by Nang Aung Htwe Kyi on Wednesday, March 28, 2012 at 5:02am ·
ဟာသရသတပုဒ်ဖတ်လိုက်ရသလို အော်ဟစ်ပြီးရီလိုက်ရမှာလား ၊ ဒေါသဘဲထွက် လိုက်ရမှာလား ၊ ဒါမှမဟုတ် ကျေးဇူးရှင် ကြီးရှင့် ဆိုပြီးထိုင်ကန်တော့လိုက်ရမှာလား .. တပြိုင်နက် ခံစားမှု့ပေးနိုင်တဲ့ ဖြေရျင်းချက်ပါဘဲ ။
တော်ပါပေတယ် ဒေါက်တာနိုင်အောင်ရယ် ၊ ဘယ်အချက်ကနေ စပြီးပြောရရင်ကောင်းမလဲ ။ နှစ်ပေါင်း ၂၀ ဆိုတော့ပြောစရာ တွေ မေးစရာတွေများလှပေါ့ ။ " ဖမ်းဆီးစစ်ဆေးခံရမှု့များ၌ လူသားဆန်မှု့ ကင်းမဲ့စေသည့်လူ့အခွင့်အရေး ချိုးဖေါက်မှု့များရှိမရှိ " ဆို တဲ့အချက်ကို စပြီး မေးခြင်ပါတယ် ။
(၁) ၁၉၉၂ ခုနှစ် ဖေဖေါ်ဝါရီ ၁၂ ပြည်ထောင်စုနေ့မှာ ကျောင်းသား ၁၅ ဦးကို ရက်စက်စွာခေါင်းဖြတ်သတ်တယ် ။ မခင်ချိုဦးကို မသတ် ခင်အဝတ်အစားချွတ်ပြစ်ပြီးမှ သတ်တာဖြစ်တယ် ။
(၂) အသတ်မခံရဘဲ ကျန်ရှိနေတဲ့ ကျောင်းသား တွေမှာ နည်းမျိုးစုံနဲ့ နှိပ်စက်ခံထားရတဲ့ ဒဏ်ရာဒဏ်ချက်တွေ ၊ ကျမ ကိုယ်တိုင် လက်ကို ဒါးနဲ့ လှီးတဲ့ဒဏ်ရာ ၊ နှစ် ၂၀ ဆိုပေမဲ့ကျန် ရှိ နေပါသေးတယ် ။
( အဖမ်းမခံရတဲ့ မျက်မြင်သက်သေ တွေနဲ့ အဲ့ဒီ ၂ ချက် လေးနဲ့တင် လူ့အခွင့်အရေး ချိုးဖေါက် မှု့ အထမြောက်မမြောက် ) အကုန်ရေးပြနေရင် ပြီးနိုင်မှာမဟုတ်လို့ပါ ။
လွန်ခဲ့တဲ့ ၂၀ နှစ်က ABSDF-NB တာဝန်ရှိခေါင်းဆောင်ပိုင်းမှ ကျောင်းသား ၈၀၀ မှာထောက်လှမ်းရေး ၈၀ ဖမ်း ခဲ့ပြီး ၁၅ ဦး ကိုသတ်ခဲ့တယ်လို့ ယိုးဒယားသတင်းထောက် ယင်ဒီး ကို ပြောခဲ့ပါတယ် ။ ထိုအချိန်က ကျောင်းသားအင်အား ၄၀၀ ပတ်ဝန်းကျင်သာရှိခဲ့ တယ် ။
သိသလောက် ပြောရရင် စုစုပေါင်း ရက်ရက်စက်စက် ခုတ်သတ်တာ ၁၈ ဦး ။
လူမဆန်တဲ့ ညှင်းပမ်း နှိပ်စက်မှု့ဒဏ်တွေနဲ့ ကျဆုံးခဲ့တာ ၁၄ ဦး ။
မျိုးဝင်းသဘောနဲ့ ထောင်က လွှတ်ပေးလိုက်တာ ၂ ဦး ။
စစ်ကြောရေး ကာလမှာ ထွက်ပြေးလွတ်မြောက် သွားတာ စုစုပေါင်း ၄ ဦး ။
မိဘတွေ တောထဲလာပြီး ငိုပြီး တောင်းပန်ကြလို့ လွတ်ခဲ့တာ ၇ ဦး ။
ထောင်ဖောက် ထွက်ပြေး လွတ်မြောက် ခဲ့တာ ၅၅ ဦး ၊ နှိပ်စက်ခံရတဲ့ ဒဏ်ရာတွေကြောင့် လမ်းမှာ ၁ ဦး သေခဲ့တယ် ။
