Sunday, February 17, 2013

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ - ၁၁


by Aung Moe Win on Saturday, February 25, 2012 at 7:25pm ·


“ ပေးဆပ်ခဲ့သမျှ အတွက် ၊ မမေ့ကောင်းရာအဖြစ်၊ သစ္စာပန်းတစီး” ……..ကိုမင်းကိုနိုင်

“သမိုင်းရဲ့ အမှန်တရား ဆုံးဖြတ်ချက်ကို ဘယ်အရာနဲ့မှ ပြောင်းလဲလို့မရနိုင်ပါ” …ကိုမြတ်စံ



ကျောင်းသားတပ်မတော် မြောက်ပိုင်းဒေသမှာ ကျဆုံးသွားတဲ့ ကျောင်းသားရဲဘော်တွေအတွက် ရန်ကုန်၊ မန္တလေးမြို့တွေမှာ အခမ်းအနားလုပ်တဲ့အခါ ကိုမင်းကိုနိုင် နဲ့ ကျောင်သားတချို့ဟာ အပြင်းအထန် နေမကောင်းတဲ့ ကြားကနေ အခမ်းအနားကို တက်ခဲ့ကြတယ်၊ တိုင်းပြည်အတွက် အလုပ်များနေတဲ့ကြားကနေ၊ တခုတ်တရ တက်ရောက် ပြောဆိုဆွေးနွေးကြတယ် လို့ ဆိုတယ်။ သူတို့ရဲ့ စကားလုံးတွေကလည်း ရင်ကိုထိခပ် ခံစားစေခဲ့တယ်။ သမိုင်းရဲ့ အလင်းအမှောင်ကို နားလည်တန်ဘိုးထား သူတွေက၊ အဖြစ်အပျက်တွေကို ရှင်းရှင်းလင်းလင်း သုံးသပ်ခံစားတယ်။ လူ့အဖွဲ့အစည်းမှာ တရားမျှတမှုတွေ၊ မေတ္တာတွေထွန်းကားဖို့အတွက်၊ တည်ငြိမ်စွာဖြတ်သန်းကြတယ်။ ဆုံးရှုံးမှုနဲ့ ညီညွတ်မှုတွေရဲ့ အပေးအယူကို နားလည်ကြတယ်။

မြောက်ပိုင်းအရိုးတွန်သံများရဲ့ အဆင့် (၃) ကို ဖြတ်ကြတဲ့အခါ၊ ကျနော်တို့ကြိုတင်မျှော်လင့်ထားတဲ့အတိုင်းပဲ မျက်နှာဖုံးတွေ ကွာကျလာမယ်။ စိတ်ဓါတ်အဆင့်အတန်းတူရာ စုကြမယ်။ နိုင်ငံရေးသုံးသပ်နိုင်စွမ်းရေချိန်အနှိမ့်အမြင့်ပေါ်မှာ မူတည်ပြီး၊ ယုတ်မာ ရိုင်းစိုင်းမှု့ကို မလိမ့်တပတ်ကာကွယ်ချင်သူတွေ၊ အရက်ပုန်းရောင်းသူဆီမှာ တောက်တိုမယ်ရ အသုံးခံရသူတွေရဲ့ သွေးရူးသွေးတန်းတွေ စကားသံတွေကိုလည်း ရံဖန်ရံခါကြားနေရမယ်။ သူတို့ကိုတော့ “ ကမ္ဘာပျက်နေတဲ့အချိန်မှာ ရွာက ဇာတ်မင်းသားဂိုက် နဲ့ စတီဒီယို အဆိုတော် ဖြစ်ချင်သူတွေပါလား” လို့ နားလည်ပေးလိုက်ပါတယ်။ တကယ်တော့ ဒီလိုလူတွေကို စဉ်းစားနေစရာအကြောင်းမရှိပါဘူး။ ရာဇဝတ်မှုရဲ့ အရိပ်တွေက နွယ်မြက်ရိုင်းတွေလို တရိပ်ရိပ်တက် ချည်နှောင်နေတဲ့အချိန်မှာ ကြွင်းထဲက ကြွက်တွေဆိုတာ အပေါ်ကို မော့ကြည့်ရင်း စုတ်တသတ်သတ် ကျန်ရစ်ခဲ့ကြရမှာပါ။

ခွေးအ နှစ်ကောင်ကို အမဲလိုက်ခြင်း

တခါတုံးက လူဆိုးလူမိုက်ဆန်ဆန်အုပ်စုဖွဲ့ပြီး သခင်အားရ ကျွန်ပါးဝလုပ်၊ သူများတွေကို ဆဲဆို ခြိမ်းခြောက်လေ့ရှိတဲ့ လူတယောက်ကို မေးကြည့်မိဘူးတယ်။ ခြင်္သေ့ နဲ့ ခွေးအ ရဲ့ ကွာခြားမှုကို ရှင်းရှင်းလင်းလင်း နားလည်လား ဆိုတဲ့မေးခွန်းပါ။ ခြင်္သေ့ ဆိုတဲ့ ကောင်က တကောင်တည်းအမဲလိုက်ဖို့ဝန်မလေးဘူး။ လတ်လတ်ဆတ်ဆတ်အသားကို စားလေ့ရှိတယ်။ ခွေးအ ကတော့ အုပ်စုရှိမှ အမဲလိုက်ရဲလေ့ရှိတယ်။ သူတို့ရဲ့ထောင်ချောက်ထဲကို ဝင်လာမှ ကိုက်သတ်ရဲတဲ့ သတ္တိရှိတယ်။ သူများတွေရဲ့ စားကြွင်းစားကျန်တွေကို ကိုက်ချီစားသောက်ဖို့ ဝန်မလေးသလို၊ ယုတ်မာ ကောက်ကျစ်တဲ့အကြံတွေ ကျင့်သုံးဖို့လည်း ဝန်လေးသူတွေ မဟုတ်ဘူး။ အဖွဲ့အစည်း အသီးသီးက လူတွေဟာ အမှန်တရားကို ရှာဖွေတဲ့အခါ၊ မိမိတို့အနေနဲ့“ ခွေးအတွေ လား၊ ခြင်္သေ့ လိုမျိုး သတ္တိရှိသူတွေ လား” ဆိုတဲ့အချက်ကို ကိုယ့်ဘာသာ မေးခွန်းထုတ်ကြဖို့ လိုပါလိမ့်မယ်။

