


မိုးသီး အမိန့် ပေးတာလား လိုင်စင်တောင် ပါဂျောင်စခန်းမှ ရင်နင့်ဘွယ်ဖြစ်ရပ်များ
ဒီစာနှင့်ပတ်သက်ပြီးရှင်းရှင်းလင်းလင်းသိထားစေချင်ပါတယ်။
စာထဲမှာပါတဲ့စကားလုံးတိုင်းဟာ သန်းဝင်း ရဲ့စကားလုံးတွေ အားလုံးဖြစ်တယ်။
အောင်မိုးဝင်းက ကျနော်နဲ့ညီအကိုလိုရင်းနှီးတဲ့အတွက် သူ့ကိုအနိုင်ကျင့်ပြီးစာရိုက်ခိုင်းရတာဖြစ်တယ်။
ဒီစာနဲ့ပတ်သက်ပြီးသိချင်ရင် ကျနော့ကို တိုက်ရိုက်ဆက်မေးပါ။
သန်းဝင်း ( ၇၂၇- ၆၅၆- ၈၉၂၂)
ဖေဖေါ်ဝါရီ (၁၂) ရက်၊ ၂၀၁၀
ပြည်သူများနှင့်ရဲဘော်မိတ်ဆွေများခင်ဗျား
ကိုနိုင်အောင်မှ ကျနော့ထံသို့လျှို့ဝှက်အီးမေးတစောင်ပို့ခဲ့ပါတယ်။
ဒီအီးမေးအားပြည်သူ့ရဲ့ဘော်မိတ်ဆွေများကို တဆင့်တင်ပြလိုက်ပါတယ်။
ကိုနိုင်အောင်ကတော့ သူ့အီးမေးကို သူ့ခွင့်ပြုချက်မပါပဲ မတင်ပြဖို့တားဆီးထားပါတယ်။
ဖတ်ကြည့်ကြပြီးရင်သိပါလိမ့်မယ်။
ကျနော့အနေနှင့် ကိုနိုင်အောင်ခွှင့်ပြုချက်မရှိပဲ တင်ပြရခြင်းက အကြောင်းအရာတချက်ပဲရှိပါတယ်။
ကိုနိုင်အောင့်စာထဲမှာ မြောက်ပိုင်းကျောင်းသားတပ်မတော် ( ABSDF ကချင်နယ်မြေ) မှာ ဖြစ်ပွားခဲ့တဲ့
ကျောင်းသားတွေအပေါ်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို
အဓိကအမိန့်ပေးခဲ့သူဟာ ကိုမိုးသီးဇွန် ဖြစ်တယ်လို့ဆိုပါတယ်။
ကိုမိုးသီးဇွန် ABSDF ကိုတာဝန်ယူစဉ်ကာလမှာ
မြောက်ပိုင်းကိုရောက်လာတဲ့ မန္တလေးနဲ့ရန်ကုန်ကျောင်းသားတွေကိုသတ်မိန့်ပေးပြီးသားဖြစ်တယ်။
ကိုနိုင်အောင်က သူ့မှာအထောက်အထားအပြည့်အစုံရှိပါတယ် လို့ရေးထားတဲ့အချက်ပဲဖြစ်ပါတယ်။
ကျနော့အမြင်က ဒီကိစ္စ ကို လျို့ဝှက်ထားလို့မရတဲ့ကိစ္စလို့မြင်ပါတယ်။
ဒီကိစ္စဟာ ကျောင်းသားသမိုင်းတခုလုံးနှင့်သက်ဆိုင်တယ်ထင်လို့ အခုလိုတင်ပြရခြင်းဖြစ်ပါတယ်။
ကိုနိုင်အောင်နှင့်ကိုမိုးသီးဇွန်
ဘယ်သူ့မှာ တာဝန်ရှိတယ် ဆိုတာက ကိုအများရှေ့မှာရှင်းပြသင့်တယ်ဆိုတယ်လို့ယူဆပါတယ်။
သူတို့မရှင်းပြရဲရင်လည်း သူတို့အပိုင်းပဲဖြစ်ပါတယ်။ ကျနော့ကိစ္စမဟုတ်ပါ။
ကျနော်ကတော့ အရေးကြီးတဲ့ကိစ္စဖြစ်တဲ့အတွက်အများကိုတင်ပြခြင်းပဲဖြစ်ပါတယ်။
