Tuesday, February 19, 2013

ABSDF ကို ကာကွယ်ကြ ..လို့ ပြောနေတဲ့ သူတွေကို စိမ်ခေါ်ချင်တယ်

by အိုးဝေအောင် အိုးဘားမား on Wednesday, March 28, 2012 at 4:25pm

”ABSDF ကို ကာကွယ်ကြ ..လို့ ပြောနေတဲ့ သူတွေကို စိမ်ခေါ်ချင်တယ် ”
(ကိုထွန်းအောင်ကျော်-မကဒတ ပထမဆုံး ဥက္ကဌဟောင်း)
မိတ်ဆွေတချို့က အင်္ဂလိပ်လို ရေးတာကို ဗမာလိုပါ ရေးပါလို့ တိုက်တွန်းလို့ ဗမာလို ပြန်ရေးပေးလိုက်ပါတယ်၊
နန်းအောင်ထွေးကြည်ရေးတာ https://www.facebook.com/nang.kyi အလွန်ထိရောက်ပါတယ်၊
ကျွန်တော်ယုံကြည်တာက အမှန်တရားဟာ အနှေးနဲ့ အမြန် တနေ့နေ့မှာ ပေါ်လာမှာဘဲ၊
နန်းအောင်ထွေးကြည်ရဲ့ ရဲရဲတောက်စိတ်ဓါတ်ကို အလေးပြုလိုက်ပါတယ်၊
တဆက်တည်းမှာဘဲ
ABSDF ကို ကာကွယ်ကြ ..လို့ ပြောနေတဲ့သူတွေကို စိမ်ခေါ်ချင်တာက၊ သူတို့ဟာ တကယ်ဘဲ ABSDF ကို ကာကွယ်ချင်တာလား၊

သူတို့ဆရာ နိုင်အောင်ကို ကာကွယ်ချင်တာလား..ဆိုတာဘဲ ဖြစ်ပါတယ်။
ဒီလိုရက်ရက်စက်စက် သတ်ဖြတ်မှုတွေအတွက် ဘယ်လိုအကြောင်းပြချက်ကမှ ဖုံးကွယ်ခြေဖျက် လို့ မရနိုင်ပါဘူး။
ဥပမာ- နအဖ က တွင်တွင်သုံးနေတဲ့" ပြည်သူ"ဆိုတဲ့စကားဟာ ဘာကို ရည်ညွှန်း သလဲဆိုရင်
သူတို့ ခေါင်းဆောင်တွေကို ရည်ညွှန်းနေတာဘဲဖြစ်တယ်၊
စစ်အာဏာရှင်လက်ထက်မှာ " ပြည်သူ" "တိုင်းပြည်"ဆို တဲ့ စကားတွေဟာ ပကတိတိုင်းပြည်နဲ့ပြည်သူတွေကို ပြောနေတာ မဟုတ်ဘူး။
ပြည်သူ့လုံခြုံရေးအတွက် ထိမ်းသိမ်းထားရပါတယ်ဆိုရင်၊ အဖြစ်မှန်က စစ်ခေါင်းဆောင်ကြီးများ
လုံခြုံရေး အတွက်လို့ မှတ်ယူရမှာဖြစ်ပါတယ်၊
ဒီလိုဘဲ တိုင်းပြည်လုံခြုံရေးအတွက်ဆိုရင်လဲ သူတို့လုံခြုံရေးကိုဘဲ ဆိုလိုတာ ဖြစ်တယ်။
ဒါကြောင့် အခုမြောက်ပိုင်းကိစ္စမှာလဲ ABSDF ဂုဏ်သိက္ခာကို ထိခိုက်မှာစိုးလို့ ဒီကိစ္စကို
မလုပ်သင့်ပါ ဘူး..လို့ပြောနေတဲ့သူတွေဟာ တကယ့်ABSDF ဂုဏ်ကို ကာကွယ်ချင်တာလား ။သူတို့နဲ့ကျေးဇူးခံ ကျေးဇူးစားရှိတဲ့ နိုင်အောင်ကို ကာချင်တာလား ။ မေးရတော့မှာဖြစ်တယ်။

