Sunday, February 17, 2013

သမိုင်းအဖျက်ခံရသူများ၏ .. စိမ်ခေါ်သံ

သမိုင်းအဖျက်ခံရသူများ ၏ ..စိမ်ခေါ်သံ
by Nang Aung Htwe Kyi on Thursday, February 16, 2012 at 10:12am


ကြောက်စရာမလို ပုန်းစရာလဲမလို

ပြေးစရာမလို ရှောင်စရာလဲမလို

မှန်တယ်ထင်ရင် ရင်ဆိုင်လိုက်ပေါ့

အားလုံးကိုယ်စား ……. ငါကမင်းကို စိမ်ခေါ်တယ်၊



အနှစ် ၂၀ လုံးစကားတွေ ဖေါင်ဖွဲ.

သူလျှိုမို.လို. သတ်ရပါသည်

စပိုင်မို.လို. အပြစ်ပေးရပါသည်

ရင်နဲ.မမျှ နာကျင်ခဲ့ရ

အချိန်မတန်သေး၍ ရေငုံ နှုတ်ဆိတ်နေခဲ့ရသည်။



ငါ့လက်ထဲမှာ သေနတ်မရှိ

ခုတ်ဖြတ်ဖို.လဲ ဒါးမရှိပါ

လက်ဖြတ်ပစ်ဖို. မိုင်းမရှိ

ရက်စက်ဖို.လဲ ကားစင်မရှိပါ

ကွန်ပြူတာ ခလုပ်မှာ ပြေးကစားတဲ့ လက်ချောင်းလေးများကို

မင်းကဘာလို. ကြောက်နေလဲ ……..

အချိန်မဆွဲနဲ. ရှောင်မပြေးနဲ. ယောင်္ကျားဆိုတာ

မှန်တယ်ဆိုရင် ရင်ဆိုင်လိုက်ပေါ့

အားလုံးကိုယ်စား ……. ငါကမင်းကို စိမ်ခေါ်တယ်။



ဟိုးတစ်ချိန်က မနောမြေမှာ

ဂုဏ်ယူဝံ့ကြွား မင်းပြောခဲ့တယ်

ကျောင်းသားစစ်တစ်ယေါက် မှားပါခဲ့ရင်

ကိုယ့်စိတ်နဲ.ကိုယ် ကြိုးစင်တက်မတဲ့ ……….

ကြောက်နေပြီလား အယောက် ၁၀၀ ဟာ ကျောင်းသားတွေပါ

မင်းမှန်တယ်ဆို ခုရင်ဆိုင်စမ်း

အားလုံးကိုယ်စား …… ငါကမင်းကို စိမ်ခေါ်တယ်။



ရထားတဲ့ စစ်ချက်များ တင်ပြလိုက်စမ်း

ရိုက်ထားတဲ့ကား ချပြလိုက်စမ်း

မင်းသား မင်းသမီး တင်ကာထားသမို.

ကြည့်လိုက်ခြင်းသည်

ငါကဒါမေး မင်းကဒါဖြေ

ဇတ်တိုက်ထားတဲ့ ပြက်လုံးကွက်များ

မရှိတဲ့အဆိပ် လုပ်ယူပြသ

ဓါတ်ခဲထဲမှ အမှုံ.များနဲ. လိမ်ညာကေါက်ကျစ်

ဒါလားကျောင်းသား မင်းမပြောနဲ.

မင်းမှန်တယ်ဆို ရင်ဆိုင်လိုက်စမ်း

အားလုံးကိုယ်စား …………ငါကမင်းကို စိမ်ခေါ်တယ်။



ဒေါင်းစစ်စစ်က ကျီးဖြစ်ခဲ့ရ

ဒေါင်းယေါင်ဆောင်တဲ့ ကျီးလို လူတစ်စု

အုပ်ချုပ်ခဲ့လို.

ရွှေဝါရောင်ဒေါင်း အနက်မှောင်လွှမ်းခဲ့

ကမ္ဘာမကြေ မြန်မာပြည်

ခွတ်ဒေါင်းတို.ရဲ. စိမ်ခေါ်သံတွေ

ပျံ.နှံ.နေပြီ နားထောင်လိုက်စမ်း

ကြောက်နေပြီလား မှန်တယ်ဆိုရင် ရင်ဆိုင်လိုက်စမ်း

အားလုံးကိုယ်စား..... ငါကမင်းကို စိမ်ခေါ်တယ်။



လူမသတ်ခဲ့သော ကျောင်းသားလက်များ

မိဘပြည်သူ ကြည်ဖြူလိမ့်မယ်

ကျောင်းသားဆိုတာ ဖြူစင်ရတယ်

သွေးညှီနံ.နဲ. ကင်းဝေးရတယ်

ရှေ.ဆက်မပြောနဲ. ကျောင်းသားပါလို.

