Sunday, February 17, 2013

လူဖြစ်တည်ခွင့် နောက်ဆုံးအချိန် - ၂


by Kyaw Gyi AB on Saturday, May 5, 2012 at 3:58pm
စိုးမင်းအောင် ကို(၉.၈.၉၁)နေ့ ညမှာ စတင် စစ်ကျောခဲ့ပြီး

နောက်ရက် (၁၀.၈.၉၁) နေ့ မှာတော့ ဗဟို(ပါဂျောင်) မှာ လူဖမ်းပွဲ စတင်လိုက်ပါတယ်

အဖမ်းခံ ရသူတွေက-

ကျော်ဝေ (မန္တလေး) ၊ကျော်ဌေး (မန္တလေး) ၊ဝင်းမြင့် (ထန်းတပင်၊ဇီးကုန်း) နဲ့  အောင်ဖိုး (ခ)အေးသက်လတ် (ရန်ကုန်)

နောက် (၁၁.၈.၉၁) မှာတော့-

ရန်အောင်(ခ)ထွန်းအောင်ကျော် (မန္တလေး) ၊သိန်းနိုင်ချို (မန္တလေး) နဲ့  ကျော်ကျော်မင်း (ကန့် ဘလူ)တို့ ဆက် အဖမ်းခံ ခဲ့ကြရပါတယ်

အဲဒီနောက်...အဲဒီနောက်.......

သွေးပျက်ဖွယ် ညတွေမှာ မချိမဆန့်  အသံတွေလွှမ်းခဲ့ပါတယ်



ဗန်းမော်ခရိုင်မှာတော့-

အဲဒီရက်တွေမှာပဲ

နိုင်အောင် (ခ) ဌေးမြင့်သိန်း ကိုဖမ်းပါတယ်

နိုင်အောင်က မိုးကုတ် ကပါ၊ ပလောင်နယ်မြေ (ရင်း-၅၀၁) ကိုရောက်ရှိခဲ့ပြီး ကျောင်းသားတွေ စုဖွဲ့ ရာမှာ ပါဝင်ခဲ့သူပါ၊

စုဖွဲ့ ရင်းပြိုကွဲသွားချိန်မှာတော့ ပလောင်နယ်မြေမှာပဲ ဆက်ရှိနေခဲ့ပါတယ် PSLA ငြိမ်းချမ်းရေး လုပ်ချိန် လက်မခံဆန့် ကျင်ရင်း ခွင့်ပြုချက်နဲ့ 

ထွက်ခွာလာခဲ့သူပါ။ရှမ်း/မြောက် မှာဆုံခဲ့တဲ့ ရန်အောင်(ဦးတင်လင်း၊ဗန်းမော်) (အပါတ်စဉ်-၁ ၊ကျောင်းသား ရင်း-၇၀၁ ကနေ KIA ပြောင်းရွှေ့ )လမ်းညွှန်မှုနဲ့  ကျောင်းသားတွေရှိရာကို ဆယ်မိုင်ပါရွာက KIA တပ်ကြပ်ကြီး ခွန်ဂျာနော် ကနေတဆင့် ပြောင်းရွှေ့ ရောက်ရှိလာသူပါ။

ကျောင်းသားစိတ် အပြည့်နဲ့ ကိုယ့် ဆန်အိပ် ကိုယ်လွယ်လို့ -



သူ့ နောက်ဆက်လိုက်တော့

OK (ခ) အုန်းကြိုင် (မန္တလေး၊ဘုမ္မိ)

ရှစ်လေးလုံး(၃)နှစ်မြောက် အခမ်းအနား အပြီး ကျောင်းဆရာအနေနဲ့  ဖကွန်ရွာနားကရွာကိုပြန်ချိန်

