Sunday, February 17, 2013

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ - ၎

by Aung Moe Win on Friday, January 6, 2012 at 5:14pm ·
အခုပြောနေတဲ့ ကိစ္စက “ ခင်ဗျား ဘယ်သူ့ကို ချစ်လဲ ” ဆိုတဲ့ မေးခွန်းမဟုတ်ဘူး ခင်ဗျားဟာ ရက်စက်ကြမ်းကြုတ်၊ ယုတ်မာသူတွေကို ကာကွယ်ခုခံမလား (ဒါမှမဟုတ်) ဒီမိုကရေစီ နဲ့ အပြစ်မဲ့ပြည်သူလူထုဘက်က ရပ်တည်မလား ဆိုတဲ့ ရွေးချယ်မှုဖြစ်တယ် ဒီ တပွဲမှာ ကိုယ့်ရဲ့သမိုင်း တန်ဘိုး ကို ကိုယ့်ဘာသာ သတ်မှတ်ကြရပါလိမ့်မယ်။

အစုလိုက်အပြုံလိုက်လူသတ်ပွဲကြီးကို ကျူးလွန်ခဲ့သူတွေက “ သူတို့ ကွပ်မျက်ခဲ့တဲ့ ကျောင်းသား (၁၅) ယောက်ဟာ အစိုးရသူလျှိုတွေဖြစ်ကြောင်း ခိုင်မာတဲ့အထောက်အထားတွေ ရှိပါတယ်” လို့ ဆိုခဲ့တယ်။ တကယ်တော့ သူတို့ပြောပြောနေတဲ့ ခိုင်လုံတဲ့အထောက်အထားဆိုတာ “ မြောက်ပိုင်းစစ်ကြောရေးခွေ” လို့ လူသိများတဲ့ ဗွီဒီယို တိတ်ခွေလေးတခုထင်ပါရဲ့။ အဲ့ဒီ တိတ်ခွေလေးထဲမှာ နှိပ်စက်ညှင်းပမ်းခံရသူတွေရဲ့ ဖြောင့်ချက်တွေကို တမှုတ်တရ ရိုက်ကူးထားတယ်။ သူတို့ကသာ အဲ့ဒီတိတ်ခွေလေးကို ခိုင်လုံတဲ့အထောက်အထားအဖြစ်ယုံကြည်ပြီး ရည်ညွှန်းနေတာ။ ကျနော်ကတော့ အဲ့ဒီတိတ်ခွေဟာ ကိုယ့်ရှူးကိုယ်ပြန်ပတ်တဲ့ သက်သေ ( သို့မဟုတ်) ကိုယ့်လည်ပင်းကို ကိုယ့်ဘာသာပြန်ညှစ်မဲ့ ကြိုးကွင်းလို့ ပဲ မြင်မိတယ်။ အဲ့ဒီ တိတ်ခွေလေးကို သေသေချာချာ ကြည့်ခဲ့မိဘူးပါတယ်။ အဲ့ဒီတိတ်ခွေလေးကို ကြည့်ပြီး၊ “ စစ်ကြောရေးကို ဦးဆောင်သူတွေကလဲကွာ ဒီလောက်တောင် ညံ့ရသလား၊ ဒီလောက်တောင် ဗဟုသုတ နည်းလှချည်းလား” လို့ တွေးနေမိတယ်။ တကယ်တော့ စစ်ကြောရေးကို ဦးဆောင်ခဲ့ကြသူတွေဟာ မန္တလေးလှုပ်ရှားမှု ကို ကောင်းကောင်း နားလည်ပုံမရပါဘူး။ သတ္တိရှိကြမယ်ဆိုရင်- အဲ့ဒီ တိတ်ခွေလေးကို ဖေ့ဘွတ်မှာတင်ပေးပြီး ပြည်သူအားလုံးကို ပြပေးပါလား။ မန္တလေးကျောင်းသားတွေအတွက်တော့ အထူးလက်ဆောင်တခုဖြစ်မှာပါ။ ကိုယ့်သူငယ်ချင်းတွေ ရီကြရမှာပါ။ ဒါပေမဲ့ သဲလွန်စတခုပေးပြီး အတိတ်ကို နည်းနည်းနိုးဆွထားချင်တယ်။ မန္တလေးကျောင်းသားတွေ ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ ထောက်လှမ်းရေး (၁)၊ ထောက်လှမ်းရေး (၁၆) ၊ ဗိုလ်ကြီး မြင့်ဦး နဲ့ အမျိုးသားထောက်လှမ်းရေး ဗျူရို ဆိုတာတွေ ပါမယ်ဗျာ။ သူတို့ဘယ်လို လုပ်ထားသ လဲ။ စောင့်ကြည့်ကြရအောင်ပါ။

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ (အပိုင်း-၄-) အဖြစ် နန်းအောင်ထွေးကြည် ရဲ့ အစီရင်ခံစာ ကို တင်ပြသွားမှာဖြစ်ပါတယ်။ ပထမပိုင်းမှာ- ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) စတင်တည်ထောင်ခြင်း နဲ့ အာဏာအလွဲသုံးစားလုပ်မှု၊ ခေါင်းဆောင်တွေရဲ့ အခွင့်ထူးခံလူတန်းစား တည်ဆောက်မှုတို့ကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို တင်ပြထားပါတယ်။
ခင်မင်လေးစားစွာဖြင့်
အောင်မိုးဝင်း

နန်းအောင်ထွေးကြည်ရဲ့ အစီရင်ခံစာ
( က )

ကျောင်းသားတပ်မတော် ABSDF ( NB )ကို မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်ဒေသဖြစ်သည့် KIA ဗဟို ဌာနချုပ် ပါဂျောင်ဒေသ လိုင်စင်စခမ်း တရုတ်ပြည်နယ်စပ် တွင်တည်ထောင်ခဲ့ သည်။ တရုတ်ပြည် ယွေနမ် ပြည်နယ် ရွှေလီမြို့မှ ကားလမ်း ခရီးဖြင့် ကေအိုင်အေ ဗဟိုဌာနချုပ်သို့ အလွယ်တကူသွားရောက်နိုင် သည်။ ကျောင်းသားတပ်မတော်ကို ၁၉၈၈ ကာလတွင် ABSDF ( ကချင်ပြည်နယ် ) အနေဖြင့်စတင်ထူထောင်ခဲ့သည်။ ထိုစဉ်က ကိုကျော်ကျော် မှ ကချင်ပြည်နယ် ဥက္ကဌ အဖြစ်တာဝန်ယူခဲ့ပြီး စစ်ရေး တာဝန်ခံအဖြစ် မြင့်စိုး ခေါ် သံချောင်းနှင့် အတွင်းရေးမှုးအဖြစ် မိုးညှင်းမြို့နယ် နမ်းမားမှ နမ့်ဆော်လော ရွာနေ…မျိုးဝင်းတို့က တာဝန်ယူ ဦးစီးခဲ့ကြသည်။ ဗဟိုဦးစီးမှုးများအဖြစ် လွှမ်းမိုး နှင့် နေဒွန်းတို့ မှတာဝန်ယူ ခဲ့ကြသည်။
၁၉၈၉ ခုနှစ် ဧပြီလတွင် မိမိနှင့်အတူ ရန်ကုန်မြို့မှ မခင်ချိုဦး ၊ ဌေးမြင့်ဝင်း ၊အောင်ကျော်ဦး နှင့် သန်းထွန်းစိုး ခေါ် တိုက်ပိတ် ငါးဦးအဖွဲ့ အေဘီ အက်စ်ဒီအက်ဖ် ( ကချင်ပြည်နယ် ) သို့ရောက်ရှိခဲ့ကြပြီး သန်းထွန်းစိုးမှအပ မိမိအပါဝင် လေးဦးမှာ ကျောင်းသားတပ်မတော် စစ်သင်တန်းအပတ်စဉ် ( ၃ ) သို့တက်ရောက်ခဲ့သည်။ သန်းထွန်းစိုးမှာ ရန်ကုန်မြို့သို့ စည်းရုံးရေး အင်အားစုဆောင်းရေးအတွက် အမှတ်စဉ် ( ၃ ) သင်တန်း မတက်ရောက်ခဲ့ပါ။

၁၉၈၉ ခုနှစ် နှစ်လည်ပိုင်းခန့်တွင် အမှတ်စဉ် ၁ မှ ကျောင်းသားရဲမေ ခင်မာအေး ( မြစ်ကြီးနား ) အမဖြစ်သူ မမူနဲ့အတူ ABSDF ( ကချင်ပြည်နယ် ) သို့ရောက်ရှိလာသော မြတ်ကို ဆိုသူအား စစ်အစိုးရ သူလျှို အဖြစ် စွပ်စွဲပြီး သတ်ဖြတ်ခဲ့သည်။ ထိုသတ်ဖြတ်မှု့ကို မျိုးဝင်းနှင့် သံချောင်းတို့မှ ဦးဆောင်ခဲ့သည်။ ထိုစဉ်အချိန်ကာလက ABSDF ( ကချင် ) ဥက္ကဌ ကိုကျော်ကျော်မှာ တာဝန်ဖြင့် မာနယ်ပလောရှိ ABSDF ( တောင်ပိုင်း ဗဟို ) သို့သွားရောက်နေချိန်ဖြစ်သည်။ ABSDF ( ကချင်ပြည်နယ် ) ဦးစီးမှုးများ နှင့် ဗဟိုကော် မတီဝင်များမှာလည်း တာဝန်အသီးသီးဖြင့် ရှေ့တန်းစခန်းများသို့ရောက်ရှိနေချိန်ဖြစ်သည်။

(ခ)

ABSDF ( ကချင်ပြည်နယ် ) စစ်သင်တန်း အမှတ်စဉ် ( ၄ ) ကို ဗဟိုဌာနချုပ် ပါဂျိုဒေသ လိုင်စင်စခမ်းတွင်ဖွင့်လှစ်ခဲ့သည်။ သင်တန်းအမှတ်စဉ် ( ၅ )တွင် ရန်ကုန်နှင့် မန္တလေးမှ ကျောင်း သားအ များအပြားပါဝင်လာခဲ့သည်။ သန်းထွန်းစိုး ခေါ် တိုက်ပိတ် နှင့်အတူ ရန်ကုန် ၊ ပဲခူးမှကျောင်း သားအချို့ပါလာပြီး သင်တန်းအမှတ်စဉ်( ၅ ) ကိုတက်ရောက်ခဲ့သည်။ ထိုအပတ်စဉ် ( ၅ ) သင်တန်းအချိန် ကာလတွင် တပ်တွင်းမကျေနပ်မှု့များ သင်တန်းသားများအတွင်း၌ဖြစ်ပွားခဲ့သည်။ အတွင်းရေးမှုးတာဝန် ယူထားသော မျိုးဝင်း ၏ ဒေသအစွဲနှင့် သဘောထားကျဉ်းမြောင်းမှု့ အတွေးအမြင် တဘက်သတ်ဆန်မှု များအပေါ် အဓိကထားပြီး မကျေနပ်မှုများ တိုက်ခိုက်မှု့များဖြစ်ပွားခဲ့သည်။ ထို အပတ်စဉ် ( ၅ ) နှင့် ( ၆ ) သင်တန်းသားများထဲတွင် နောင် ABSDF ( NB ) ဥက္ကဌ ဖြစ်လာမည့် အောင်နိုင် ( ယခု ရော်နယ်အောင်နိုင် ဟူသောအမည်ဖြင့် ယိုးဒယားနယ်စပ်နှင့် ချင်းမိုင်တွင် သတင်းထောက် လုပ်နေသူ ဘီဘီစီ မြန်မာပိုင်းအစီစဉ်မှ ၂၀၀၈ ခုနှစ်တွင် နှုတ်ထွက်စာတင်ခဲ့ရသူ )၊ ရဲလင်း၊ညီညီကျော် ( နောင်တွင် စစ်အစိုးရ၏သူလျှိုများအဖြစ် ဖမ်းဆီးခံရသူ ) တို့သည်..ABSDF ( NB ) ဗဟိုကော်မတီ အဖြစ် ရွေးချယ် ခံရသူများပါဝင်ပါသည်။ အပတ်စဉ် ( ၅ ) သင်တန်း မဖွင့်မှီတွင် ABSDF ( ကချင်ပြည်နယ်ကို ) ABSDF ( ၇၀၁ ) တပ်ရင်းအဖြစ် သတ်မှတ်ခဲ့ပါသည်။