ဇော်ဇော်မင်း ( မိုးညှင်း) နဲ့ သန်းဇော် ( မန္တလေး) ဆိုတာ ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) ဒေသဆီက အလင်းပြန်ဝင်လာတဲ့ ရာဇဝတ်ကောင် နှစ်ယောက်ပါ။ ဖေဖေါ်ဝါရီ (၁၂) အာသံကုန်းပေါ်က ခေါင်းဖြတ်သတ်ပွဲမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သူတွေဖြစ်တယ်။ ဖမ်းခံထားရတဲ့ ကျောင်းသားတွေကို ရက်ရက်စက်စက် ညှင်းဆဲ နှိပ်စက်ခဲ့သူတွေဖြစ်တယ်။ ကျောင်းသားတွေကို သတ်ဖြတ်၊ လက်နက်ကိုင်တော်လှန်ရေးကို ဦးကျိုးအောင်ခဲ့၊ ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) ကို သမိုင်းရဲ့ အပုတ်နံ့တွေ ထဲမှာ ပိုးစိုးပက်စက် ထားပစ်ခဲ့ပြီးတဲ့နောက်၊ သူတို့ဟာ တာဝန်တခုပြီးဆုံးသွားပြီ လို့ ယူဆ ဟန်တူပါတယ်။ ဗမာပြည်ထဲကို လက်နက်ချ အလင်းဝင်လာခဲ့ကြပါတယ်။ မြောက်ပိုင်းဒေသမှာ ရန်သူ့သူလျှို လို့ စွပ်စွဲခံရတဲ့သူတွေက စစ်အစိုးရရဲ့ အကျဉ်းထောင်တွေထဲမှာ ခါးသီးနာကျင်စွာ ရှင်သန်နေရချိန်မှာ၊ ရာဇဝတ်ကောင် နှစ်ဦးဖြစ်တဲ့ ဇော်ဇော်မင်း နဲ့ သန်းဇော် တို့ကတော့၊ စစ်ထောက်လှမ်းရေးတွေနဲ့ စီးပွားရေးလုပ်အကာအကွယ်ယူပြီး ဆောင့်ကြွား ဆောင့်ကြွား လျှောက်သွားနေခဲ့ကြပါတယ်။ ပြန်တွင်းကို ထွက်ပြေးလွတ်မြောက်လာတဲ့ ကျောင်းသားတွေက “ ခင်ဗျားတို့က ဘာတွေလဲ ကျနော်တို့ကိုကျတော့ ရန်သူ့ထောက်လှမ်းရေး လို့ စွပ်စွဲ၊ နှိပ်စက် ညှင်းပမ်းခဲ့ပြီး အခုကျတော့ ခင်ဗျားတို့က စစ်ထောက်လှမ်းရေးတွေနဲ့ပေါင်း ဒီမိုကရေစီအင်အားစုတွေကို၊ ချေမှုန်းနေတယ်။ နှောက်ရှက်တားဆီးနေတယ်” လို့ မျက်နှာချင်းဆိုင်သွားပြောပြီး စိန်ခေါ်ကြတဲ့အခါ၊ အဲ့ဒီ ရာဇဝတ်ကောင် နှစ်ကောင်က စစ်ထောက်လှမ်းရေးတွေဆီ ပြေးကပ်ပြီး ကျောင်းသားတွေဟာ သူတို့ကို ရန်လုပ်နေတဲ့အတွက် အကာအကွယ်ပေးပါ လို့ အကူအညီတောင်းခဲ့ကြပါတယ်။ စစ်ထောက်လှမ်းရေးတွေကလည်း သူတို့ရဲ့ လူနှစ်ယောက်ကို အကာအကွယ်ပေးခဲ့ပါတယ်။ “ဇော်ဇော်မင်းနဲ့ သန်းဇော်ကို နှောက်ရှက်တဲ့သူ ဘယ်သူမဆို၊ အဖမ်းခံရမယ်” အထိ ပေါ်ပေါ်တင်တင် ခြိမ်းခြောက်ခဲ့ကြပါတယ်။

ကျောင်းသားတပ်မတော် မြောက်ပိုင်း မျက်နှာဖုံးစွပ်ထားခဲ့ပြီး၊ စစ်ထောက်လှမ်းရေးနဲ့ ပလူးပလဲလုပ်နေတဲ့ ဇော်ဇော်မင်းနဲ့ သန်းဇော် တို့ဟာ တောထဲမှာ သူတို့နှိပ်စက်သတ်ဖြတ်ခဲ့တဲ့ ကျောင်းသားတွေ၊ ဝိညာဉ်တွေအပေါ်မှာ၊ ယနေ့တိုင် မထေမဲ့မြင် ပြုလုပ် စော်ကားနေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ ပါဂျောင်ဒေသတုံးကလို ကျောင်းသားတွေကို နှိပ်စက်သတ်ဖြတ်ဖို့၊ သူတို့အတွက် အခွင့်မသာတော့ဘူး ဆိုတာကိုလည်း နားလည်နေပုံရပါတယ်။ ဒီလို ခွေးအ နှစ်ကောင် ဟာ ရွှေဝါရောင်တော်လှန်ရေးမတိုင်ခင်က ကျောင်းသားခေါင်းဆောင်တွေ၊ ဒီမိုကရေစီရေး အင်အားစုတွေကို အုပ်စုဖွဲ့ အနိုင်ကျင့်ဖြိုခွဲခဲ့တဲ့ စွမ်းအားရှင်တွေနဲ့ အဆင့်အတန်းအတူတူပဲဖြစ်တယ်။ စွမ်းအားရှင်တွ၊ ကြံ့ဖွံ့တွေ ဆိုတာ တယောက်ချင်းစီ နေထိုင်နေတဲ့အခါ သိတ်ကြောက်တတ်ပါတယ်။ အုပ်စုရှိမှ၊ အကာအကွယ်ရှိမှ မိုက်ရိုင်းကြမ်းကြုတ်တဲ့အလုပ်ကို လုပ်ရဲခဲ့ကြတာပါ။ ဘယ်လိုပဲဖြစ်ဖြစ်၊ စိတ်ရောဂါပညာရှင်တွေရဲ့အဆိုအရတော့ အကြမ်းဖက်မှုတွေကို မီးကုန်ယမ်းကုန် ကျူးလွန်ခဲ့မိသူတိုင်းမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနှစ်ခုစလုံးမှာ အကြီးမားဆုံး ချို့ယွင်းချက်၊ အားနည်းချက်တွေ အပြည့်ရှိကြတယ် လို့ဆိုတယ်။ အာသံတောင်ကုန်းရဲ့ လူမသိသူမသိ တောနက်နက်ထဲမှာ ကျောင်းသားသွေးကို သောက်ခဲ့တဲ့ ခွေးအ နှစ်ကောင်ရဲ့ အားနည်းချက်ကို စောင့်ကြည့်ကြရပါမယ်။ မန္တလေး၊ မိုးညှင်း၊ မိုးကောင်း ဘက်က သတင်းမီဒီယာသမားတွေ၊ ဒီမိုကရေစီ အင်အားစုတွေ အနေနဲ့ သူတို့ရဲ့ လက်ရှိပုံပန်းသဏ္ဍန်တွေ၊ လှုပ်ရှားမှုတွေ ကို အဆက်မပြတ်မှတ်တမ်းတင်ထားပြီး၊ ဓါတ်ပုံတွေကို ပြည်သူလူထုကြားမှာ ဖြန့်ထားပေးသင့်ပါတယ်။ တချိန်ချိန်မှာ အသုံးဝင်လာမှာမို့ပါ။

