဖြစ်သည်။ - KyawLwin San သေဆုံးသွားတဲ့ ကျောင်းသားတွေအတွက် အမှန်တရားနဲ. သမိုင်းတွေကို ဖော်ထုတ်ပေးဖို. အရေးကြီးပါတယ်
- Vilasa Maung we must do!
No comments:
Post a Comment