အပတ်စဉ် ( ၅ ) သင်တန်းကာလအတွင်းဖြစ်ပွားခဲ့သော တပ်တွင်းမကျေနပ်မှု့များကြောင့် ABSDF ( ၇၀၁ ) တပ်ရင်း နောက်တန်းရှိ ရဲဘော် ရဲမေများနှင့် အပတ်စဉ် ( ၅ ) ကျောင်းသား သင်တန်းသားများအား မျိုးဝင်း မှမကျေလည်မှု့များ ဆွေးနွေးရန်အတွက် တပ်တွင်းခန်းမဆောင်တွင်တွေ့ ဆုံဆွေးနွေးမှု များပြုလုပ်ခဲ့ သည်။

ကျောင်းသားအများအပြားမှ…..ဦးဆောင်တာဝန်ယူနေသော ကျောင်းသားခေါင်းဆောင်များနှင့် ရဲဘော်ရဲမေ များ အကြား ကွာဟမှု့များ၊ မျိုးဝင်း၏ တဘက်စွန်းရောက်သောစိတ်ဓါတ်များ၊ မျိုးဝင်း ၏ ဒေသစွဲ တယူသန် အတွေးအမြင်များ မတရားမှုများကို ဝေဖန်ပြောဆိုခဲ့ကြသည်။ သို့သော်လည်း မျိုးဝင်းမှ “ ငါတို့တော်လှန်ရေး လုပ်ဘို့တောထဲလာတာ ဒီမိုကရေစီအတွက် လာတာ ဖြစ်တယ် ဒီမိုကရေစီခံစားဘို့မဟုတ်ဘူး စစ်တပ်မှာ ဒီမိုကရေစီမရှိဘူး ရွေးကောက်ပွဲမရှိဘူး ” ဟုပြောဆိုပြီး တင်ပြမှုများနှင့် မေးခွန်းများ ကိုမေးကြားခြင်းကို ဖြေကြားခြင်းမရှိပဲ ပယ်ချခဲ့သည်။ ညှိနှိုင်းမှု့မရှိပဲ..တွေ့ဆုံဆွေးနွေးပွဲကိုရုတ်သိမ်းခဲ့သည်။ မကျေလည်မှုများပိုမိုပြင်းထန်ခဲ့သည်။

မျိုးဝင်း မှ ထိုတွေ့ဆုံဆွေးနွေးပွဲတွင် သူ့အား ဝေဖန်တိုက်ခိုက်ခဲ့သူများအား အငြိုးကြီးစွာဖြင့်မှတ် သားထားသည်။ အကြောင်းမှာ သူ့အားဝေဖန်တိုက်ခိုက်ခဲ့သူများအားလုံးသည် ၁၉၉၁ ခုနှစ် သြဂုတ်လတွင် စတင်ဖမ်းဆီးခဲ့သည့် သမိုင်းဆိုးတွင်ခဲ့သည့် စစ်အစိုးရ သူလျှိုအဖြစ် အစုလိုက်အပြုံလိုက် ဖမ်းဆီးနှိပ် စက်၊ ခေါင်းဖြတ်သတ်ဖြတ်ခံခဲ့ကြသည်မှာ မိမိအပါဝင်ဖြစ်ပါသည်။

(ဂ)

အမှတ်စဉ် (၅) သင်တန်းပြီးဆုံးပြီး ABSDF ( ၇၀၁ ) တပ်ရင်းမှ ABSDF ( မြောက်ပိုင်း ဗဟို ) အဖြစ် ဖွဲ့စည်းအုပ်ချုပ်ပုံအသစ်ပြောင်းလဲ ရေးအတွက် ညှိနှိုင်းရေးများပြုလုပ်ခဲ့သည်။ ဥက္ကဋ္ဌ နှင့် ဗဟိုကော်မတီဝင် အသစ်များပြန်လည်ဖွဲ့စည်းရေးအတွက် စည်းရုံးရေးများ ပြုလုပ်ခဲ့သည်။ ရန်ကုန်တိုင်း ကိုယ်စားလှယ်အဖြစ် သန်းထွန်းစိုး ကို စာရင်းပေးသွင်းခဲ့ကြသည်။ ကိုယ်စားလှယ်အသီးသီးမှာလည်း စည်းရုံးရေးအတွက် တာဝန်များနှင့် ရှေ့တန်းနယ်မြေများသို့ ထွက်ခွာခဲ့ကြသည်။ ယ္ခင်ရှေ့တန်းနယ်မြေမှာ ရှိနေသော ABSDF ( ကချင်ပြည်နယ်) ဦးစီးမှူး လွှမ်းမိုး မှာ နောက်တန်းဗဟို ( ၇၀၁) သို့ ပြန်လည်ရောက်ရှိလာသည်။ လွှမ်းမိုးနှင့် မျိုးဝင်း တို့ နှစ်ဦးကြားတွင် မကျေလည်မှုများ ရှိခဲ့သည်။ လွှမ်းမိုးမှ မျိုးဝင်းအား တပ်တွင်း ရံဘုံငွေ နှင့် ကျောက်စိမ်းရောင်းဝယ်မှုများတွင် မျိုးဝင်းမှ ကိုယ်ကျိုးသုံးကြောင်း စွဲချက်တင်ရန် ကြိုးပမ်းခဲ့သည်။

သို့သော် မျိုးဝင်းက သူ၏ ဒေသခံနယ်လူများ၏ နောက်ခံအင်အားတောင့်တင်းမှုကြောင့် မျိုးဝင်းနှင့် သံချောင်းတို့ ဦးဆောင်ပြီး၊ လွှမ်းမိုးအား ၁၉၉၀ မတ်လ ခန့်တွင် ဖမ်းဆီးပြီး စစ်အစိုးရ သူလျှိုအဖြစ် စွပ်စွဲခါ နှိပ်စက်ညှင်းပမ်းခဲ့သည်။ တချိန်တည်းမှာပင် ရန်ကုန်တိုင်းတာဝန်ခံ ကိုယ်စားလှယ် အဖြစ် ရွေးကောက်ပွဲဝင်မည့် သန်းထွန်းစိုး ကိုပါ ဖမ်းဆီးခဲ့သည်။ ကိုယ်စားလှယ်အဖြစ်မှ နှုတ်ထွက်ဖို့ အကြပ်ကိုင်ခဲ့သည်။ သန်းထွန်းစိုးမှ နုတ်ထွက်ခဲ့သည်။ ရဲလင်း မှ ရန်ကုန်တိုင်းကိုယ်စားလှယ် အဖြစ် ရွေးကောက်ပွဲဝင်ရန် သဘောတူခဲ့သည်။

လွှမ်းမိုးအား ဖမ်းဆီးပြီး ညှင်းပမ်းနှိပ်စက် စစ်ကြောရေးဝင်နေစဉ်ကာလအတွင်း မျိုးဝင်းမှ ရဲဘော်တဦးအား စေလွှတ်ပြီး မိမိအား စစ်ကြောရေးနေရာသို့ လာရန် အမိန့်ပေးခဲ့သည်။ မိမိမှာ ထိုအချိန်က လွှမ်းမိုး၏ ဦးစီးရုံးတွင် တာဝန်ယူနေခဲ့သူဖြစ်သည်။ လွှမ်းမိုးအား စစ်ကြောနေသောအခန်းထဲတွင် လွှမ်းမိုး၏ ရှေ့တွင်ပင် မျိုးဝင်းက မိမိ ၏ နားထင်ကို သေနတ်ဖြင့် တေ့ပြီး “ လွှမ်းမိုး က မင်းကို ဘာတွေခိုင်းလဲ” ဟု မေးမြန်းခဲ့သည်။ အမှန်စင်စစ်မှာ ထိုအချိန်က မိမိအား ထောက်လှမ်းရေး သူလျှိုအဖြစ် စွပ်စွဲဖမ်းဆီးဖို့ အစီအစဉ်ရှိကြောင်း နောင်မှ သိခဲ့ရသည်။ သို့သော်လည်း ကံကောင်းစွာဖြင့် သံချောင်းမှ “ မငယ် မင်းပြန်တော့” ဟု အမိန့်ပေးသဖြင့် အဆောင်သို့ပြန်ခဲ့သော်လည်း ဘာကြောင့် မိမိ ဦးခေါင်းအား သေနတ် ဖြင့်ချိန်ပြီး မေးမြန်းခဲ့ရခြင်းကို စဉ်းစားမိသည်။

ထိုအဖြစ်အပျက်ဖြစ်ပြီး ၃-၄ ရက်အကြာတွင် မျိုးဝင်းနှင့် သံချောင်း ဦးဆောင်ပြီး၊ လွှမ်းမိုးနှင့် သန်းထွန်းစိုး တို့အား လက်နောက် ပြန်ကြိုးတုပ်ပြီး တပ်ရင်း၏ ဗဟိုအလည်ဖြစ်သည့် စစ်ရေးလေ့ကျင့်ရေးကွင်း သို့ ခေါ်ဆောင်လာသည်။ ရဲဘော်၊ ရဲမေများ အားလုံးကိုလည်း လူစစ်၊ တန်းစီ ခိုင်းပြီး သတိဆွဲခိုင်း ထားသည်။ ကွင်းလယ်ခေါင်တွင် ကျင်းတူးထားပြီး ထိုကျင်းထိပ်တွင် လွှမ်းမိုးနှင့် သန်းထွန်းစိုး တို့အား ကြိုးတုပ်လျှက်နှင့် ထိုင်ခိုင်းထားသည်။