ဆိုတော့စုစုပေါင်း ဖမ်းတာ ၁၀၀ ဦး ရှိတယ် ။
( လိုအပ်တဲ့ စာရင်းရှိရင် message မှာထားခဲ့ပါ ၊ ဒီစာရင်းဟာ ဒီအမှု့ တခုထဲရဲ့ စာရင်း ပါ ၊ မြတ်ကိုကို တို့ လွှမ်းမိုးတို့မပါသေးပါ ။ )
ကမ္ဘာ ကိုပထမ ဆုံး တင်ပြခဲ့တဲ့ Nation သတင်းစာမှာ ၁၅ ဦး ဘဲ သေဆုံးစာရင်း ပါတော့ ကျန်တဲ့ စစ်မှန်တဲ့ ကျောင်းသားသ မိုင်း ရိုက်ချိုး အသတ်ခံခဲ့ရတဲ့ ၁၈ ဦး က စာရင်းပျောက် အင်းပျောက် အလုပ်ခံ လိုက်ရပါလား ။ ဆိုတော့ ဒီလို လိမ်ညာပြီး လိုတိုး ပိုလျှော့ မမှန်ကန်တဲ့ သေဆုံးစာရင်း တွေ ဖမ်းဆီးတဲ့ စာရင်းလိမ် တွေကိုကော ဘယ်လိုကုလားဖန်ထိုး ဆင်ခြေပေးကြမလဲ ။ မြောက်ပိုင်း ကိစ္စသတ် ဖြတ်မှုတွေကို ထောက်ခံတာဝန် ယူ လက်မှတ်ထိုး ခဲ့တဲ့ ABSDF ဥက္ကဌ ဟောင်း မို့လို့မေးလိုက်တာပါ ။
ကိုနိုင်အောင်ရဲ့ ရှင်းလင်းချက်မှာ " ဦးစိုင်းထွန်း၏ မေတ္တာရပ်ခံချက်အရ ၄င်း၏တူမဖြစ်သူ နန်းအောင်ထွေးကြည်ကို ပြန်လွှတ် ပေးခဲ့ပြီး ၄င်းနှင့်အတူ တပါတည်းထည့်ပေးလိုက်ရန် မြောက်ပိုင်းဗဟိုနှင့် ညှိနှိုင်းခဲ့ပါသည် " ဆိုတဲ့အချက်မှာ ..
ကိုနိုင်အောင်ရေ .. အသားလွတ်ကြီး မျက်နှာပြောင်တိုက်ပြီး လူစွမ်းကောင်း လုပ်လိုက်ပြန်ပြီလားနော် ။ အံ့ပါရဲ့ ။ ကျေးဇူး
တင်ပါတယ်ရှင့် ဆိုပြီးထိုင် ကန်တော့တာ ခံခြင်တယ်ထင်တယ် ။ ဟုတ်လား ။ ကျမအမေက ရော်နယ်အောင်နိုင် ရှေ့မှာ ဒူးထောက်ထိုင်
ချပြီး တောင်းပန်ခဲ့ လိုက်ရတယ် ။ အားလုံး သိအောင် ပြောပြမယ်နော် ။
(၁) ၁၂ . ၂ . ၁၉၉၂ မှာ ၁၅ ဦး ကို ရက်စက်စွာ ခေါင်း ဖြတ်သတ်တယ် ။
(၂) ၁၃ . ၂ . ၁၉၉၂ မှာ NATION သတင်းထောက် ယင်ဒီး နဲ့ ကျမအပါအဝင် ၅ ဦး ကိုတွေ့ခိုင်းတယ် ။
(၃) ၁၉ . ၂ . ၁၉၉၂ မှာ မျိုးဝင်း ကမိဘတွေဆီ စာရေးခိုင်းလို့ ကိုမောင်မောင်မှတဆင့် ကျမတို့ (ရ) ဦး စာရေး ခဲ့ကြရတယ် ။
(၄) ၁၉ . ၃ . ၁၉၉၂ မှာ မိဘ (ရ) ဦးအဖွဲ့ရောက် လာတယ် ။
(၅) ၂၀ . ၃ . ၁၉၉၂ မှာ အမေ နဲ့တွေ့ခွင့် ရခဲ့တယ် ။ ဒါပေမဲ့ မိဘနဲ့ပြန်ထည့်ပေးမဲ့ ဂတိဖျက်တယ် ။ ကျမအမေက
ရော်နယ် အောင်နိုင်ကို ဒူးထောက်တောင်းပန် ၊ အမေတွေအားလုံးလဲ ပြောဆို တောင်းပန် ကြတော့မှ ....