ထွန်းအောင်ကျော်
ABSDF ဥက္ကဌဟောင်း

· · · Share

  • 23 shares

    • Sai Win Kyaw Htun Aung Gyaw, Naing Aung, Ronald Aung Naing, Moe Thee they all left ABSDF, and never support ABSDF, so we don't need to protect them, even they used to be leaders of ABSDF, they ignore ABSDF now.
      March 28 at 5:42pm · · 5

    • Sai Win Kyaw they just used grassroots ABSDF for their steps, when they can't chair ABSDF, they left! that's all they did for ABSDF
      March 28 at 5:49pm · · 1

    • ဘရာဇီး ငှက်ရိုး သို့ပေမဲ့လဲ... ဥက္ကဌဟောင်းတွေထဲမှာ မြောက်ပိုင်းသတ်ဖြတ်မှုတွေ အတွက် ဘယ်သူက ဘာလုပ်ပေးနေသလဲ သိရတာပေါ့ အကိုရာ...
      March 28 at 6:01pm · · 3

    • မိုး စဲ
      ဘုရားကြီးရှေ့က ဟောင်နေတဲ့ခွေးတွေလိုပေါ့ ဘေးလူတွေက တခုခု ပြောလိုက်လို့ရှီရင် ဘုရားကြီးကို ပြောတာ ဘုရားကြီးကို ထိခိုက်မှာ မပြောနဲ့ ဆိုသလိုပေါ့ ဘုရားကြီးနဲ့ ကိုင်ပေါက်တာပေါ့..ခုလဲ ဒီလိုပါပဲ တကယ်ပဲ ကာကွယ်ချင်တယ်ဆို လူသတ်မှုကြီးကို ကျူးလွန်သူတွေ
      နဲ့ အေဘီနဲ့ကို ခွဲခြားပြီး မြင်ရင်ရှင်းပြီးသားပါ.. နိုင်ငံတော်ကို ကာကွယ်ကြ ပြည်သူကို မထိနဲ့ အမျိုးသားရေး တာဝန် ပြည်ထောင်စုကို မဖြိုခွဲနဲ့ တပ်မတော်ကို သွေးမခွဲနဲ့ ဆိုတာတွေကို တွင်တွင်သုံးပြီး တကယ့်ပြည်သူတွေကို ဖိနှီပ်ချိန်းခြောက် အုပ်ချုပ်ခဲ့တာ ဘယ်သူတွေလဲ ဆိုတာ စဉ်းစားတတ်သူတိုင်း သိနိုင်ပါတယ်..ခုချိန်ဟာ ဘယ်သူတွေ မှားတယ်မှန်တယ် ငြင်းနေရမဲ့အချိန်ကျော်သွားပါပြီ မတရားလုပ်ခဲ့သူတွေ ၀န်ခံရမဲ့ ၀န်ခံသင့်တဲ့အချိန်ရောက်နေပါပြီ ၀န်မခံရင်လဲနေနိုင်ပါတယ် ကာကွယ်လိုသူတွေလဲ ကာကွယ်နိုင်ပါတယ် သမိုင်းကတော့ညာလို့ မရဘူးဆိုတာတော့ မှတ်ထားကြ။
      March 28 at 7:07pm · · 7

    • Sai Win Kyaw ဘုန်းကြီးကျောင်းခွေးတွေလိုပေါ့ ။ ကိုက်စရာရှား အချင်းချင်းကိုက်
      March 28 at 7:22pm · · 1

    • Sai Win Kyaw send them to ICC
      March 28 at 7:23pm · · 1

    • Yamoun Nar http://www.naytthit.net/?p=25912

      www.naytthit.net
      မြောက်ပိုင်းသတ်ဖြတ်မှုအပေါ် ကိုနိုင်အောင် အဖွဲ့မှာသာ တာဝန်ရှိကြောင်း အချက်အလက်များ
      March 28 at 7:47pm · · 2

    • မိုး စဲ စိုင်းဝင်းကျော်ရေ..အချင်းချင်းမဟုတ်ဘူး..ခွေးနဲ့ လူနဲ့ဖြစ်တာ..
      March 28 at 8:08pm · · 3

    • မိုး စဲ သခင်အပေါ်မှာ သစ္စာရှိတဲ့ခွေးနဲ့ လူ့တန်ဘိုး သိသူတွေကြားဖြစ်တာ
      March 28 at 8:15pm · · 2

