Sunday, February 17, 2013
ကြွေလွင့်ခဲ့သော ကြယ်ပွင့်များအား တိုင်တည်ခြင်း
by Nang Aung Htwe Kyi on Saturday, February 11, 2012 at 1:49pm
၁၉၉၂ ဖေဖေါ်ဝါရီလ ၁၂ ရက် (ပြည်ထောင်စုနေ.) တွင် ABSDF (NB) တွင် ရက်စက်စွာ ညှင်းဆဲသတ်ဖြတ်ခံခဲ့ရသော ကိုထွန်းအောင်ကျော်နှင့် ရဲဘော်များအား ရည်စုး၍
ကြွေလွင့်ခဲ့သော ကြယ်ပွင့်များ အား တိုင်တည်ခြင်း
ကိုကြီးရေ ဒီနေ.နှစ် ၂၀ ပြည့်ခဲ့ပြီ မငယ်တစ်နေ..မှ မေ့မရပါဘူး၊ ကိုကြီးနဲ. ဂီတအကြောင်းတွေ ပြောခဲ့ပြီး အတူတီးခဲ့ ဆိုခဲ့ကြတာတွေကို သတိ၇နေဆဲပါ။ ဂစ်တာတီးပြီး ကြွေရဲသောကြယ်များ သီချင်းဆိုမိတိုင်း မငယ်ငိုခဲ့မိတာကြောင့် ဂစ်တာမကိုင်ဖြစ်တာ Australia ရောက်ကထဲကပါ။
မှတ်မိသေးတယ် ကိုကြီးမငယ်ကို ဘဏ္ဍာရေးသင်တန်းတက်ခိုင်းတော့ မငယ်ကို တီးတိုးပြောခဲ့တယ် မငယ်မင်းငါ့ကို မျက်နှာငယ်အောင် မလုပ်နဲ.နော် KIA ကြားမှာ ကျောင်းသားတပ် သိက္ခာတက်အောင်လုပ်။ မငယ်ကလဲ “ဟုတ်ကဲ့ လို့ဆိုခဲ့တယ် ။ မိဘလက်ထက်မှာ ၁၀ တန်းကို အောင်ဖို. အကြိမ်ကြိမ်ဖြေဆိုလာခဲ့တဲ့ မငယ်ဟာ ကိုကြိးကို ကြည့်ပြီး အင်းပါလို. ပြောခဲ့တယ်။ မငယ်ကတိတည်ပါတယ်နော် အဲဒီသင်တန်းမှာ မငယ်ဆုရခဲ့တယ်လေ။ ကိုကြီးက မငယ်က ပြုံးကြည့်ပြီးပြောတယ် ဂုဏ်ယူတယ်တဲ့။ ယူနီဖေါင်းတောင် အသစ်တစုံရလိုက်သေးတယ်။
မှတ်မိသေးတယ် ABSDF (NB) ရဲ. မိုင်းဖေါက်ခွဲရေး သင်တန်းကို မငယ်ကို တက်ရောက်သင်စေဖို. ရွေးချယ်ခဲ့ပြန်တယ်။ မင်းကစိတ်ငြိမ်ပြီး အာရုံစူးစိုက်မှုရှိတယ်။ အန္တရယ်ကြီးတဲ့သင်တန်း ဒါပေမယ့် မင်းကိုယုံကြည်တယ် ကေါင်းကေါင်းသင်တဲ့။ မငယ်လဲ ကေါင်းကေါင်းသင်ယူခဲ့ပါတယ်။ သူများထောင်တဲ့မိုင်းကို မငယ်ကျော်နိုင်ခဲ့ပေမယ့် မငယ်ထောင်တဲ့မိုင်းကို မောင်မောင်ကြွယ်ထိသွားလို. ပြစ်ဒဏ်အနေနဲ. အရိုက်ခံလိုက်ရသေးတယ်။ အဲဒီဖေါက်ခွဲရေးသင်တန်းနောက်ဆုံးနေ.မှာပဲ မငယ်အဖမ်းခံခဲ့ရတယ်လေ။