(၆) ၂၄ . ၃. ၁၉၉၂ မှာ ကျမတို့ (ရ) ဦး ABSDF-NB ငရဲထောင် မှ လွတ်မြောက် ခဲ့တာ ဖြစ်ပါတယ် ။
ကျမတို့ (ရ)ဦး ထောင်ကလွတ် တဲ့အချိန် မှာ ABSDF-NB ထောင်တွင်းမှာ ကျောင်းသား (၅၅) ဦးကတော့ သံခြေကွင်းတွေနဲ့ သံကွင်း စွတ်မင်းသားများအဖြစ်နဲ့ ဆက်လက့် အကျဉ်းကျခံနေရစဲပါ ။
ကိုနိုင်အောင် နဲ့ပီထွန်းနဲ့ ABSDF-NB ကိုရောက်တာ ၁၉၉၂ ခုနှစ် ဧပြီလ ၁၉ ရက်နေ့ ဆိုတော့ အသလွတ် နာမည်ကောင်း လက်မှတ် အတင်းဝင်ယူ နေပုံက ရီစရာကောင်း နေရောနော် ။ကျမတို့ရဲ့ မိဘတွေ ကိုသနားပါဦးလေ ကိုနိုင်အောင်ရေ ။
မတရားသဖြင့် ခံထားခဲ့ရတာ နှစ် ၂၀ ကျော်ရှိခဲ့ပါပြီ ။ ကိုယ်ချင်းစာနာစိတ်လေးများ ရှိပေးပါ ။
ပီထွန်းနဲ.ကျမနဲ.တွေ.တဲ့အချိန်မှာ ကျမထောင်ကလွတ်ပြီး ကျောင်းသား ရဲမေပြန်ဖြစ်နေပြီ ။ ကျမမှတ်မိတာပေါ့။ ကိုနိုင်အောင်က ကျမကို မေးမြန်းတယ်ဆိုတာ ဘာများမေးမြန်းလိုက်လို.လဲ၊ မြင်သာမြင်လိုက်တာပါ ။ ကျမစကားတစ်လုံးတောင် မပြောလိုက်ပါဘူး။ ပီထွန်းနဲ.သာ ရှမ်းဘာသာစကားနဲ. ပြောသင့်ပြောထိုက်တာ ပြောပြီး ကျမအဆောင်ကို ပြန်သွားခဲ့တာပါ။ အော် ပီ ဆိုတာ ရှမ်းလိုခေါ်လိုက်တာ ဗမာလို ဘာသာပြန်ရင် အကိုလို.ခေါ်ပါတယ်။ ကိုနိုင်အောင်တို. နားလည်အောင်လို.ပါ။
“ မှန်သည်ဖြစ်စေ။ မှားသည်ဖြစ်စေ၊ အမှန်တကယ် သူလျှိုဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ “ ကျမတို.အားလုံးရဲ. ဒေါသတွေကို ကိုနိုင်အောင်လိုက်ထိုးဆွနေတာလား။ အယေါက် ၁၀၀ ဟာ ကျောင်းသားတွေပါဆိုတာကို လက်မခံပဲ မျက်စေ့မှိတ်၊ နားပိတ်ပြီး ဇွတ်ပြောနေကြတုန်းလား။
မတရားနှိပ်စက်ကြတာ၊ မခံမရပ်နိုင်အောင် နှိပ်စက်ကြတာ။ ကိုနိုင်အောင်ကို ကျမခံခဲ့ ရသလို Electric Shock ၂ လုံး မပေးဘူးလေ ။တစ်လုံးပဲပေးမယ်။ ဘယ်လိုလဲ ကိုနိုင်အောင် (၇) လမဟုတ်ဘူး ။ တစ်ညပဲ။
ကျမလိုချင်တဲ့ အဖြေကို ရအောင်တောင်းပြမယ်။ ကိုနိုင်အောင် ကျမတို. အယေါက် ၁၀၀ ခံစားခဲ့ရသလို ခံစားခဲ့ဘူးလား။ စဉ်းစားကြည့်ပါ ။
ကျမတို့ကို နှိပ်စက်ပုံက သူတို့လိုချင်တဲ့ အဖြေရရင်ရ မရရင်ကြွ ။ အဖြူရောင်ပြပြီး ဟေ့ကေါင်ဖြေစမ်း ဒါအမဲလို.၊ အမဲလို. မပြောမချင်း ကျမတို့ကို shock ရိုက် နှိပ်စက်၊ အမဲလို. မဖြေလဲရတယ်။ မဖြေနဲ.။ သေလိုက်။ အတည်ပြောနေတာ။ သဘောပေါက်တယ်နော် ။
အမဲပါလို. မပြောပဲ သေသွားတဲ့သူတွေရှိတယ်။ မဲလိုက်ဖြူလိုက် ပြောပြီးသေသွားတဲ့သူတွေရှိတယ်။
စစ်ချက်တွေနဲ့ ရိုက်ထားတဲ့ ဗွီဒီယို အခွေ ဖြန်.ချီလိုက်ပါ ကိုနိုင်အောင်။ မြောက်ပိုင်းအနှစ်နှစ်ဆယ် အထိမ်းအမှတ်မှာ ပြောခဲ့ပြီပဲ၊ စစ်ချက်နဲ. ဗွီဒီယို ချပြပါလို့ ။ ကျမတို. အယေါက် ၁၀၀ ဆီက ယူထားတဲ့ တစ်ယေါက်ကို တစ်ယေါက် နင်ထောက်လှမ်းရေး။ သူလဲထောက်လှမ်းရေးဆိုပြီး စွဲဆိုထားခဲ့ရတဲ့ စစ်ချက်တွေ။