    • Sai Win Kyaw ခေါင်းဆောင်တွေ ခေါင်းရှောင်ကြပြီ
      March 28 at 8:28pm · · 1

    • Sai Win Kyaw ဌေးနိုင်သတ်တာဘယ်သူဖြစ်မလဲ။ သူ့ ဘာသာသူ မြေကျင်းထဲ သေတာလား
      March 28 at 8:31pm · · 1

    • Sai Win Kyaw ဥက္ကဌနေရာမရလို့  အဖွဲ့ အတွင်းမှထွက်ပြေးသွားကြသောခေါင်းရှောင်ကြီးများ သင်တို့ သမိုင်းသင်တို့ ရေးကြကုန်
      March 28 at 8:36pm · · 1

    • ဘရာဇီး ငှက်ရိုး ကိုစိုင်းဝင်းကျော်... ခဏလေး စောင့်ကြည့်ပေးစေချင် ပါသေးတယ်... ကိုယ်ဖော်တဲ့ ဆေး ကိုယ်စားကြရမှာပါ... ကျနော်တောင် ဝမ်းနှုတ်ဆေး ဖော်မိလို့ အီအီးပန်းနေပြီ... တချို့လူတွေက အဆိပ်ဖော်မိနေတာ... မတတ်နိုင်ဘူး စားရတော့မှာပဲ... ကိုဌေးနိုင်က မြောက်ပိုင်းအဆက် အမှုတွဲ အဖြစ် ကျနော့် ဇယားထဲမှာ ရှိနေတာ ယုံထားပေးပါ အကို...
      March 28 at 9:40pm · · 7

    • Aung Myo Naing အမှန်တရားအတွက် ခွပ်ဒေါင်းသွေးနဲ့ ရဲခဲ့တဲ့ သူရဲကောင်းများရဲ့ အရိုးတွန်သံတွေ

    • Ko Baloi
      ကျနော့်အမြင်က ဟောဒီလို ဘက်မလိုက်ပဲ ရိုးရိုးလေးပဲ မြင်ပါတယ်။ AB အမှန်တကယ်ချစ်ပြီး AB လက်နက်ကိုအဖွဲ့အစည်း သမိုင်းဂုဏ်ရောင် ထွန်းပြောင်ဖို့ အသက်ပေးလှူဒါန်းသွားတာက အောက်ခြေရဲဘော်တွေနဲ့ တပ်မတော်သားအပါအဝင် တပ်ရင်းမှူးအချို့နဲ့ ဗဟိုကော်မီတီဝင်အချို့
      တွေပါ။ ကျန်ခေါင်းဆောင်တွေက အုပ်စုဖွဲ့၊ အချင်းချင်း နိုင်ငံရေးအရ အပြန်အလှန် ထိုးနှက်တိုက်ပြီး...ခေါင်းဆောင်ရှူး- ရှူးနေကြတဲ့ ခေါင်းဆောင်ရှူးတွေပါ။ ခေါင်းဆောင်ပိုင်းရာထူးမရှိတော့တဲ့အခါ...AB ကို စွန့်ခွါသွား ပြီး...နိုင်င်ငံခြားကို ကိုယ်လွတ်ရုန်းထွက်သွားကြပြီး တစင်ထောင်ကာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကိုဗန်းပြပြီး လုပ်စားနေကြတဲ့လူတချို့ရှိသလို...အခြားအမည်နာမ်မတွေကိုအသုံးပြုပြီး ကိုယ်ကျိုးရှာနေကြတဲ့သူတွေ လည်းရှိပါတယ်။ ရိုးရိုးသားသား ပြည်ပမှာ နိုင်ငံရေးလုပ်နေသူတွေက ခပ်ရှားရှားလို့ပြောလို့ရပါတယ်။ အဲဒီခေါင်းဆောင်တွေရဲ့ အချင်းချင်း အပြန်အလှန် နိုင်ငံရေးအရ အုပ်စုဖွဲ့ပြီး အပြန်အလှန်ထိုးနှက် တိုက်ခိုက် မတွှေုကြောင့် မ- ပ ကိစ္စနဲ့ အခြားတပ်ရင်းတွေမှာမလိုလားအပ်တဲ့ ပြဿတွေဖြစ်ပေါ်လာရတာပါ။ ဒါကြောင့်- AB ရဲ့သမိုင်း တစိတ်တဒေသ ရုပ်ဆိုးအကျဉ်းတန်သွားတယ်လို့ ပြောလို့ရပါတယ်။ အာဏာရှင်စနစ်ဆိုးကို တွန်းလှန်ဖို့ နယ်စပ်ဒေသကိုထွက်လာပြီးကာမှ...နယ်စပ်ဒေသမှာ ပါးကွက်သားဆန်ဆန် အုပ်ချုပ်မှုစနစ်နဲ့ လာတိုးတော့ လေပါတယ်။ မည်သူကိုမှ ရည်ညွန်းပြီးရေးသားခြင်းမဟုတ်ပါ။ (((တိုက်ဆိုင်သူများအတွက်သာ ရည်ရွယ်ခြင်းဖြစ်သည်))) ကိုဗလိုင် ၁၀၁- ၁၀၂ တပ်ရင်း ဘုရားသုံးဆူဒေသ။
      March 29 at 6:44am · · 9

