Sunday, February 17, 2013

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ - ၈

by Aung Moe Win on Saturday, February 4, 2012 at 9:23pm ·

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း-၈-) ကို ရေးနေရင်းက၊ ဖြည့်စွက်ချက် တခုကို ထည့်ပေးရတော့မယ် ဆိုတာ သဘောပေါက်ခဲ့ကြတယ်။ ဒီလိုထည့်ဖို့ရာ အကြောင်းဖန်လာခြင်း ရဲ့အဓိက အကြောင်းရင်းကတော့ ကိုမိုးသီးဇွန် ဗဟိုကော်မတီ ရဲ့ ၁၉၉၂ ( မတ်လ) မှာ ထုတ်ဝေခဲ့တဲ့စာတစောင် နဲ့ သူ့ရဲ့ စရိုက်လက္ခဏ၊ ပြောဆိုနေမှုတွေ ကြောင့်ပဲဖြစ်ပါတယ်။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂမှ ရဲဘော်များ နဲ့ မြောက်ပိုင်းဒေသမှ ထွက်ပြေးလွတ်မြောက်လာသူများ သေသေချာချာဖတ်စေ ချင်ပါ တယ်။ ကျောင်းသားခေါင်းဆောင်လို့ ကြွေးကြော်နေတဲ့သူတွေဟာ မြောက်ပိုင်းဒေသမှာ နှိပ်စက်ဖမ်းဆီးခံခဲ့ရ၊ အသတ်ခံခဲ့ရတဲ့သူတွေအပေါ် ဘယ်လိုသဘောထားသလဲ ဆိုတာ သိစေချင်လို့ပါ။
စာရဲ့ အဆုံးသတ်မှာ တင်ပြထားတဲ့ ဒေါက်တာနိုင်အောင်ရဲ့စာ ဟာ ဒီဆောင်းပါးရဲ့ အဓိကအချက်အလက် လို့ ပြောလိုက်ချင်ပါတယ်။


ရှေ့ဆက်ရမဲ့ခရီး

ကျနော်နဲ့ မအေးအေးစိုးဝင်း တို့နှစ်ယောက် မနေ့ကမှ တေ့တေ့ဆိုင်ဆိုင် ဖုံးစကားပြောဖြစ်ကြတယ်။ သူနဲ့ကျနော်က ဖေ့ဘွတ်ပေါ် မှာသာ တယောက်ရေးတာတယောက် ဆွေးနွေးခဲ့ကြပေမဲ့ လူပုဂ္ဂိုလ်ချင်းအရ အဆက်အသွယ်မရှိခဲ့ပါဘူး။ ဒါပေမဲ့ ကိုမိုးသီးဇွန်ရဲ့ လုပ်ရပ်တွေကြောင့်ပဲ ကျနော်တို့တတွေ ဖုံးဆက်ဖြစ်ကြတယ်။ ရှေ့ဆက်လုပ်ရမဲ့ အလုပ်တွေအတွက် ကျနော်တို့ကြားမှာ ရှင်းရှင်းလင်းလင်း သွားချင်တာကြောင့် တယောက်နဲ့တယောက် ပွင့်ပွင့်လင်းလင်းပြောဆိုတိုင်ပင်ကြခြင်းဖြစ် တယ်။ မြောက် ပိုင်းဒေသမှ အစုလိုက်အပြုံလိုက် လူသတ်မှုကိစ္စကိုဆွေးနွေးကြတဲ့အခါမှာ အုပ်စုတိုက်ပွဲ ပုံစံအသွင် ကူးပြောင်းချင်တဲ့၊ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုအစွန်းရောက်တဲ့ သူတွေအားလုံးကို ရှောင်ပြီး ကျနော်တို့က လုပ်ချင်ပါတယ်။ အုပ်စုတိုက်ပွဲပုံစံနဲ့ချည်းကပ်တဲ့အရာမှန်သမျှဟာ အမှန်တရားကို မရောက်နိုင်ပါဘူး။ ဒါကြောင့် ကျနော်က မအေးအေးစိုးဝင်း ကို ကိုမိုးသီးဇွန်အပေါ် ထားတဲ့သဘော ထားတွေကို မေးခဲ့တော့ သူ့အဖြေက ရှင်းပါတယ်။ သူက အမှန်တရားဘက်ကပဲ ရပ်တည်မယ်၊ ဘယ်သူ့လူမှ မဟုတ်ဘူး လို့ ဆိုပါ တယ်။ ကိုမိုးသီးဇွန်ရဲ့ သဘောထားတွေ၊ လုပ်နည်းလုပ်ဟန်တွေကိုလည်း ကျနော့်ကို ရှင်းပြပါတယ်။ မငယ် (ခ) နန်းအောင်ထွေးကြည်နဲ့လည်း သေသေချာချာမေးမြန်းဖြစ်ပြန်တယ်။ ကိုမိုးသီးဇွန်တို့ ထုတ် ပြနေတဲ့စာဟာ မငယ် ( နန်းအောင်ထွေးကြည်) ဆီက ရခဲ့တာလား။ ကိုယ့်အတွက် အသက် ရှုပေါက် ရမဲ့ စာတစောင်ကို ထုတ်ပေးခဲ့ရဲ့သားနဲ့ ဘာကြောင့် သူက အခုလို ကိုယ်ချင်းစာ စိတ်မဲ့တဲ့ စကားတွေပြောနေ သလဲ။ အစုံပါပဲ။ အားလုံးတိုင်ပင်ပြီးတဲ့အခါ ကျမှ၊ ဒီအကြောင်းအရာတွေကို မိတ်ဆွေတွေ သိထားသင့်တယ် ထင်လို့ ရေးပြလိုက်တာပါ။ မဟုတ်ရင် သူကပဲ အမှန်တရားကိုချစ် သယောင်ယောင်၊နစ်နာနေသူတွေ ဘက်ကပဲပြတ်ပြတ်သားသားရပ်တည်နေသယောင်ယောင်နှမ်းဖြူး ဟန်ဆောင်နေမှာစိုးလို့ပါ။