စကားပြောစက်က သူ.ဆီမှာ၊ အဆိပ်က ဟိုလူ.ဆီမှာ ဆိုတဲ့ စစ်ချက်တွေ၊ ဗွီဒိယိုတွေ ကိုနိုင်အောင်တို. ဖျက်ဆီးဖျောက်ဖျက်လိုက်ပြီလား၊ မဖျက်ဆီးပြစ် သေးဘူးဆိုရင် တတိုင်းပြည်လုံးသိအောင်ပါ။
အဖြူကို အမဲဖြစ်အောင်။ အမဲပါလို. မပြောပြောအောင် နှိပ်စက်ညှင်းပန်းပြီး ရထားတဲ့ ထွက်ချက်တွေကို ခိုင်လုံတဲ့အထေါက်အထားတွေပါဆို၇င် အခုချက်ချင်းချပြပါ။
တချို.စစ်ချက်ဆိုရင် စစ်ချက်အပေါ်မှာ သွေးတွေနဲ.နော် ကိုနိုင်အောင်၊ သွေးစက်တွေ ပေနေတဲ့ စစ်ချက်ကို ချပြလိုက်ပါ။ တောင်ပိုင်းမှာ ဒီစစ်ချက်တွေနဲ. ဗွီဒီယိုအခွေ မရှိဘူး မပြောပါနဲ.။ယုံကြည်ဖို့ ခက်တယ် ။
ကျမတို.အယောက် ၁၀၀ လုံး တစ်ယေါက်ကို တစ်ယေါက် ကျနော်/ကျမတို.ရဲ. ထောက်လှမ်းရေး ကွင်းဆက်တွေဟာ သူတို.ပါ …. ဟုတ်ပါတယ် ….. သူလဲပါပါတယ် …. သူကတော့ဖြင့် ဗိုလ်ကြီးပါ။ ဗိုလ်မှူးပါ။ ဒုဗိုလ်ပါလို. ဖြေထားခဲ့ရတဲ့ အယေါက် ၁၀၀ ရဲ. စစ်ချက်တွေ၊
ကျမရဲ.ထွက်ချက်ဖြစ်တဲ့ ရေလှိုင်းစစ်ဆင်ရေးတို. ငါးနှစ်စီမံကိန်းတို. ချပြလိုက်ပါ၊ ကျမရဲ. NIB ဒုဗိုလ် ကိုယ်ပိုင်နံပါတ်တို. ဘာတို. အကုန်အစင် တစ်ခုမကျန် ချပြပါ၊
အစဦးဆုံး အဖမ်းခံရတဲ့ စိုးမင်းအောင်ရဲ. ထွက်ချက်။ သူကနေ စတာ။ သူ.ထွက်ချက် မရှိဘူး မငြင်းနဲ. မဖျောက်ဖျက်ပစ်လိုက်ပါနဲ. ။
အခုထက်ထိလဲ ထောက်လှမ်းရေး ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေတဲ့ ဟုတ်လား။ တော်ပါတော့ ဘာတစ်ခုမှ ဖြစ်သည် ဖြစ်စေမဟုတ်ဘူး။
ကျမနဲ.တကွ အယေါက်၁၀၀ ကျန်ခဲ့တဲ့သူတွေနဲ. အသတ်ခံခဲ့ရတဲ့ သူတွေရောဟာ လုံးဝစစ်မှန်တဲ့ ကျောင်းသားစစ်စစ်တွေဆိုတာ ပြောခဲ့ပြီးပါပြီ ။ ကိုမင်းကိုနိုင် ကိုကိုကြီး ကိုမြအေးတို့ ပြတ်သားစွာရပ်တည်ပေးခဲ့ပြီ ။
ကိုနိုင်အောင်နဲ. ကိုရော်နယ်အောင်နိုင် မှန်မှန်ပြောကြတော့။ ရှင်တို.ဖက်က ရရှိထားတဲ့ ခိုင်လုံတဲ့ အထောက်အထားတွေဆိုတာတွေနဲ့ ကျမတို့ ကျန်ရှိနေသူများနဲ့ ဖြေရှင်းပါတော့ ။
ကိုနိုင်အောင်နဲ့ ရော်နယ်အောင်နိုင်တို့ကို မေးပါရစေ။
(က) ကျမတို.ကို မတရားဖမ်းဆီး စွပ်စွဲပြီး မခံမရပ်နိုင်လောက်တဲ့ လူမဆန်တဲ့ နှိပ်စက်မှုတွေနဲ. ညှင်းပန်းပြီး ဘာလို့ အတင်းဝန်ခံခိုင်းရတာလဲ။
(ခ) ဘာလို. မင်းတို.ကွင်းဆက်တွေ ဖေါ်စမ်းဆိုပြီး လိုင်းတင်တဲ့ မေးခွန်းတွေ၊ နာမည်တွေကို ဖေါ်ပြောပြီး မေးရတာလဲ။
(ဂ) ကိုနိုင်အောင် (DNA) အနေနဲ. ဘာမှတိတိကျကျ မသိပဲ ဘာလို.ဒီလူသတ်မှုကို တာဝန်ယူတယ်ဆိုတဲ့ စာကိုလက်မှတ်ထိုးပြီး ထုတ်ပြန်ကြေငြာရတာလဲ။
