Sunday, February 17, 2013

ကျွန်တော် သိသော ထွန်းအောင်ကျော်


by Kyaw Gyi AB on Tuesday, April 24, 2012 at 1:13pm
၈၈ အရေးတော်ပုံမှာ စက်မှုလက်မှုသိပ္ပံကျောင်းသားများသမဂ္ဂ(မန္တလေး)ကို ဦးဆောင်ပြီး စွမ်းစွမ်းတမံ ကိုယ်ကျိုးမဖက် ဆောင်ရွက်ခဲ့သူ၊ သပိတ်တပ်ပေါင်းစု (မန္တလေး) မှာ ပါဝင်လှုပ်ရှားခဲ့သူ၊



သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဘက်များအပေါ်မှာ အမြဲတမ်းကူညီအားပေးတတ်သူ၊



အချိန်တွေကြာပေမယ့်လည်း မင်းရှိနေသေးတယ်။ မင်းကို တို့အားလုံးက ဂုဏ်ယူပါတယ် . . .



အာဏာသိမ်းချိန်မှာတော့ အစောဆုံးအဖြိုခံရတဲ့ သပိတ်စခန်းဖြစ်တဲ့ အသံလွှင့်ရုံလုပ်ခဲ့တဲ့ မင်းတို့ (GTI) အုပ်စုကြီးထဲက



မင်းနဲ့ငါတို့တွေ မန္တလေးထောင်ထဲမှာ ဆုံကြတော့ ......မင်းကကြိုးတိုက်(၃) ငါကကြိုးတိုက်(၁)



အထက်ဗမာပြည် ကျောင်းသားသမဂ္ဂက ကိုအောင်မြင့်ထွန်းက ကြိုးတိုက်(၆)၊



တို့တတွေဟာ မနက်တိုင်း မနက်တိုင်း မျက်နှာသစ်ချိန်မှာ တစ်ခန်းနဲ့တစ်ခန်း မင်းပြောခဲ့တဲ့ သူငယ်ချင်း နေကောင်းရဲ့လား စိတ်ဓာတ်မကျနဲ့ တို့တွေအားလုံး ဒီမိုကရေစီအတွက် အားတွေမွေးထားစမ်းပါလို့ မကြာမကြာ မင်းပြောခဲ့တဲ့အသံတွေ တို့တွေကြားယောင်ဆဲပါ သူငယ်ချင်းရာ . . .



သူငယ်ချင်း မင်းမသေဘူး ထွန်းအောင်ကျော်ဆိုတာ ရှိနေသေးတယ်၊



အမြဲတမ်း မင်းရှင်သန်နေသေးတယ် ၊ မင်းအတွက် တို့ဆုတောင်းပေးပါတယ်



၊ မြင့်မြတ်သောဘုံဘ၀မှာ အနားယူနိုင်ပါစေ . . .



သူငယ်ချင်း (ကိုထွန်းအောင်ကျော်)နဲ့ ကိုဇော်မင်း(ရှေ့နေ)တို့ မန္တလေးနန်းတွင်းအကျဉ်းထောင်တွင်း စပ်ဆိုခဲ့တဲ့ သီချင်း (၁၉၈၈-ခုနှစ်) လေးကို သတိရနေတယ်။



မန်းထောင် ××× အုတ်တံတိုင်းချာချာလည် ××× နန်းတွင်းရဲ့ရာဟုထောင့် ×××



ထိန်းသိမ်းပါတယ်ကွယ် ××× ဒို့များတွေကိုကွယ် ××× ခဏလောက်ဆိုကာ ××× တစ်လလောက်ထိရက်တွေကြာလာတယ် ××× မိဘတွေကိုလဲ၊



ဒို့လည်းလွမ်းရတယ် ××× ရက်စက်လှတဲ့ ××× စစ်မင်းအစိုးရရယ်။



တို့တတွေ အိပ်ယာထနဲ့ ညနေချိန်လေးတွေမှာ သံပြိုင်ဆိုခဲ့ကြတာ မမေ့ပါသူငယ်ချင်း . . .