မျိုးဝင်းနှင့် သံချောင်းတို့မှ လွှမ်းမိုးအား “ထောက်လှမ်းရေးသူလျှိုမဟုတ်လား” ဟု ကျယ်လောင်စွာ ဒေါသတကြီး မေးသည်။ လွှမ်းမိုးမှ “ ကျနော် မဆလ မဖြစ်ပါရစေနဲ့ ဗကပ ( ဗမာပြည် ကွန်မြူနစ်ပါတီ) ပဲ ဖြစ်ပါရစေဗျာ” ဟု ဖြေကြားခဲ့သည်။ သံချောင်းမှ လွှမ်းမိုးအား သေနတ်ဖြင့် ချိန်ပြီး တန်းစီနေသော မိမိတို့ ကျောင်းသားရဲဘော် ရဲမေများ ရှေ့တွင် သွေးအေးစွာ ပစ်သတ်ခဲ့သည်။ လွှမ်းမိုး၏ အသက်ကင်းမဲ့သော ခန္ဓာကိုယ်ကြီးအား တိရ စ္ဆာန်တကောင်ကဲ့သို့ကန်ချပြီး မြေဖို့ကာ လူသတ်ပွဲ ကိုကြည့်နေခဲ့ရသော မိမိတို့အား၊ ထိုမြေပုံပေါ်တွင် စစ်ရေးပြလျှောက်ခိုင်းဖို့ အမိန့်ပေးခဲ့သည်။ သန်းထွန်းစိုးအား ကြိုးတုပ်လျှက် နှင့် ပင် အချုပ်ခန်းသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။ ၁၉၉၀ ဧပြီလတွင် သန်းထွန်းစိုး အား အချုပ်မှ လွှတ်ပေးခဲ့သည်။

(ဃ)

လွှမ်းမိုးအား သတ်ဖြတ်ပြီး မကြာမီ၊ စစ်သင်တန်းအမှတ် (၅) သင်တန်းဆင်းခဲ့သူ ရန်ကုန်မှ “ကိုအောင်ကျော်” ဆိုသူကိုလည်း မသင်္ကာ မှု နှင့် မျိုးဝင်းနှင့် သံချောင်းမှ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေး မှာ နှိပ်စက်ခဲ့သည်။ ထို စစ်ကြောရေး ဒဏ်ရာနှင့်ပင် ကိုအောင်ကျော်မှာ KIA ဆေးရုံတွင် ဆေးကုသမှု ခံရင်းနှင့် အသက်ဆုံးရှုံးခဲ့ရသည်။ များမကြာမီ ဖွဲ့စည်းအုပ်ချုပ်ပုံ ရွေးကောက်ပွဲ အတွက် ရှေ့တန်း သို့ထွက်သွားသူများ၊ ဗဟိုနောက်တန်းသို့ ပြန်ရောက်ရှိလာခဲ့ကြသည်။ ရွေးကောက်ပွဲတွင် ABSDF ( မြန်မာပြည် မြောက်ပိုင်း ဥက္ကဋ္ဌအဖြစ် ကိုထွန်းအောင်ကျော် ( မန္တလေး)၊ အထွေအထွေအတွင်း အရေးမှူးအဖြစ် အောင်နိုင်( မန္တလေး) နှင့် စစ်ရေးတာဝန်ခံအဖြစ် သံချောင်းတို့ကို ပြန်လည်ရွေးချယ်ခဲ့သော်လည်း မျိုးဝင်းမှာ မဲမရပဲ ရှိနေခဲ့သည်။ သို့သော်လည်း ဗဟိုကော်မတီဝင်များ၏ ဆုံးဖြတ်ချက်အရ၊ မည်သူမျှ မဲပေးရွေးချယ်ခြင်းမရှိခဲ့သော မျိုးဝင်းအား ABSDF ( ကချင်) အနေဖြင့်ဖွဲ့စည်း ရာတွင် ပါဝင်ခဲ့သူတဦးအနေဖြင့် တွဲဘက်အတွင်းရေးမှူး (၁) နှင့် ဒု- စစ်ရေးတာဝန်ခံရာထူးကို ပေးခဲ့သည်။
ABSDF ( မြောက်ပိုင်း) အဖြစ်ဖွဲ့စည်းအပြီးတွင် ယိုးဒယားမြန်မာနယ်စပ်ရှိ မာနယ်ပလော စခန်းမှ ABSDF ဗဟို ဋ္ဌာနချုပ် ဥက္ကဋ္ဌ ကိုမိုးသီးဇွန်မှ အမှတ် ( ၅၀၁) တပ်ရင်းကို ABSDF ( မြောက်ပိုင်း) တွင်အင်အားဖြည့်ပူးပေါင်းဖို့ စေလွှတ်ခဲ့ပါသည်။ ရှမ်းပြည်နယ်မှ (၄၀၁) တပ်ရင်းတို့ရှိလာပြီး၊ ကျောင်းသား ရဲဘော် ကိုယ်ပိုင်နံပါတ်မှာ ၅၀၀ ခန့်ရှိလာသည်။ ( အမှန်စင်စစ် လူအင်အားမှာ အကြောင်းအမျိုးမျိုးကြောင့် ၃၅၀ ခန့်သာ ရှိသည်)

၁၉၉၀ ခုနှစ် နှစ်လည်ပိုင်းလောက်တွင် နောက်တန်းတွင် ရှိနေသော ကျောင်းသားရဲဘော်ရဲမေများ တာဝန်ဖြင့် ရှေ့တန်းသို့ တဖွဲ့ပြီး တဖွဲ့ ပြန်လည်ထွက်ခွာခဲ့ကြသည်။ သန်းထွန်းစိုး မှာ ရှေ့တန်းတွင် စစ်အစိုးရတပ်နှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်အစိုးရ၏ ဖမ်းဆီးမှုကို ခံခဲ့ရသည်။ မိမိလည်း ရှေ့တန်း ဗန်းမော် ခရိုင်သို့ တာဝန်ဖြင့်ထွက်ခွာခဲ့ရသည်။ ထိုခရီးစဉ်တွင် စစ်ရေးတာဝန်ခံ သံချောင်းတယောက် တိုက်ပွဲတွင် ဒဏ်ရာပြင်းထန်စွာရပြီး ညာဘက် လက် ဆုံးရှုံးခဲ့ရသည်။ များမကြာမှီ မိမိတို့စစ်ကြောင်း ဗဟိုသို့ ပြန်လည်ရောက်ရှိခဲ့ပြီး၊ တာဝန်ပေးချက်အရ KIA မှ ဖွင့်လှစ်သော ဘဏ္ဍာရေးသင်တန်းသို့ တက်ရောက်ခဲ့ရသည်။ ရှေ့တန်းထွက် ကျောင်းသားရဲဘော် ရဲမေများ တဖွဲဖွဲ့ နှင့် ဗဟိုနောက်တန်းသို့ ပြန်လည်ရောက်ရှိလာသည်။ ထိုနှစ် ၁၉၉၁ ခုနှစ် ရှေ့တန်းမှ ပြန်လည်ရောက်ရှိလာသော ကျောင်း သားရဲဘော်ရဲမေများ ABSDF ( မြောက်ပိုင်း) ဗဟို ဋ္ဌာနချုပ် သို့ ပြန်လည်ရောက်ရှိခြင်းသည် ပြုပြင်မရတော့သည့် ကျောင်းသားတပ်မတော်၏ ဆိုးသွမ်းသော သမိုင်းအမှားဖြစ်ရပ်ဆိုး များ ပေါ်ပေါက်ခဲ့ ရသည့်နှစ် ဖြစ်စေခဲ့သည်။

ထိုအချိန်မှာ တပ်တွင်းရှိ ကျောင်းသားရဲဘော်၊ ရဲမေများ ထမင်း နှင့် ဆားငပိ တို့သာ စားနေရချိန်တွင်၊ တပ်တွင်း ဦးဆောင်နေသော ကျောင်းသားခေါင်းဆောင်တာဝန်ယူထားသူများမှာ တလလျှင် တရုပ်ငွေ ယွမ် (၃၀) လခစားကြသည်။ လူကြီးများအတွက် အသေးသုံးစားစရိတ် ဆိုကာ အခွင့်ထူးခံ စားကြ သည်။ ကျောင်းသားခေါင်းဆောင်တိုင်းတွင် သူတို့၏ ဝေရာဝတ်စ ထမင်းချက်၊ အင်္ကျီလျှော်၊ထင်းခွေ၊ ကိုယ်ရေးကိုယ်တာခိုင်းစေရန်အတွက် တော်လှန်ရေးလုပ်ရန်လာသည့် ကျောင်းသားငယ်များအား အနား တွင်ထားပြီး ခိုင်းစားကြသည်။

နန်းအောင်ထွေးကြည် ရဲ့ အစီရင်ခံစာ ကို ဆက်လက်တင်ပြသွားပါမယ်။ ဒုတိယ ပိုင်းမှာ လူဖမ်းပွဲ စတင်ဖြစ်ပေါ်ခြင်းတွေကို အသေးစိတ်ဖတ်ရှုရမှာ ဖြစ်ပါတယ်

( ဖက်ဆစ်အာဏာရူး စစ်ဘီလူးတို့လက်ချက်ဖြင့် ခေါင်းဖြတ် အသတ်ခံရသူ..ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော်( ကျောက်တိုင်ကို လက်တင်ထားသူ )

( နန်းအောင်ထွေးကြည် လက်ရေးစာမူ )

· · Share

  • 65 shares
    • Thone Drae Oo tagged အတွက်ကျေးဇူးပါ ကိုအောင်မိုးဝင်းရေ....
    • Aung Moe Win ညာအစွန်က လို့ ပြောလေ
    • Zaw Zaw Hlaing ညာအစွန်ဆုံးက နန်းအောင်ထွေးကြည်(ခ) မငယ်.. ရေ.. ညီမလေးရဲ့ အသက်နဲ့ရင်းပြီးရခဲ့တဲ့ မှတ်တမ်းတွေကို အကိုတို့ လေးလေးစားစားနဲ့ ဖတ်နေကြပါတယ်.. ညီမလေးတို့ ကျဆုံးခဲ့ရတဲ့ အသက်နဲ့ ဂုဏ်သိက္ခာတွေအတွက်..အကိုတို့အားလုံး အမှန်တရားကို ၀ိုင်းဝန်းဖေါ်ထုတ်ကြမှာပါ။
    • Zaw Zaw Hlaing ကျေးဇူးဘဲ ကိုအောင်မိုးဝင်း သူဘက်ကနေပြန်ကြည့်လိုက်တာ..
    • San Myint Nwe let me share!
    • Thone Drae Oo နံရံအားလုံး နားတွေရှိတယ်...
      အမှန်တရားဟာဂုဏ်သိက္ခာရှိတယ်..
      အမှန်တရားကို ဖေါ်ထုတ်တာဟာ..
      အမှန်တရားရဲ့ ဂုဏ်သိက္ခာကို စောင့်ရှောက်တာမို့ 
      ဘ၀တွေနဲ့ ရင်းပြီး ဖေါ်ထုတ်နေသူအားလုံးကို..
      လေးစားဂုဏ်ယူပါတယ်ရှင်…
    • Thone Drae Oo ‎"အခုပြောနေတဲ့ ကိစ္စက “ ခင်ဗျား ဘယ်သူ့ကို ချစ်လဲ ” ဆိုတဲ့ မေးခွန်းမဟုတ်ဘူး
      ခင်ဗျားဟာ ရက်စက်ကြမ်းကြုတ်၊ ယုတ်မာသူတွေကို ကာကွယ်ခုခံမလား (ဒါမှမဟုတ်)
      ဒီမိုကရေစီ နဲ့ အပြစ်မဲ့ပြည်သူလူထုဘက်က ရပ်တည်မလား ဆိုတဲ့ရွေးချယ်မှုဖြစ်တယ်။
      ဒီ တပွဲမှာ ကိုယ့်ရဲ့သမိုင်းတန်ဘိုးကို ကိုယ့်ဘာသာ သတ်မှတ်ကြရပါလိမ့်မယ်။ “
    • Htarhtar Htet နန်းအောင်ထွေးကြည်ရေ- ကျနော်တို့လည်း ဗကသ တွေပါ။ ခိုင်ခိုင်မာမာရပ်တည်သွားကြမယ်
    • Kyaw Soe Win let me share pls.!
    • Kyaw Soe Win
      ဒါဟာ လက်နက်ကိုင်တော်လှန်ရေးတွေမှာဖြစ်လေ့ရှိတဲ့
      အလွန်အကျွံဖြစ်မှုမျိုး မဟုတ်ဘူး။
      ဒါဟာ တော်လှန်ရေးရဲ့ ရန်သူတွေကို
      ဖော်ထုတ်ရှင်းလင်းမှုမျိုးမဟုတ်ဘူး။
      ဒါဟာ အာဏာရူးတစုရဲ့ ကောက်ကျစ်ယုတ်မာမှုဖြစ်တယ်။
      ...See More
    • Ye Min Tun ကျေးဇူးပြု၍ ဆက်လက်ဖေါ်ပြပေးပါ။ ကျေးဇူးတင်ပါတယ်။
    • Bamar Blood အကိုရေ .. ကျနော်လည်းရှယ်ပြီနော် ..