ကိုနိုင်အောင် ကိုလည်း ကျနော်ပြောချင်တာ နောက်နောင်ခင်ဗျားမှာရှင်းလင်းစရာရှိရင်
လျှို့ဝှက်မလုပ်ပဲ အများရှေ့မှာဗြောင်ရှင်းသင့် တယ် လို့ အကြံပေးပါရစေ။
ကိုနိုင်အောင့် စာထဲမှာ ကျနော်နဲ့ပတ်သက်တဲ့အချက်အလက်များကိုဖြေရှင်းချင်ပါတယ်။
ကိုနိုင်အောင်က ကျနော့ကို ပုဂ္ဂိုလ်ရေးတိုက်တယ်လို့စွပ်စွဲထားပါတယ်။
ကျနော်ရေးတဲ့စာကိုအားလုံးဖတ်ပြီးပြီလို့ထင်ပါတယ်။
ကျနော်ရေးတာပုဂ္ဂိုလ်ရေးလုံးဝပါဝင်ခြင်းမရှိပါ။
တိုင်းပြည်အရေး၊ပြည်သူ့အရေး၊ ကျောင်းသားအရေးနှင့် သက်ဆိုင်တဲ့ကိစ္စများကိုသာ အဓိကရေးခြင်းဖြစ်တယ်။
နိုင်ငံရေးမှာ သမိုင်းဆိုတာကိုသုံးသပ်ရတယ်။
ဝေဖန်ရပါတယ်။
ဝေဖန်မှု ကို ကြောက်တဲ့မရိုးသားတဲ့လူတွေဟာ တိုက်ခိုက်မှု ဆိုတဲ့စကားလုံးကိုအမြဲသုံးလေ့ရှိပါတယ်။
လူပုဂ္ဂိုလ်ပြုလုပ်မှအဖြစ်အပျက်ဆိုတာ ဖြစ်လာရတာပါ။
ဒီအဖြစ်အပျက်ကိုဝေဖန်ပြောဆိုမယ်ဆိုရင် ဒီပုဂ္ဂိုလ်ရဲ့အမည်ကိုသုံးမှပြည့်စုံမှာ
ဖြစ်တဲ့အတွက် အမည်နာမ ကို ထည့်သုံးရခြင်းဖြစ်ပါတယ်။
ဒါပုဂ္ဂိုလ်ရေးတိုက်တယ်လို့ခေါ်လို့မရပါ။
နောက်တခုက- ကိုနိုင်အောင် က ကျနော့်ကိုရင့်ကျက်သင့်တဲ့အရွယ်ကိုရောက်နေပြီ၊
ရင့်ကျက်သင့်ပြီလို့ရေးထားပါတယ်။
အမှန်တရားကို အတွေ့အကြုံနှင့်ပေါင်းစပ်ပြီး ပွင့်လင်းရိုးသားစွာနှင့်ဝေဖန်တင်ပြတာကို
မရင့်ကျက်သေးဘူးလို့ပြောရင်
ကိုနိုင်အောင် အကြီးအကျယ်မှားပါလိမ့်မယ်။
တတိုင်းပြည်လုံးငတ်နေချိန်မှာ ဒီမိုကရေစီရေးလုပ်သူတွေက
နိုင်ငံတကာကထောက်ပံ့လို့ရလာတဲ့ငွေတွေကို
နေ့စဉ်နေ့တိုင်းသောက်စားမူးယစ်စည်းစိမ်ခံနေကြတာကရော
ရင့်ကျက်တယ်လို့ခေါ်ပါသလားလို့မေးပါရစေ
။
သူများကိုလက်ညှိုးထိုးရင် ကိုယ့်ဘက်ကိုလက်ညှိုးတထောင်ထိုးမှာမကြောက်ဘူးလားလို့
အပျော့ဆွဲခြိမ်းခြောက်သလိုမေးပါတယ်။
ကျနော်ပြတ်သားစွာပြောမယ်ဆိုရင် အမှန်တရားတိုင်းပြည်အရေး၊ပြည်သူ့အရေးနှင့်ပတ်သက်တယ်ဆိုရင်
လက်ညှိုးတထောင်မပြောနှင့်ကျနော့ရဲ့အသက် ဘဝ ကို အချိန်မရွေးပေးဆပ်ဖို့အသင့်ရှိတယ်။
ပေးလည်းပေးဆပ်ခဲ့ပြီးဖြစ်တယ်။