ရွာမှာပဲလိုက်ဖမ်းကြပါတယ်။

နယ်မြေမှူး ဦးသောင်းမြင့် (ဒေါင့်ကြီးရွာ၊တန့် ဆည်မြို့ နယ်)က စည်းရုံးရေးပျက်မှာစိုးလို့  ရွာထဲမှာတော့ ကျောင်းဆရာကိုကြိုးမတုပ်ဖို့  နဲ့ 

ထွက်ပြေးရင် သူ့ အသက်နဲ့  လဲပြီးတာဝန်ယူကြောင်း ပြောလို့  ကြိုးမတုပ်ပဲ ခဏဆိုပြီး ပြန်ခေါ်ပါတယ်။

စခန်းရောက်မှ ဖမ်းတာပါ။

နောက် ခင်မောင်ကြည် (မင်းလှ၊ပဲခူး) နဲ့  ဝင်းနောင် (ရန်ကုန်၊လူ့ ဘောင်သစ်)

အဲဒီနောက်မှာ-



အေးကျော်

မန္တလေးက ရတနာဘုမ္မိကျောင်းသား ၊ဒုနှစ် မြန်မာစာ

GOSDA မှာ အခြေစိုက် ဗကသ၉အထက်ဗမာပြည် နဲ့ လှုပ်ရှားခဲ့သူပါ၊စိတ်ဓါတ်ပြင်းထန်တယ်။

OK၊ရန်အောင်၊အောင်မင်း တို့ နဲ့ တအုပ်စုထဲ နောက် ကြယ်နီ၊အေးလွင် တို့ ကိုကျော်ဝေ တို့ အများကြီးပါပဲ၊

မန်း GOSDA အုပ်စုတွေပါ။

အပါတ်စဉ်(၆) သင်တန်းဆင်းပါတယ်၊ပြီးတော့ ဗန်းမော် ခရိုင်မှာတာဝန်ကျတယ်။

နောက်ပိုင်း နယ်မြေလေ့လာရေး နဲ့  စည်းရုံးရေးအတွက် ကျောင်းဆရာလုပ်တယ်

မံမော်ကောင်းရွာမှာ ကျောင်းဆရာလုပ်နေချိန် (ပိပိ နဲ့ အတူပေါ့ )

တရက်မှာတော့-

အေးကျော် ကို စခန်းပြန်လာဖို့ခေါ်တယ်၊

ပြန်လာတယ်၊ယူနီဖေါင်း အပြည့်နဲ့ ပါပဲ၊ညနေ (၆)နာရီခွဲလောက်

ရောက်ရောက်ချင်း စည်းရုံးရေးအဖွဲ့ တဲအရောက်

ငါ့ကိုဘာလို့ ခေါ်လဲ ဆိုတော့ စခန်းမှူးတာဝန်ယူထားတဲ့ ဇော်ကြီး(မိုးညှင်း) က

စစ်ဆေးစရာရှိလို့  အပေါ်ကိုလိုက်ခဲ့ပါတဲ့

ဘာကိုစစ်ဆေးမှာလဲ၊ငါဘာမှ မဟုတ်တာ မလုပ်ခဲ့ဘူး

မင်းကိုဖမ်းတယ်

ငါ့ကိုဖမ်းစရာအကြောင်းဘာမှ မရှိဘူး

စစ်ဆေးစရာရှိလို့ ပါ ၊ယူနီဖေါင်း လဲလိုက်ပါ

လဲစရာဘာမှ မရှိဘူး ၊ ငါ့မှာဒါဘဲရှိတယ်၊မာဖီ မရှိဘူး

ဒါဆိုရင် ဘက်တံဆိပ် မပါတဲ့ အင်္ကျီလဲလိုက်

ဒါဆိုရင်လည်း ရတယ် ဆိုပြီး ပြောပြောဆိုဆိုပါပဲ ဘက်တံဆိပ်တွေကို ဆွဲဖြဲလိုက်တယ်

အေးအေးဆေးဆေး အဖမ်းခံတယ်

စခန်းမှူးတဲ အရှေ့ ကို အဖြတ်မှာတော့ တဲထဲမှာ ခွဲအချုပ်ခံထားရတဲ့ OK က

ဟေ့ကောင်တွေ မင်းတို့ မတရားသဖြင့် လုပ်ပြန်ပြီလား၊ မတရား မလုပ်ကြနဲ့ ကွ လို့  အော်တယ်