မြောက်ပိုင်းကိစ္စအပေါ်မှာ
၁၉၉၂ တုံးက မြောက်ပိုင်းလူ့သတ်မှုတွေအပေါ်မှာ၊ ကိုနိုင်အောင့် အုပ်စုက ဘယ်လို၊ ကိုမိုးသီးအုပ်စုက ဘယ်လိုသဘောထားတယ် ဆိုတဲ့ ကြေငြာချက်တွေဟာလည်း မဖြစ်မနေဖတ်ရမှာဖြစ်သလို၊ ဒီကနေ့လက် ရှိမှာ အဲ့ဒီလူတွေက မြောက်ပိုင်းလူသတ်မှုအပေါ်မှာ ဘယ်လို သဘောထားတယ်၊ ကိုယ်ချင်းစာစိတ် ဘယ်လိုရှိတယ် ဆိုတာကိုလည်း သိဖို့လိုပါလိမ့်မယ်။ တကယ်တော့ စာရွက်စာတမ်းတွေအားလုံးက ကျနော်တို့လက်ထဲမှာ အကုန်ရှိပြီးသားပါ။ ကိုအောင်ထူး ရဲ့ လက်မှတ်နဲ့ထိုးထားတဲ့စာ၊ ဒေါက်တာနိုင်အောင် ရဲ့စာတွေအပြင်၊ ကိုမိုးသီးဇွန် ရဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ အမည်ပေးထားတဲ့စာတွေလည်း ကျနော်တို့ဆီမှာ ဖိုင်တွဲနဲ့သိမ်းထားပြီးသားပါ။ တောင်ပိုင်းမှာ ဖြစ်ပျက်ခဲ့တာတွေကို သေသေချာချာ မသိတာကြောင့် ဝင်မပါ ချင်တာတပိုင်း၊ မြောက်ပိုင်းကိစ္စကိုသာ အရင်ရှင်းချင်တာ တပိုင်းကြောင့် အဲ့ဒီ အဆင့်ကို ထိကို မထိခဲ့ တာပါ။ ဒါပေမဲ့ အခုတော့ ကိုမိုးသီးဇွန် တို့ ဘက်က ၁၉၉၂ တုံးက စာကို ထုတ်ပြနေတာကြောင့် ကြားဖြတ် ရှင်းပြရမဲ့အဆင့် ကို ရောက်လာခဲ့ပါတယ်။

ကိုမိုးသီးဇွန်၊ နန်းအောင်ထွေးကြည် နဲ့ ကိုထိန်လင်း
၂၀၀၉ ခုနှစ်မှာ နန်းအောင်ထွေးကြည် တယောက်၊ ထိုင်းကို ပြန်တော့ ကိုမိုးသီးဇွန် နဲ့ ထိုင်းနယ်စပ်က ဒီမိုကရေစီရေးလှုပ်ရှားသူ တချို့ နဲ့ ဆုံခဲ့ပါတယ်။ ကိုမိုးသီးဇွန်ကိုယ်တိုင် နန်းအောင်ထွေးကြည်တည်းခို တဲ့နေရာကို လိုက်ခဲ့ပြီး “ ဟာ ဟုတ်တယ်၊ ဒီကောင်တွေ ရက်စက်လွန်းတယ်။ ဒီ မြောက်ပိုင်း ကိစ္စ ကို ဖေါ်ထုတ်ရမယ်” လို့ အာဘောင်အာရင်းသန်သန်ပြောခဲ့ပါတယ်။ ဒီကနေ့ ကိုမိုးသီးဇွန်တို့ အုပ်စုရတဲ့ ၁၉၉၂ စတိတ်မန့်ဆိုတာ နန်းအောင်ထွေးကြည်က ရတာလား။ ( ဒါမှမဟုတ်) ကိုမိုးသီးဇွန်တို့ရဲ့ သုသေသန ဋ္ဌာနကြီးက ရတာလား။ ကာယကံရှင်တွေ အသိကြဆုံးပါ။ ကိုအောင်နိုင်ဦးက ဋ္ဌေးနိုင် ဘယ်လို အသတ် ခံခဲ့ရတယ်ဆိုတာတွေတောင် နန်းအောင်ထွေးကြည်ကို ရှင်းပြခဲ့တာမို့လား။ ကိုထိန်လင်း တယောက် ထိုင်းကို ပန်းချီပြပွဲသွားတဲ့အခါမှာလည်း၊ ကိုမိုးသီးဇွန်တို့အုပ်စုက မြောက်ပိုင်းကိစ္စကို ဖေါ် ထုတ်ဖွင့်ချပြီး ကိုနိုင်အောင်တို့ကို ချဖို့ တိုက်တွန်းခဲ့သေးတယ် လို့ သိရပါတယ်။ ဒီလို အာဘောင်အာရင်း သန်သန်ပြော ခဲ့တဲ့ ကိုမိုးသီးဇွန်ဟာ ကိုထိန်လင်းနဲ့ ကျနော်တို့တတွေ မြောက်ပိုင်းကိစ္စကို စတင်ရေးလာ ကတည်းက သွေး ရူးသွေးတန်းနဲ့ လိုက်ကန့်ကွက်ခဲ့ပါတယ်။ သူနဲ့ရင်းနှီးတဲ့ကျောင်းသားတချို့ကို ဒီကိစ္စတွေ ထဲမှာ မပါဖို့ တိုက်တွန်းခဲ့တယ်။ “ရေးသားနေတဲ့ သူတွေဟာ ရန်သူအကြိုက်လိုက်လုပ်နေတယ်။” “ ABSDF ကို တိုက်ခိုက်နေတယ်” ဆိုတဲ့ ဝါဒဖြန့်ချီရေးတွေအပြင်၊ “ကာယကံရှင်တွေက မရေးပဲ ဘာလို့ မအေးတို့ က ဆွေ့ဆွေ့ခုန်နေတာလဲ” ဆိုတဲ့စကားမျိုးတွေ ကိုလည်း မအေးအေးစိုးဝင်းကို ပြောခဲ့တယ် လို့ သိရပါ တယ်။

တိုင်းပြည်ရဲ့ရန်သူဆိုတာ ဘယ်သူလဲ
တိုင်းပြည်ရဲ့ ရန်သူဆိုတာ အာဏာရှင်ဖြစ်တဲ့ နေဝင်း၊ သန်းရွှေ စစ်အုပ်စုတင်ခေါ်ဆိုတာ မဟုတ်ပါဘူး။ သူတို့လိုပဲ အာဏာရူး၊ နေရာရူး ပြီး ကိုယ်ခေါင်းဆောင်မဖြစ်ရင် ကျန်တဲ့သူတွေကို တိုက်ခိုက်ချေမှုန်းဖို့ ကြိုးစားနေတဲ့ သဘောထားသေးသိမ်သူ အားလုံးကို ဆိုလိုခြင်းဖြစ်ပါတယ်။ ခေါင်းဆောင်ရူးရင်းရူးရင်းနဲ့ ဘယ်သူတွေ မြောင်းထဲရောက်ကုန်ကြပြီလဲ။ အမေရိကားကျောင်းသား အစည်းအဝေးတချို့မှာ “ပြည် တွင်းပြန်ဝင်ဖို့အတွက် ကျနော့ကို ကိုယ်စားလှယ်ပေးကြပါခင်ဗျား” လို့တောင်းနေရတဲ့အဆင့်ကို ဘယ်သူတွေရောက်ကုန်ကြပြီလဲ။ ကိုယ့်ဘာသာ ပြန်သုံးသပ်စေ ချင်ပါတယ်။

