Sunday, February 17, 2013

ဘာမှ မဟုတ်သော "ငါ". . .


ငါဟာ စာရေးဆရာတယောက် မဟုတ်ဘူး

ဒါပေမဲ့ စာကြောင်းတွေ ရေးခြစ်နေမိတယ်။



ငါဟာ ကဗျာဆရာတယောက် မဟုတ်ဘူး

ဒါပေမဲ့ ကာယံတွေသီကုံးနေမိတယ်။



ငါဟာ တေးရေးဆရာတယောက် မဟုတ်ဘူး

ဒါပေမဲ့ သံစဉ်တွေရေးစပ်နေမိတယ်။



ငါဟာ ဂီတပညာရှင်တယောက် မဟုတ်ဘူး

ဒါပေမဲ့ ဂစ်တာကိုင် တီးခတ်နေမိတယ်။



ငါ့မှာ ခေါင်းဆောင်ကောင်းတို့ အရည်အသွေးမရှိဘူး

ဒါပေမဲ့ နောက်လိုက်ကောင်းတဦး ပီသခဲ့တယ်။



ငါ့မှာ အသင်းအဖွဲ့အင်အားမရှိဘူး

ဒါပေမဲ့ တကောင်တည်း ကိုယ်ကခြင်္သေ့ဖြစ်တယ်။



ငါ့မှာ တတ်သိ ပညာရပ်မရှိဘူး

ဒါပေမဲ့ ဘဝပေးအသိ ပညာတရပ်တော့ရှိတယ်။



ငါ့မှာ ဘာမှ မပြည့်စုံဘူး

ဒါပေမဲ့ ရင်ဆိုင်ကျော်လွှားရဲတဲ့ သတ္တိတော့ရှိတယ်။



ငါက ဘာမှမသိ မတတ်ဘူး

ဒါပေမဲ့ အမှန်တရားကိုတော့သိတယ်။



ငါ့မှာ ဂုဏ်မရှိဘူး

ဒါပေမဲ့ သစ္စာတရား တော့ရှိတယ်။



ငါ့မှာ ငွေမရှိဘူး

ဒါပေမဲ့ ကတိတည်ကြည်မှု့ရှိတယ်။



ငါ့ဖခင် ကပြောခဲ့တယ် …



အခက်အခဲကို ကျော်လွှားတတ်ရမယ်။

အမှန်တရားကို ရင်ဆိုင်ရဲရမယ်။

သစ္စာတရားကို တန်ဘိုးထားရမယ်။

ပေးပြီးတဲ့ ကတိကို တည်ကြည်ရမယ်။



ဒါ့ကြောင့် …..