(ဃ) ဒီလောက်အများကြီး မဟုတ်တာတွေပါ ပါတယ်ဆိုတော့ ဒါတွေကို သိနေရဲ.သားနဲ. ဘာလို. အဖြစ်မှန် အမှုမှန်ကိုဖုံးကွယ်ထားပြီး ခေါင်းရှောင်နေတာလဲ။
(င) မဟုတ်တာပါနေတယ်လို. သိရင်ကိုနိုင်အောင်ကိုယ်တိုင်ရော ဘာဖြစ်လို. ကိုသိန်းထွန်းတို.ကို နှိပ်စက်သွားရတာလဲ။
မေးခွန်းတွေ အများကြီးရှိနေသေးတယ်။ ရှင်းနေတာတွေကို ရှုပ်အောင်လုပ်ဖို. မကြိုးစားနဲ.တော့။ အချိန်ဆွဲဖို.လဲ မကြိုးစားနဲ.တော့။
ကျမရဲ.နာမည်ကျော် ထွက်ချက်လဲ တင်ပြအုံး။ ရေလှိုင်းစစ်ဆင်ရေးဆိုတာလေ။ အဲဒါဘယ်လိုရသလဲ ဆိုတာသိချင်ရင် ပြောပြမယ်။ ကျမကို လက်ဝါးကပ်တိုင်မှာကားစင်တင် ကြိုးတုပ်ပြီး နှိပ်စက်တော့ ဒီစစ်ချက်ကို ကျမသံချောင်းကို ၀တ္ထုတိုတစ်ပုဒ် ရေးပေးလိုက်တာ၊ ၅ နှစ် စီမံကိန်းဆိုတာ သိချင်ရင်တော့ လက်ရှိ ABSDF ဥက္ကဌ သံခဲမိန်းမ ခင်ရွှေလှိုင် အသိဆုံးပဲ။
အဲဒါသူလုပ်ခဲ့တဲ့ ဇတ်လမ်း၊ ကျမက သူ.ကိုအကာအကွယ်ပေးပြီး အသားအနာခံ ကာကွယ်ပေးခဲ့ပြီး ရခဲ့တဲ့ဇတ်လမ်း၊ ဟုတ်ပြီလား။
ကိုနိုင်အောင်ကို ကျမက မိုးသီးဇွန်ထက် အင်အား တောင့်ချင်လို. မြောက်ပိုင်းအဖွဲ. ရှင့်လက်အောက်ရောက်လာအောင် မြောက်ပိုင်းနဲ. မြောက်ပိုင်းလူသတ်မှုကြိးကို တာဝန်ယူလိုက်တာလို. ကျမကတော့ သုံးသပ်လိုက်တယ်။ အာဏာတွေ ပါဝါတွေ ရူးကြတယ်လား။
ကိုယ့်အာဏာအတွက် ကိုယ့်ကျောင်းသားအချင်းချင်း သတ်တာကို လက်မှတ်ထိုးတယ်တဲ့လား။
တော်ပြီ ဆက်ရေးနေလို. အရှည်ကြီး အများကြီးဖြစ်တော့မယ်။
အချိန်မဆွဲဖို့ ကျမက မြောက်ပိုင်းအယေါက် ၁၀၀ ကိုယ်စား လေးစားစွာနဲ.တောင်းဆိုပါတယ်။
ကျမတို. အယေါက် ၁၀၀ ရဲ. ထွက်ချက်တွေ။ စစ်ချက်တွေ၊ ဗွီဒီယိုကို တပြိုင်ထဲနဲ. ပြည့်ပြည့်စုံစုံ တင်ပြ၊ ပေးပို.ပေးပါ။ ဖြည့်စွက်တာတွေ၊ ဖျောက်ဖျက်တာတွေ လုံးဝမလုပ်ပါနဲ.၊ မရှိတော့ဘူး တချို.ပဲ ရှိပါတော့တယ်ဆိုပြီး ကွင်းဆက်ပြတ်အောင် မလုပ်စေခြင်ပါ ။
"ကိုနိုင်အောင် အနေဖြင့် ABSDF-NB အတွင်း ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့၌ ရက်စက်စွာ ခေါင်းဖြတ်သတ်ဖို့ အ
မိန့် ပေးခဲ့သည်ဖြစ်စေ ၊ မပေးသည် ဖြစ်စေ ။ သေဆုံးခဲ့သူများနှင့် နစ်နာခဲ့ရသူများ စစ်မှန်သော သမိုင်း ချေမွှဖျက်ဆီးခြင်း ခံစားရသူများ
အတွက် ကိုယ်ချင်းစာမှု တကယ်ရှိသည်ဖြစ်စေ ၊ မရှိသည် ဖြစ်စေ ။ ကိုယ်ချင်းစာမှု အခြေခံဖြင့် လေးနက်စွာတောင်းပန်အပ်ပါသည် ဆိုသော
အချက်နှင့် မိမိဆောင် ရွက်ပေးနိုင်သည်များကိုလည်း ဆောင်ရွက်ပေးသွားပါမည် ဟူသောအချက်ကို ကြိုဆိုပါသည် ဟုပြောကြားရင်း ...