      ++++++++++++
      ၉၁ စက်တင်ဘာမှာ ၅၀၁ ရင်းမှူးသိုက်ထွန်းဦးရဲ့ အကူရဲဘော်
      စိုးမြင့်အောင် အသတ်ခံရတဲ့အကြောင်းတော့ မပါသေးဘူးနော် ..
      အစိုးရမှတ်တမ်းတွေထဲမှာတော့ပါတယ် ..
    • Hlaing Bwa အောင်မိုးရေ ကျေးဇူးညီ
    • Harry Lwin ရှယ်ပြီဗျား
    • Harry Lwin စစ်အာဏာရှင်ကို တော်လှန်ဖို့ ငြိမ်းချမ်းတဲ့ မိဘရင်ခွင်နဲ့ စာသင်ခန်းကို စွန့်ခွာပြီး သတ္တိရှိရှိ ကိုယ်ကျိုးစွန့်ထွက်ခဲ့ကြတဲ့ ရဲဘော်ရဲမေတွေခမျာ အဲဒီလို တော်လှန်ပါတယ် ဆိုတဲ့ လူယုတ်မာတွေရဲ့ လူမဆန်တဲ့ရက်ရက်စက်စက် ညှဉ်းဆဲ သတ်ဖြတ်မှု ခံခဲ့ရတာကို ရင်နာလို့ မဆုံးပါဘူး ... အသက်ဆုံးရှုံးခဲ့ရရှာသူတွေ၊ အသက်ရှင်သန်ဆဲသူတွေအားလုံးကို လေးစားစွာ ဦးညွတ်အလေးပြုပါတယ် ... အမှန်တရားဆိုတာ ပေါ်ပေါက်လာမှာပါ
    • Sein Soe ဒီဓါတ်ပုံတွေကိုတွေ့၊ ဒီလိုမတရားပြုကျင့်တဲ့စာတွေကိုဖတ်ရတာ၊ တကယ့်ကိုရင်နာအောင်ခံစားရတယ်ဗျာ၊
    • Myo Kyaw Ko Aung Moe Win, I share ur link.
    • Sithu Myo ဆက်လက်အားပေးနေပါတယ်ခင်ဗျ ။
    • Myint Zabai Thanks for writing.
    • Aung Khaing Myint မှားယွင်းဖောက်ပြန်တဲ့ စနစ်ဆိုးကို ဆန့်ကျင်တော်လှန်ဖို့တောခိုခဲ့ကြပြီး အခုလိုအဖြစ်ဆိုးနဲ့ကြုံတွေ့ကာကျဆုံးခဲ့သူများအတွက်ရင်ထုမနာဖြစ်ရပါသည်၊ ပြည်သူတရပ်လုံးမှ အမှုမှန်ကို သိချင်ပါသည်.Please let me share your great article in blog..Thanks..http://8888newgenerations.blogspot.com/2012/01/blog-post_7101.html#links
    • Nge Naing
      Tag ပေးတာ ကျေးဇူးတင်ပါတယ် ကိုအောင်မိုးဝင်း။ တော်တော်လေးတော့ ဇာတ်ရေ လည်လာပြီ။ ကျွန်မလည်း ကိုအောင်မိုးဝင်းတို့ ကိုထိန်လင်းတို့ ရေးတဲ့ပို့စ်တခုခုကို ဖတ်ပြီးတိုင်း အတွေးက အိပ်မက်ထဲအထိ ရောက်တယ်။ မိဘရင်ခွင်ကနေ ငယ်ငယ်ရွယ်ရွယ်နဲ့ ထွက်လာကြပြီး ဒီလို
      ကူသူကယ်သူ မရှိ ကြောက်မက်ဖွယ် ကောင်းလှတဲ့ ဘေးအန္တရယ် ဒုက္ခမျိုးကို ရင်ဆိုင်ခဲ့ရသူတွေ အားလုံးအတွက် ရင်ထဲမှာ ပြောပြစရာ စကားလုံး မရှိအောင်ကို ခံစားရပါတယ်။ နောက်တခုက လူတယောက်လုံးကို တပ်တတပ်လုံးရှေ့မှာ မတရားရက်ရက်စက်စက် သတ်လိုက်တာကို ကျွန်မတို့တပ်ရင်းမှာ ဖြစ်ရင်ဘယ်လိုနေမလဲဆိုတာကို စိတ်ကူးထဲမှာ ပုံဖေါ်ကြည့်မိတာ ဘယ်လိုမှကို ပုံဖေါ်လို့မရဘူး။ ကျွန်မတို့ဆီမှာဆိုရင်တော့ ခိုးသတ်ပြီးမှ ရန်သူလူဖြစ်လို့သတ်လိုက်တယ်ဆိုပြီး ပြောရင်တော့ ပြောမတတ်ဘူး။ ဒီလိုဗြောင်ကြီး တန်းစီနေတဲ့အချိန်မှာ လူမဆန်သတ်လို့ကတော့ တန်းစီနေတဲ့ရဲဘော်ထဲက ဒီလိုမလုပ်ဖို့ ၀ိုင်းဝန်းကန့်ကွက်ကြမှာ သေချာတယ်။ ကန့်ကွက်လို့မရရင် သွေးချင်းကိုရောသွားနိုင်လို့ အဲဒီလိုလုပ်တဲ့ တပ်မှူးလည်း တန်းစီအလေးပြုအခမ်းအနား မပြီးခင်မှာတောင် သူသတ်လိုက်တဲ့ရဲ့ဘော်နောက်ကို ချက်ချင်း လိုက်ရမှာသေချာတယ်။ မြောက်ပိုင်းက ဖြစ်ရပ်တွေ၊ အတွေ့အကြုံတွေကို ဖတ်ပြီး ကျွန်မတို့ဆီမှာ စခန်းကော်မတီဝင်တွေကို ရဲဘော်တွေထက်သာပြီး အခွင့်ထူးခံတယ်ထင်ရင် နှစ်ပတ်တကြိမ် ပြုလုပ်ပေးတဲ့ တပ်တွင်းဝေဖန်ရေး (Free Discussion) မှာ အောက်ခြေရဲဘော်တွေက စခန်းကော်မတီအဖွဲ့ဝင်တွေကို သုံးစားမရအောင် ဝေဖန်ကြတာ၊ မိန်းကလေးတွေကို ရှေ့တန်းပေးမဆင်းလို့ဆိုပြီး ကော်မတီဝင်တွေကို ကျွန်မတို့ အမျိုးမျိုး ကလန်ခဲ့တာကို ပြန်စဉ်းစားမိရင် မြောက်ပိုင်းမှာ သာဆိုရင်တော့ဆိုတာကို တွေးပြီး ကျောချမ်းမိတာလည်းအမှန်ပဲ။ ဒါကြောင့် ကျွန်မတို့ဟာ မြောက်ပိုင်းမှာ တပ်ဖွဲ့ဝင် မဖြစ်ခဲ့တာ တော်လှန်ရေးမှာ တော်တော်ကံကောင်းခဲ့တယ်လို့လည်း မှတ်ချက်ချမိပါတယ်။ မြောက်ပိုင်းမှာ ဒီလောက် ရက်စက်လူမဆန်တဲ့ လုပ်ရပ်ကို လုပ်တဲ့ တပ်မှူးတွေကို ကျန်တဲ့ တပ်ဖွဲ့ဝင်တွေက ဘာမှစောတက မတက်ကြတာဟာ အများစုကြီးက ဒါကို လုပ်ရိုးလုပ်စဉ်လို့ သဘောထားကြလို့လား ဒါမှမဟုတ် ဒီလို ရက်စက် ယုတ်မာတဲ့ လုပ်ရပ်ကို တောက်လျှောက် ရေငုံနှုတ်ပိတ်ပြီး ဘာမှစောတကတက်ဘဲ ဒီခေါင်းဆောင်တွေရဲ့ နောက်ကလိုက်ပါလာတာဟာ ကြောက်လို့လားဆိုတာ ကျွန်မ စဉ်းစားလို့တောင်မရ၊ နားလည်လို့တောင် မရ ဖြစ်မိတာလည်း အမှန်ပဲ။
    • Thet Zaw ကျေးဇူးပါဗျာ!let me share!
    • Bagan Tharိီဒီလို၇ှားပါးပြီးငွေနဲ့ဝယ်ဖတ်လို့မ၇နှိင်တဲ့သမိုင်းကြောင်းဖြစ်၇ပ်မှန်တွေဖတ်၇တာအတော်လေးတန်ဖိုး၇ှိပါတယ်ခင်ဗျာ..အထုးကျေးဇုးတင်ပါတယ်..ဆက်လက်အားပေးနေပါမယ်ခင်ဗျာ၊၊
    • Naing N Naing ဖတ်ရတာ ကိုညီကျော် ပြန်ပြောပြဖူးတာတွေနဲ့ အတူတူပဲ။
    • Cherry Ba Chit ကိုအောင်မိုးဝင်း ကျေးဇူးတင်ပါတယ်ဆက်လက်ဖော်ပြေ၇းသားပေးပါ
    • Khin Nyein Thit သံချောင်းဆိုတဲ့ ကောင်တော့ စစ်အစိုးရရဲ့ သာယာဝတီထောင်ထဲမှာ ပေးဆပ်နေရတာအတွက် ကျေနပ်မိတယ်။
    • Yamin Kayk thanks ,,let me share.
    • Philosophermg Myathar စောင့်မျှော်ဖတ်ရှု နေပါတယ်..အဆက်မပြတ်တင်ပေးပါခင်ဗျ..အရမ်းကို ကျေးဇူးတင်မိ ..လေးစားမိ..ရက်ရက်စက်စက်အသတ်ခံရသူ အာဇာနည်များအတွက် ကျနော်ဒီကနေ ဦးညွှတ်လိုက်ပါတယ်..
    • Philosophermg Myathar အာဏာရှင်စံနစ်ကို တွန်းလှန်ဖို့ ပြောပြီး ကိုယ်တိုင် အာဏာရှင်ဖြစ်နေတဲ့ကောင်တွေ ..
    • Sit Aung ဆိုးလိုက်တာဗျာ ကိုအောင်မိုးဝင်းနဲ့ ကိုထိန်းလင်းတို့စာတွေကို မဖတ်ပဲလဲ မနေ နိုင်၊ ဖတ်ပြီးတော့လည်း ရင်နာရတယ်။ ပဲခူးရိုးမဖြုတ်ထုတ်သတ်တုံးကလည်း လူငယ်တွေ ဘ၀ဟစ်တိုင်လှုပ်ရှားမှုဆိုပြီး ပေါက်ကွဲကြ၊ ကိုယ့်အဖေကိုယ်ပြန်ပြီး ၀ါးရင်းတုတ် နဲ့ရိုက်ကြဖြစ်တာတွေဖတ်ရတုံးကလည်း ဒီလိုပဲခံစားရတယ်။
    • Sit Aung Khin Nyein Thit ရေ သံချောင်းက အခုလွတ်ငြိမ်းချမ်းသာခွင့်နဲ့ သေဒဏ်က နေ တစ်သက်တစ်ကျွန်းပြောင်းသွားပြီ ဗျ၊
    • Mg Burma ဘယ်တော့ မှ မေ့ လို့ မရတဲ့  အဖြစ်အပျက်တွေပါ ...
    • Sai Min Wai စိတ်မကောင်းစရာတွေပဲနော်..
    • San Yu တာဝန်ရှိသူတွေဘာတွေပြင်ဆင်ထားပြီးပြီလဲ။
    • San Yu ခင်ဗျားတို့အတွက်ဖိုကယ်ပွိုင့်တစ်ခုကနေကျွှန်တော်တို့စောင့်နေပါတယ်။
    • San Yu တာဝန်ရှိသူတွေဘာတွေပြင်ဆင်ထားလဲသိချင်ပါတယ်။
    • San Yu ငြင်းဆန်တာရော၊၀န်ခံတာရောဘာဖြစ်ဖြစ်ဒီမိုကရေစီမူအရအသိအမှတ်ပြုပေး
    • San Yu ချင်လို့ပါ။အခြားတစ်ဖက်မှအခွင့်အရေးများကိုလေးစားတဲ့လူ့ဘောင်ကိုတည်ဆောက်ချင်ရင်ပေါ့ဗျာ။
    • အိုးဝေအောင် အိုးဘားမား ကိုစစ်အောင်>သံချောင်းက ကံကောင်းရင် သိန်းစိန် မဆင်းခင်ကာလမှာပဲ နောက်ထပ်လာဦးမယ့် ရာဇ၀တ်မှုများလွတ်ငြိမ်းခွင့်ကြေညာချက်တွေနဲ့လွတ်လာနိုင်သလို..သိန်းစိန်ကိုယ်တိုင် ပြန်လွှတ်ပေးလိုက်တာမျိုးလည်း ဖြစ်လာရင် မြောက်ပိုင်းလူသတ်မှုက ပိုရှုပ်ထွေးမလား။(သံချောင်း ကံမကောင်းရင်တော့ သာယာဝတီထောင်ထဲမှာပဲ သေမလား။ထောင်ပြင်ထွက်တာနဲ့ သေမလား။တခုခုပေါ့)
    • အိုးဝေအောင် အိုးဘားမား http://hittai.net/?show=rm&fileid=97&t=home7&id=7 "မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ အပိုင်း(၄) (သို့) နန်းအောင်ထွေးကြည်ရဲ့ အစီရင်ခံစာ”(Aung Moe Win)
      "အာဏာရူးတို့ ၏ လုပ်ရပ်များနှင့်မြောက်ပိုင်းလူသတ်မှု” (သန်းဝင်း)
      ပန်းနဲ့ပေါက်တာလောက်ပဲ ထင်တယ်...သူငယ်ချင်းတို့ရေ (ဆလိုင်းကိုကိုဦး)
    • Shwe Khay ကိုထိန်လင်းနဲ့ကိုသိုက်ထွန်းဦးတို့ ဆွေးနွေးကြတဲ့ အသံဖိုင်ကို ကိုထိန်လင်းတင်ထားတာတွေ့ပါတယ်။
    • Aung Zaw I am very strange that why they are still at the top level of the democracy movements until now?
    • Sliv Mmc စာရေးသူသို. . အခုအချိန်မှာ နိုင်ငံရေးအကျဉ်းသားတွေလဲ ပြန်လွတ်လာကြပြီမို. အဆုံးထိ ရေးလို.ရပြီလို.ထင်ပါတယ်... အချိန်ကာလတခုကို စောင့်ကြသူတွေကိုသာ လိုက်လျောရင်တော့ နောင် အရိမေတ္တယျ ဘုရားပွင့်တောင် ဖြစ်လာမှာ မဟုတ်လို. အခုပဲ တင်လိုက်ပါတော့နော်.... သိချင်စိတ်များဖြင့်... sv