မှတ်မိသေးတယ်။ မငယ်တို.အားလုံး အဖမ်းခံရပြီး Ronald အောင်နိုင်နဲ. မျိုးဝင်းတို. အဆိပ်တွေထုတ်ခိုင်းတာ ဘယ်သူမှ မထုတ်ပေးနိုင်တော့ မငယ်တို.ကို လက်ဖြတ်ဖို.လုပ်တဲ့နေ.လေ၊ မငယ်တို.အားလုံးရဲ.လက်မှာ ယမ်းပျော့တွေချည်ထားပြီး ရော်နယ်အောင်နိုင်တို.က သူတို.လိုချင်တာတွေ ထုတ်မပေးရကေါင်းလားဆိုပြီး ကိုကျော်ဝေလက်ကို မိုင်းခွဲပြီးဖြတ်ခဲ့တယ်။ ကိုကြီး၊ ကိုရဲလင်းနဲ. မငယ်တို.အားလုံး တောင်းပန်ကြတော့မှ နောက်ထပ်အချိန်တပတ်ခွင့်ပေးပြီး မငယ်တို.ကို ဆွေးနွေးတိုင်ပင်ခိုင်းတဲ့နေ.လေ၊ အဲဒီနေ.ဟာ ဒီနေ.အတွက် သမိုင်းဝင်မယ့်နေ.တစ်နေ. ဖြစ်မှန်းမသိဖြစ်ခဲ့ရတယ်ကိုကြီး၊ ဆွေးနွေးပွဲမှာ အဓိပ္ပါယ်မရှိတဲ့ ကိစ္စတွေကို တစ်ယေါက်တစ်ပေါက်ပြောဆိုနေကြပေမယ့် အားလုံးဟာ တစ်ယေါက်ကို တစ်ယေါက်ကြည့်ပြီး ငါလဲမင်းလိုပဲဆိုတဲ့ အသိနဲ. အော် ဒုက္ခ ဒုက္ခ ဘယ်လိုမှ အဖြေရှာမရဖြစ်နေချိန်မှာ ကိုကြီးက မငယ်နားရောက်လာပြီး မငယ်ကို လက္ခဏာတောင်းကြည့်တယ်လေ၊ အဲဒီမှာ ကတိဆိုတာ ဖြစ်ခဲ့တာပေါ့၊
မှတ်မိသေးတယ်၊ ကိုကြီးကပြောတယ် မငယ်မင်းမသေနိုင်ဘူး မင်းလွတ်သွားလိမ့်မယ် မင်းမှာ ဥပစ္ဆေတကကံမပါဘူး မင်းလက္ခဏာမှာ ထူးခြားချက်ရှိတယ် တစ်နေ.မင်းငါတို.အားလုံးရဲ. သမိုင်းကိုပြောပေးနော်တဲ့ မငယ်က ကိုကြီးအခုလက်မှာ မိုင်းချည်ထားတဲ့ သူတွေကို ကြည့်လိုက် အားလုံးအသတ်ခံရမယ့်သူတွေ မငယ်လဲသေမှာပဲဆိုတော့ မင်းသစ္စာဆိုပါတဲ့ အသုံးမကျတဲ့ကျမ ဘုရားမှာ သစ္စာမဆိုတတ်လို. မငယ်ပါဋ္ဋိလို မသိဘူးဆိုတော့ ကိုကြိးကပြုံးပြီး မလိုဘူးလေ ကိုယ်ဟုတ်ရင်ဟုတ်တယ် မဟုတ်ရင်မဟုတ်ဘူးပေါ့တဲ့ ဘုရားကိုတိုင်တည်ပါတဲ့ ဆိုတော့မငယ်လဲ ဟုတ်ကဲ့ကိုကြီးလို. ကတိပေးမိပြန်တယ်နော်။ ကိုကြိးရေ တကယ်ပဲ မငယ်သေဒဏ်ထဲမှာ ပါခဲ့ပေမယ့် နောက်ဆုံးစက္ကန်.မှာ မငယ်လွတ်ခဲ့တယ်၊ မငယ်ကို သတ်ဖို.တောင် ဆွဲထူပြီးပြီ၊
ကိုကြီးရေ အချိန်ကာလ နှစ်၂၀ အထိ စောင့်စားခဲ့ရတာ ခွင့်လွတ်ပါ။ နိုင်ငံရေးကို ပြန်ကြည့်တော့ ဒေါ်စုလဲမလွတ်သေး ၈၈ခေါင်းဆောင်များနဲ. နိုင်ငံရေးသမားများလဲ အထဲမှာ အကျဉ်းချခံနေရဆဲ၊ မငယ်တို.လို ထောက်လှမ်းရေးလို. အစွပ်စွဲခံပြီး အနှိပ်စက်ခံထား၇တဲ့ ကိုရဲလင်း၊ ဘိုဘို၊ ထိန်လင်း၊ မိုးကြီး၊ ရာပြည့် စသော မြောက်ပိုင်းမှ ကျောင်းသားများလဲ စစ်အစိုးရကို ဆန်.ကျင်မှုနဲ. ထောင်ဒဏ် ၇ နှစ်နဲ. အနှစ် ၂၀ ချခံထာားခဲ့၇တယ်။ သူတို.မျက်နှာတွေကို ထောက်ရှူ.ပြီး မငယ်မြိုသိပ်ထားခဲ့ရတာပါ။