လေးစားစွာဖြင့်
နန်းအောင်ထွေးကြည်
ABSDF-NB ရဲမေဟောင်း

- 105 shares
- May Myo တော်တော်လည်း မျက်နှာပြောင်တိုက် သွေးရူး သွေးတန်းလျှောက်ရေး နိုင်ခဲ့ တဲ
့နိုင်အောင်ပဲ။ အစ်မ နန်းအောင်ထွေးကြည် အခုလို ထင်သာမြင်သာရေးပြလိုက်တာဟာ ကျဆုံး အသက်စွန့် သွားတဲ့ သူတွေ ကို တစုံ တရာ ကူညီရာရောက်ပါတယ် အစ်မ။ အမှန်တရား ကိုဘယ်သော အခါမှ ဖုံးကွယ်လို့ မရ နိုင်ဘူး ဆိုတာ နိုင်အောင်ရော အောင်နိုင် ရော သိလိမ့် မယ်လို့ ထင်ပါတယ်။ လူ မှန်ရင် သိမှာပါ။March 28 at 5:19am · · 18 - Aung Ko Ko ဒီဇာတ်လမ်းကိုစကတည်းကဖတ်နေပ
ါတယ်။အခုမနန်းရဲ့ စာကိုဖတ်ကြည့်ပြီးတော့ နက်နက်နဲနဲစဉ်းစားမိပြီး လူမဆန်တဲ့ခွေးကောင်တွေကို ဒေါသထွက်ရပါတယ်၊ ဆို့ နင့်ကြေကွဲရပါတယ်။ March 28 at 5:24am · · 8 - မိုး စဲအော်..ရေလှိုင်းစစ်ဆင်ရေးက မငယ် ဆွဲတာကိုး..မြောက်ပိုင်းရဲ့
စစ်ချက်တွေ ကို အဖမ်းမခံရခင် ဖတ်ခဲ့ရတဲ့ တောင်ပိုင်းက ကိုနေ၀င်းအောင်လဲ ဘာစစ်ဆင်ရေးလဲ အမည်ပေးဖို့ လွယ်သွားပါလေတယ် ကိုယ်ပိုင်နံပါတ်တွေ ဌါနချုပ်တွေ ဆိုက်ဖာတွေ သက်သေတွေ အတိအကျရှိတယ်ဆိုရင်ေ ဖ်ါလိုက်ပါဦးလို့ နိုင်အောင်ကို ထပ်ပြောချင်ပါတယ် ဖေါ်လိုက်ပါ.ဘေးကကြည့်နေတဲ့ တို့ခေါင်းဆောင်ကြီးတွေက ဒါမျိုး မလုပ်ပါဘူး ဆိုတဲ့ လူတွေ နဲ့ အများပြည်သူတွေကို သိစေချင်လို့ပါ..အဲ့ဒီအချိန်ကို မကြောက်ပါနဲ့ တကယ့် တရားမျှတမှု ရှိတဲ့ အချိန် တချိန် မြန်မာပြည်မှာ ရှိလာခဲ့ရင် ကြိုးစင်ကိုကြိုက်သလား ဒါမှမဟုတ် ခေတ်မှီမှီ လျှပ်စစ်ထိုင်ခုံကြိုက်လား. .ဒါမှမဟုတ် မျက်လုံးတလုံးခြင်း လက်တဖက်ခြင်းကြိုက်လား စဉ်းစားထားကြပါ.. March 28 at 6:32am · · 15 - Kyaw Hlaing Oo အစ်မရေ အမှန်တရားက မကြာခင် ပေါ်လာတော့မှာပါ။ အခုမှပိုပြီး ဇာတ်လမ်းက ပိုပြည့်စုံလာပါတယ်။ ဒါနဲ့ KIA ဗိုလ်ချုပ်ဇော်မိုင်တို့နဲ့
အစ်မ ဘယ်လိုတွေ့ဖြစ်တာလဲ။ သူတို့က အစ်မကို စစ်သေးတယ်လို့ ကျွန်တော် ဖတ်ဖူးလို့ပါ။ March 28 at 6:55am · · 4 - Nang Saw မမငယ် ပီထွန်း ကို မမငယ် ဦး လေး တဲ့။သူသိလည်းမသိ ဘဲ နဲ့ အသက် ကွာ တာနဲ့ မှန်းပြိးရွှီးတာ။March 28 at 7:16am · · 8
- Sein Soe တခြားတခြားသော အသက်ရှင်နေသေးသူများလည်း အခုလိုမျိုးထပ်ရေး ကြပါအုန်း။ ပိုပြီးပြည့်စုံသွားအောင်လု