ကာယကံရှင် ဆိုတာဘယ်သူလဲ
ကာယကံရှင်ဆိုတာ ထွက်ပြေးလွတ်မြောက်လာသူတွေနဲ့ အသတ်ခံရသူတွေကိုမှ ကာယကံရှင်လို့ခေါ်တာ မဟုတ်ပါဘူး။ လုပ်ဖေါ်ကိုင်ဘက် ဗကသ ( အထက်ဗမာပြည်) ရဲဘော်များကလည်း၊ သူတို့ရဲဘော်တွေဟာ ရန်သူ့သူလျှိုမဟုတ်ကြောင်း ပြတ်ပြတ်သားသား ရပ်တည်ငြင်းဆန်ပိုင်ခွင့်ရှိပါတယ်။ ကျနော်တို့ဟာ အဖွဲ့အစည်းနဲ့လုပ်တဲ့အခါတိုင်း ကိုယ့်ရဲ့ရဲဘော်တွေဘက်က တာဝန်ယူ ရပ်တည်လေ့ရှိပါတယ်။ မျက်နှာလွှဲ ခဲပစ်လုပ်လေ့မရှိပါဘူး။ ဒါမှာလည်း ရဲဘော်ရဲဘက်စိတ်ရှိတယ်ခေါ်မှာပါ။ ကိုထွန်းအောင်ကျော် နဲ့ စိုးဝင်းသန်းဟာ ဗကသ ခေါင်းဆောင်တွေဖြစ်တဲ့အတွက် ဗကသ ရဲဘော်တွေကလည်း သူတို့ရဲ့ သမိုင်းရေးဆိုင်ရာ ကိစ္စတွေကို တာဝန်ယူ ရပ်တည်သွားကြမှာပါ။ ကိုမိုးသီးဇွန်ဘဝမှာ ကိုယ့်အပေါ်ကောင်း ခဲ့တဲ့ လူတွေအပေါ် ရဲဘော်ရဲဘက်စိတ်ရှိခဲ့ပါသလား။ မိုးထဲလေထဲမှာ ချကြွေးပစ်ခဲ့အဖြစ်မျိုးဘယ်နှစ်ခါ လုပ်ခဲ့ပါသလဲ။ ကိုဇော်ထွန်း ( ဆေးတက္ကသိုလ်) ဘယ်လိုသေခဲ့ပါသလဲ။ မြောက်ပိုင်းကိုရောက်သွား တဲ့ တောင်ပိုင်းက ABSDF ရဲဘော်တွေရဲ့လုံခြုံရေးကိုရော တာဝန်ယူခဲ့ဘူးပါရဲ့လား။ ထပ်ပြီးပြောလိုက်ပါ မယ်။ မြောက်ပိုင်းအစုလိုက်အပြုံလိုက် လူသတ်မှုဟာ အမျိုးသားရေးပါ။ မတရားမှုကို ဆန့်ကျင်သူ၊ ယဉ်ကျေးမှု ရှိသူအားလုံး ပါဝင်ပိုင်ခွင့်ရှိပါတယ်။

အောင်ပွဲကို ရပြီဆိုပဲ
ကိုမိုးသီးဇွန်ရဲ့နီးစပ်တဲ့သူတယောက်ကဆိုပါတယ်။ “ ဒီမိုကရေစီ အောင်ပွဲရခါနီးခါမှ မြောက်ပိုင်းလူသတ်မှုအပုပ်တွေကို ဖေါ်နေကြတယ်” တဲ့။ နေစမ်းပါအုံး။ “အောင်ပွဲရခါနီးပြီ” ဆိုတဲ့စကားနဲ့ “၂၀၀၈ အခြေခံဥပဒေအောက် အားလုံးဒူးထောက်ရေး” ဆိုတဲ့စကား ကွဲပြားအောင်လုပ်ဖို့လိုပါလိမ့်မယ်။ လူငယ်တွေကို မီးရှို့ခိုင်း၊ ခဲနဲ့ပေါက်ခိုင်း မင်းမဲ့စရိုက်လှုံ့ဆော် မှုတွေပြောပြီး၊ ပြည်တွင်းကို ပြန်ဝင်ဖို့ ချောင်းနေတဲ့ ခပ်ညံ့ညံ့ကျောင်းသားခေါင်းဆောင်တယောက်လို အလုပ်မျိုး ကျနော်တို့ မလုပ်ခဲ့တာတော့ သေချာပါတယ်။ ကြွေးကြော်သံတွေ ရမ်းရမ်းကားကားပြော ပြီး မေ့ပျောက်လွယ်၊ ဒူးထောက်လွယ်တဲ့သူတွေ၊ မဟုတ်ခဲ့တာလည်း သေချာပါတယ်။