လွတ်လပ်တဲ့ တိုင်းပြည်မှာနေနေရပြီး ငါ့စိတ်တွေ အကျဉ်းကျနေတဲ့ဟာလို. ထိန်လင်းအင်္ဂလန်ရောက်ခါစက မငယ်သူ.ကိုဖွင့်ပြောခဲ့တယ်၊ ကတိပေးထားပြီ အကေါင်အထည်မဖေါ်ဖြစ်လို. တစ်ခါတရံအိပ်မက်ဆိုးမက်တယ်၊ အိပ်မက်မက်ပြီးတိုင်းငိုရလို. တညလုံးမအိပ်နိုင်ပဲ မိုးလင်းခဲ့ရတဲ့ ညတွေအများကြီး ရှိခဲ့တယ် ကိုကြီး။
ကိုကြီးရေ ရောက်ရာနေရာက ကြည့်လိုက်ပါနော်၊ ABSDF (NB) ကျောင်းသားများပြုလုပ်တဲ့ပွဲကို ကိုမင်းကိုနိုင်နဲ. ကျောင်းသားခေါင်းဆောင်တွေ တက်ရောက်ဆုတောင်း အမျှဝေခဲ့ကြပြီး ကိုကြီးရဲ. အထက်မြန်မာပြည်ဗကသ မျိုးဆက်သစ်တွေနဲ. မြောက်ပိုင်းကျောင်းသားဟောင်းတွေ လက်တွဲပြီး ပြည်တွင်းမှာ အမှန်တရားအတွက် တိုက်ပွဲဝင်နေကြပြီ။ ပြည်ပမှ မကဒတရဲဘော်ဟောင်းတွေနဲ. ပြည်တွင်းမှ မိဘပြည်သူတွေလဲ ၀မ်းနည်းစွာဖြင့် ဆုတောင်းမှုတွေ ပြုနေကြပြီ။
ကိုကြီးရေမပြီးဆုံးသေးပါဘူး၊ ပြီးဆုံးတဲ့နေ.အထိ မငယ်တို.အားလုံး ပူးပေါင်းဆောင်ရွက်သွားမယ်လို. ကတိထပ်ပေးလိုက်ပါတယ်။
ကိုကြီးတို.အတွက် ကုသိုလ်ပြုအမျှဝေသံကြားရင် သာဓုခေါ်ကြပါ။
ကိုကြီးထွန်းအောင်ကျော်နှင့်တကွ ABSDF မြောက်ပိုင်းတွင် ကျဆုံးခဲ့သောသူများ
ကေါင်းရာသုဂတိလားကြပါစေ။
ဝိဉာဉ်များ လွတ်မြောက်ကြပါစေ။
ဘ၀ဆက်တိုင်း ဒီလိုအဖြစ်ဆိုးမျိုး စနစ်ဆိုးမျိုးနဲ. မကြုံတွေ.ရပါစေနဲ. လို့ ဆုတောင်းမေတ္တာပေးပို့လျက်
နန်းအောင်ထွေးကြည် ( မငယ်)
  • 77 shares
    • Aye Aye Soe Win
      ‎- <<မတရားမှုများအားလူသိရှင်ငြားဖေါ်ထုတ်ခြင်းဖြင့် တော်လှန်ရေးတစ်ရပ်အတွက် ဂုဏ်သိက္ခာကျစေနိုင်မည် ဟု ဆင်ခြေပေးသူများရှိ၏။
      တော်လှန်သောအဖွဲ့အစည်းဆိုသည်မှာ မတရားမူများကို တော်လှန်ခြင်းသာ လျှင်ဖြစ်၏။
      မတရားမူများအား အမှုမှန်ဖေါ်ထုတ်ခြင်းဖြင့်သာလျှင်
      ကျောင်းသားတပ်မတော်၏ ဂုဏ်သိက္ခာ ကို ကယ်တင်နိုင်မည်ဖြစ်ပါသည်။
      ပြည်သူအများမှ ရဲရဲရင့်ရင့် ထောင်ခံကြဖို့သာလျှင်လိုရင်းဖြစ်ပါသည်။
      ကောင်းမြတ်သူ >>
    • Darli Pug ‎(ကိုထွန်းအောင်ကျော်နှင့်တကွ ABSDF မြောက်ပိုင်းတွင် ကျဆုံးခဲ့သောသူများ
      ကေါင်းရာသုဂတိလားကြပါစေ။
      ဘ၀ဆက်တိုင်း ဒီလိုအဖြစ်ဆိုးမျိုး စနစ်ဆိုးမျိုးနဲ. မကြုံတွေ.ရပါစေနဲ. လို့ ဆုတောင်းမေတ္တာပေးပို့လျက်)