အတူနေအခန်းကွဲသူငယ်ချင်း



လင်းပြာ



( UBSOS )


· · Share

  • 13 shares
    • Nicky Shein
      အဲ့ဒီလိုလူက ဘယ်ပယောဂနဲ့ ထောက်လှမ်းရေးဖြစ်သွားတာလဲ? မှတ်ထားကြဟေ့ ဒီလို အာဏာရှင်ကိုတိုက်ခဲ့ဘူးသူတွေထဲက၊ ထောက်လှမ်းရေးဖြစ်ခဲ့ဘူးတာ ရာဇဝင်မှာမရှိဘူး၊ ၁၉၂၀၊ ၁၉၆၂၊ ၁၉၇၄၊ ၁၉၇၅၊ ၁၉၇၆၊ ၁၉၈၈၊ ၁၉၉၆၊ ၂၀၀၇၊ ထပ်ပြောလိုက်အုံးမယ်၊ ဒီရာဇဝင်ထဲက ကျောင်းသားဖြစ်ခဲ့ဘူးသူတွေအလုပ် ထောက်လှန်းရေးတွေမလုပ်တတ်ကြဘူးဟ၊ စွပ်စွဲကြတဲ့ န လပိန်းတုံးတွေ မသေခင် သိအောင်ပြောပြလိုက်မယ်၊ ကျောင်းသားစိတ်ဓါတ်နဲ့ အာဏာရှင်ကိုအပြတ်တိုက်ကြသူချင်း စိတ်ချင်းသိကြတယ်၊ မင်းတို့စွပ်စွဲကြတာ ဘာကြောင့်ဆိုတာလဲလူတိုင်းသိတယ်၊ ကိုယ့်အလှည့်ကျမှ သွေးရူးသွေးတမ် နေတဲ့ကောင်တွေ မင်းတို့ဘာကြောင့်လုပ်ကြံကြတာကိုလဲသိတယ်၊ ၈၈ မှာ မင်းတို့လိုကောင်တွေပါခဲ့တာ သမိုင်း နာလှသကွာ၊
    • Chan Nyein Moe ကျောင်းသားစိတ်ဓတ်နဲ့  အာဏာရှင်ကို အပြတ်တိုက်ကြသူချင်း စိတ်ခြင်းသိကြတယ် ၊ ကောင်းလိုက်တဲ့  စာကြောင်း ၊ ထိတယ်ဗျာ ။
      April 26 at 5:00am via mobile · · 1
    • Seinnge Lay ခင်ဗျား ဒီမှာရှိနေမှ ဖြစ်မယ် ဆိုပြီး ချန်ခဲ့ပေမဲ့ ထာဝရ အတူပါ
    • May Lei Phyu အကိုတို.တင်တဲ.စာတွေဖတ်ရတာရင်နာစရာပဲ ကျေးဇူးလဲတင်ပါတယ် မသိခဲ.တာတွေသိရလို. နောက်လူတွေသိနိုင်အောင်လဲ ပြောပြပါမယ်
    • Kyaw Winswe မနက်ဖန်-တနင်ဂနွေမနက်၉-၁၀ ကိုface bookဖွင်ွ့မယ်-မိတ်ဆွေ-သူငယ်ချင်းများကိုတွေ့ ချင်ပါတယ်။
    • Kyaw Winswe ကျနော်ဖေ့စ်ဘုတ်ဖွင့်တိုင်းတယောက်မှမ၇ှိကြဘူးနော်။
    • Kyaw Winswe ပြောကြပါ
    • Kyaw Winswe ဘာမှမပြောကြပါလား
    • အိုးဝေအောင် အိုးဘားမား ကျနော်စောင့်နေပါတယ် ကိုဖိုးကျော် ရဲ့ အခန်းဆက် ဖြစ်ရပ်မှန် စာတွေကို ..(oway88@gmail.com)သို့ ပို့ပေးပါ။
    • Kyaw Winswe မစိမ့်စမ်း- ဦးစိန်သမီးကျနော်ကိုဆက်သွယ်ပါ-်face bookမှာတွေ့ ထားပေမယ်ကျနော်ဖွင့်ချိန်မှာမဆုံပါ။ phoek88@gmail.com ပါ။

No comments:

Post a Comment