ဗကသ ( အထက်ဗမာပြည်) အပေါ် သဘောထား
တကယ်တော့ ကျနော်ထိုင်းနယ်စပ်ကို ရောက်ခါစ ၁၉၉၈ လောက်မှာထိ ကိုမိုးသီးဇွန်ဟာ ဗမာနိုင်ငံ လုံးဆိုင်ရာကျောင်းသားသမဂ္ဂ ( အထက်ဗမာပြည်) ညီလာခံတွေကို ခါးခါးသီးသီး ငြင်းပယ်လေ့ရှိပါတယ်။ သူပါခဲ့တဲ့ သြဂတ်စ် (၂၈) ဗကသ လောက်ကိုသာ သမိုင်းလို့ထင်ပြီး ကျန်တဲ့ ဗကသ သမိုင်းတွေကို “ ဘယ်သူ့ကို ကိုယ်စားပြုလို့လဲ” ဆိုတဲ့ မေးခွန်းတွေထုတ်ပြီး သူများတွေရဲ့ သမိုင်းကို အထင်သေး သူဖြစ်တယ်။ လက်မခံသူဖြစ်တယ်။ ဗကသ၊ လူ့ဘောင်သစ်၊ ABSDF စတဲ့အဖွဲ့တွေအားလုံးကို သူတယောက်တည်းပဲ ပိုင်ဆိုင်သယောင်ယောင် လက်ဝါးကြီးအုပ် မင်းမူချင်သူတယောက်ဖြစ်တယ်။ ကိုထွန်းအောင်ကျော်ဟာ မန္တလေးမှာ ထင်ရှားတဲ့ခေါင်းဆောင်တယောက်လို့ သိခဲ့မယ် ဆိုရင် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂ ( အထက်ဗမာပြည်) ရဲ့ ညီလာခံကိုလည်း သိနေသင့်ပါတယ်။ ကျနော်တို့ပြော တဲ့ ဗကသ သမိုင်း ဟုတ်မဟုတ် လက်ရှိအသက်ထင်ရှားရှိနေတဲ့ ကိုကိုကြီး၊ ကိုပြုံးချို တို့ကို မေးလိုက်ပါ။ ဒါကြောင့် ၁၉၉၂ မှာ ထုတ်ဝေခဲ့တဲ့ ကိုမိုးသီးဇွန် အုပ်စုရဲ့ မြောက်ပိုင်းဒေသ လူသတ်မှုအပေါ် သဘောထား ကို ကြေငြာချက်ကို ဖတ်ပြီး လူတွေရဲ့ ရင်ထဲမှာ မေးခွန်းတွေရောက်လာပါတယ်။ ဗဟိုကော်မတီရဲ့သဘော ထားကတော့ ထားလိုက်ပါတော့။ ဘာမှ မှတ်ချက်မပေးချင်ပါ။ ဗဟိုကော်မတီထဲမှာ ကျနော်တို့အပေါ် သဘောထားမှန်တဲ့သူတွေ ရှိနေလို့ပါ။ ဒါပေမဲ့ ကိုမိုးသီးဇွန်ရဲ့ စရိုက်လက္ခဏာကတော့ ကြေငြာချက် နဲ့ကွာဟနေပါတယ်။ ကိုမိုးသီးဇွန်ဟာ မြောက်ပိုင်းလူသတ်မှုကို တကယ်ရှုတ်ချချင်တဲ့ ဆန္ဒရှိတယ်ဆိုရင် ဘာဖြစ်လို့ အခုချိန်မှာ ခံစားခဲ့ရသူတွေဘက်က ကိုယ်ချင်းစာစိတ် တစက်မှ မရှိခဲ့တာလဲ။ ဘာလို့ အဖြစ် မှန်ရေးသားနေသူတွေကို နည်းပေါင်းစုံလိုက် တိုက်ခိုက်နေတာလဲ။ ဘာကို ကြောက်နေတာလဲ။ လူတော်တော်များများကတော့ ကိုဋ္ဌေးနိုင် အသတ်ခံရတဲ့ အမှုဟာ မြောက်ပိုင်းကိစ္စ နဲ့ ဆက်နွယ်နေ တာကြောင့် သူ့ဆီကို အမှုပတ်လာမှာ စိုးလို့လို့ ဆိုကြပါတယ်။ ကျနော်တို့အုပ်စုမှာတော့ အဲ့ဒီထက် စိတ်ဝင်စားစရာကောင်းတဲ့ စာတစောင်ရှိနေပါတယ်။ ဒီစာတစောင် နဲ့ ၁၉၉၂ ဗဟိုကော်မတီက ထုတ်ဝေတဲ့ သဘောထားကြေငြာချက်ကို နှိုင်းယှဉ်ပြီး ဖတ်လို့ရနိုင်အောင်လို့ပါ။

ဒေါက်တာနိုင်အောင်ရဲ့စာ
တကယ်တော့ ဒီစာကို အပြင်မှာထုတ်ပြဖို့ စိတ်ကူးတစက်မှ မရှိခဲ့ပါဘူး။ ဒေါက်တာနိုင်အောင်က ကိုသန်းဝင်းရဲ့စာကို တုန့်ပြန်ခဲ့တဲ့အခါ ကျနော့ဆီကို ( cc) တွဲပြီး ပို့ပေးခဲ့ပါတယ်။ ကျနော်က စည်းထား ပါတယ်။ ဒီလို ပုဂ္ဂိုလ်ရေးယုံကြည်လို့ ပေးတဲ့စာ ကို ထုတ်ပြလေ့မရှိပါဘူး။ ဒါပေမဲ့ ကိုသန်းဝင်း က အဲ့ဒီစာကို ထုတ်ဖေါ်ပြောခဲ့ပြီး ဖြစ်သလို၊ ကိုမိုးသီးဇွန် ရဲ့ ကြောက်လန့်တကြား လိုက်လံတားဆီးခဲ့တဲ့ လုပ်ရပ်တွေကို သံသယဖြစ်ခဲ့လို့ ဒီစာကိုထုတ်ပေးလိုက်ပါတယ်။ အရေးကြီးတဲ့ စာကြောင်းကို လိုင်းတားပေးထားပါတယ်။
ဒေါက်တာနိုင်အောင့် ရဲ့ စာအရဆိုရင်တော့ “ မြောက်ပိုင်းလူသတ်မှုကို အမိန့်ပေးသူဟာ ကိုမိုးသီးဖြစ် ပါတယ်” တဲ့။ ကိုသန်းဝင်းနဲ့ အပြန်အလှန်ရေးတဲ့စာ အဆုံးသတ်ခါနီးမှာ ဟော့ သလိုရေး ထားပါတယ်။
“အဖွဲ့နှစ်ဖွဲ့ မကွဲခင်မှာ ရန်သူ့သူလျှိုတွေကို သတ်ဖို့ ကိုမိုးသီးက ခွင့်ပြုခဲ့တာကို မင်းသိသလား။ စာရွက်စာ တမ်းတွေအားလုံးကို ငါတို့ သိမ်းထားပါတယ်”
Do you know that Ko Moe Thee gave the permission to execute the spys in northern before the split? We have kept all documents.
ကိုနိုင်အောင်ရဲ့စာဟာ လွန်ခဲ့တဲ့ (၂) နှစ် ၂၀၁၀ ဖေဖေါ်ဝါရီလ (၁၀) ရက်နေ့က ရေးသားခဲ့ခြင်းဖြစ်ပါတယ်။ အဲ့ဒီကာလတုံးက ကိုသန်းဝင်းဟာ ကိုမိုးသီးနဲ့ ကိုနိုင်အောင်ဆီကို အိပ်ဖွင့်ပေးစာတွေရေးနေတဲ့အချိန်ပါ။ သူတို့ဖြစ်နေတဲ့ကိစ္စက ကျနော်နဲ့ဘာမှ မပတ်သက်ပါဘူး။ ဒါပေမဲ့ မြောက်ပိုင်း ကိစ္စတွေပါလာတိုင်း ကျနော်နဲ့သက်ဆိုင်မယ်ထင်လို့ ကိုနိုင်အောင်က ကျနော့်ကို စာတွဲပို့ပေးလိုက်တယ် လို့ ယူဆပါ တယ်။ မြောက်ပိုင်းကိစ္စတွေကို ကျနော်နဲ့ ဒေါက်တာနိုင်အောင် အေးအေးဆေးဆေး ပြောဖြစ်ကြပါတယ်။ ကျနော်တို့အမြင်တွေတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ၊ ဆွေးနွေးခဲ့ကြပါတယ်။ ကိုမိုးသီးဇွန်ကတော့ ၁၉၉၈ ကာလ၊ ထိုင်းနယ်စပ်မှာကတည်းက မြောက်ပိုင်းလူသတ်မှုအကြောင်း စကား စတိုင်း အပြောမခံခဲ့ပါ။ ဒါဟာ ကျနော်တွေ့ခဲ့ရတဲ့ ABSDF ခေါင်းဆောင်နှစ်ယောက်ရဲ့ သဘောသဘာဝဖြစ် ပါတယ်။ ကျန်တဲ့ကိစ္စတွေ၊ စာရွက်စာတမ်းတွေကတော့ ကာယကံရှင်တွေကသာ ဆက်ပြီး ဆွေးနွေးကြ ပါလိမ့်မယ်။ ဒီအပေါ်မှာ ကျနော့သဘောထား ဘာမှ မပေးချင်ပါ။ ဒေါက်တာနိုင်အောင်ရဲ့စာကို တွဲပြီး တင်ပြလိုက်ပါတယ်။