မကဒတ က ကျောင်းသားတပ်မတော်

မင်းတို.တတွေက ကျောင်းသားသတ်မတော်

မှန်တယ်ဆိုရင် ရင်ဆိုင်လိုက်စမ်း

အားလုံးကိုယ်စား….. ငါကမင်းကို စိမ်ခေါ်တယ်။



မင်းတို.တတွေရဲ. သမိုင်းကြွေး

မင်းတို.ပြန်ပေး

AB ကိုဖြူစင်အောင်လုပ်

ပြည်သူတွေကြား ရွံအောင်မလုပ်နဲ.

မင်းတို.တတွေကို ကျောင်းသားသမိုင်းမှာ ကဗျည်းတင်လိုက်မယ်

စစ်အာဏာရှင် ဖက်ဆစ်များနဲ. တဂိုဏ်းထဲလို.

ငြင်းဆန်ချင်ရင် ငြင်းလိုက်လေ

မင်းမှန်တယ်ထင်ရင် ရင်ဆိုင်လိုက်ပါ

အားလုံးကိုယ်စား …… ငါက မင်းကို စိမ်ခေါ်တယ်



ငါတို.သမိုင်းစစ် ပေါ်ထွန်းနေပြီ

မင်းတို.သမိုင်းညစ် အများသိပြီ

ငါ့မိဘရင် ငါပြန်ရဲတယ်

ငါ့ပြည်သူ.ရင် ငါခိုလှုံရဲတယ်

ငါတို.တတွေမှာ အပြစ်မရှိပါ …….

မင်းတို.မှာသာ အပြစ်က အနှစ် ၁၀၀ ……..



ငါ့လိုမင်းတို. ပြည်ပြန်ရဲလား

ပြည်သူ.ရှေ.မှောက် လျောက်လှမ်းရဲလား

သံဃာမြတ်ကို ဖူးမျှော်ရဲလား

၈၈ မျိုးဆက်အပေါင်းနဲ. ပြန်ပေါင်းရဲလား

မျိုးဆက်သစ်များနဲ. တွေ.ဆုံရဲလား

မှန်တယ်ထင်ရင် ရင်ဆိုင်လိုက်စမ်း

အားလုံးကိုယ်စား …. ငါကမင်းကိုစိမ်ခေါ်တယ်။



နန်းအောင်ထွေးကြည်



(၁၉၉၁ မှ ၁၉၉၂ခုနှစ်ထိ မကဒတ မြန်မာပြည်မြောက်ပိုင်းမှ အာဏာရှင် လူသတ်သမား ရော်နယ်အောင်နိုင်နှင့် လူသတ်မှုများအား ၀ိုင်းဝန်းအားပေးခဲ့သော။ တာဝန်ယူခဲ့သော ခေါင်းဆောင်ပိုင်းတို.အား ရည်စူးပါသည်၊)