· · Share

  • 108 shares
    • Maung Maung Wann
      မြောက်ပိုင်း ကျောင်းသားတပ်မတော် လူသတ်ပွဲ ကိစ္စများကို ကျနော်တို့ အမှန်အတိုင်း ဖွင့်ချတဲ့အခါ…မပြောပလောက်သောခြိမ်းခြောက်သံ၊ ကဲ့ရဲ့သံ၊ ရှုတ်ချသံများကိုကြားရပါတယ်….ဒါ့အတွက် ကျနော်တို့မှာ ပြသနာမရှိပါ…ကျနော်တို့ရည်ရွယ်ချက်မှာ…သမိုင်းအမှားတခုတည့်မတ်
      လိုက်ခြင်းပဲဖြစ်သည်။မည်သူ့ကိုမှလည်း တိုက်ခိုက်လိုစိတ်..ရန်လိုစိတ်မရှိ….ဒီလိုဖွင့်ချခြင်းသည်…ကျောင်းသားတပ်မတော်ကို တိုက်ခိုက်ခြင်းဖြစ်သည်၊ စစ်အစိုးရအလိုကျလုပ်ကိုင်နေခြင်းဖြစ်သည် ဆိုသူများကို မေးခွန်းမေးခြင်ပါသည်။ မြန်မာ့လွတ်လပ်ရေးအတွက် ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သောရဲဘော်သုံကျိတ်ဝင်များဟာ..ယိုးဒယားနိုင်ငံမှာ သွေးဖောက်သစ္စာဆိုခဲ့ကြတယ်…ရဲရဲတောက် သူရဲကောင်းများဖြစ်ခဲ့ကြတယ်….ဒီအထဲမှာ ဗိုလ်နေ၀င်း ( ဦးနေ၀င်း ) ပါဝင်ခဲ့တယ်ဆိုတာကိုတော့ မသိပဲမနေလောက်ပါဘူး…..ဦးနေ၀င်း မွှေးလိုက်တဲ့မီးဟာ..ဒီနေ့ထိတောက်လောင်နေဆဲဆိုတာကိုလည်း သိကြမှာပါ….ဒါ့ကြောင့် ကျနော်တို့အားလုံး ဦးနေ၀င်း ရဲ့စနစ်ဆိုးကြီးကိုတော်လှန်ခဲ့ကြတယ်..တော်လှန်နေဆဲလည်းဖြစ်တယ်….ဦးနေ၀င်းကိုတော်လှန်တာဟာ….ရဲဘော်သုံကျိတ်ကိုစော်ကားခြင်းလား….ရဲဘော်သုံးကျိတ်ကို ရှုတ်ချခြင်းလား….ရဲဘော်သုံးကျိတ်ကို အယုံအကြည်မရှိအောင်ဆောင်ကျဉ်းနေခြင်းလား…( ဖြေပါ..ရဲရဲဖြေကြပါ )။ ကျနော်တို့ အတိုက်အခံတော်လှန်နေသူများဘက်မှာရော…ဦးနေ၀င်းလို လူမျိုးပေါ်ထွက်မလာနိုင်ဘူးလို့ ဘယ်သူအာမခံမှာလည်း။ ပေါ်ထွက်လာလို့ပဲ…အခုပြသနာတွေရှင်းနေရတာမဟုတ်လား……။နောက်မျိုးဆက်သစ်တွေအတွက် သမိုင်းအကြွင်းအကျန်တွေကို ရှင်းစရာရှိတာရှင်းရပါ့မယ်….၊ နောက်အရေးကြီးဆုံးတချက်က..အာဏာရှင်ဆိုတာ..အစိုးရဘက်မှာတင်ရှိတာမဟုတ်ဘူး…အစိုးရကိုတော်လှန်တိုက်ခိုက်နေတဲ့ ဘက်မှာလည်း ရှိတယ်ဆိုတာ..မျိုးဆက်သစ်တွေသိစေခြင်တယ်…။ မျိုးဆက်သစ်လူငယ်များကို စေတနာထား အသိပေးချင်ပါတယ်….မြန်မာ့မြေပေါ်မှာ…စစ်အာဏာရှင် သာလျှင်မက…မည်သည့်အာဏာရှင်ကိုမှ လက်မခံဘို့….တိုက်တွန်းပရစေ…သမိုင်းတချက်မှားရင်…နှစ် ရာနဲ့ချီခံရတတ်ပါတယ်…သတိထားကြပါ။ တော်တော်များများက မျက်ခြေပြတ်နေကြတာက…စစ်အာဏာရှင်ကိုသာ မဲတော်လှန်နေကြတာ…..ကိုယ့်နောက်က ကပ်ပါလာမဲ့…အာဏာရူး ၊ အာဏာရှင်များကိုတော့…မျက်ကွယ်ပြုထားတတ်ကြတယ်….သိပ်မှားသွားပါလိမ့်မယ်….သတိထားကြပါ…ဒါတွေကလည်း ရန်သူတွေပါပဲ။အားလုံးဟာ…စစ်အာဏာရှင်များနည်းတူ…တတန်းတည်းဆိုတာ…ယုံပါ။
    • Sliv Mmc no need to care bro . just go on...
    • Aye Aye Soe Win Ko Maung Maung Wann..The entire audience or the truth-loving people are behind you with full support. No need to care about the repercussion from the side who did wrong in the first place.
    • Min Htay ရဲမေ ပုံက နန်းအောင်ထွေးကြည်ပုံ မဟုတ်ဘူး နော် ဘောက်မိုင်ပုံ ဖြစ်နေတယ်
    • Zaw Zaw Hlaing ကိုမောင်မောင်ဝမ်းရေ.. ကျနော်တို့အမှန်တရားကို ဖွင့်ချနေတာကို မကြေနပ်သံ. ကဲ့ရဲ့သံတွေ ရှိတာကို သိတ်တော့လဲဂရုထားလို့မရပါဘူးဗျာ.. ဒါမျိုးက ခေတ်တိုင်းမှာရှိခဲ့တာဘဲလေ.. ဦးနေ၀င်းကို အာဏာရှင်ပါလို့ တတိုင်းပြည်လုံးရှိ ပြည်သူပြည်သားတွေက သတ်မှတ်ကြပေမဲ့.. ဦးနေ၀င်းအလိုကျ အာဏာရှင်နောက်လိုက်တွေက ဒီနေ့အထိအများသားလား..
    • Aye Aye Soe Win All truth passes through three stages. First, it is ridiculed. Second, it is violently opposed. Third, it is accepted as being self-evident.
      Arthur Schopenhauer (1788 - 1860) . To me, truth is LIGHT.It gives you a vision and the finest perspective.
    • Zaw Zaw Hlaing ကိုယ်သမိုင်းကို ကိုယ်ရေးကြတာဖြစ်လို့ .. ကိုမှန်တယ်ထင်တာကို ရဲရဲရင့်ရင့်လုပ်နိုင်ဖို့က အဓိကပါဘဲ.. ကျနော်တို့မှားရင် ကျနော်တို့ခံသွားမှာပါ။ သမိုင်းဆိုတာ လိမ်လို့မရပါဘူး။ သူတို့နှစ့်နှစ်ဆယ်လိမ်လို့ရခဲ့တယ်.. ဒီနေ့တော့ မရတော့ဘူးလေ.. အမှန်တရားဆိုတာ အချိန်တန်ရင်ပေါ်လာစမြဲပါ။
    • Oo Thar ကိုမောင်မောင်ဝမ်းရေးတဲ့ ဆောင်းပါး အားလုံးနှင့်  အသံဖိုင်တို့ကို ဖတ်ရပါတယ် ။ သေဆုံးသွားရသူတွေထဲမှာ AB မြောက်ပိုင်း ဥက္ကဌ ကိုထွန်းအောင်ကျော် တောင်ပါတယ်ဆိုတော့ ဗဟိုဥက္ကဌ ကိုမီုးသီးတို့က မသိတာလား တစ်ခြား သက်ရှိထင်ရှား ရှိနေတဲ့ တာဝန်ရှိသူတွေဟာ ဘယ်သူတွေလဲ ဆိုတာ သိချင်ပါတယ် ၊ရော်နယ်အောင်နိုင်ဟာလည်း ဒီကိစ္စကြောင့်  BBC ကနေထွက်သွားရတာများလား။
    • Ko Naing Keeping going comrades!!! we are your side.
    • Aung Moe Win ကိုမောင်ဝမ်း- ပုံလေးတချက်လောက်ပြန်ပြီး ဂရုစိုက်လိုက်ပါအုံး
    • Myo Thein We want to know more, Keep going.... I love AB, I love truth too.
    • မိုး စဲ
      ကျနော်တခု တောင်းပန်ချင်တာက အဲ့ဒီတုန်းက တရားခံအဖြစ် ပါဝင်ခဲ့တဲ့ မဖြစ်မနေ တရားခံအဖြစ် ပါဝင်ခဲ့ရတဲ့ သူတွေ အားလုံးရဲ့ အသံကို ကြားရရင်ကောင်းပါမယ် ဘယ်သူမှ တာဝန်ယူမဖြေရှင်းပေမဲ့ အဖြစ်အပျက်အားလုံးကို ဆက်စပ်လိုက်ရင် အဲ့ဒီအချိန်က မကဒတ တပ်မတော်ထဲမှာ အ