--- On Wed, 2/10/10, Naing Aung wrote:
From: Naing Aung dna_freeburma@yahoo.com
Subject: Re: Open Letter to Moe Thee Zun and Naing Aung [1 Attachment]
To: "Aung Moe Win" , "Than Win"
Date: Wednesday, February 10, 2010, 10:34 PM
Dear Ko Than Win,
If it is true that you are writing letters attacking Ko Moe Thee and me and started to involve in non-sense and time wasting wrangling, here is my first and last response.
First of all, I don't usually reply those letters written by those based on their self claimed status and out of frustration. But I don't want the ordinary people to hate more and more of 88 generation over your furious over you are wrong and I am right, clean and clever.
If Moe Thee claimed the social event as political one, please talk to Ko Moe Thee. I criticized him face to face, I don't attack in front of the people who don't need to know.
Secondly, if you want to talk about history of ABSDF, please remember what you have done to ABSDF. Don't you know that there are thousand of ABSDF will point the fingers on you during your administration.
Thirdly, most of decisions of ABSDF were made by committee, I never acted alone like you did. But I take the responsibility as chair of ABSDF whether I agreed the decision or not. I still do.
Fourthly, I am not saying I am right all the time, people has rights and wrongs. It is important to learn and correct. Whether you like it or not, I am still working for the movement.
People like you who left ABSDF cannot tell that I have destroyed ABSDF. How many members left when I assumed Chairmanship?
You are the one who supported ko Moe Thee after the split even knowing what ko Moe Thee's behavior as you mentioned.
Do you know that Ko Moe Thee gave the permission to execute the spys in northern before the split? We have kept all documents. In one day, those will be explained to family but during the movement time, I have only one enemy.
So i want you to get matured. Please swallow your personal guilty feeling and support in best way you can.
If you don't satisfy on what the people in the movement doing, please do some constructive and positive works. Nobody can stop you if you are doing good.
Please don't make the ordinary people to hate your revolution more than you did.
Please don't post this email without my authority.
best,
DNA

· · Share

  • 71 shares
    • ဘရာဇီး ငှက်ရိုး ကျနော့်အမြင်ကတော့ အခုကေ့စ်က ပင့်ကူအိမ်လို ဖြစ်နေပြီဗျ လူအတော်များများ ဒီကေ့စ်မှာ ပါဝင်ပတ်သတ်နေတယ် ဆက်နွယ်နေတယ် "အစွယ်လိုသူမိဖုရား၊ အသွားစေခိုင်းသူ မင်းဧက္ကရာဇ်၊ ငမိုက်သားဘုရားကျနော်"
      လူစုံတက်စုံ ပါဝင်ပတ်သက်နေတယ် တချို့ကမရှင်းစေချင်ကြဘူး
    • Hlaing Bwa ကျေးဇူးကိုမောင်မောင်ဝမ်း
    • Tharchit Zaw
      အဖြစ်မှန်ကိုရေးသားတင်ပြပေးနေတဲ.ကိုအောင်မိုးဝင်းနှင်.ဝေငှပေးနေတနဲ.ကိုဝမ်းကိုကျေးဇူးတင်ပါတယ်၊အာဏာရှင်တော်လှန်ရေးအတွက်လုပ်တဲ.သူတွေကိုယ်တိုင်အာဏာရှင်ဖြစ်နေကျ၊အောက်ခြေလူတန်းစားအတွက်တိုက်ပွဲဝင်နေတဲ.သူတွေကိုယ်တိုင်ကအပေါ်ယံလူ.မလိုင်အရသာတွေကိုခံစားနေ
      ကြတာမြင်ရ တော.လဲမြန်မာပြည်စစ်မှန်တဲ.ဒီမိုကရေစီမရတာသိတ်မဆန်းဘူးလို.မြင်မိပါ တယ်၊သတင်းအချက်အလက်တွေကိုသေချာမှတ်တမ်းတင်ထားပေးစေလိုပါ တယ်၊တချိန်ကျရင်ဒါတွေကိုအရေးယူပေးဖို.နောင်ကျောင်းသားသမဂ္ဂအဖွဲ.စီးအသစ် မှာတောင်းဆိုချင်ပါတယ်၊
    • Hlaing Bwa https://www.facebook.com/photo.php?fbid=370343612992391&set=a.222651187761635.73155.100000502658679&type=1&theater
      ABSDF (North) Massacre 20th Anniversary