ညီအကို မောင်နှမတို့..ငါတို့ အချင်းချင်း စစ်မခင်းဘဲ

ပေးထားခဲ့တဲ့ ကတိအတွက် သစ္စာတရားကို

ရင်ဝယ်ထားလို့ အမှန်တရားကို အတူကျော်လွှား ရင်ဆိုင်ကြပါဆို့ ….။



နန်းအောင်ထွေးကြည်။

၁၈ . ၀၅ . ၂၀၁၂
· · Share

  • 7 shares
    • Kyawnaing Oo ဘာ မှမရှိတဲ့ အမမှာ သူလ်ု ရင်ငါ ဖြည့် မယ်ဆို တဲ့တချိန် တုန်း ကနေ ဒီနေ့ထိ ရဲဘက်တွေ ရှိသေးတယ်
      May 17 at 8:02am · · 2
    • Nang Aung Htwe Kyi ကျေးဇူးပါကြောင်
    • အိုးဝေအောင် အိုးဘားမား ခေါင်းသုံးလုံးနဲ့ဆင်မှာ နှာမောင်း၃ချောင်းရှိတယ်။ အစွယ်၃စုံရှိတယ်။ နားရွက်၃စုံရှိတယ်။ မျက်လုံး၆လုံးရှိတယ်။အားပေးလျှက်ပါ မငယ်။
      May 18 at 5:12am · · 1
    • Maungmaung Skw
      မင်းဟာ အမျိုးကောင်းသမီးပါ။
      မင်းဟာ သတ္တိရှင်ပါ။
      မင်းဟာ သူရဲကောင်းပါ။
      မင်းဟာ ကျောင်းသားစစ်စစ်ပါ။
      မင်းဟာ တော်လှန်ရေးသမားအစစ်ပါ။
      မင်းဟာ အားလုံးကို ကိုယ်စားပြုပါတယ်။
      မင်းဟာ အရာရာကို ကိုယ်စားပြုတယ်။
      မင်းဟာ မြန်မာပြည်အတွက် အရာရာကို
      စွန့်ခဲ့သလို-
      မင်းဟာ မြန်မာပြည်ပါဘဲ။
      May 18 at 5:45am via mobile · · 6
    • Kyaw Gyi AB ဘာမှမဟုတ်သော.....ငါ တဲ့ တူနေပြန်ပြီ
    • Nang Aung Htwe Kyi တကယ်လဲ ဘာမှကိုမဟုတ်တာလေ .. ကိုညီကျော်ရေ..
    • Nang Aung Htwe Kyi ကိုမောင်မောင်ရေ အားပေးဖြေသိမ့်မှု့အတွက်ကျေးဇူးပါ.. မအမာနီ နဲ့လဲအဆက်အသွယ်ပြန်ရပြီ။
      May 18 at 9:32am · · 2
    • Thet Mon Han ဘာမှ မဟုတ်တဲ့ အဲဒီ အမက ညီမတို့အတွက် သမိုင်း အမှန်တွေကို သိစေခဲ့သူ..... အရမ်း လေးစားရတဲ့ အမပါ
      May 18 at 10:04am · · 1
    • Nang Aung Htwe Kyi ညီမရေ.. ကိုအောင်မိုးဝင်း ရဲ့ ရဲရဲဝင့်ဝင့်နဲ့ အမတို့ရဲ့အမှန်တရားအတွက် စာနာထောက်ထားမှု့တွေနဲ့ကြောင့် ကိုထိန်လင်း တို့နဲ့ ဒီတိမ်မြုပ်နေတဲ့ သမိုင်းကြောင်းကို ပြန်လည်ဖော်ဆောင် နိုင်ခဲ့ကြတာပါ။အမှန်တရားကို သိမြင် စာနာစိတ်ရှိတဲ့ ပြည်ပရောက်ABSDF ကျောင်းသားဟောင်း အချို့နဲ့ပြည်တွင်း ပြည်ပ မှာရှိတဲ့ ရဟန်းရှင်လူ မိဘပြည်သူ အားလုံးကို ခံစားခဲ့ရတဲ့ အယောက် ၁၀၀ ကိုယ်စား ကျေးဇူးတင် ရပါတယ်။
      May 18 at 11:30am · · 8
    • Min Min Aung အင်မတန်ကောင်းတဲ့ ကဗျာလေးပါ...အမှန်တရားအတွက် တိုက်ပွဲ အမြဲလန်းနိုင်ပါစေ
      May 18 at 6:25pm · · 1
    • Moe Lay ကောင်းတယ်ညီမငယ်။ အားပေးလျှက်ပါ။
    • Ks Lwin အမရဲ့  နှလုံးရည်ကို အရမ်းလေးစားပါတယ်။
    • Ah Yan ကြိုက်ပြီးသားဗျ
    • Harry Lwin ငါ့မှာ အသင်းအဖွဲ့အင်အားမရှိဘူး
      ဒါပေမဲ့ တကောင်တည်း ကိုယ်ကခြင်္သေ့ဖြစ်တယ်။

      အမှန်ဆုံးပါပဲ ...
    • Ah Mar Ni မင်းဟာတကယ့် ခြင်သေ့စစ်ပါ

No comments:

Post a Comment