ကျနော်ဘာကိုမှမကြောက်ခဲ့၊ ကြောက်မှာမဟုတ် ဆိုတာခင်ဗျားသိစေချင်တယ်။
ဘာဖြစ်လို့လဲဆိုတော့ ကျနော်ဟာ ၁၉၈၈ မတ်လ (၁၃)ရက်စက်မှုတက္ကသိုလ်အရေးအခင်းဖြစ်လို့
ရန်ကုန်တက္ကသိုလ်ကျောင်းသားများစုပြီး အင်အားဖြည့်ဖို့ချီတက်ကတည်းက ပါဝင်ခဲ့ပြီး
မဆလ စစ်သားများက မရမ်းကုန်း အ.ထ.က (၂) ရှေ့မှာ အပိတ်ခံရလို့နောက်ဆုတ်ခဲ့ရတယ်။
ငါတို့ရန်ကုန်တက္ကသိုလ်မှာ ပြန်လုပ်ကြမယ်ကွ လို့ဆုံးဖြတ်ပြီး
ရန်ကုန်တက္ကသိုလ်မှာ မတ်လ(၁၅) ရက်နေ့မှာ စတင်လှုပ်ရှားကတည်းက
၈၈၈၈ နေ့မှာ ပြည်သူများလမ်းပေါ်ရောက်ဖို့အတွက်
ကျနော်အပါအဝင်ကျောင်းသားများဟာ အသက်သွေးချွေးပေါင်းများစွာရင်းနှီးခဲ့ရတယ်ဆိုတာ ခင်ဗျားသိဖို့လိုတယ်။
ရှစ်လေးလုံးအရေးအခင်းမှာ ပြည်သူရဟန်းလမ်းပေါ်ကိုရောက်ခဲ့ကြပြီး
အသက်သေွး ချွေးပေါင်းများစွာပေးဆပ်ခဲ့ကြရတယ်။
အခုလည်းပေးဆပ်နေကြရတဲ့သူရဲကောင်းတွေအများကြီးရှိနေသေးတယ်ဆိုတာ ခင်ဗျားသိဖို့လိုတယ်။
ကျနော်ဟာ ခွပ်ဒေါင်းအလံကိုကိုင်စွဲပြီး ပြည်သူ့ရှေ့မှာ မားမားမတ်မတ်ရပ်တည်ပြီး
ကျနော့ရဲ့ဘဝ ကျနော့ရဲ့အသက်ကိုစတေးခဲ့ပြီး သေဖို့အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ရတယ်။
ကံတရားကြောင့် အချိန်မကျသေးလို့ အသက်ရှင်နေတဲ့လူသားတယောက်အတွက်တော့
ခင်ဗျားပြောတဲ့လက်ညှိုးတထောင်ထိုးမှာ မကြောက်ဖူးလားလို့ပြောတဲ့စကားဟာ
သိတ်ရယ်စရာကောင်းတယ်လို့ ကျနော်ထင်တယ်။
တခြားသူတွေက လက်ညှိုးတထောင်ထိုးမယ် ဆိုရင် ကျနော်အဆင်သင့်စောင့်ကြိုနေပါတယ်။ ကျနော့ ကို ဝေဖန်ထောက်ပြစရာအချက်အလက်ရှိ
ရင် တင်ပြပါ။ ကြိုဆိုပါတယ်။ ခင်ဗျားတို့ထောက်ပြတဲ့ အချက်တွေဟာမှန်ကန်တယ်။
ကျနော်မှားခဲ့တယ်ဆိုရင် အများရှေ့မှာဝန်ခံတောင်းပန်ဖို့အချိန်မရွေးပါ။
ဘာဖြစ်လို့လဲဆိုတော့ ကျနော်ဖြတ်သန်းခဲ့တဲ့သမိုင်းကိုကျနော်လိပ်ပြာလုံလို့ပဲ။
ကိုနိုင်အောင် ကို တခုပြောချင်တယ်။ ခင်ဗျားနားလည်ပါ။
ရှစ်လေးလုံးအရေးတော်ပုံဟာ သိတ်ပြီးဂုဏ်သိက္ခာကြီးပါတယ်။
ဒါကို ခင်ဗျားက ခင်ဗျားမိန်းမမွေးနေ့စားပွဲပေါ်က အရက်ဝိုင်းတဝိုင်းလို
သဘောမထားတာကိုခွှင့်မလွှတ်နိုင်တဲ့အမှားကြီးတခုအဖြစ်
