မည်သူမဆို အာဏာရစ်မူးလာပြီဆိုလျှင် အာဏာရှင်ဖြစ်တာပဲ။ နွားခြေရာခွက်ကို သမုဒရာလို့ထင်ပြီး ရှိတဲ့ အာဏာအဆုပ်အပဲ့ကလေးကို အဟုတ်မှတ်ပြီး အာဏာရှုးတွေက အာဏာနဲ့ လက်နက်ကိုင်တပ်ကို အလွဲသုံးစားလုပ် အာဏာရစ်မူး လာပြီဆိုလျှင် ကိုယ့်ရဲဘော်ရဲဘက်ချင်းပါ ဖေါက်ပြန်တော့တာပဲ။ ညှင်းပန်းနှိပ်စက်တယ်။ သတ်တယ်။ ရဲဘော်ရဲဘက်ပေါ် သစ္စာဖေါက်တယ်။ မူဝါဒအမှားတွေ စည်းရုံးရေးလမ်းစဉ်အမှားတွေ လုပ်ဟန်အမှားတွေကို အုပ်စုဖွဲ ဂိုဏ်ဖွဲ့ပြီး အမှားတွေကို အမှန်ဖြစ်အောင် ဖုံးကွယ်ဖို့ ကြိုးစားတော့တာပဲ။ လူထုထဲ မျက်နှာပွင့်ချင်ရင် လူထုအကြိုးပြုလုပ်ငန်း လုပ်ရတယ် ဆိုတာထက် အာဏာရူးတို့ လုပ်ဟန် အလွယ်လမ်း ဖြတ်လမ်းနည်းကို သုံးလာကြတာပေါ့။ တံလျှက်ကို ရေထင် လူထုရဲ့ အကဲဖြတ်ချက် သဘောထားကို လစ်လျူရှု ပိုးဖလံမျိုးတို့ အာဏာရစ်မူး မီးကိုတိုးကြလေ သတည်းပေါ့။
ဒီမိုကရေစီသဘောသဘာဝ အများစုအနည်းစု သဘော သဏန် မဟုတ်ပဲ နိုင်ငံရေး ဂိုဏ်ထောင် အုပ်စုဖွဲ့ အနိုင်ကျင့်ဖို့ စုဖွဲ့မှုလို့ ဆိုကြရတော့မယ်။ တိုင်းပြည်အတွက် အထူးသတိထားစရာ ကြောက်စရာပါပဲ။
No comments:
Post a Comment