      " အေဘီမြောက်ပိုင်း လုပ်ကြံမှု အနှစ် ၂၀ပြ...
    • Soesoe Oo အာဏာရှင်ကိုတိုက်ရင်းအာဏာရှုးသွားသူများအနာဂတ်မြန်မာနိုင်ငံတည်ဆောက်ရေးမှာဆက်မပါနိုင်ဘို့ ဥပဒေအရအရေးယူနိုင်ဘို့ဆက်လျှက်လုပ်ရအုန်းမှာပါလား ကိုယ့်ကိုယ်ကိုထင်တစ်လုံးနဲ့လုပ်သူများအရူးနဲ့ ရာဇ၀တ်ကောင်ဖြစ်ရခြင်းအကြောင်းတွေပါပဲ
    • Min Tharr ဟားဟား ပွဲကတော့ကေါင်းပြီဗျား တစ်ယေါ်က်နဲတစ်ယေါက် လက်ညှိုးထိုးပွဲ့ကြီးကြည့်ရတော့မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆရာကြီးနှစ်ယေါက်လုံး မြန်မာပြည်နိုင်ငံရေးမှာ မြောင်းထဲကျသွားပါပြီခင်ဗျား။ ဖြောင်းဖြောင်းဖြောင်း
    • Aye Myamya
      online မှာABSDFအကြောင်းကို အမြဲစောင့်ဖတ်မိနေပါတယ်၊ လက်နက်ကိုင်အဖွဲ့ဖြစ်လို့ သတ်တာသေတာ အထိကတော့ သြော်ဒီလိုဖြစ်ခဲ့ကြတာပါလား..လို့တွေးပေးနိုင်ပေမယ့် သတ်ပုံသတ်နည်း ရက်စက်လွန်းတာကြောင့်ရော၊ မတရားသတ်တာဖြစ်တာ ကြောင့်ပါ သေဆုံးသူတွေ အတွက်အလွန်စိတ်မေ
      ကာင်း ဖြစ်ရပါတယ်။ ကျောင်းသားတပ်မတော်လို့ နာမည်ခံထားတာမို့ သမိုင်းကြောင်းအရ ဖြေရှင်းရမည့်ကိစ္စလို့ ထင်မိပါတယ်၊လိပ်ပြာမသန့်လို့ပြည့်ဖုံးကားချချင်သူတွေ၊အဲဒီတုန်းက ရပ်တည်ချက်မှားခဲ့သူတွေ၊ အမှန်တရားဟာ ABSDF ရဲ့ဂုဏ်သိက္ခာဖြစ်တယ်လို့ မခံယူသူတွေကြောင့် အချိန်ကြာနေရတယ်ထင်ပေမဲ့ တဖြည်းဖြည်းရုပ်လုံးပေါ်လာပြီလို့တော့ ထင်ပါတယ်၊အမှန်တရားအတွက် နှစ်၂၀ကြာပေမဲ့ ပြန်လည်ဖော်ထုတ်ပေးတဲ့ ရဲဘော်ရဲဘက်တွေကို မတရားအသတ်ခံရတဲ့ ရဲဘော်ရဲဘက်တွေကိုယ်စား နောင်လာနောက်သားတွေက ကျေးဇူတင်နေမှာပါ။
    • Lin Htein http://www.facebook.com/media/set/?set=a.263542033717347.62221.100001846577568&type=3
      အထက်မြန်မာပြည် ( မန္တလေး )ကျောင်းသား ခေါင်းဆောင်ကိုထွန်းအောင်ကျော် ( ကျောင်းသားတပ...See More
      Photos: 8
    • Lin Htein http://www.scribd.com/doc/80224715/ABSDF-North-Memorial-Ceremony-for-killed-Students-burmese
      www.scribd.com
      ABSDF မြောက်ပိုင်း လုပ်ကြံမှု အနှစ် ၂၀ပြည့် ပထမဦးဆုံးအကြိမ် စုပေါင်းကောင်းမှုကုသို...See More
    • Lin Htein To honour of Student Leader as well North Burma Chairman, Ko Tun Aung Kyaw who was killed inhumanely in North Burma and for those students from Student Army and the Heroes who lost
      their life while fighting for Burma Democracy Movement.
      http://www.facebook.com/photo.php?v=243192225752328
      Length: ‎4:31
    • Mg Gee ‎"မြောက်ပိုင်းအစုလိုက်အပြုံလိုက် လူသတ်မှုဟာ အမျိုးသားရေးပါ။ မတရားမှုကို ဆန့်ကျင်သူ၊ ယဉ်ကျေးမှု ရှိသူအားလုံး ပါဝင်ပိုင်ခွင့်ရှိပါတယ်။" I totally agree these words
    • Pandora Herz အချု့ပ်ကနေ ဘယ်လိုထွက်ပြေးလွတ်မြောက်တယ်ဆိုတာ သိတဲ့သူရှိရင်ဖြေကြားပေးပါလို့၊ တချို့နေရာတွေမှာ နားမလည်တာတွေ အများကြီးရှိနေသေးလို့ နာမည်တူတွေ သိပ်များနေလို့ ရှုတ်နေသလိုဖြစ်နေတယ်။
    • အိုးဝေအောင် အိုးဘားမား
      ‎((အောင်နိုင်ရဲ့ကက်ကင်း- နိုင်အောင်သို့ ရှယ်လိုက်ခြင်း))ပြီးခဲ့တဲ့ အပိုင်း(၇)ကို ရော်နယ်အောင်နိုင် ဖေ့စ်ဘွတ်ခ်သို့ ရှယ်ခဲ့ပြီး မကျေနပ်ရင် ကျနော့်ကို ဘလောက်ခ် လုပ်ဖို့ မှာခဲ့တယ်။အခု အပိုင်း(၈)ကို ရှယ်ဖို့လုပ်တာ ရှယ်မရတော့ဘူး။ကျနော့ကို ဘလော့
      ခ် block လုပ်လိုက်လို့။ဒေါက်တာနိုင်အောင်ရဲ့ ဖဘ ကို သွားရှယ်လိုက်တယ်။(( အောင်နိုင်ရဲ့ကက်ကင်း ကိုနိုင်အောင်လည်း မကျေနပ်ရင် ကျနော့ကို blockလုပ်နိုင်ပါတယ် ))လို့ အတိအလင်း ကြေငြာခဲ့လိုက်တယ်။(အိုးဝေအောင်)
      February 5 at 2:23am · · 6
    • Aung Wintun လက်ရှိအစိုးရ(မြို့ပေါ်ကဗိုလ်ချုပ်တွေ)
      လက်နက်ကိုင်တောတွင်းဗိုလ်ချုပ်တွေ
      (အာဏာရူးတွေ)
      ဒေါ်စုအပါအ၀င်
      ကျောင်းသားခေါင်းဆောင်
      ကျောင်းသားသမဂ္ဂအဖွဲ့တွေ
    • Aung Wintun အားလုံးဝိုင်းဝန်းအဖြေရှာကြဖို့လိုပြီနော်
    • Myo Aids စိတ်လဲတစ်အားမကောင်းဘူး..အရမ်းလဲပေါက်ကွဲတယ်..ဒေါတလဲထွက်တယ်..အမှန်တစ်ရားကိုအမြန်ဖော်ထုတ်ပေးကြပါ....
    • Htay Tint
      ဖေ့ဘုတ် မပေါ်ပေါက်ခင်က မြန်မာလူမျိုးတွေရဲ့  အားနာတတ်တဲ့ စိတ်ကြောင့် သမိုင်းအမှန်ဆိုတာ ပိပိရိရိ လိမ်တတ်သူတွေနဲ့ ခရီးများများ သွားနေနိုင်သူတွေမှန်ကန်ခဲ့တယ် ။ ဖေ့ဘုတ်ပေါ်လာတော့ ဒီလို မဟုတ်တာလုပ်တာ လုပ်ခဲ့တဲ့ သူတွေသမိုင်း အမှန်ကို မြန်မြန်ဖေါ်ထုတ်
      လာနိုင်ခဲ့တယ် ။ အရှေ့ အလယ်ပိုင်းက လူထုက ဒီမိုကရေစီ အစိုးပေါ်ပေါက်လာဖို့  ဖေါဘုတ်တွေကတဆင့် ဆက်သွယ်နိုင်လို့  အောင်ပွဲခံနေကြပြီ ။ ကျွန်တော်တို့  မြန်မာပြည်ကတော့ လူထု အတွက် အသက်ပေးခဲ့တဲ့ ကျောင်းသားတွေ လုပ်ကြံမှုကို အရင်ရှင်းနေရတာတယ် ။ သံခြေးတက်နေတဲ့ ဒါးတချောင်းက သံခြေးတွေ မကုန်သမျှ အဲဒီဒါးဟာ ဘာမှသုံးလို့ မရဖူး ။
    • Zaw Thura
      အားလုံးမှာ တာဝန်ရှိပါတယ်...မျက်မမြင်ပုဏ္ဍားခြောက်ယောက် ဆင် ကို စမ်းသလိုမျိုး မဖြစ်စေချင်ပါ...မြောက်ပိုင်းAB လူ၃၀၀ကျော်ထဲမှာ လူ၁၀၀ကျော် ထောက်လှန်းရေးလို့ စွတ်စွဲဖမ်းဆီးတာခံခဲ့ရတယ်...လူ၃၀ကျော်က ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတယ်(တိုက်ပွဲမှာတောင်ဒီလေ
ာက်မကျဆုံးခဲ့ပါ)ကိုယ့်ရဲဘော်ရဲဖက်အချင်းချင်း လူမဆန်စွာ သတ်ဖြတ်ခဲ့ကြတာပါ..၊အဲ့ဒီ့အချိန်တုန်းက ထောက်လှန်းရေးလို့ စွတ်စွဲတာ မခံရသေးတဲ့လူတွေလည်း ဘယ်တော့များ ငါ့ကိုစွတ်စွဲပြီး ဖမ်းဆီးနှိပ်စက်ခံရမလဲဆိုတဲ့ အတွေးနဲ့ နေစဉ်ခြောက်လှန့် ပြီးနေနေရတာပါ...လူ ၅၀ ကျော်ကို ထွက်ပြေးလွတ်မြောက်အောင် ကူညီပေးခဲ့တဲ့လူတွေလည်းရှိမှာပါ...နောက်ကနေ လိုက်သတ်ကြတဲ့ အဖွဲ့ တွေပဲ ညံ့တာလား ထွက်ပြေးတဲ့သူတွေကပဲ တော်လွန်းတာလား အခုအချိန်ထိ ဘယ်သူ့ မှရေရေရာရာ ထုတ်မပြောကြသေးပါဘူး...၊ဒီအဖြစ်အပျက်တွေဟာ မြောက်ပိုင်းABမှာ တကယ်ဖြစ်ပျက်ခဲ့တာပါ ဒါပေ့မယ့် အခုအချိန်အထိ ဖေ့ဘုတ်ပေါ်မှာ ဖွတဲ့အဆင့်ပဲရှိပါသေးတယ် ဒီထက်တာဝန်ယူပြီးဖေါ်ထုတ်ရဲနိုင်ပါစေလို့ ဆန္ဒပြုပါတယ်..။
      February 5 at 3:27am · · 8
    • Htoon Htoon Oo တိုင်းပြည်ရဲ့ရန်သူဆိုတာ ဘယ်သူလဲ
      တိုင်းပြည်ရဲ့ ရန်သူဆိုတာ အာဏာရှင်ဖြစ်တဲ့ နေဝင်း၊ သန်းရွှေ စစ်အုပ်စုတင်ခေါ်ဆိုတာ မဟုတ်ပါဘူး။ သူတို့လိုပဲ အာဏာရူး၊ နေရာရူး ပြီး ကိုယ်ခေါင်းဆောင်မဖြစ်ရင် ကျန်တဲ့သူတွေကို တိုက်ခိုက်ချေမှုန်းဖို့ ကြိုးစားနေတဲ့ သဘောထားသေးသိမ်သူ အားလုံးကို ဆိုလိုခြင်းဖြစ်ပါတယ်။I like that words....
    • Kyaw Zin Htun အပိုင်း၇ ကဘယ်နားမှာပါလိမ့်။ လိုက်ရှာတော့လဲမတွေ့ပါ။
    • Yeyint Kyaw http://www.facebook.com/note.php?note_id=315783888463350
      ကိုထွန်းအောင်ကျော် ကျဆုံးအပြီး နောက်တနှစ် ၁၉၉၃ နှစ်ပတ်လည်နေ့မှာ၊ ကိုထွန်းအောင်...See More
    • Yeyint Kyaw http://www.facebook.com/note.php?note_id=315783888463350
      ကိုထွန်းအောင်ကျော် ကျဆုံးအပြီး နောက်တနှစ် ၁၉၉၃ နှစ်ပတ်လည်နေ့မှာ၊ ကိုထွန်းအောင်...See More
    • Lily Htut အပိုင်း 1 to 6 ကဘယ်နားမှာပါလိမ့်။ လိုက်ရှာတော့လဲမတွေ့ပါ. pls help... wanna read from 1 to all. pls
    • Moe Moe Htwe အခုခေတ်လူငယ်တွေနဲ့ သာမန်လူဆိုတာတွေရဲ့ အမှန်တရားကို ဝေဖန်သုံးသတ်နိုင်မှုကို လျှော့မတွက်ပါနဲ့ အောင်နိုင်ခင်များ "I don't want the ordinary people to hate more and more of 88 generation"
    • Thet Thet Naing Oo
      လင်္ကာ said...Maung Maung Wann