    • Min Tharr
      လူပုဂိုလ်ကိုးကွယ်ပြီး အဖွဲ.အစည်းကို ဘန်းပြပြီး အေဘီကို မထိနဲ.ဘာနဲ. ပြောနေကြတာ သနားဖို.တောင်ကေါင်းတယ်။ မကဒတကို သူတို.ပဲ ချစ်နေသယေါင်ယေါင်။ သူတို.ပဲအနစ်နာခံပြီး တိုက်ပွဲဝင်ခဲ့သယေါင်ယေါင်နဲ. ပြောနေတဲ့သူတွေကို ကြည့်လိုက်ရင် နိုင်အောင်မြှောက်စ
ားပေးခဲ့တဲ့ သူတွေနဲ. နိုင်အောင်နဲ. အလုပ်လုပ်နေတဲ့သူတွေပဲ တွေ.နေရတယ်။ ဒီလို အကျင့်ပျက် သူများသားမယားတောင် မရှောင် မျက်နှာပြောင်တိုက် ခိုးရဲတဲ့သူမျိုးကို ကိုးကွယ်နေကြတာ ဘယ်လိုများ ပေးကမ်းပြီး ဘာတွေများ လုပ်ပေးနေလို.လဲ မသိ။ ဒီမြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ လူသတ်မှုဟာ မကဒတသမိုင်းကို ဘယ်လောက်အမဲစက်စွန်းထင်ခဲ့လဲဆိုတာ သိရဲ.သားနဲ. ဒီအမဲစက်ကို ရှင်းလင်းဖို. မကြိုးစားပဲ နိုင်အောင် ဂုဏောအနန္တော ရွတ်ပြီး နိုင်အောင်သရဏံ ဂစ္ဆာမိ လုပ်နေကြတာ မကဒတကို ကာကွယ်နေတာလား။
      March 29 at 9:15am · · 4

    • Hlamin Kyaw
      ခင်ဗျာတို့ ကို ပူပေါင်းဆောင်ရွက်ပါလို ပြောနေတာ အလကားပြောနေတာ မဟုတ်ဘူး နိုင်အောင် လုပ်တာသိ နေပြီးဘဲ တရားစွဲ ဖို့  လုပ်ပေါ့ အေဘီ နံမည်ကို ထဲ မသုံး သင့်တော့ဘူး နိုင်အောင် လည်း အေဘီ မပါတ် သက်တော့ဘူုးကာတော့ ခင်ဗျာ တို့  စိတ်နာ လာပြီး စောက်လုပ် ...See More

    • ဘရာဇီး ငှက်ရိုး ကိုလှမင်းကျော်... အခုလောလောဆယ် ပျက်စီးရာ ပျက်စီးကြောင်း ရေးနေတာလေး ဖတ်ထားပါဦး...
      http://www.naytthit.net/?p=25841
      http://www.naytthit.net/?p=25892
      http://www.naytthit.net/?p=26016


      www.naytthit.net
      မြောက်ပိုင်းကျောင်းသားတပ်မတော်ရဲ့ နက်ရှိုင်းတဲ့တောတောင်တွေကြားမှာ မြှုပ်နှံခဲ့ရတဲ
့ တော်လှန်ရေးနဲ့ ယုံကြည်ချက် အတွက် ကျဆုံးသေဆုံးသွားကြသော ရဲဘော်ရဲမေများအား ဦးညွတ်အလေးပြုလျက် …
      March 30 at 6:51pm · · 2 ·