အေးကျော် က ရတယ် ဒါမျိုးတွေ မကြိုက်လို့ တောခိုလာတာ ကွ လို့ 

ထပ်ခါထပ်ခါ အော်ရင်းရှေ့ ဆုံးကနေဦးဆောင်လို့  ခ၇ိုင်ရုံးရှိရာ တောင်ကုန်းပေါ်ကို တက်သွားတယ်

ယုံကြည်ချက် အပြည့်နဲ့  ရင်ဆိုင်ဖို့ အသင့်ပေါ့

သူ့ ကိုထိပ်တုံးထဲ ထည့်လိုက်ကြတယ်

ပြီးတော့ စစ်ဆေးမဲ့သူများ KIA ကင်တင်း သွားလို့ အနားယူကြပေါ့

ည (၉)နာရီလောက်မှာ စစ်ကျောရေးဆိုတာကြီး စခဲ့ပြီး (၁၀)နာရီလောက်မှာတော့

ကြောက်မက်စရာ အသံမျေိုးစုံကို ကြားနေကြရတော့တာပါပဲ

မနက်(၄) နာရီ မထိုးခင် အေးကျော် သေပါတယ်

သူတို့ ပြောတဲ့ စစ်ကျောရေး တစ်ကြိမ်ပါပဲ (သူလိုပဲ တစ်ကြိမ် နဲ့ သေသူ ကျော်ကျော်ဦး-ကသာ)

ဘယ်လိုလုပ်လိုက်ကြတယ်ဆိုတာ ပြောနိုင်သူ သိပ်မရှိပါဘူး

အပြောများတာကတော့ ဘဲလေး(သန့် ဇင်၊မုံရွာ) အိမ်သာထဲက ချီးတွေကော်ပြီး ပါးစပ်ထဲထည့်တယ်ဆိုတာပါပဲ

မမေ့နိုင်အောင် ဖြစ်ကြရပါတယ်

သူဟာ-

သေတဲ့အထိ တောင်းပန်စကား မပြောခဲ့ ၊မလျော့ခဲ့ပါဘူး

လူစိတ်ကင်းသူတွေ စကားအရတော့-

အဲဒီလို ရုတ်တရက် သေရင် ကိုယ့်ကိုယ်ကို အဆိပ်နဲ့ လုပ်ကြံတယ်ပေါ့

ရိုးသားပြီးရင်းနှီးမှုရှိတဲ့ သတ္တိကောင်းတဲ့ တိုင်းရင်းသူ ကျောင်းသားတပ်က ဆေးဆရာမတစ်ယောက် က

စိမ်ခေါ်ပြီး....