      ကျောင်းသားတပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့…ကျနော့်မိတ်ဆွေ တယောက်ကအီးမေးလ်နဲ့စာလှမ်းပို့ပါတယ်….ကျနော်တို့ တပ်ထဲမှာရှိတုန်းက….မြောက်ပိုင်းက သူလျှိုတွေရဲ့အစစ်ခံချက် ဗွီဒီယိုခွေကြည့်လိုက်ရတယ်တဲ့….အဲဒီထဲမှာ သူတ
ို့ ထောက်လှမ်းရေးကပါဆိုတာကို အသီးသီးဝန်ခံထွက်ဆိုထားတယ်…အဲဒါ ဘယ်လိုဖြစ်တာလည်းတဲ့….ကျနော်က အီးမေးလ်ပြန်ပို့လိုက်ပါတယ်….အောင်နိုင်(ရော်နယ်အောင်နိုင်)ကလည်းပြောပါတယ်..ထွန်းအောင်ကျော်အပါ ၀င်အသတ်ခံရသူတွေ၊ဖမ်းဆီးထားသူတွေဟာ…သူလျှိုတွေအစစ်ဖြစ်တဲ့ အကြောင်း…ထွက်ဆိုချက်သက်သေအထောက်အထားတွေ..ရှိတယ်လို့ပြောပါတယ်……အဲဒီ….အောင်နိုင်ဆိုတဲ့ကောင်ကိုကျနော်စစ်ပြပါမယ်…၀ါယာ ရှော့တိုက်မစစ်ဘူး၊ရိုက်လည်းမရိုက်ဘူး၊ဓါးနဲ့လည်း လက်ချောင်းတွေမဖြတ်ဘူး၊ ကျနော့်ကို တလက်မအရွယ်ရှိတဲ့ တွယ်ချိတ်တချောင်းပဲပေးပါ…..ခင်ဗျား သူ့ပါးစပ်က ဘယ်လိုဟာမျိုးထွက်စေချင်လည်း…လက်မှတ်လိုချင်ရင် သူ့လက်မှတ်တင်မက သူ့လက်ဗွေအစစ်နဲ့ပါ..လုပ်ပေးလိုက်ဦးမယ်…..အောင်နိုင် ပါးစပ်က…ကျနော်ဟာ..ဗိုလ်ချုပ်ခင်ညွန့်ကိုယ်တိုင် တိုက်ရိုက်တာဝန်ပေးထားတဲ့..ကျောင်းသားတပ်မတော်ကိုဖြိုခွဲဘို့လွှတ်လိုက်တဲ့…ဗိုလ်ကြီးပါလို့ထွက်စေချင်သလား….ကျနော်ကိုယ်တိုင်က ထောက်လှမ်းရေးအစစ်ဖြစ်ပါတယ်..သိသွားမှာကြောက်လို့..ကျနော်က ဦးအောင်ဆော်လိုက်တာပါလို့…ထွက်စေချင် သလား…..ပို ယုတ္တိရှိအောင် ဗွီဒီယိုမှတ်တမ်းခွေလေးပါ ရိုက်ထားလိုက်ဦးမယ်…..လွယ်ပါတယ်…မခက်ပါဘူး…သူများကိုနှိပ်စက်ရတယ်ဆိုတာ..ကိုယ့်အသားနာတာမှ မဟုတ်တာ….ဒီလိုလုပ်ရပ်ဆိုတာ..စစ်အစိုးရလုပ်နေကြအလုပ်တွေပါဗျာ….. ရွံလွန်လွန်းလို့ပါလို့…ထောက်လှမ်းရေးလောက်ကိုကြောက်နေရင်…သူ့ထက်မြင့်တဲ့…ဗိုလ်သန်းရွှေကိုဘယ်လိုတော်လှန်ကြမလည်းလို့ ဆိုတော့….ကျနော့်ဆီ အီးမေးလ်ပြန်မလာတော့ဘူးဗျ။