ိ့ March 28 at 7:41am · · 1 - Htein Lin အားလုံးသိအောင်ချမပြဘဲနဲ့ သူ့တို့ မှာအထောက်အထားစာရွက်စာတန်းေ
တွရှိတယ်ချည်းပြောနေတယ်။ကျွ န်တော်တို့ မျာလည်း အထောက်အထားတွေ အများအပြားရှိပါတယ်။တခုပဲကွာခြားတာက သူတို့အထောက်အထားဆိုတာက စာရွက်စာတန်းပေါ်က ရေးသားချက်တွေဖြစ်ပြီး ကျွန်တော်တို့ အထောက်အထားတွေကတော့ ကျွန်တော်တို့ ကိုယ်ပေါ်က အရေပြားတွေပေါ်မှာပါပဲ။ကိုနိုင်အောင်ကြည့်ချင်ရင် ပြဘို့အသင့်ပါပဲ။ March 28 at 8:01am · · 43 - Nang Aung Htwe Kyi ကျန်ရှိနေသေးတဲ့ ဒို့တတွေ အားလုံး ရဲ့ ဒဏ်ရာဒဏ်ချက်တွေဟာ လူ့အခွင့်အရေး ချိုးဖောက်မူ့ခံစားခဲ့ရတဲ့ သားကောင်များ အဖြစ်သက်သေခံတွေပေါ့ကွာMarch 28 at 8:07am · · 18
- Kyaw Mgmgsoe အပြစ်ရှိသူသည် အပြစ်ဒဏ်မခံစားရသ၍ အပြစ်မှကင်းလွတ်ခြင်းကိုမရန
ှိုင် March 28 at 8:34am · · 3 - Aung San Myint သူတို့ကောင်းစွာအိပ်ပျော်နိ
ုင်မည်
ဒီနေ့ထိမထင်ပါ။March 28 at 9:10am · · 4 - Yamoun Nar မြောက်ပိုင်း ဗွီဒီယိုအခွေဟာ ဒီဗွီဒီမှာ လုပ်သွားတဲ့ အန်တီပြုံး (ဦးခင်းမောင်ကြွယ် ဇနီး) ဘန်ကောက်မှာ ရှိစဉ် သူတို့အိမ် သွားလည်တုန်း အဲဒီအခွေ ရှိတယ် ကြည့်မလားတဲ့ စိတ်အချဉ်ပေါက်နေတာနဲ့ပဲ မကြည့်ချင်ဘူးလို့ ပြောလိုက်တယ်March 28 at 9:30am · · 2
- Aye Aye Soe Win အန်တီပြုံး Daw Pyone is a wicked woman who supports DNA and his acts all in the past..She still does..She has no conscience..Don't mention her name..pleaseMarch 28 at 9:48am · · 3
- Maungmaung Skwနိုင်အောင်ဟာ ဒီလိုမတော်တရော်
ကချွတ်ကချော် အရေမရ အဖတ်မရ စါ
ကိုရေးဖို့အတွက် အချိန် သုံးလလောက်
ယူခဲ့ရပါတယ်။မအားမလပ်တဲ့သူကအဲ့ဒီ
ထဲမှာစာထုတ်ပြန်ပြီးတဲ့နောက် ဒီကိစ္စနဲ့ ပတ်သက်တဲ့သူတွေကိုစော်ကားတဲ့
အနေနဲ့ သူ့ရဲ့ဖေ့စ်ဘွတ် မှာ ဟာသတွေ
ဆက်တိုက်ဆိုသလိုတင်ထားတာ
တွေ့ရတယ်။
ဒီစကားတွေက နဂိုကထဲကသူပြောထား
တာတွေပါ။နိုင်ငံတကာက ကျောင်းသား
တပ်မတော်ကို ကူညီထားတဲ့ငွေတွေ
ဖြတ်ဘုန်းထားပြီး ငွေအားကိုးနဲ့ ထင်တာ
လုပ်လို့ရမလားလို့။မငယ်ပြောတာကို
အားလုံးထောက်ခံတယ်။ညှာတာထောက်ထားမှုမျှော်လင့်တယ်
ဆိုရင် အမြန်ဆုံးဖြေရှင်းပါ။မင်းတို့ပြည်
တွင်းအင်အားစုတွေထဲမှာပါ အကွက်ချ
ကြိုးစားနေတာတွေ ဘာမှဖြစ်မလာစေရ
ဘူး။မင်းတို့နဲ့ပေါင်းတဲ့ကောင် မင်းတို့လို