    • အိုးဝေအောင် အိုးဘားမား ခင်=ခင်ညွန့်။
      ရွှေ=သန်းရွှေ။
      လှိုင်=မင်းအောင်လှိုင် ...တို့၏ စစ်အာဏာရှင်ဝါဒ ကျဆုံးစေရမည်။
      March 31 at 2:54am · · 2

    • Htaynaing Htun ရှစ်လေးလုံးနောက်ပိုင်း ABSDF တော်လှန်ရေးသမိုင်းတလျှောက်လုံးမှာ ဘယ် ခေါင်းဆောင်တဦးတယောက်ကမှ ကောင်းခဲ့တယ်ဆိုတာ မရှိခဲ့ဖူးပါဘူး။ အားလုံးဟာ တူတူနဲ့ နူနူချည်းပါပဲ....သေချာတာတခုကတော့ ABSDF ကျောင်း သားတပ်မတော်ကို ပထမဦးဆုံး သစ္စာဖောက်သွားခဲ့တာ ထွန်းအောင်ကျော်နဲ့  ရခိုင်သန်းဝင်းတို့ ပဲဖြစ်ပြီး.....ABSDF ကိုဖျက်ဆီးပြစ်လိုက်တာက မိုးသီးဇွန် နဲ့  သူများသားမယားကိုကြာကူလီရိုက်ခဲ့တဲ ဒေါက်တာနိုင်အောင်တို့ ပဲဖြစ်ပါတယ်။

    • Hlamin Kyaw အင်း ဒါလည်း ဖြစ်နိုင်တာဘဲ

    • Hlamin Kyaw
      ပြန်စဉ်းစာုးကည့်မိတယ် ဒီခေါင်းဆောင် လုပ်သွားတဲ့ (သုံး ) ယောက်ဟာ တကယ်တော့ တနှာ လောဘသားတွေဘဲ ထွန်းအောင်ကျော် ကိုကည့် စောစော စီစီ နေရာမရလို နိုင်ငံခြား ကို ထွက်သွား လိုက်တယ် အဲဒီတုန်းက ပလော့ဂျက် ခွင်းတွေ ရိုတ်စားခွင်းတွေ ပြီးတော့ မိုးသီး
      ဇွန် တိုက်ခိုက်ရေး ကောင်းတဲ့ တပ်တွေ တော်တော် များများကို ဖျက်ဆီး လိုက်တယ် ပြီးတော့ သူရဲ့ ကဘိုက်ဆောင် တပ်ကိုလည်း မွေးထားလိုက်သေးတယ် ဒီုကားထဲ ကွန်မြူနစ် ရှူးကလည်း ရှူးနေသေးတယ် အဖြူရောင် ရဲဘော်တွေကို နီေုကာင်ေုကာင် ဆွဲချင်တဲ့လူ နိုင်အောင် ပိုဆိုးသေတယ် သူကို မြောက်ပိုင်းမှာရှိတဲ့ ရဲဘော်တွေ အားလုံး ထောက်ခံတယ် ဆိုတာ ပြချင်တဲ့ကောင် အေဘီ ကို နှစ်ခြမ်းဖြစ်အောင် လုပ်တဲ့ တရားခံတွေ နောက်ဆုံး NDD ဆိုတဲ့ နံမည်နဲ့  ရှိတဲ့ ရဲဘော် တွေကော် ထောက်ပံ့ ရေးတွေကော် အကုန် ကျူံးယူသွားတယ် ရေ၀င်သောက်ခဲ့တဲ့ ထွန်အောင်းကျော် ကွန်မြူနစ် ရှူး မိုးသီးဇွန် နေရာသမား နိုင်အောင် ဒီလူသုံးယောက် ဘာကောင်းခဲ့သလဲ ဘာတာဝန်ေုကး ခဲ့သလဲ တော်လှန်ရေးလောကကို မရောက်လာသင့်တဲ့ သူတွေပါ

No comments:

Post a Comment