    • Min Tharr မနန်းပေးခဲ့တဲ့ ကတိကို အကေါင်အထည်ဖေါ်နိုင်ခဲ့ပါပြီ။ ဂုဏ်ယူပါတယ်။ ဒီအဖြစ်မှန်ပေါ်ပေါက်ရေး အတွက်လဲ အင်တိုက်အားတိုက် ကူညီသွားမယ်လို. ကတိပေးပါတယ်။ ကျဆုံးသွားသူများ ကေါင်းရာသုဂတိလားကြပါစေ။
    • Phyu Ei Thein ‎(ကိုထွန်းအောင်ကျော်နှင့်တကွ ABSDF မြောက်ပိုင်းတွင် ကျဆုံးခဲ့သောသူများ
      ကေါင်းရာသုဂတိလားကြပါစေ။
      ဘ၀ဆက်တိုင်း ဒီလိုအဖြစ်ဆိုးမျိုး စနစ်ဆိုးမျိုးနဲ. မကြုံတွေ.ရပါစေနဲ. လို့ ဆုတောင်းမေတ္တာပေးပို့လျက်)
    • မိုး စဲ ကျနော်တို့လဲ အဖြစ်မှန်တွေပေါ်ပေါက်ရေး လူသတ်သမားတွေကို အရေးယူအပြစ်ပေးခံရရေးအထိ ပူးပေါင်းဆောင်ရွက်ပါမယ်..ကျဆုံးသွားတဲ့ ရဲဘော်တွေ ကောင်းရာသုဂတိ ရောက်ပါစေ..အမှန်တရားများ ရှင်သန် ထွန်းကားပါစေ..အဖြစ်ဆိုးများ နောက်တဖန် ဘယ်တော့မှ မဖြစ်ပါစေနဲ့..လို့ ဆုတောင်းပေးပါတယ်.ဗျာ..
    • Soe Lwin မတရားသဖြင့် လုပ်ခဲ့တဲ့ လူတွေရဲ့  နယ်မြေဟာ ကြာလေ ကျဉ်းမြောင်းလာလေ ဘဲ မငယ် ရေ. ၀ဋ်ဆိုတာ နောင်ဘ၀မကူးပါဘူး.
    • ဘရာဇီး ငှက်ရိုး
      မငယ်ရေ..အမရေးတဲ့စာတွေ လာဖတ်တိုင်း ရင်ထဲထိခိုက်တယ် ကျနော်တို့ အဆင်ပြေမဲ့ တနေ့ပြန်ကြရမှာပါ အခု မငယ်ပြန်ခွင့် မရလို့လဲ ဝမ်းနည်းမိတယ် ကိုထိန်လင်းတို့ မငယ်တို့ ရေးကြတာမှာ တရားခံတွေကို ကောင်းသည် ဆိုးသည် ထည့်မရေးပဲ အခုချိန်ထိ ရဲဘော်ရဲဘက် စိတ်ရှိနေ
      တာတွေ့ရတော့ ချီးကျူးမိတယ် ကျနော်တို့ကသာ အပြင်လူတွေ ဖြစ်နေပေမဲ့ ဒေါသတွေဖြစ် စိတ်တွေတိုနေမိတယ် မငယ်တို့ အဖွဲ့တွေ အားလုံးကိုလေးစားမိတာ အဲ့စိတ်လေး နှလုံးသွင်းထားကြလို့ တရားခံတွေကတော့ သူ့တရားသူစီရင် သွားမှာပါအမ... ကိုပေါ်ဦး ရန်ကုန်ပွဲ လာတယ်ဆိုမှ ကျနော်တို့ဘက်ကို ဒိုင်ဗင်ပစ်ပြီး ဝင်လာတဲ့သူတွေကိုလဲ ထူးထူးခြားခြား တွေ့နေရသေးတယ်
    • Min Tharr အင်း ကိုငှက်ရိုးရေ ၀င်လာသူတွေက သဘောထားရိုးနဲ.မဟုတ်ဘူး ရှေ.ဆက်ပြီး ဘာတွေလုပ်မလဲဆိုတာ သိချင်လို. လာကပ်နေကြတာ နောက်ပြီး ဒီကိစ္စက ပြည်သူလူထုရဲ. စာနာနားလည်မှုရပြီလေ အဲဒီတော့ အချိန်မနှောင်းခင် ဘက်ပြောင်းအုံးမှဆိုတဲ့ ဆိတ်ဂွေးစေ့ စိတ်တွေလဲ ပါရင်ပါမှာပေါ့ဗျာ