ာဏာရူးတွေ စည်းမဲ့ကမ်းမဲ့တွေ ဥပဒေသမားအရေခြုံ အချောင်သမားတွေ တာဝန်ယူခဲ့တယ်ဆိုတာ ရှင်းနေတာပါပဲ။ အဲ့ဒီအချိန်တုန်းက အဖြစ်အပျက်တွေကို ဖေါ်ထုတ်တာဟာ မကဒတ ကို တိုက်ခိုက်နေတာမဟုတ်ပဲ တာဝန်မဲ့ တာဝန်ပျက် ဒီမိုကရေစီ အရေခြုံတွေကို အဖြစ်မှန်တွေ ပေါ်ပေါက်စေရေးအတွက် ဖေါ်ထုတ်နေကြတာလို့ပဲ မြင်ပါတယ်။ နောက်တချိန်မှာ အခုလို မတရား အသတ်ခံရတဲ့ (ကျဆုံးတယ် ဆိုတဲ့ စာရင်းတောင် အသွင်းမခံရတဲ့ )ရဲဘော်တွေရဲ့ အဖြစ်ဆိုးမျိုး နောက်မျိုးဆက်တွေ မကြုံစေချင်ပါ။ အမှန်တရားကို မြတ်နိုးသူတိုင်း ပူးပေါင်းပါဝင်ခဲ့ရင် အဖြစ်မှန်ကြီးက ရှင်းသွားမှာပါ။
    • Koko Maung မြောက်ပိုင်းဒေသအကြောင်းတွေကိုဆက်သာရေးပါ...အားပေးပါတယ်..နောက်ပိုင်းကျရင်..တခြားနယ်မြေတွေကအကြောင်းတွေလည်းဆက်ရေးမဲ့ သူတွေပေါ်လာပါလိမ့် မယ်...
    • Koko Maung
      ကျောင်းသားတပ်မတော်ရယ်လို့ ပေါ်ပေါက်လာအောင်..သားတို့ သမီးတို့ တောင်းယူလို့ မရတော့ ဘူးတိုက်ယူမှရတော့ မယ်..ဒီမိုကရေစီအတွက်သားတို့ သမီးတို့ ကိုအားကိုးပါတယ်လို့ ပြောပီးတောထဲတွနိးပို့ ခဲ့ တဲ့ လူတွေ.....ဘယ်သွားသေကြပီလည်း....ကြားဖြတ်ရွေးကောက်ပွဲဝင်ြ...See More
    • Kyaw Soe Win
      ဒါဟာ လက်နက်ကိုင်တော်လှန်ရေးတွေမှာဖြစ်လေ့ရှိတဲ့
      အလွန်အကျွံဖြစ်မှုမျိုး မဟုတ်ဘူး။
      ဒါဟာ တော်လှန်ရေးရဲ့ ရန်သူတွေကို
      ဖော်ထုတ်ရှင်းလင်းမှုမျိုးမဟုတ်ဘူး။
      ဒါဟာ အာဏာရူးတစုရဲ့ ကောက်ကျစ်ယုတ်မာမှုဖြစ်တယ်။
      ဒါဟာ မိမိရဲဘော် ကျောင်းသားချင်း
      ညှာတာမှုမဲ့စွာ၊ လူမဆန်စွာ ညှင်းပမ်း သတ်ဖြတ်မှုဖြစ်တယ်။
      ဒါဟာ တရားမျှတမှုကိုတောင်းဆိုနေတဲ
      ငါတို့တော်လှန်ရေးကို သေးသိမ်စေတဲ့လုပ်ရပ်ဖြစ်တယ်
      ဒါဟာ ငါတို့တော်လှန်ရေးကို ဖျက်ဆီးတဲ့လုပ်ရပ်ဖြစ်တယ်။
      ဒါဟာ ယဉ်ကျေးတဲ့ဘယ်လိုလူ့အသိုင်းအဝိုင်းကမှ
      လက်မခံတဲ့ လုပ်ရပ်ဖြစ်တယ်။
      ကျူးလွန်သူအားလုံးကို ထိုက်တန်စွာ စီရင်နိုင်ဖို့
      ဝိုင်းဝန်းကြိုးစားကြပါစို့
    • Nay Win Aung ဒီမိန်းမကြီးက အကောင့်တခုမှာ ကွန်မင့် ဒီလိုရေးထားတယ်ဗျ....သုံးသပ်လေ့လာကြည့်ပါဦး..........
    • Nay Win Aung
      သူရေးထားတာက............ဟေ့ ..အဓိက..ရန်သူကိုအားလုံးစည်းစည်းလုံးလုံးနဲ့ တိုက်ရမဲ့ အချိန်မှာ..ဒို့ အင်အားတွေကိုဖြိုခွဲဘို့ ..ရန်သူကထိုးစစ်ဆငိနေတာကိုသတိထားကြပါ..ကျောင်းသာတပ်မတော်..ကိုအမြင်မှားအောင်..လုပ်နေတာမျိုး ဖြစ်နေကြမယ်..ဒီပြသာနာတွေကိုနေ
ာက်ကျမှရှင်းကြမယ်..အချိန်မဟုတ်သေးဘူး..အခုကြမှဘာလို့ အချိန်ကိုက်လူတွေကိုပြသာနာတွေလာရှင်းခိုင်းနေကြတာလဲ..ခဏနေကြပါအုံး...အခုလက်ရှိပြသာနာတွေကို FOCUS ON ကြပါ..ရန်သူဝမ်းသာအောင်..မလုပ်ကြပါနဲ့ ..သူတို့ လမ်းလွှဲတာကိုလိုက်မသွားကြပါနဲ့ ..
    • Nay Win Aung
      နောက် ကျမှ ရှင်းမယ်ဆိုတော့...စစ်အစိုးရ သတ်တာဖြတ်တာ...ဆန့်ကျင်ကြ...ဒီမိုဘက်တော်သားခြင်း မတရားသတ်..နှိပ်စက်ရင်...နောက်မှရှင်း ဒီလိုလား...တော်တော်တရားကျစရာကောင်းတယ်...အတွေးအခေါ်...ထွီ။ ဒီဖြစ်ရပ်ထဲမှာ မခင်ချိုဦးလို...မနန်းအောင်ထွေးကြည်တို့လို သ
ူခံခဲ့ရရင်ဘယ်လိုနေမလည်း....သူ့လင်..သူ့မောင်...ကိုထွန်းအောင်ကျော်လို ခေါင်းဖြတ် အသတ်ခံရရင် ဘယ်လိုခံစားမလည်း....ဘာကောင်မကြီးလည်းဗျ...ဒီလိုစာနာမှု့မရှိတဲ့ဟာတွေ နိုင်ငံရေးထဲပါလာရင်...အန္တယာယ်များတယ်။
    • Nay Paing Pyae ကျွန်တော်တို့မသိခဲ့တဲ့အတိတ်က မြန်မာတွေကဒီလိုပါလား။စိတ်ပျက်စရာတွေ။ကျရှုံးသူတွေတွက်ရင်နာတယ်
    • စစ် မုန်း သူ
      ကိုမောင်မောင်ဝမ်း ၊ ကိုထိန်လင်း ၊ ကိုအောင်မိုးဝင်း တို့ စာတွေ မပြီးသေးခင်မှာပဲ...လူသတ်ကောင်စာရင်းတွေ..ကျွှန်တော်တို့ရပြီးပါပြီ...ပြည်တွင်းက လူတွေဆီကပဲ စုဆောင်းတာပါ....ဒါကိုလည်း လူငယ်တွေကြားမှာ သိအောင် စာတွေဖြန့်ထားပါတယ်။ ဒီလူတွေ ပြည်တွင်းတော
့ ၀င်လာဘို့မကြိုးစားနဲ့...၀င်လာတာနဲ့..ဆန္ဒပြမယ်။ ဒီစာရင်းတွေ အချိန်မတန်သေးလို့ လူထုမီဒီယာတွေမှာ မထုတ်ပြန်သေးပါဘူး...ကိုထိန်လင်း ကိုအောင်မိုးဝင်း ဆောင်းပါးတွေ...ပြီးမှ ထုတ်ပြန်ပါမယ်.....ပြည်တွင်းမှာတော့ ဒီသတင်းကတော်တော်လေးပြန့်နေပါပြီ...နိုင်ငံရေးလောကသားအကုန်နီးပါးလောက်သိနေတယ်။...ဒီလူသတ်ကောင်တွေဟာလည်း စစ်အစိုးရနည်းတူ ရန်သူတွေပါပဲ...ရှင်းရမှာပါ။ လူသတ်မှု့ထဲမှာပါတဲ့...ကောင်တွေ..ထိုင်းနိုင်ငံမှာ နိုင်ငံတကာငွေတွေလိမ်တောင်းပြီး ကောင်းစားနေတယ်လို့ကြားပါတယ်....ပြည်တွင်းဝင်လာခဲ့ပါ....ကြိုနေပါတယ်။ ခေတ်ကောင်းလည်း ၀င်လာခဲ့ပါ.....ကြိုဆိုပါ့မယ်။
    • Tharchit Zaw ကိုဝမ်းရေ ဘလော.ထဲမှာပါရှယ်ထားလိုက်ပါတယ်၊ကျေးဇူးတင်ပါတယ်
    • Hlaing Bwa ကျေးဇူးပါကိုမောင်မောင်ဝမ်း
    • အသောက အသောက အသောက
      မြန်မာ့လွတ်လပ်ရေးအတွက် ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သောရဲဘော်သုံကျိတ်ဝင်များဟာ..ယိုးဒယားနိုင်ငံမှာ သွေးဖောက်သစ္စာဆိုခဲ့ကြတယ်…ရဲရဲတောက် သူရဲကောင်းများဖြစ်ခဲ့ကြတယ်….ဒီအထဲမှာ ဗိုလ်နေ၀င်း ( ဦးနေ၀င်း ) ပါဝင်ခဲ့တယ်ဆိုတာကိုတော့ မသိပဲ
      မနေလောက်ပါဘူး…..ဦးနေ၀င်း မွှေးလိုက်တဲ့မီးဟာ..ဒီနေ့ထိတောက်လောင်နေဆဲဆိုတာကိုလည်း သိကြမှာပါ….ဒါ့ကြောင့် ကျနော်တို့အားလုံး ဦးနေ၀င်း ရဲ့စနစ်ဆိုးကြီးကိုတော်လှန်ခဲ့ကြတယ်..တော်လှန်နေဆဲလည်းဖြစ်တယ်….ဦးနေ၀င်းကိုတော်လှန်တာဟာ….ရဲဘော်သုံကျိတ်ကိုစော်ကားခြင်းလား….ရဲဘော်သုံးကျိတ်ကို ရှုတ်ချခြင်းလား….ရဲဘော်သုံးကျိတ်ကို အယုံအကြည်မရှိအောင်ဆောင်ကျဉ်းနေခြင်းလား…( ဖြေပါ..ရဲရဲဖြေကြပါ )