၁၉၉၀ ဗကသများ ညီလာခံ



အမေရိကားမှာ ABSDF ခေါင်းဆောင်တယောက်နဲ့ ဆုံတွေ့တုံးက “ ၁၉၉၀ မန္တလေးမှာ ကျင်းပတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ညီလာခံမှာ ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) ကိုယ်စားလှယ်တွေ လာရောက်တက်ခဲ့ကြတာ သိလား” လို့ မေးခဲ့မိတယ်။ သူက မြေပေါ်ကျောင်းသားလှုပ်ရှားမှု သမိုင်းနဲ့ တော်တော်အလှမ်းဝေးပါတယ်။ “ မသိဘူး” တဲ့။ ကျနော် စိတ်တော်တော်လေသွားတယ်။ တခါတလေ ဒီလူတွေ မြေပေါ်ကျောင်းသားလှုပ်ရှားမှု့ သမိုင်းကို မသိပဲနဲ့ ခင်ဗျားတို့ ဘယ်လို တော်လှန်ရေးလုပ်လဲ လို့ မေးကြည့်ချင်တယ်။ ဘာမှလည်း ဇြစ်လာမှာမဟုတ်တော့ မမေးဖြစ်ခဲ့ပါဘူး။

တကယ်တော့ မစိုးရိမ်တိုက်ဟောင်းထဲမှာ ဗကသ ရဲဘော်တွေရဲ့ ဧည့်ဝတ်ကျေမှုကို မြိန်ရည်ရှက်ရည် စားခဲ့ကြတဲ့ မြောက်ပိုင်းဒေသမှ ကျောင်းသားတပ်မတော်ရဲဘော်တွေအနေနဲ့ မန္တလေး၊ ရန်ကုန်မှ တောခိုလာတဲ့ကျောင်းသားတွေဟာ ရန်သူ့ သူလျှို မဟုတ်ဘူး ဆိုတာ ကောင်းကောင်းသိကြပါတယ်။ ဒါဖြင့် ဒီလို ရက်ရက်စက်စက် နှိပ်စက် ညှင်းပမ်းမှုကြီးကို ငြိမ်သက်စွာ ထိုင်ကြည့်နေခဲ့တာဟာ ဇော်ဇော်မင်း တို့နဲ့ အတူ ပူးပေါင်းကြံစည်ခဲ့တာလား။ မတတ်သာလို့ ဝင်ရောက် မစွက်ဖက်ခဲ့တာလား။ ခွပ်ဒေါင်းအလံတော်အောက်မှာ ကိုယ့်ရဲဘော်ချင်း လုပ်ကြံသတ်ဖြတ်မှုကို ကျူးလွန်ခဲ့သူတွေက သူတို့ရဲ့ လိပ်ပြာတွေကို ဘယ်လိုသန့်စင်ကြမလဲ။ သစ္စာအဖောက်ခံလိုက်ရတဲ့ မြို့က လူတွေအတွက်တော့၊ အမှန်တရား ပေါ်ပေါက်ရေးကလွဲလို့ မည်သည့်အဖွဲ့အစည်းကိုမှ ဂရုစိုက်နေမှာ မဟုတ်ဘူး ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း နားလည်ထားဖို့ လိုကြပါလိမ့်မယ်။ ကျောင်းသားထု ညီညွတ်ရေး နဲ့ အဖွဲ့အစည်းခေါင်းဆောင်တွေရဲ့ ဂုဏ်သိက္ခာရှိမှု၊ မရှိမှု ဆိုတာ၊ အမှန်တရားပေါ်မှာ ဘယ်လောက် သတ္တိရှိရှိ ရပ်တည်တိုက်ပွဲဝင်သလဲ ဆိုတဲ့အချက်ပေါ်မှာ အဓိက မူတည်ပါတယ်။ တရားမျှတမှုကို “ဘူး”ကွယ် ငြင်းပယ်နေတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေနဲ့ ညီညွတ်စရာ အကြောင်းတစက်မှ မရှိပါ။



သတင်းမီဒီယာခေတ်ကြီးမှာ၊ ဇီဝလက်နက်၊ ဓါတုလက်နက်တွေနဲ့ အကြမ်းဖက်နေတဲ့ ခေတ်ကြီးမှာ ----

အနှစ်မပါတဲ့ ဟန်ရေးပြမှုတွေကို ကျော်လွန်ပြီး ၊ တယောက်နှလုံးသားကို တယောက် အကဲခပ်တတ်ဖို့ လိုပါလိမ့်မယ်။



မြောက်ပိုင်းဒေသမှာ ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက်လူသတ်ပွဲနဲ့ ပတ်သက်ပြီး၊ ကာယကံရှင်တွေရဲ့ ပြောဆိုသံတွေကို ဆက်လက်နားစွင့်သွားပါမယ်။ ဘယ်သူ ဘာလဲ ဆိုတာရှင်းရှင်းလင်း သိရှိနားလည်နေကြမှတော့၊ ကိုယ့်ရဲ့ နည်းဗျူဟာတွေကို စံနစ်တကျ တည်ဆောက်ကြရပါလိမ့်မယ်။ တရားကို နတ်စောင့်ပါတယ်။ နစ်နာခံစားရသူတွေအားလုံးအတွက် တရားမျှတတဲ့ မနက်ခင်း မကြာခင် လင်းလက်တောက်ပနိုင်စေရပါမယ်။

အောင်မိုးဝင်း
  • 55 shares
    • Bamar Blood
      “ ဒီလူတွေ မြေပေါ်ကျောင်းသားလှုပ်ရှားမှု
      သမိုင်းကို မသိပဲနဲ့ ခင်ဗျားတို့ ဘယ်လို တော်လှန်ရေးလုပ်လဲ
      လို့ မေးကြည့်ချင်တယ်။ ”

      အဲ့အပိုင်းနဲ့ ပတ်သတ်ပြီးတော့ နည်းနည်းပြောချင်ပါတယ် ..

      မြေပေါ်လှုပ်ရှားမှုတွေမှာပါတဲ့လူတွေက များသောအားဖြင့်မြို့ 
      ပြဒေသမှာ နေတဲ့သူတွေပါ .. သူတို့ ရဲ့ လှုပ်ရှားမှုတွေကိုနယ်
      မှာနေတဲ့သူအချို့ က မသိဘူးဆိုတာ အပြစ်မဟုတ်လောက်ဘူး
      ထင်ပါတယ် ..
    • Thone Drae Oo ‎"သမိုင်းရဲ့ အလင်းအမှောင်ကို နားလည်တန်ဘိုးထား သူတွေက၊ အဖြစ်အပျက်တွေကို ရှင်းရှင်းလင်းလင်း သုံးသပ်ခံစားတယ်။ လူ့အဖွဲ့အစည်းမှာ တရားမျှတမှုတွေ၊ မေတ္တာတွေထွန်းကားဖို့အတွက်၊ တည်ငြိမ်စွာဖြတ်သန်းကြတယ်။ ဆုံးရှုံးမှုနဲ့ ညီညွတ်မှုတွေရဲ့ အပေးအယူကို နားလည်ကြတယ်။"