    • Zaw Zaw Hlaing
      မငယ်.. မင်းတို့တွေရဲ့ စိတ်ရှည်သီးခံနိုင်မှု့ကို ဂုဏ်ယူပါတယ်.. အမှန်တရားဟာ တချိန်မှာ အောင်မြင်ပါတယ်.. မငယ် တယောက် နှစ်ပေါင်းများစွာ သံသယအမြင်တွေနဲ့ အကြည့်ခံနေရတယ်ဆိုတာ ကြားရတော့ စိတ်မကောင်းတော်တော်ဖြစ်မိတယ်.. ဘာဘဲဖြစ်ဖြစ် ဒီအချိန်မှာ မင်းတု
ိ့ဟာ ဒီမိုကရေစီတိုက်ပွဲဝင် ရဲဘော်တွေဖြစ်တယ်ဆိုတာကို အချိန်အခါနဲ့ အချက်အလက်တွေက ရှင်းလင်းနိုင်ခဲ့ပါပြီ.။ ဒီမိုကရေစီအင်အားစုတွေကလဲ တရားဝင်အသိအမှတ်ပြုလိုက်ပါပြီ.. ကိုထွန်းအောင်ကျော်နဲ့တကွ ကျဆုံးသွားရတဲ့ ရဲဘော်အားလုံး ဒီမိုကရေစီ တိုက်ပွဲဝင် ရဲဘော်များအဖြစ်နဲ့ ကောင်းရာသုဂတိလားကြပါစေ..။
    • Hlaing Bwa Maung ကိုထွန်းအောင်ကျော်နှင့်တကွ ABSDF မြောက်ပိုင်းမှာ ကျဆုံးခဲ့ကြတဲ့ရဲဘော် ရဲဘက်များကေါင်းရာသုဂတိလားကြပါစေ။ အမှုမှန်ပေါ်ပေါက်ရေးနဲ့ တရားခံများအား အပြစ်ပေးအရေးယူသွားနိုင်တဲ့အထိ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်သွားမယ်လို့  ဂတိပြုပါတယ်။
    • အိုးဝေအောင် အိုးဘားမား
      ”လွတ်လပ်တဲ့ တိုင်းပြည်မှာနေနေရပြီး ငါ့စိတ်တွေ အကျဉ်းကျနေတဲ့ဟာ”လို. ထိန်လင်းအင်္ဂလန်ရောက်ခါစက မငယ်သူ.ကိုဖွင့်ပြောခဲ့တယ်၊ ကတိပေးထားပြီ အကေါင်အထည်မဖေါ်ဖြစ်လို. တစ်ခါတရံအိပ်မက်ဆိုးမက်တယ်၊ အိပ်မက်မက်ပြီးတိုင်းငိုရလို. တညလုံးမအိပ်နိုင်ပဲ မိုးလင်းခ
ဲ့ရတဲ့ ညတွေအများကြီး ရှိခဲ့တယ် ကိုကြီး။...တဲ့...။(ကိုကြီးနဲ့ညီမလေးတို့ရဲ့ ဖြူစင်တဲ့မေတ္တာကို ရသမြောက်စွာ ရေးဖွဲ့တတ်တဲ့ မငယ်......) ဒီပို့စ်ကိုဖတ်ပြီး တကယ်ခံစားရပြန်ပါတယ်။အများထပ်ဆင့်ခံစားနိုင်ဖို့ ရှယ်ခွင့်ပြုပါ။
    • Ko Oo ယုဇနပင်နဲ့ဖဲကြိုးဝါကို ကိုကြီးအတွက်တင်ပေးလိုက်ပါတယ်၊ ဂုဏ်ပြုတေးဖြစ်ပါတယ်၊http://www.youtube.com/watch?v=7NCZ4l8FCFc
    • ဘရာဇီး ငှက်ရိုး ကိုကျော်ကြီး(ကိုညီညီကျော်) စာမျက်နှာက ကိုညီညီကိုထွန်းအောင်ကျော်တို့ ရေးဆိုထားတဲ့ မန္တလာနွေလဲ နားထောင်ဖြစ်တယ်. . . .
      ""ပန်းတိုင်အရသာခံစားဖို့အတွက် တိုက်ခိုက်ကြမယ်လေ""တဲ့
      ကြေကွဲစရာပါ ကိုညီညီပဲ အသက်ရှင် ကျန်ရစ်ခဲ့တယ်.....
No comments:
Post a Comment