  • 89 shares
    • Aye Aye Soe Win I like this poem very much..power of a pen..
    • Hlaing Bwa Maung ကြိုက်တယ်။
    • ဘရာဇီး ငှက်ရိုး ကြိုက်လို့ ရှယ်တယ်ဗျာ... အမရေ...
    • Maungmaung Skw
      ငါ့နှမ သတ္တိကောင်းလို့မှ တောတောင်ခိုခဲ့သေးတာ
      တောမခိုခင်ကလည်း မင်းတို့ထက်
      အခြေအနေ အများကြီးသာတယ်
      အိမ်မှာဇိမ်နဲ့နေပြီး ဒေါ်လာကိုင်သုံးနိုင်
      တဲ့အခြေအနေက တောခိုခဲ့တာကွ။
      အခုလည်း ဘယ်သူ့အထောက်အပံ့မှ
      မယူဘဲ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်
      ပြီး မင်းတို့ကို စိမ်ခေါ်နေတာ နိုင်အောင်
      တို့ အောင်နိုင်တို့-မင်းတို့လို နိုင်ငံတကာ
      ကထောက်ပံ့တဲ့ ဒီမိုကရေစီ ပိုက်ဆံ တစ်ပြားမှ စားထားတာမဟုတ်ဘူး။
      ယှဉ်ရဲရင် ယှဉ်လိုက်စမ်း။
    • ဘရာဇီး ငှက်ရိုး ကိုမောင်ရေ... ပြည်တွင်းကောပြည်ပက လူဟောင်းတွေ မှာရှိသမျှ အထောက်အထား အားလုံးကို မိတ္တူတွေပွားပြီး လုံခြုံအောင် ထားကြဖို့ နိုးဆော်ထားပေးပါ အကိုလဲသတိကြီးကြီးထားပါ ဒီကေ့စ်က တဖြည်းဖြည်းချင်း အကြမ်းရမ်းဆုံး အဆင့်ကိုတက်လာတော့မှာ အဲ့ဒီတုန်းက အပြတ်မရှင်းလိုက်နိုင်လေခြင်းလို့ ညည်းတွားသံတွေ ကြားရတယ်... မငယ်ရောပဲ အဝေးရောက်နေလို့ စိုးရိမ်တယ်...
    • Maungmaung Skw
      ကျေးဇူးပါဘဲဗျာ အခုလိုသတိပေးတာကို
      လူဆိုတာ နှစ်ခါသေရိုး မရှိပါဘူးဗျ။
      ဟုတ်တယ်လေ-အဲ့ဒီတုန်း တခါထဲမရှင်း
      ခဲ့လို့ အခုရှင်းနေရတာပေါ့-ဒီကောင်တွေ
      သတ္တိမှ မရှိတာ-သံကြိုးခတ် ထိပ်တုန်းထဲထည့် မျက်နှာအဝတ်စည်း
      ပြီး အဟာရချို့တဲ့အောင်ထားပြီးမှ သတ်
      ရဲတဲ့ကောင်တွေပါ။ ဒါတောင် လက်ပြန်ကြိုးတုပ် ကျင်းဝမှာဒူးထောက်
      ထိုင်ခိုင်းပြီး မျိုးဝင်းက ဒါးနဲ့ခုတ်လိုက်တဲ့
      ထွန်းအောင်ကျော်-ဇက်က တိကနဲ မပြတ်ဘဲ-ကျင်းထဲကနေ အံကြိတ်ပြီး ထ
      လာတော့ ဒီကောင်တွေ အကုန်သွေးပျက်သွားကြတာလေ-ဝိုင်းပြီး ပေါက်ပြားနဲ့ပေါက်ပြားအနှောင့်နဲ့
      ခုတ်ကြတာ-မျက်စေ့ထဲမြင်ယောင်သေး
      တယ်ထွန်းအောင်ကျော်က သူတော်ကောင်း မို့ သူတို့ လုပ်ချင်တာ
      လုပ်လို့ရတာပါ။ကျွန်တော် သတ္တိခဲကြီး
      မဟုတ်ပေမဲ့ ကြောက်တော့ မကြောက်
      တတ်ဘူးဗျ။ဒါကြောင့်လည်း လက်နက်
      ဆိုလို့ အပ်တိုတချောင်းမှမပါဘဲ သူတို့စခန်းကို တဲ့တဲ့နှစ်ကြိမ် NEW CAMP ဘက်ကို အကြိမ်ကြိမ်သွားခဲ့တာ
      ပေါ့။အခုလည်း ဘယ်လိုပုံစံနဲ့ ပြန်ဆုံရ
      မလည်းလို့ အမြဲ စောင့်မျှော်နေပါတယ်ဗျာ။
    • Min Tharr မနန်းရေ မနန်းကစိမ်ခေါ်ပေမယ့် ကျူးလွန်ခဲ့တဲ့သူတွေက သူတို.နိုင်တုံးသာ လုပ်ရဲတာ အခုတော့ ရင်ဆိုင်ဖို. နေနေသာသာ အမြီးကုတ်လို. ပြေးပေါက်ရှာနေကြပြီ။
    • အိုးဝေအောင် အိုးဘားမား ကောင်းလိုက်တဲ့ ခံစားချက် အပြည့်နဲ့ ရေးဖွဲ့.....ရဲရင့်စွာ စိန်ခေါ်ထားတဲ့ ကဗျာပဲ။
    • အိုးဝေအောင် အိုးဘားမား သူယုတ်မာ ရော်နယ်အောင်နိုင်နဲ့သူတော်ကောင်း ကိုထွန်းအောင်ကျော်တို့ ပုံ တွေ ကျနော်စုထားသလောက် ပို့ပေးလိုက်ပါမယ်။ထပ်တင်ပေးပါ မငယ်။
    • အိုးဝေအောင် အိုးဘားမား
      မငယ်ရေ.......အားလုံးအတွက် ရဲဝင့်စွာ စိန်ခေါ်လိုက်တဲ့ အာဂအမျိုးသမီးရဲ့သတ္တိ ..ကမ္ဘာက သိလာပါပြီ။ကိုယ်ကျိုးစွန့်ခဲ့သူ-စွန့်နေဆဲဆိုတာ ကဗျာဖတ်ပြီး ပိုလေးစားမိပြီ။ဆက်ပြီး စွန့်ဦးမယ် ဆိုတာ ယုံတယ်။(ဒါ့ကြောင့် ဒီသီချင်းထဲကလို......++အရှုံးမပေးနဲ့ မိငယ...See More
    • BarBu Abnb
      အပြင်မှာရှိနေတဲ့ကျွန်တော်တို့ ရဲ့ရဲဘော်ရဲဘက်များကို
      ထိပါးစော်ကားခြင်းများပြုလုပ်ခဲ့ရင် ပြည်တွင်းမှာရှိတဲ့
      ပြုလုပ်သူများရဲ့ မိဘများကတာဝန်ယူရမှာဖြစ်ပါတယ်။