      (စာနာမှု မေတ္တာတရား နဲ့  အမှန်တရားသစ္စာ မှာရှင်သန်သူများ အားလုံးကိုလေးစားလျက်....သုံနြေ္ဒဦး..)
    • Aung Moe Win Bamar Blood ရေ။ ကျနော်မေးတဲ့သူက မန္တလေးမြို့နားက လူဗျ။ အံ့သြစရာမကောင်းဘူးလား။
    • Saw Wunna Lin ဇော်ဇော်မင်း ( မိုးညှင်း) နဲ့ သန်းဇော် ( မန္တလေး) ဆိုတာ ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) ဒေသဆီက အလင်းပြန်ဝင်လာတဲ့ ရာဇဝတ်ကောင် နှစ်ယောက်ပါ။ ဖေဖေါ်ဝါရီ (၁၂) အာသံကုန်းပေါ်က ခေါင်းဖြတ်သတ်ပွဲမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သူတွေဖြစ်တယ်
    • Khin Nyein Thit တကယ်တော့ အဲဒီ့လူတွေက မြေပေါ်ကျောင်းသားတွေကို မုန်းတယ်။ အမှုန့်ကြိတ်ချင်နေခဲ့တယ်။ အဲဒါက အခုထက်ထိပဲ။ တောခိုခဲ့တဲ့ မြေပေါ်ကျောင်းသားတွေကိုယ်တိုင်ရင်ဖွင့်ခဲ့တယ်။ အဲဒီ့လူတွေအခုထက်ထိ အဲဒီ့ အတွေးအခေါ်တွေရှိတယ်။ ထောင်ကျခဲ့တဲ့ ကျမတို့ကို ထောင်ကျမှ တိုင်းပြည်အတွကင်လုပ်တာလားလို့ မေးခဲ့တဲ့ လူတွေရှိနေပါတယ်။ အဲဒိ့အတွေးအခေါ်ကို အခုထက်ထိ.......................
    • Min Tharr ကိုဗမာ့သွေးရေ ကို်အောင်မိုးဝင်းပြောသွားတာ သာမန်နိုင်ငံရေးတက်ကြွသူကို မဟုတ်ပါဘူး အေဘီရဲ. ကျောင်းသားခေါင်းဆောင်တစ်ယေါက်ကိုပါ။ ခေါင်းဆောင်ဖြစ်မှတော့ သမိုင်းကိုနားမလည် အချိတ်အဆက်တွေကို နားမလည် ဖြစ်ပျက်တာကိုမသိဘူးဆိုရင် ဘယ်လိုလုပ်ပြိး အဖွဲ.အစည်းကို သမိုင်းတောင်းဆိုမှုနဲ အညီ ဦးဆောင်နိုင်ပါ့မလဲ။ သူဆိုလိုတာက ဒီလိုပဲလို. ကျနော်ထင်ပါတယ်. မှားရင်ခွင့်လွတ်ပါ ကိုအောင်မိုးဝင်း
    • Kyaw Zwar
      “ မြေပေါ်လှူတ်ရှားမှူတွေမှာ ပါတဲ့ လူတွေက များသောအားဖြင့် မြို့ ပြဒေသမှာ နေတဲ့သူတွေပါ”
      Who says so? I was 15 when student revolution was born on 88 and i get myself involved as a high school student. Later became a member of All Burma Federation of Student Union at small township in western part of Irrawaddy river at Magway Division. But i've known most of my ABFSU leaders and their involvement in 88, and also the leaders of “ အကသ” “မကသ” as well. How dare you said that the person who belong to higher profile in this organization doesn't know about other high profile members in this organization. Think twice BB.
    • Aung Moe Win အထွေထွေ သပိတ်ဆိုတာ တနိုင်ငံလုံးမှာ ဖြစ်ခဲ့တာပါ။
    • Udp Myanmar
      အမှန်တရားနဲ. တရားမျှတမှုကို ဖော်ထုတ်တဲ့အခါ အစပိုင်းမှာတော့ ယုံကြည်ချက် အပြည့်နဲ. ဇွဲရှိရှိ လုပ်တဲ့ Committed, Dedicated, Determinded ရှိတဲ့ လူအနည်းကျဉ်းရှိဖို.ပဲ လိုပါတယ်။ အမှန်တရားဖြစ်တဲ့အတွက် အချိန်ကြာလာတာနဲ. လူထုနဲ. အများစုက မှန်
      တဲ့ဖက်က ရပ်တည်လာတာ ဓမ္မတာပါ---အနှစ် ၂၀ ပြောခွင့်မရတဲ့ Silent Voice တွေ၏ အသံတွေ အခုဆို နေရာတိုင်းမှာ ညံလာပါပြီ။ ။ ဒီအရာကို ဘယ်လိုနည်းနဲ.မှ အရက်ဖိုး ဆေးဖိုး ထမင်းဖိုးလေး ပေးပြီး နှိပ်ဆိတ်အောင် လုပ်နိုင်တော့မှ မဟုတ်ပါ---၀ိဥာဉ်တွေ စကားပြောနေပြီလေ။ ။ မတရားမှုကို ဆန်.ကျင်တဲ့ လုထုဟာ ဘယ်သူပဲ လုပ်လုပ် ဘယ်အုပ်စုပဲ ကျူးလွန်ကျူးလွန် ဘယ်ဘက်ကပဲ လုပ်သွားပါစေ---အဖွဲ.အစည်း လူပုဂ္ဂိုလ်နဲ. ဘက် ဆိုတဲ့ ပစ်ညှပ်ချက်တွေကို လူတွေက မြင်နိုင် ခွဲနိုင် သိနိုင်ပါသည်။
    • မိုး စဲ ညီညွတ်ရေးလား..တံတွေးဆွတ်ပြီး ကပ်တဲ့ညီညွတ်ရေးလား အလောင်းထမ်းပြီး လုပ်တဲ့ညီညွတ်ရေးလား...အမှန်တရားဆီကိုသာ သွားကြမယ် ဆိုရင် လူချင်းဆုံကြမှာပဲ..ကျောင်းသားသွေး စစ်ရဲ့လား ကျောင်းသားသွေးကို နင်းခဲ့ သူတွေလား ဆိုတာ ကိုယ့်ကိုကိုယ် အသိဆုံးပါ..
    • Hlaing Bwa ░░░░░░░░░░░░░░░░░░░░░ ░░░░░░░░░░░░▄▄░░░░░░░░░░░░ ░░