      December 29, 2011 10:09 PM
    • Zaw Lynn Htin ကိုမိုးသီးဇွန်က..အဲလိုလာ..ကျွန်တော်ထင်မထားမိဘူးဗျာ..ကျွန်တော်မှာနာဂစ်ကလေးစစ်သားပုံတွေပိုက်လိုက်ရတာ..သူဆိုက်မှာတင်ဖို့အတွက်..လွယ်2နဲတော့ရိုက်လို့ရခဲတဲပုံတွေမဟုတ်ပါဘူး...ကိုရိုက်လာတာအခြားပုံတွေလဲရှိပါတယ်..သူကလူပေါင်များစွာကိုအဲလိုရက်စက်ခဲတဲသူမှန်သာသိရင်ကို့ထင်းကိုစားပြီးကျွန်တော်ထောင်နခမ်နင်ပြီးရိုက်လို့ရတဲပုံတွေကိုမပေးပါဘူးဗျာ..တော်ဒီလူကိုချင်သွားပြီး..ဒိလူဘာပဲလုပ်ပြလုပ်ပြ..လုံးဝကိုမယုံတော့ဘူး...း(
    • Nga Phoe Thi အဲဒီ မိုးသီးဇွန်ဆိုတာ ၂၀၀၇ တုန်းက တောင်အော် မြောက်အော် အော်ပြီး သူရဲကောင်း လိုလို နိုင်ငံ့ခေါင်းဆောင်လိုလို နဲ့ ။ အမှု့မှန်ကိုမြန်မြန်ဖော်ထုက်ပြီး အပြစ်ရှိသူများကို ကြိုးပေးသင့်ပါတယ်။
    • Aye Aye Soe Win Part one http://www.facebook.com/note.php?note_id=293599817348424
      (၁) ကျောင်းသားတပ်မတော်(မြောက်ပိုင်း)ရဲ့တိုက်ပွဲဝင်ခွပ်ဒေါင်းအလံကို မြတ်မြတ်နိ...See More
    • Aye Aye Soe Win For all documents from part One to Part Eight, you go to Ko Maung Maung Wann's Notes. Click the Notes, then scroll up and down as much as you are pleased with all the postings..Everything is there...
    • Ko Wine Wine ဒီမို အရေခြုံလူသတ်သမားတွေကို ဖော်ထုတ်ပေးကြပါ ။ အမှန်တရားကို ဖော်ထုတ်ပေးကြပါ ။ ဒေါသထွက်လွန်းလို့ ပါ
    • Zayar Htun
      hell... no..ငါတို့ လူရွှင်တော်ကြီးကမြောက်ပိုင်းဒေသလူသတ်တာကို ဟုတ်လေလား.မဟုတ်လေလားလို့ ပြောသွားတယ်..သူ့ သမီးဖင်ထဲဒုတ်ထည့် မွှေအစစ်ခံရရင်ဘယ်လိုနေမလဲမသိဘူး..သူထောင်ထဲငါးခြောက်တဖတ်နဲ့ ထမင်းစား၇တာကိုတော့ ရင်နာနာနဲ့ ပြောသွားတယ်..ဘာလို့ အေဘီမြောက်ပိ...See More
    • Ko Wine Wine လူပျက်က လူပျက်စကားပဲထွက်မှာပါပဲ
    • Tita Seng ရက်စက်လိုက်ကြတာ ကြက်သီးတောင်ထတယ် ၀ိုး--------မလွယ်ပါလား စစ်ဆိုတာ မကိုင်တွယ်တတ်ရင် ဒီလမ်းပဲ လျှောက်ရမှာ---
    • Ko Zayar လူငယ်တွေကို မီးရှို့ခိုင်း၊ ခဲနဲ့ပေါက်ခိုင်း မင်းမဲ့စရိုက်လှုံ့ဆော်မှုတွေပြောပြီး၊ ပြည်တွင်းကို ပြန်ဝင်ဖို့ ချောင်းနေတဲ့ ခပ်ညံ့ညံ့ကျောင်းသားခေါင်းဆောင်တယောက်လို အလုပ်မျိုး ကျနော်တို့ မလုပ်ခဲ့တာတော့ သေချာပါတယ်။<<<<<<ကိုမိုးသီးကို ဖွဲ့ဆိုထားတာ ပီပြင်လိုက်တာ :P

No comments:

Post a Comment