    • Moe Moe Htwe If possible, please upload the photos of all who involved in killing innocent students so that the public will know in everywhere every country. Now I hope some of them have changed their name and hiding the history.
    • Pandora Herz ထင်သလောက်ရိုးရှင်းလိမ့်မယ်မထင်ဘူး တခြားလက်နှက်ကိုင်အဖွဲ့အစည်း၊ ဦးခင်ညွန့်ရဲ့ ထောက်လှမ်းရေး၊ အဲဒီအချိန်က အေဘီခေါင်းဆောင်တချို့ .. ပါဝင်ပတ်သက်သူတွေ များပြီး တော်တော်လေးရှုတ်လိမ့်မယ်လို့ မြင်ပါတယ်။
    • Aung Khaing Myint မှားယွင်းဖောက်ပြန်တဲ့ စနစ်ဆိုးကို ဆန့်ကျင်တော်လှန်ဖို့တောခိုခဲ့ကြပြီး အခုလိုအဖြစ်ဆိုးနဲ့ကြုံတွေ့ကာကျဆုံးခဲ့သူများအတွက်ရင်ထုမနာဖြစ်ရပါသည်၊ ပြည်သူတရပ်လုံးမှ အမှုမှန်ကို သိချင်ပါသည်.Please let me share your great article in blog..Thanks..http://8888newgenerations.blogspot.com/2012/01/blog-post_7101.html#links
    • Nge Naing
      တော်တော်လေးတော့ ဇာတ်ရေ လည်လာပြီ။ ကျွန်မလည်း ကိုအောင်မိုးဝင်းတို့ ကိုထိန်လင်းတို့ ရေးတဲ့ပို့စ်တခုခုကို ဖတ်ပြီးတိုင်း အတွေးက အိပ်မက်ထဲအထိ ရောက်တယ်။ မိဘရင်ခွင်ကနေ ငယ်ငယ်ရွယ်ရွယ်နဲ့ ထွက်လာကြပြီး ဒီလို ကူသူကယ်သူ မရှိ ကြောက်မက်ဖွယ် ကောင်းလှတဲ့ ဘေ
းအန္တရယ် ဒုက္ခမျိုးကို ရင်ဆိုင်ခဲ့ရသူတွေ အားလုံးအတွက် ရင်ထဲမှာ ပြောပြစရာ စကားလုံး မရှိအောင်ကို ခံစားရပါတယ်။ နောက်တခုက လူတယောက်လုံးကို တပ်တတပ်လုံးရှေ့မှာ မတရားရက်ရက်စက်စက် သတ်လိုက်တာကို ကျွန်မတို့တပ်ရင်းမှာ ဖြစ်ရင်ဘယ်လိုနေမလဲဆိုတာကို စိတ်ကူးထဲမှာ ပုံဖေါ်ကြည့်မိတာ ဘယ်လိုမှကို ပုံဖေါ်လို့မရဘူး။ ကျွန်မတို့ဆီမှာဆိုရင်တော့ ခိုးသတ်ပြီးမှ ရန်သူလူဖြစ်လို့သတ်လိုက်တယ်ဆိုပြီး ပြောရင်တော့ ပြောမတတ်ဘူး။ ဒီလိုဗြောင်ကြီး တန်းစီနေတဲ့အချိန်မှာ လူမဆန်သတ်လို့ကတော့ တန်းစီနေတဲ့ရဲဘော်ထဲက ဒီလိုမလုပ်ဖို့ ၀ိုင်းဝန်းကန့်ကွက်ကြမှာ သေချာတယ်။ ကန့်ကွက်လို့မရရင် သွေးချင်းကိုရောသွားနိုင်လို့ အဲဒီလိုလုပ်တဲ့ တပ်မှူးလည်း တန်းစီအလေးပြုအခမ်းအနား မပြီးခင်မှာတောင် သူသတ်လိုက်တဲ့ရဲ့ဘော်နောက်ကို ချက်ချင်း လိုက်ရမှာသေချာတယ်။ မြောက်ပိုင်းက ဖြစ်ရပ်တွေ၊ အတွေ့အကြုံတွေကို ဖတ်ပြီး ကျွန်မတို့ဆီမှာ စခန်းကော်မတီဝင်တွေကို ရဲဘော်တွေထက်သာပြီး အခွင့်ထူးခံတယ်ထင်ရင် နှစ်ပတ်တကြိမ် ပြုလုပ်ပေးတဲ့ တပ်တွင်းဝေဖန်ရေး (Free Discussion) မှာ အောက်ခြေရဲဘော်တွေက စခန်းကော်မတီအဖွဲ့ဝင်တွေကို သုံးစားမရအောင် ဝေဖန်ကြတာ၊ မိန်းကလေးတွေကို ရှေ့တန်းပေးမဆင်းလို့ဆိုပြီး ကော်မတီဝင်တွေကို ကျွန်မတို့ အမျိုးမျိုး ကလန်ခဲ့တာကို ပြန်စဉ်းစားမိရင် မြောက်ပိုင်းမှာ သာဆိုရင်တော့ဆိုတာကို တွေးပြီး ကျောချမ်းမိတာလည်းအမှန်ပဲ။ ဒါကြောင့် ကျွန်မတို့ဟာ မြောက်ပိုင်းမှာ တပ်ဖွဲ့ဝင် မဖြစ်ခဲ့တာ တော်လှန်ရေးမှာ တော်တော်ကံကောင်းခဲ့တယ်လို့လည်း မှတ်ချက်ချမိပါတယ်။ မြောက်ပိုင်းမှာ ဒီလောက် ရက်စက်လူမဆန်တဲ့ လုပ်ရပ်ကို လုပ်တဲ့ တပ်မှူးတွေကို ကျန်တဲ့ တပ်ဖွဲ့ဝင်တွေက ဘာမှစောတက မတက်ကြတာဟာ အများစုကြီးက ဒါကို လုပ်ရိုးလုပ်စဉ်လို့ သဘောထားကြလို့လား ဒါမှမဟုတ် ဒီလို ရက်စက် ယုတ်မာတဲ့ လုပ်ရပ်ကို တောက်လျှောက် ရေငုံနှုတ်ပိတ်ပြီး ဘာမှစောတကတက်ဘဲ ဒီခေါင်းဆောင်တွေရဲ့ နောက်ကလိုက်ပါလာတာဟာ ကြောက်လို့လားဆိုတာ ကျွန်မ စဉ်းစားလို့တောင်မရ၊ နားလည်လို့တောင် မရ ဖြစ်မိတာလည်း အမှန်ပဲ။
    • Aung Ko
      ဘာတွေတုန်း ၇ နာရီထိုးရင်လာတဲ့ ကိုရီးယား ဇတ်လမ်းတွဲလို့ ဇတ်လမ်းမျိုး လား မောင် မျိုးမင်း ကိုသာ ဒီဇတ်ညွန်းပေးလိုက်လို့ကတော့ အကယ်ဒမီရမှာ သေချာတယ် အကိုတို့အမတို့ရေ စစ်တပ်အုပ်ချုပ်ခံရတာ အရပ်သားအစိုးရ သောက်သုံးမကျ သောက်တလွဲလုပ် လို့ စစ်တပ်က အာဏာ
      သိမ်း ကြားထဲက မြောက်ပေးရင် ဟိုဟာတက်အောင် ကတဲ့သူတွေ မလကီးယား ...... ရပ်ကွက်ထဲက လူတွေက ဂိုထောင်တွေဖောက်... အကျင့်ပျက် .... နောက်ဆုံးတော့လဲ ဒီမိုကရေစီနဲ့မတန်တဲ့ ဒီနိုင်ငံအတွက် ဒါကဒါပဲ နိုင်ငံခြားလို့ ဒီမိုကရေစီအပြည့်အ၀ ပေး ဥပဒေက ခိုင်မာသွားရင် ရန်ကုန်မြို့လောက်ကျယ်တဲ့ ထောင်နဲ့တောင် ဆန့်မှာမဟုတ်ဘူး အကုန်အဖမ်းခံရလို့ အဲဒီတော့ ဒီမိုကရေစီမပေးပါနဲ့ အုံး ကျွန်တော်စိတ်ဓါတ်တွေ နဲ့ ဒီမိုကရေစီနဲ့ အဆင့်သင်မဖြစ်သေးလို့ပါ
    • Oo Thar အင်း............ကိုအောင်ကို ခင်ဗျားပြောတာ မှန်တယ် .......ခင်ဗျားတို့ လို လူမျိုးအတွက် ဒီမိုကရေစီ ဆိုတာ မထိုက်တန်ဘူး......ဘာလို့လဲဆိုတော့ ခင်ဗျားတို့ လို လူမျိုးတွေက ဝင်ကစွတ်တွေ မို့လို့ပဲ .......
    • Tun Tun Lwin မြောက်ပိုင်းမှာဘဲ ဖြစ်ပီး ဘာလို့ တောင်ပိုင်းမှာမဖြစ်ရတာလဲ..အားနဲတဲ့ နေရာကို ထိုးဖောက်တိုက်ခိုက်ခံရတာများလား
    • Sliv Mmc
      Nay Win Maung သို.... အခုလို လင့်လာပေးလို.ကျေးဇူးတင်ပါ၏ ။ သို.သော် ဒီလိုအမှိုက်မျိုးကို အရေးမစိုက်စေချင်ပါဘူး ။ ဘယ်ရန်သူကို ဘယ်လိုများ ထိုးစစ်ဆင်ဖို.လဲ ။ ဘာအင်အားတွေလဲ ။ ဘာအင်အားမှ မလိုဘူး ။ ပြည်တွင်းမှာ ဒေါ်အောင်ဆန်းစုကြည်တို.ရှိပြီ ။ ပြည်ပက