      သားသမီးမကောင်းမိဘခေါင်းပေါ့ဗျာ
    • BarBu Abnb ကျွန်တော်တို့ တိုက်ခိုက်တာကနိုင်အောင် အောင်နိုင်
      နဲ့ တာဝန်ရှိသူတွေကိုပါ။ပြည်တွင်းကကြံ့ဖွတ်ကပုံစံအမျိုးမျိုးနဲ့ နှောက်ယှက်နေပါတယ်။သူတို့ လူများလားမသိဘူးဗျာ
    • အိုးဝေအောင် အိုးဘားမား ကိုဘာဘူရေ-ကျနော်တို့ တိုက်ခိုက်တာ မဟုတ်ပါဘူး။ တိုက်ခိုက်ခဲ့သူတွေကို တိုက်ခိုက်ခံရသူတွေ-ပြည်တွင်းပြည်ပ ဒီမိုတိုက်ပွဲဝင် လက်တွဲဖော် ရဲဘော်ရဲမေတွေက - အမှန်တရားဖော်ထုတ်နေတာ၊စိန်ခေါ်နေတာပါ။
    • ဘရာဇီး ငှက်ရိုး အကိုရေ... ကျနော်ကတော့ ဒီကေ့စ်ကို မိုးအဆုံးမြေအဆုံး လိုက်မဲ့ကောင်ပါ အန္တရာယ် များလေလေ စိတ်ဝင်စားဖို့ ကောင်းလေမို့လို့ ဒီထဲဝင်လာတာပါ... နေရာတိုင်းမှာ ရန်သူ့ လက်ပါးစေတွေ ရှိနေနိုင်ပါတယ်.....
    • Khin Nyein Thit မငယ်ရေ......ကိုကျော်နိုင်ဦတို့အိမ်က ကလျာတို့ထောင်ကြတော့ အများကြီးအကူအညီပေးတယ်
    • Aye Aye Soe Win http://www.facebook.com/notes/harry-lwin/%E1%80%99%E1%80%84%E1%80%9A%E1%80%B9-%E1%80%9E%E1%80%AD%E1%80%AF%E1%82%95-/10151296346345392
      မငယ် သို့ ... နာကျင်မှုတွေ ... နာကျည်းမှုတွေ ... ခန္ဓာက ဒဏ်ရာတွေ ... အပြန်တရာမက ကျန်ပါစေဦး ... စိတ်မကောင်းမဖြစ်ပ...
    • မင်းမင်း လတ် ရှယ်ခွင့်ပေးပါ မငယ်ခင်ဗျား။
    • Wai Hmuu Thwin ခံစားချက်ကြောင့်ပဲကဗျာမြောက်သွားတယ်ထင်ပါတယ်...
      March 3 at 5:01am · · 1
    • Momo Ag i like this ..

No comments:

Post a Comment