မြုပ်ပြီးသား ပြန်ဖော်လို့  ဗိုက်ခွဲ သက်သေပြခဲ့တယ် တဲ့ ။ ။




· · Share

  • 43 shares
    • Maungmaung Skw
      သြော်---သူတို့ခမျာ အရှင်လတ်လတ်
      ငရဲပြည်ရောက်သွားကြတာကိုး။
      ABSDF ငရဲခန်း ပေါ့။
      ဒီလောက်တောင်လူမဆန်တဲ့ တိရိစ္ဆာန်
      တွေကို အကာအကွယ်ပေးချင်တဲ့လူ ဆို
      တာတွေကလဲ အုံနဲ့ကျင်းနဲ့ ရှိကြသေး
      တယ်နော်။
      တော်တော်ကို စံနမူနာ ယူရမဲ့ လူ့အဖွဲ့
      အစည်းကြီးပါလား။
      May 5 at 7:36pm via mobile · · 18
    • Ah Yan ကိုညီကျော်မှတ်မိသေးလားဗန်းမော်ခရိုင်ကတရုတ်ရွာတရွာမှာညဘက်ရဲဘော်ရဲမေ ၇၊၈ ယောက်လောက်မင်္ဂလာဆောင်သွားစားကြတာဟင်း၊ထမင်းတွေမလောက်လို့အ၀မစားရဘဲပြန်လာခဲ့ကြတာလေကိုညီကျော်ဦးဆောင်ပြီသွားခဲ့ကြတာမှတ်မိသေးတယ်သတိရတိုင်းပြုံးမိသေးတယ်
      May 5 at 10:26pm · · 4
    • Kyaw Than ဒုတိယဆင်.လူသတ်သမား လူမဆန် ကမ်းကုန်ရက်စက်တ.ဲ စစ်ကြောရေးဆိုသူများရဲ. အမည်နဲ.ဇာတိနေရပ်မှတ်တမ်းများပါဖော်ထုတ်ဖို.လိုပါတယ်။
      May 5 at 11:24pm · · 4
    • Thar Swe လူမဆန်တဲ့လုပ်ရပ်တွေ (crimes against humanity) ပဲဗျ။
    • Lwan Way အသက်ရှင် လျှက်ရှိနေဆဲ ..သူမဆန်တဲ. လူသတ်သမားတွေ နဲ. သူတို.ရဲ. အပေါင်းအပါတွေ ဖေါ်ထုတ် ရေးသားပေးပါ ..ဓါတ်ပုံနဲ. တကွ ..တင်ပေးပါ ...ဗျာ
      May 6 at 8:19am · · 2
    • Kyaw Gyi AB သိမ့်ဆွေ ရေ တက်ညီလက်ညီ နဲ့ တကယ်ပျော်ခဲ့ကြတာပါ။ အိမ်ပြန်ရောက်တော့ အိမ်ကိုတခါတလေ သတိမရဘူးလားတဲ့ ၊အမှန်အတိုင်းပါပဲ မရဘူးလို့ ၊ အားလုံးစိတ်ဆိုးကြတယ်။ ညာရတာများတော့လဲ မညာချင်လို့ ပါ ၊ကောင်းတဲ့ အကြောင်းလေးတွေလဲ ပြောခွင့်ရချင်ပါသေးတယ်၊ ဒီကိစ္စကြီးသာ မဖြစ်ခဲ့ရင် ...
      May 6 at 11:55am · · 3
    • Yinmon Mon
      အော် ပြောင်းလဲရေးကို လိုလားကြသူများ...ဒီမိုကရေစီ တိုက်ပွဲဝင်ပြီး ဒီမိုကရေစီနိုင်ငံကြီးကို ထူထောင်ချင်ကြပါတယ်ဆိုတဲ့လူတွေ စိတ်ဓါတ်တွေကတော့ ကြောက်စရာကြီးပါလား....ဒီလိုလူမျိုးတွေသာ မြန်မာပြည်ထဲရောက်သွားလို့ကတော့ နအဖ က အဖေ လို့ ခေါ်လိမ့်မယ်...ရက်...See More
      May 6 at 11:50pm · · 2
    • Ah Yan ဟုတ်တယ်ကိုညီကျော်လူမဆန်တစုကြောင့်ခုထိအိမ်မက်ဆိုးတွေမက်နေရဆဲပါရည်ရွယ်ချက်တွေ??????????????? ခုတော့ FOURTY OVER
    • Min Min Aung လူတယောက်ရဲ့အသက် အဲဒီလောက် တန်ဘိုးမဲ့သလား
      May 12 at 7:28pm · · 3
    • Kyaw Gyi AB ကျွန်တော်တို့ နေခဲ့တုံးကတော့ ခွေးတစ်ကောင် က တရုတ်ငွေ (၅၀) တန်ပါတယ်
      May 13 at 12:54am · · 3

No comments:

Post a Comment