      ░░░░░░░░░░░█░ █░░░░░░░░░░░░░ ░░░░░░░░░░░█░░█░░░░░░░░░░░ ░░ ░░░░░░░░░░█░░░█░░░░░░░░░░░ ░░ ░░░░░░░░░█░░░░█░░░░░░░░░░░ ░░ ██████▄▄█░░░░░██████▄░░░░░ ░░ ▓▓▓▓▓▓█░░░░░░░░░░░░░░█░░░░ ░░ ▓▓▓▓▓▓█░░░░░░░░░░░░░░█░░░░ ░░ ▓▓▓▓▓▓█░░░░░░░░░░░░░░█░░░░ ░░ ▓▓▓▓▓▓█░░░░░░░░░░░░░░█░░░░ ░░ ▓▓▓▓▓▓█░░░░░░░░░░░░░░█░░░░ ░░ ▓▓▓▓▓▓█████░░░░░░░░░██░░░░ ░░
      █████▀░░░░▀▀████████
    • Cherry Berry ကိုထွန်းအောင်ကျော်ဆိုတာ အဲ့ဒီအချိန်တုံးက ကလေးငယ်ပဲရှိသေးတဲ့ ကျွန်မတို့ စိတ်ထဲမှာ နိုင်ငံရေးသမား ကျောင်းသားခေါင်းဆောင်အဖြစ် စတင်သိခဲ့ရတာပါ ဆိုလိုချင်တာက အဲဒီလိုင်ဇာစခန်းကနေ လွတ်လာတဲ့ ကျောင်းသားတွေရဲ့ အတွေ့အကြုံတွေကို မြန်မာ့အသံမှာ (သတင်းစာရှင်းလင်းပွဲလိုမျိးလား အသေအချာမမှတ်မိ) ပြလို့ ကြည့်ခဲ့ဖူးတာကိုတော့ သေသေချာချာ မှတ်မိခဲ့တယ် ကိုထွန်းအောင်ကျော် နဲ့ မခင်ချိုဦး၊ ကိုချိုကြီး ဒီ၃ယောက်ကိုတော့ အဲဒီကတည်းက ကြားဖူးခဲ့တာ
    • Than Win သူရဲကောင်း (သို့) ခေါင်းဆောင်ဆိုတဲ့အဓိပ္ပါယ်ဟာ အမှန်တရားပေါ်မှာသစ္စာရှိရတယ်၊သတ္တိရှိရတယ်၊စွန့်လွှတ်အနစ်နာခံရတယ်၊အမှန်တရားကိုမြတ်နိုးရတယ် ၊ဒါမှ သူရဲကောင်း (သို့ ) ခေါင်းဆောင်ဟုအဓိပ္ပါယ်ဖွင့်ဆိုလို့ရမယ်။
    • Nang Saw
      ကျမ တောထဲေ၇ာက် တာ ၁၅နှစ် ပါ ။အဲဒီ အချိန်က နိုင် ငံေ၇း နဲ့ ပတ် သက် ပြိး ခံ ယူ ချက် ယုံ ကြည် ချက် ဆို တာထက် မခံ ချင် စိတ် နဲ့ တော် လှန်ေ၇း နယ် မြေေ၇ာက် တာ ပါ။နောက် မြို့  ကြိး က မဟုတ် ပါ ဘူး။ ကျမ သိ တာမြေေ ပါ် ကျောင်းသား လှုပ် ရှုားမှု က ဗန်း
      မော် အကသပါ။ကျမ ကို တော ထဲ မှာစာဖတ် ပါ လို့ တိုက် တွန်း တဲ့ သူ (၃) ယောက် ရှီ ပါ တယ်။ ကိုစိုး လင်း၊ ကို ထွန်းေ အာင် ကျော် နဲ့ မခင် ရွှေ လှိုင် တို့ ပါ။စာ တွေက တဆင့်ကျမ ကို အတွေး အခေါ် နဲ့ ယုံ ကြည် ချက် တွေ ကို မျိုး စေ့ ပေး တာ ဒီ (၃) ယောက် ပါ။မြေေ ပါ် ကျောင်းသား နိုင် ငံေ၇း ကို မသိ ရင် သိ အောင် လုပ် ရ မယ်ဆို တာ အဲ ဒီ အချိန် ထဲ ကကျမ ကို သူ တို့ ပြော ခဲ့ ပါ တယ်။
    • Ko Baloi ကျနော်အကြောက်ဆုံးက ရန်သူသတ်ဖြတ်မှာကိုမဟုတ်ဘူး။ ကျနော်အကြောက် ဆုံးက၊ တော်လှန်ရေးလုပ်ဖို့- တော်လှန်မြေကိုထွက်လာပြီး၊ တော်လှန်မြေမှာ တော်လှန်ရေးသူအချင်းချင်း မတရားစွတ်စွဲပြီး သတ်ဖြတ်ခံရမှာကို အကြောက်ဆုံးပဲ..။
    • Thar Swe ကျနော့် wall ပေါ်ကို share ယူသွားပါတယ်။ ကျေးဇူးတင်ပါတယ် ကိုအောင်မိုးဝင်း။
    • Lin Myat Ko Baloi ရေ..Ko Baloi ကြောက်တာထက်ဆိုးတဲ့အဖြစ်အပျက်က လွန်ခဲ့တဲ့ အနှစ်(၂၀) ကျော်ကအမှန်တကယ်ကို ဖြစ်ပျက်ခဲ့ပါပြီ။မတရားစွတ်စွဲပြီး သတ်ဖြတ် လိုက်တာကတော်အုံးမယ်။အဲဒီလိုမသတ်ခင်မှာ လူမဆန်စွာ၊လူသားစိတ်ကင်းမဲ့စွာ နည်းမျိုးစုံနှင့် ညှင်းပမ်းနိပ်စက်ခဲ့တာကတော့ အဲဒီကောင်တွေကို လူတွေလို့သတ်မှတ်ဖို့တောင်မသင့်ပါ။
    • Aung Khaing Myint “ ပေးဆပ်ခဲ့သမျှ အတွက် ၊ မမေ့ကောင်းရာအဖြစ်၊ သစ္စာပန်းတစီး” ……..ကိုမင်းကိုနိုင်
      “သမိုင်းရဲ့ အမှန်တရား ဆုံးဖြတ်ချက်ကို ဘယ်အရာနဲ့မှ ပြောင်းလဲလို့မရနိုင်ပါ” …ကိုမြတ်စံhttp://8888newgenerations.blogspot.com/2012/02/blog-post_3462.html#links....please let me share in blog.thanks
    • Nyunt Shwe အားပေးနေပါတယ်။ ရွာက ဦးညိုကိုလဲ သုံးလွန်းတင်ကြိုးတွေ ကျစ်ခိုင်းထားပါ တယ်။ အကြွေးရှိသူတိုင်း ပေးဆပ်သင့်တဲ့အချိန်မှာ ပေးဆပ်ရမှာပါပဲ။ ပြေးရင် ဂန်ဒူးအခေါ်ခံထိမယ်၊ ဒါပေမဲ့ ပြေးမလွတ်ပါဘူး။ တရားရုံးဆိုတာ ဝိဥာဉ်ကို တောင် ထောင်ချလို့ ကြိုးပေးလို့ရပါတယ်။ အလှဲ့ကျရင် မနွဲ့ကြစတမ်းပေါ့ကွာ။
    • Aye Aye Soe Win