ကျနော်ယူဆတယ်။ ခင်ဗျားတို့မဖြတ်သန်းခဲ့လို့တန်ဘိုးကိုမသိဘူးဆိုရင်လည်း
ဘဝပေါင်းများစွာပေးဆပ်ခဲ့ရတဲ့သူတွေကိုတော့
ငံ့ညှာထောက်ရှုသင့်တယ်လို့ကျနော်ထင်တယ်။
စင်မြင့်ပေါ်ကိုခင်ဗျားတို့တက်ဖို့ ၈၈၈၈ ကိုအသုံးချပြီးစင်ထိုးတာကိုတော့
လုံးဝလက်ခံမှာ မဟုတ်ဘူးဆိုတာကိုတော့ သိစေချင်တယ်။
တခြားကြိုက်တဲ့စင်ထိုးပြီး ခင်ဗျားတို့နိုင်ငံရေးအတွက်တက်ပါ။ ကျနော်နဲ့မဆိုင်ပါ။
၈၈၈၈ စင်ကိုအသုံးချတက်မယ်ဆိုရင်တော့ အသက်နဲ့လဲပြီးကာကွယ်ရပါလိမ့်မယ်။ ရှစ်လေးလုံးရဲ့ဂုဏ်သိက္ခာအတွက်ကျနော်တာဝန်ကျေချင်တယ်။
ပြည်သူကိုပြစားပြီး မိသားစုနဲ့ ကိုယ်ကျိုးရှာမှုကိုဘယ်တော့မှလုပ်မှာမဟုတ်ဘူးဆိုတာ ခင်ဗျားသိပါ။
တိုင်းပြည် နဲ့ ပြည်သူ့အမည်ကိုသုံးပြီး အိမ်ကြီးအိမ်ကောင်းမှာနေ၊
ကားအကောင်းကြီးတွေစီးဇိမ်ခံတဲ့အလုပ်ကိုလုပ်ရဲတာတော့ခင်ဗျားတို့ပဲလုပ်ရဲပါတယ်။
ကျနော်ကတော့ အဲ့ဒါနဲ့ပတ်သက်ပြီး မလုပ်ရဲတဲ့အပြင် သတ္တိလည်းမရှိပါ။
ဒီနေရာမှာတော့ ခင်ဗျားတို့ကကျနော့ထက်သတ္တိရှိတယ်ဆိုတာကိုဝန်ခံပါရစေ။
ပြည်သူ၊ ရဟန်း၊ ကျောင်းသားတွေရဲ့အရိုးတွေကိုဆက်ပြီး
သွေးတွေဖြန်းထားတဲ့အရိုးတံတား ပေါ်မှာ ခင်ဗျားတို့ကဖြတ်လျောက်ပြီး သစ္စာမဲ့နိုင်ပေမဲ့
ကျနော်ကတော့ လုံးဝလုပ်ရဲတဲ့သတ္တိမရှိတာအမှန်ပါ။
ကျနော့ဘဝမှာ အကြောက်ဆုံးတခုပဲရှိပါတယ်။
တိုင်းပြည်အတွက်တန်ဘိုးမဖြတ်နိုင်စွာရင်းနှီးသွားကြတဲ့ အာဇာနည်တွေရဲ့အရိုးတွေတွန်မှာ
သူတို့ရဲ့သစ္စာဆူးမှာကို ကျနော်အကြောက်ဆုံးပါ။
ကျနော်နောက်ဆုံးပြောချင်တာက ခင်ဗျာတို့နိုင်ငံရေးစင်မြင့်ပေါ်တက်လှမ်းဖို့အတွက်
ကြိုက်တဲ့အဖွဲ့အစည်းထောင်ပြီးတက်ပါ။
ခင်ဗျားတို့ကြိုက်သလောက်ချမ်းသာ ကျနော်စိတ်မဝင်စားဘူး။
ခင်ဗျားတို့လုပ်ပိုင်ခွင့်ကိုလုပ်နိုင်တယ်။
ကျနော်ပြင်းပြင်းထန်ထန်တားဆီးချင်တာက
ဒီနေ့ဒီရက်ကစပြီး ရှစ်လေးလုံးအမည်ကိုသုံးပြီး နိုင်ငံရေးစင်မြင့်ပေါ်ကိုတက်လှမ်းဖို့လုံးဝမလုပ်ပါနှင့်။
တကယ်လို့လုပ်ခဲ့မယ်ဆိုရင်
ကျနော်စွမ်းသလောက်ပြင်းပြင်းထန်ထန်တိုက်ပွဲဝင်ကာကွယ်သွားမယ်ဆိုတာ