      နေ ဘာလေ နဲ.တိုက်မှာလဲ ။ ဖြိုခွဲစရာ မလိုအောင်ကို ပြိုကွဲနေတာကြီးကို ။ ပြည်ပကနေ သူတို.ဘဘ ဦးသိန်းစိန်ကို ဘာနဲ.တိုက်နေတာလဲ ။ ဘာများထိရောက်သလဲ ။ မသေပဲ ကျန်ခဲ့တော့ ဖြေရှင်းချိန်မတန်သေးဘူးပေါ့ ။ သေများသေခဲ့ရင် တစ္ဆေဘဝနဲ.တောင် ဖြေရှင်းခိုင်းလို. ကျွတ်မှာ မဟုတ်သေးဘူး ။ ဒါပေမယ့် ကျမသိချင်တာလေးတွေတော့ ရှိပါသေးတယ် ။ သူတို.က မင်းမဲ့စရိုက်လို လုပ်လို.ရအောင် ၊ ခေါင်းဆောင် ကိုတောင် ပြန်ဖမ်းလို.ရအောင် ဘာတွေမို.လို.လဲ ။ ခေါင်းဆောင်က ပြန်ခုခံဖို.လက်နက်မရှိဘူးလား ။ အောက်ကလူတွေကလည်း ငြိမ်နေတာပဲလား ။ ?????
    • Saw Wunna Lin အာဏာရှင်ဆိုတာ..အစိုးရဘက်မှာတင်ရှိတာမဟုတ်ဘူး…အစိုးရကိုတော်လှန်တိုက်ခိုက်နေတဲ့ ဘက်မှာလည်း ရှိတယ်ဆိုတာ..မျိုးဆက်သစ်တွေသိစေခြင်တယ်
    • Zayar Htun ဆက်ေ၇းပြီးအဖြစ်မှန်ဖော်ထုပ်ပေးပြ..
    • Hmone Shwe Yi ko ko maung ဆိုတဲ.သူကဘယ်စခန်းကလဲ-သူကဘာတွေပြောနေတာလဲ-ကြားဖြတ်ရွေးကောက်ပွဲဝင်မဲ.လူတွေနဲ.A B မြောင်ပိုင်းကွီစကတခြားဆိပဲ-နောက်တခုတခြားနယ်မြေတွေကလဲနောက်ဆိုရေးကြမှာဆိုတာဘာကိုရည်ရွယ်တာလဲ-ခင်ဗျားဘယ်သူလဲ
    • အိုးဝေအောင် အိုးဘားမား http://hittai.net/?show=rm&fileid=97&t=home7&id=7 "မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ အပိုင်း(၄) (သို့) နန်းအောင်ထွေးကြည်ရဲ့ အစီရင်ခံစာ”(Aung Moe Win)
      "အာဏာရူးတို့ ၏ လုပ်ရပ်များနှင့်မြောက်ပိုင်းလူသတ်မှု” (သန်းဝင်း)
      ပန်းနဲ့ပေါက်တာလောက်ပဲ ထင်တယ်...သူငယ်ချင်းတို့ရေ (ဆလိုင်းကိုကိုဦး)
    • Phome Maung Aung Ko, Oo Thar ကိုကဓါတ်ပုံလည်းမပါ။ဘယ်သူမှန်းလည်းမသိပဲနဲ့ရေး ချင်ရာလာရေးတဲ့commentကိုမဖတ်ချင်ဘူး၊သူတို့ဘယ်လိုလူလည်းဆိုတာသိတယ်၊သူတို့commentကိုဖျက်လို့ရရင်ဖျက်ပြီးထုတ်လိုက်စေချင်ပါတယ်၊ ဆွမ်းဆန်ထဲစာချီးပါချသလိုမျိုးဖြစ်နေလို့
    • Aye Aye Soe Win ‎[Aung Ko] His comment sounds like a pro-army taw tharr tone you usually see here and there. It does not work here.
    • Aye Aye Soe Win On Myanmar Nationalist group, you often see the kind of comment {Aung Ko } and {Oo Thar} above said on this link..Just watch out...They use pro-army sentiments to grind the truth rather than support it...
    • Zarni Nyunt
      Burma indepence is the most important.If some army officer like him did bad thing to innocent students or people ,write and tell(inform)to President U Thein Sein,Chief Judge U Tun Tun Oo and General Min Aung Hlaing.How about NLD party and D...See More
    • Zarni Nyunt I will play fair between arm force &people of Burma.I dont care Daw Aung Sann Su Kyi because she already betrayed me &she is work for Britich.I will against her.But protect Democracy &people.TY.
    • Hlaing Bwa https://www.facebook.com/photo.php?fbid=246076022130365&set=a.115107691893866.18221.100001839074858&type=1&theater
      ကျွန်တော်တို့ အတွင်းမှအသက်ရှင်ကျန်ရစ်နေသေးသော (၈၈) တောခိုညီအစ်ကိုများအတွက် နှစ်သ...See More
    • Hlaing Bwa https://www.facebook.com/notes/hlaing-bwa/%DB%9E-%E1%82%8F%E1%80%BD%E1%80%85%E1%80%B9%E1%80%9E%E1%80%85%E1%80%B9%E1%80%9C%E1%80%80%E1%80%B9%E1%80%B1%E1%80%86%E1%80%AC%E1%80%84%E1%80%B9-%DB%9E/321509297881844
      အန်တီရွေးကောက်ပွဲဝင်မယ်ပြောတဲ့အချိန်မှာ (မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ)လုပ်စား N...See More
    • Zarni Nyunt I was Representative ABSDF California 1990 sep to 1993 Sep.This ABSDF story was one of the worst story in Burma history.Compare to Naing Aung case,he do not behead Moe Gyo was lucky.
    • Zarni Nyunt Burmese killed burmese must STOP.
    • Tom Soe အဲဒိကာလမှာဖြစ်ပျက်မှု့ တွေကိုသိသိကြီးနဲ့ ခေါင်းရှောင်နေတာလားခေါင်းဆောင်လို့ ခံယူခဲ့တဲ့သူတွေဘာသံမှာထွက်မလာတာမရှင်းနိုင်တာတွေများနေလိုခွေးကျင့်ခွေးကြံနဲ့ဘဝပြောင်းထာတဲ့သူတွေနဲ့ပေါင်းဘို့ လုပ်နေကြတာလား အမှန်တရားကိုဖော်တဲ့သူတွေကဖော်နေကြဘီလုပ်တုံးကလုပ်ခဲ့ကြပီး အလည့်ကြရင်မနွဲ့ ကြနဲ့ပေါ့ အောင်ကျော်ခေါ်မှ မရှက်တတ်ရင်ဗျာမထူးနဲ့ ......
    • Koko Maung မှုံရွှေရည်...မေးတာဖြေမယ်...ငါ့ ပရိုဖိုင်ကိုကြည့် ပါ...ငါဘယ်သူလည်း...2008ခုနှစ်ထိ..လွယ်တိုင်းလျံမှာနေခဲ့ တယ်..ဒီ့ မတိုင်ခင်က..ကရင်ပြည်နယ်ဒေါပလာယာနယ်မြေမှာနေခဲ့ ဘူးတယ်...ဘာထပ်သိချင်သေးလည်း...
    • Zawone Lay
      ရုပ်ရှင်အက်ရှင်ဇတ်လမ်းတွေမှာ များသောအားဖြင့် လူဆိုးတွေက မင်းသားတွေကိုသတ်မယ်ဆိုရင် ပေရှည်ပြီးစကားများနေတာနဲ့ မင်းသားကဇတ်လမ်းဆုံးထိ လွတ်မြောက်သွားရော၊
      မင်းသားတွေကလူဆိုးတွေကို ပြန်ချကြတဲ့အခါကျတော့ သိပ်မစဉ်းစားဘူး၊ မျက်တောင်မခတ် အပြတ်ရှင်းကြတယ်
      ၊ မင်းသားပါမှလည်း ဇတ်လမ်းအဆုံးထိကြည့်ကောင်းမှာဖြစ်လို့ ဒီလိုဇတ်လမ်း၊ ဇတ်ညွှန်းရေးကြတယ်ဆိုပေမဲ့၊ အပြင်လောကမှာလည်း လူကောင်းတွေက လူမိုက်၊လူယုတ်မှန်းသိပြီဆိုရင် ဘယ်မျက်နှာမှမထောက်ပဲ စောစောစီးစီး ပြတ်ပြတ်သားသား အရေးယူသင့်တယ်ဆိုတာ ဒီလိုအဖြစ်အပျက်တွေက အကောင်းဆုံးသင်ခန်းစာရပါတယ်
    • Kyitha Maung ဘယ်ဘက်ကအဖြစ်မှန်မှ စိတ်သက်သာရာ မရပါလားဗျား((
    • Zinme Ko လူသူတိုင်း စိတ်ရောကိုယ်ပါငြိမ်းအေးနိုင်ပါစေ...ဒါပဲ တတ်နိုင်တယ်

No comments:

Post a Comment