      မမှန် ကန် တဲ့ သူ တွေ နဲ့ အ ပေါင်း အ ဖော် တစု ဟာ သူ တို့ လောက် မိုက် တဲ့ လူ မ ရှိ လို့ထင် ခဲ့ ပုံ ရ တယ်... သူ တို့ နဲ့ တ ကွ သူ တို့ ငွေ ပေး ကြွေး မွေး ထား တဲ့လူ အ ချို့ (လူ နဲ စု) က ညဏ်မပါ တဲ့ ငြင်း ခုံ မှု ကို (အောင် မြင် မှု မ ရှိ ပဲ) ပြု ရင
်း မှာ တောင် လို အပ် တာ ထက် လေ ကြီး မန် တက်ခဲ့... သူ တို့အတွက် သူတို့ မီးကုံ ယမ်း ကုံ လုပ် နိုင် တဲ့ အ ဆင့် က ကျန် ခဲ့ ပါ ပြီ....... ရှေ့ ဆက် ပြီး အ ကျိုး နည်: ရ မဲ့ ပူ လောင် နေ ရ မဲ့ သူ တွေ က ဘယ် သူ လဲ ??? .... လောက ကြီး နဲ့ ဒီ မိုက ရေစီ တိုက် ပွဲ အ တွင်း စီးထဲ ရောက် လာ ပြီး လောက တာ ဝန် ဒီမိုကရေစီ တာဝန် ဘာ မှ မ လုပ် ပဲ ဖျက် ဆီး ခဲ့ သူ တွေ ဖျက် ဆီး နေ ဆဲ သူ တွေ ကို လောက က ဒဏ် ပြန် ပေး တတ်ပါ တယ် ....လုပ် ရဲ ရင် ခံ ရဲ ရ မယ်......
    • အိုးဝေအောင် အိုးဘားမား အပိုင်း(၁၁)မှာ တော်တော်များများ မျှော်လင့်နေတဲ့ တုံ့ပြန်စာ မပါလာလို့ သိပ်အားမရဘူး။ အဲဒါကတော့ ဖေဖ၀ါရီလ ၂၀ရက် နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ သြစီက သန်းထွတ်ဆွေတို့ အေဘီရဲဘော်ဟောင်းများရဲ့ကြေငြာချက်အပေါ်မှာ မြောက်ပိုင်းလူသတ်မှုထုတ်ဖော်ရေး တာဝန်ခံများရဲ့ သဘောထားတုန့်ပြန်ချက်စာမျိုး ပါမလာတာကို အားမရကြဘူး။၁၂မှာ ဆက်သင့်တယ် ကိုအောင်မိုးဝင်း။
    • Aung Moe Win ပြည်သူလူထုက အရေးမထားတဲ့ စာမျိုးကို တုန့်ပြန်စရာမလိုဘူး လို့ထင်ပါတယ် လူသတ်သမားတွေက အဲ့သလို ဘာမဟုတ်တဲ့သူတွေနဲ့ လမ်းကြောင်းလွှဲပေးချင်တာလေ။ တရားခံတွေကိုသာ ပျောက်မသွားဖို့ အရေးကြီးပါတယ်။
    • ဘရာဇီး ငှက်ရိုး
      ဟိုးးးး မြစ်ကူးချောင်းဖျားက အူနေတဲ့ ခပ်တုံးတုံးခွေးအတွေ နေမှာပါ အကိုတို့ရာ... လေ့လာသူတွေ ဖတ်လို့ရအောင်သာ ကျနော့်စာမျက်နှာမှာ တင်ထားတာ မသတီပါဘူးဗျာ... တွေ့ဆုံဆွေးနွေး အဖြေရှာချင် သတဲ့ဗျာ ပြည်တွင်းက ဘယ်မြို့မှာ တွေ့ချင်တုန်း... ပြည်ပမှာကော ဘယ
်မြို့မှာ တွေ့ချင်တာ တုန်းမသိဘူး... နောင်တချိန်မှာ အဘွားအိုတယောက်က မြေးတွေကို အဘွားတို့ ငယ်ငယ်တုန်းက ကျောင်းသားတပ် ကလူတွေ ရွာကိုဝင် လူသတ် ဒမြတိုက် ရွာမီးရှို့သွားတယ်... လို့များ ပြောလာကြရင် ဒီကောင်တွေ အားလုံး တရားခံ.......
    • ဘရာဇီး ငှက်ရိုး http://www.facebook.com/note.php?note_id=332630926789372
      သတင်းစာထဲက ပုံကို ကူးယူထားပါတယ်အဆင်ပြေရင် ထပ်တင်ပေးပါ့မယ်...
      February 27 at 4:20pm · · 1 ·
    • အိုးဝေအောင် အိုးဘားမား
      ဦးဌေးဝင်း(ခ)နိုင်လင်းက ၁၉၉၂ ဖေဖော်ဝါရီလ၁၂ရက် မတိုင်ခင်မှာ မြောက်ပိုင်းဒေသကို ဒေါက်တာနိုင်အောင်လာသွားတယ် လို့ ထွက်ဆိုထားပါတယ်။((၁၉၉၂ ဖေဖော်ဝါရီလထဲမှာ ဒေါက်တာနိုင်အောင်ရောက်လာပါတယ်။ ဒေါက်တာနိုင်အောင်နဲ့ ကိုကျော်ကျော် ဆိုတဲ့သူနှစ်ယောက်ဟာ ကျေ
      န်ာတို့ အဖမ်းခံနေရတဲ့ အဖွဲ့ ၁၀၀ကျော်ကိုလာရောက်တွေ့ ဆုံတာဖြစ်ပါ တယ်။ တယောက်ချင်းခေါ်ယူတွေ့ ဆုံတာဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဒေါက်တာနိုင်အောင်ရယ်၊ ကိုကျော်ကျော်ဆိုတဲ့သူရယ်၊ ကိုသံချောင်းရယ်၊ကိုမျိုးဝင်းရယ် အမှတ် (၅၀၁) တပ်ရင်းမှူးဖြစ်တဲ့ ကိုသိုက် ထွန်းဦး ရယ် နောက်ထပ်တယောက်နှစ်ယောက်ရှိပါသေးတယ်။ ကျနော်နံမည်တော့မမှတ်မိတော့ဘူး။ သူတို့ အားလုံးကျနော့်ကိုခေါ်ပြီးတွေ့ ပါတယ်။ တွေ့ ပြီးကာမှ နောက်တရက်နှစ်ရက်အကြာမှာ၁၉၉၂ ဖေဖော် ၀ါရီ လ ၁၂ ရက်နေ့ မှာ လူပေါင်း ၁၅ ယောက်အသတ်ခံလိုက်ရပါတယ်))http://8-8-88.blogspot.com/2011/12/blog-post_4480.html
    • ဘရာဇီး ငှက်ရိုး အဲ့ဒီ သတင်းစာထဲက တရားခံတွေ အတွက်တော့ အဆိပ်ပဲ...
      ကိုညီညီ(ဆမား) စာအုပ်ကို ဗမာလို ပြန်ရေးနေတယ်တဲ့ အဲ့ကျတော့ ပိုပြီးပြည့်ပြည့်စုံစုံလေးပါလာမှာပါ.. ဘာပဲဖြစ်ဖြစ် အာနေကျ ဂွေးသီးဂျူလိုင် တောင်ငြိမ်သက်နေတော့ တတွဲကြီး တပြွတ်ကြီး မြင်ရဦးမှာပါ...အဟတ်...ဟတ်