ဒုတိယအကြိမ်ပြင်းပြင်းထန်ထန်သတိပေးလိုက်ပါတယ်။
ရှစ်လေးလုံးဆိုတာ ခင်ဗျားတို့နဲ့မတန်လို့ပဲ။
ရှစ်လေးလုံးအရေးတော်ပုံဂုဏ်သိက္ခာ ကို အမြဲဦးထိပ်ထားလျှက်
သန်းဝင်း
( လက်မှတ်ထိုးထားပါသည်)
by Maung Maung Wann on Wednesday, January 18, 2012 at 1:45am
ယခုအစီရင်ခံစာသည် ကျောင်းသားတပ်မတော် ( မြောက်ပိုင်းဒေသ )တွင် သူလျှိုအဖြစ် စွပ်ဆွဲခံရပြီး
ညှင်းပမ်းနှိပ်စက်ခြင်းခံနေရာမှ ထွက်ပြေးလွတ်မြောက်လာသူ ထင်လင်းအောင်မှ ပေးပို့လာသော
အစီရင်ခံစာဖြစ်ပါသည်။
------------------------------------------------------------------------------------------------
မူလက ဖေါ်ပြထားသော ကိုထင်လင်းအောင်၏ စာမှ အချို့ အချက်အလက်များကို
အထောက်အထား မသေချာပါသဖြင့် ပြန်လည်ရှာဖွေရန်ဖြုတ်ထားပါသည် ။

- 130 shares
- George Heine What a bunch of BLOODY IDIOTS man? Are they still alive? Let the DEVIL TAKE THEM BEFORE THEY FACE MORE DIRE FATES. May the souls of the departed REST IN PEACE as well.
- William Aung သန်းဝင်း အင်းယားတံတားဖြုမှတံတားနီဆိ
ုပြီး ၈၈ကာလတုန်းက ဦးဆောင်ခဲ.တာသတော. သမိုင်းသက်သေရှိပါတယ်။ - Justin Mangshang ကြောက်စ၇ာကြီးနော်
- George Heine KO THAN WIN! Try your best and stay alive to FIGHT another DAY man. You guys are MAKING HISTORY and NEEDED to make things RIGHT as well. Naing Aung's a SNITCH since DAY ONE as you know. He wouldn't MAKE IT specifically VIA the 8888 ROAD/WAY as you say. He and his broad are OUTCASTS already as you know. Well, let JUSTICE TAKES ITS COURSE and THINGS WILL BE BETTER lest you forget. CRIME DOES NOT PAY man!
- Htay Tint What meaning of DAY man?
- Wynn Aung On the way to genuine Democracy! we do need to find out! people who are fighting dictatorship and becoming dictator themself!
No comments:
Post a Comment