    • Nyunt Shwe အဲဒီ အင်္ဂလိပ်လိုရေးထားတဲ့စာအုပ်ကို ဘယ်မှာဝယ်လို့ရပါသလဲ၊ ဖတ်လို့ရပါသလဲ ကျေးဇူးပြု့ပီး သတင်းပါးစေချင်ပါတယ်။
    • Mg Burma SHARE ပါရစေ ဗျာ ...
    • အိုးဝေအောင် အိုးဘားမား မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း-၁၁-) http://hittai.net/?show=rm&fileid=106&t=home7&id=7
    • Min Min Aung ခေါင်းဆောင်းပီသသူတွေ၊ ခေါင်းဆောင်ကောင်းတွေနဲ့ တော်လှန်ရေးအပေါ်သစ္စာရှိရှိ အသက်ပေးသွားသူတွေကို ဆုံးရှုံးတာဟာ ကျမတို့ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး ဆုံးရှုံးမှုပါ...စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရပါတယ်...နောက်အခန်းဆက်တွေတင်ရင် ကျမကို tag ပေးဖို့ တောင်းဆိုပါတယ်
    • Nyunt Shwe ကိုငှက်ရိုးခင်ဗျား၊ ဆမားညီညီရဲ့ အင်္ဂလိပ်လိုရေးထားတဲ့စာအုပ်ကို အရမ်းဖတ်ချင်ပါတယ်။ ဘယ်လိုနည်းနဲ့ရနိုင်တယ်ဆိုတာ အကြံပေးနိုင်ရင် သိပါရစေခင်ဗျား။
    • Than Tun Soe ယခုလိုအားပေးကြခြင်းအတွက်ကျေးဇူးပါအဖြစ်မှန်ဖော်ထ်ုတရေးဆက်လက်ဆောင်ရွက်နေပါသည်
      May 17 at 4:01am · · 1
    • Sein Than သန်းဇော်နဲ.ဇော်ဇော်မင်းပုံတွေကိုတင်ပေးနိုင်ရင်ကောင်းမယ်
    • Nicky Shein
      အောင်မိုးဝင်းရဲ့ ပို့်(စ်) ကိုဖတ်ပြီး ပထမဆုံး တွေ့ရတဲ့ ကွန်မဲန့် က နယ်ကျောင်းသားမို့ မြေပေါ်နိုင်ငံရေးကို မြို့ပြကသူတွေလောက်နားမလည်ပါဘူးဆိုလာပါတယ်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက နယ်မြို့တမြို့ဖြစ်တဲ့ ရွှေတောင်မြို့ကနေ နောက်ထပ် ၁၀ မိုင်လောက် (
      တောလမ်းနဲ့) သွားမှ ရောက်တဲ့ ဝါးလည်ရွာ ဆိုတဲ့ ဇာတိသားပါ၊ လူထုဦးလှ ဆိုတာလဲ ပုဇွန်မြောင်းဆိုတဲ့ ပြွန်တန်ဆာလို မြို့နယ်တောင်မဟုတ် တိုက်နယ်က တဆင့်သွားမှ ရောက်တဲ့ ရွာကလေးကပါ၊ မြို့သား တောသား ခွဲခြားမြင်စရာမလိုပါဘူးလို့ ထောက်ပြချင်တာပါ၊ စိတ်ဓါတ်ခံ ကောင်းပြီး တိုင်းပြည်နဲ့ လူမျိုး ချစ်စိတ်ပါပေါင်းရင် မြန်မာတွင်မက ကမ္ဘာကျော်အောင် ထင်ရှားတဲ့ အထင်အရှား နိုင်ငံရေး ခေါင်းဆောင်တွေအဖြစ် အသိမှတ်ပြုခံကြရပါတယ်၊ အောင်မိုးဝင်း ဆိုလိုချင်တာက တောခိုကျောင်းသားတွေဟာ မြို့ပြနိုင်ငံရေးကိုလဲ သိသင့်တယ်လို့ ထောက်ပြလိုပုံရပါတယ်၊ တချိန်ထဲမှာ မြို့ပြနိုင်ငံရေးလုပ်နေကြတဲ့ မင်းကိုနိုင် ကိုကိုကြီး ဒေါ်စုတို့ ဟာ တောခိုကျောင်းသားတွေ မလုပ်ခဲ့ကြဖူးပေမဲ့ တောခိုကျောင်းသားတွေရဲ့ နိုင်ငံရေးကို အပြန်အလှန်နားလည်ထားကြတယ်လို့ ယုံကြည်ပါတယ်၊ တောခိုလက်နက်တောင် ကိုင်ပြီး တိုက်ကြသူတွေက အခြေခံ နိုင်ငံရေးအရ ဘာကြောင့် ဒီလိုတိုက်ရတာလဲဆိုတာမသိပဲနဲ့ ဘာလို့ လက်နက်ကိုင်ပြီးတိုက်ချင်ရတာလဲလို့မေးခံရရင် ဘာပြန်ဖြေကြမလဲ? ကောင်းပါပြီ အခု အဲ့ဒီ အခြေခံလောက်တောင် နားမလည်တဲ့သူတွေက တောထဲမှာ လက်နက်ကိုင်ပြီး အုပ်စုဖွဲ့ ဗိုလ်ကျခဲ့တော့ အခုလိုအဖြစ်ဆိုးတွေ ကြုံကြရတာက လက်ရှိ ထောက်ပြစရာ အထင်အရှားသာဓကပါပဲ၊ နောက်တခု အောင်မိုးဝင်းရေးတာ နဲနဲထောက်ပြချင်ပါတယ်၊ မန္တလေးသားတွေက ပိုပြီး မခံချင်ကြတာ သဘာဝကျပါတယ်၊ ဒီ မြောက်ပိုင်းကိစ္စက မန္တလေးသားမှမဟုတ် လူတိုင်း မခံချင်စိတ်ထားကြပါတယ်၊ နောက်ပြီး ဒါဟာ မန္တလေးနဲ့တင်မက ဗမာတပြည်လုံးနဲ့ ဆိုင်တဲ့ကိစ္စဖြစ်ပါတယ်၊ ၈၈၈၈ ရဲ့ အသီးအပွင့် ABSDF ဆိုပြီး ပေါက်ဖွားလာတာကနေ နဝတ အာဏာရှင် စစ်တပ်ကို ခြေမှုန်းနိုင်လောက်အောင် အညွန့်တလူလူ ဖြစ်ခဲ့တာပါ၊ ခါးဖြတ်ပြီး သင်းကွပ်ခံလိုက်ရသလို ပန်းကောင်းအညွန့်ချိုးလိုက်ကြတဲ့ ဖေါက်ပြန်တဲ့ ကျောင်းသားစိတ် မစစ်တဲ့ကောင်တချို့ကြောင့် အောင်မြင်စပြုနေတဲ့ မြန်မာ့နိုင်ငံရေး တဆစ်ပြောင်း သွားခဲ့ရတာ ဘယ်တော့မှမကျေဘူးလို့ပြောချင်ပါတယ်၊ အနာဂါတ်မြန်မာ့နိုင်ငံရေးမှာ အဲံဒီကောင်တွေ ဘယ်တော့မှ ခြေမချစေရဖို့ဟာလဲ အားလုံးမှာတာဝန်ရှိတယ်။
      May 17 at 7:23pm · · 1


      by Maung Maung Wann on Saturday, February 25, 2012 at 7:23pm

      · · Share

      • 40 shares
        • Thura Aung ဒီထက်သေချာတာတွေ မရှိဘူးလားဗျာ၊ကျုပ်တို့အကိုတွေအတွက်၊
          အကိုအောင်မိုးဝင်းရေ
        • Min Thuyein မြောက်ပိုင်းကိစ္စတွေ အစအဆုံး လိုက်ဖတ်ကြည့်ရင် သေချာတာ တစ်ခုကို တွေ့ရမှာပါ။ အဲဒါကတော့ အသတ်ခံရတဲ့ သူတွေက ကျောင်းသားအစစ်တွေပါ ...
        • Thura Aung အကို ကို သိတယ်၊မြောက်ပိုင်းဟာတွေ ဖတ်ရင်းနဲ့၊အကူအညီတောင်းတာပ
        • Min Thuyein ဟုတ် .... နှစ်တွေကြားလို့လားတော့ မသိဘူး .... ကိုအောင်မိုးဝင်း ရေးတာတွေမှာ နည်းနည်း လိုနေတယ် .... ဆောင်းပါးအားလုံး တိုက်ဆုင်ပြီးမှ တူတာတွေကိုယူ .. မတူတာတွေကို ဖယ်ပြီး လေ့လာနေပါတယ်။ ဘယ်လိုပဲ လေ့လာလေ့လာ အသတ်ခံရတဲ့ သူတွေက ကျောင်းသားတွေ ဆိုတာကိုပဲ ပြနေတယ် ...
        • Hlaing Bwa ░░░░░░░░░░░░░░░░░░░░░ ░░░░░░░░░░░░▄▄░░░░░░░░░░░░ ░░
          ░░░░░░░░░░░█░ █░░░░░░░░░░░░░ ░░░░░░░░░░░█░░█░░░░░░░░░░░ ░░ ░░░░░░░░░░█░░░█░░░░░░░░░░░ ░░ ░░░░░░░░░█░░░░█░░░░░░░░░░░ ░░ ██████▄▄█░░░░░██████▄░░░░░ ░░ ▓▓▓▓▓▓█░░░░░░░░░░░░░░█░░░░ ░░ ▓▓▓▓▓▓█░░░░░░░░░░░░░░█░░░░ ░░ ▓▓▓▓▓▓█░░░░░░░░░░░░░░█░░░░ ░░ ▓▓▓▓▓▓█░░░░░░░░░░░░░░█░░░░ ░░ ▓▓▓▓▓▓█░░░░░░░░░░░░░░█░░░░ ░░ ▓▓▓▓▓▓█████░░░░░░░░░██░░░░ ░░
          █████▀░░░░▀▀████████
        • Nang Kham Mhom ဇော်ဇော်မင်းနဲ.သန်းဇော်ပုံသိထားရှိထားရင်တင်ပေးကြပါ..အားလုံးသိအောင်ဖြန်.ပေးမယ်..ခွေးအနဲ.တူတဲ့ဒီလူ၂ယောက်ဟာနောက်ထပ်ကျောင်းသားတွေဒီမိုအင်အားစုတွေကိုရက်စက်ယုတ်မာဖို.ဝန်လေးမှာမဟုတ်ဘူး..
        • Than Win သူရဲကောင်း (သို့ ) ခေါင်းဆေါင်ဆိုတာဟာ အမှန်တရားကိုသစ္စာရှိရတယ်၊သတ္တိံရှိရတယ်၊စွန့်လွှတ်အနစ်နာခံရတယ်၊ဖြူစင်သန့်ရှင်းရတယ်၊ဒါမှသူရဲကောင်း (သို့)ခေါင်းဆောင်လို့အဓိပ္ပါယ်ဖွင့်ဆိုလို့ရတယ်။
        • Ko Baloi ကျနော်အကြောက်ဆုံးက ရန်သူသတ်ဖြတ်မှာကိုမဟုတ်ဘူး။ ကျနော်အကြောက် ဆုံးက တော်လှန်ရေးလုပ်ဖို့- တော်လှန်ရေးလုပ်ဖို့ထွက်လာပြီး....တော်လှန်မြေမှာ တော်လှန်သူတစ်ယောက်ကို မတရားအစွတ်စွဲကာ၊ အချင်းချင်း သတ်ဖြတ်ခံရမှာကို အကြောက်ဆုံးပဲ..။
        • Shwe Zaw Naing နစ်နာခံစားရသူတွေအားလုံးအတွက် တရားမျှတတဲ့ မနက်ခင်း မကြာခင် လင်းလက်တောက်ပနိုင်စေရပါမယ်
        • Min Thuyein
          ကျွန်တော်တို့ အစ္စရေးကို အတုယူရပါမယ် .... စစ်ဗိုလ်တစ်ယောက်ကို လွတ်လပ်ရေးတိုက်ပွဲအတွင်း သူလျှိုလို့ မှားယွင်းပြီး သေဒဏ်အပစ်ပေးကာ ပစ်သတ်လိုက်ပြီးသည့် နောက်ပိုင်းမှ စကာ ... မည်သည့် ဂျူလူမျိုးကိုမှ သေဒဏ်အပြစ်ဖြင့် ပစ်သတ်ခြင်းမပြုပါ။ သေဒဏ်အပြစ်ပေ
းခံရဂရင်လည်း ထောင်ထဲတွင် အေးဆေးစွာ နေထိုင်ခွင့် အသက်ရှင်ခွင့်ကို ပေးသည့်အတွက် .... ကြီးမားသညိ့ ရန်သူများအပေါ်တွင် အကြိမ်ကြိမ် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ဟင်္သာကိုးသောင်းသည် ဇာတ်တူသားစားလို့ ပျက်စီးခဲ့သလို ABSDF လည်း ဇာတ်တူသားစားလို့ ပျက်စီးခဲ့ရတာကို အမြဲ အတုယူစရာအဖြစ် မှတ်တမ်းတင်ထားပါသည်။
        • Sliv Mmc အဲ့ဒီ ဇော်ဇော်မင်း နဲ. သန်းဇော်ဆိုတဲ့ နှစ်ယောက်ကို တရားစွဲဆိုနိုင်ဖို. တိကျသေချာတဲ့ အထောက်အထားရှိရမယ် ။ ဘာကြောင့် အပြစ်ရှိသူကို အပြစ်မပေးနိုင်ရမှာလဲ ။ ဆက်လုပ်ပါ ။ ထိုက်သင့်တဲ့ အပြစ်တော့ ဖြစ်စေရမှာပေါ့ ။ အောင်မြင်ပါစေ ။
        • Lynn Ei နစ်နာခံစားရသူတွေအားလုံးအတွက် တရားမျှတတဲ့ မနက်ခင်း မကြာခင် လင်းလက်တောက်ပနိုင်စေရပါမယ်။ yeah . I wish you the best bro and ဇော်ဇော်မင်းနဲ.သန်းဇော်ပုံသိထားရှိထားရင်တင်ပေးကြပါ..အားလုံးသိအောင်ဖြန်.ပေးမယ်.

No comments:

Post a Comment