တရားခံဘဲ။နေထပ်ဘယ်သူ့ကိုမှ လှဲ့စား
ဖို့မကြိုးစားပါနဲ့။ - Htun Aung Gyawမိတ်ဆွေတချို့ကအင်္ဂလိပ်လိုရေ
းတာကိုဗမာလိုပါရေးပါလို့တို က်တွန်းလို့ဗမာလိုပြန်ရေးပေးလိုက်ပါတယ်၊
နန်းအောင်ထွေးကြည်ရေးတာအလွန်ထိရောက်ပါတယ်၊ကျွန်တော်ယုံ ကြည်တာကအမှန်တရားဟာအနှေးနဲ့ အမြန်တနေ့နေ့မှာပေါ်လာမှာဘဲ၊ နန်းအောင်ထွေးကြည်ရဲ့ ၊ ရဲရဲတောက်စိတ်ဓါတ်ကို အလေးပြုလိုက်ပါတယ်၊ တဆက်တည်းမှာဘဲ ABSDF ကိုကာကွယ်ကြလို့ပြောနေတဲ့သူတွေကိုစိမ်ခေါ်ချင်တာက၊ သူတို့ဟာတကယ် ဘဲABSDF ကိုကာကွယ်ချင်တာလား၊ သူတိှု့ဆရာနိုင်အောင်ကိုကာကွယ်ချင်တာလားဆိုတာဘဲဖြစ်ပါတ ယ်။ ဒီလိုရက်ရက်စက်စက် သတ်ဖြတ်မှုတွေအတွက်ဘယ်လိုအေ ကြာင်းပြချက်ကမှဖုံးကွယ်ခြေ ဖျက် လို့မရနိုင်ပါ ဘူး။ ဥပမာ နအဖ ကတွင်တွင်သုံးနေတဲ့" ပြည်သူ"ဆိုတဲ့စကားဟာဘာကိုရည်ညွှန်း သလဲဆိုရင်သူတို့ ခေါင်း ဆောင်းတွေကိုရည်ညွှန်းနေတာဘဲ ဖြစ်တယ်၊ စစ်အာဏာရှင်လက်ထက်မှာ " ပြည်သူ" "တိုင်းပြည်"ဆို တဲ့စကားတွေဟာပကတိတိုင်းပြည် နဲ့ပြည်သူတွေကိုပြောနေတာမဟု တ်ဘူး။ ပြည်သူ့လုံခြုံရေးအတွက်ထိမ်းသိမ်းထားရပါတယ်ဆိုရင်၊ အဖြစ်မှန်ကစစ်ခေါင်းဆောင်ကြီး များလုံခြုံရေး အတွက်လို့မှတ်ယူရမှာဖြစ်ပါတ ယ်၊ ဒီလိုဘဲတိုင်းပြည်လုံခြုံအတွက်ဆိုရင်လဲ သူတို့လုံခြုံရေးကိုဘဲ ဆိုလိုတာ ဖြစ်တယ်။ ဒါကြောင့်အခုမြောက်ပိုင်းကိ စ္စမှာလဲABSDF ဂုဏ်သိက္ခာကိုထိခိုက်မှာစိုး လို့ဒီကိစ္စကိုမလုပ်သင့်ပါ ဘူးလို့ပြောနေတဲ့သူတွေဟာတကယ့်ABSDF ဂုဏ်ကိုကာကွယ်ချင်တာလား သူတို့နဲ့ကျေးဇူးခံကျေးဇူးစားရှိတဲ့ နိုင်အောင်ကိုကာချင်တာလားမေးရတော့မှာဖြစ်တယ်။
ထွန်းအောင်ကျော်
ABSDF ဥက္ကဌဟောင်း - Phonemo Moမတရားစွပ်စွဲနှိပ်စက်ခံရပီး
သေဆုံးခဲ့ကြရ၊ အသတ်ခံခဲ့ကြရတဲ့ကျောင်းသားများရဲ့ အမှူမှန်ပေါ်ရေးကယခုသက်ရှိထင်ရှားကိုယ်တိုင်ခံခဲ့ရသူ များမှာတာဝန်ရှိတယ် လို့မြင်ပါတယ်ညီမရေ။ ကာယကံရှင်များကိုယ်တိုင်မှတရားဥပဒေအရမလုပ်ဆောင်လျှင်၊ ဘေးလူများမှာဘာမှမကူညီနိုင် ပါ။ အချိန်မဆွဲကြပဲဥပဒေနှင့်ဆော င်ရွှက်ကြရန်၊ ထပ်မံတိုက်တွန်းလိုပါသည်။ မြောက်ပိုင်းပြန်ကျောင်းသား အားလုံးကိုလဲ ကိုယ်တိုင်လူမဆန်စွာနှိပ်စက်ခံခဲ့ရသည်များကိုသေဆုံးခဲ့ ရတဲ့၊့ ကျောင်းသားများအတွက်မည်သူ့ မျက်နှာမှမထောက်ပဲ ရန်သူ၏လက်ဦးမူကို ဒုတိယအကြိမ်မခံရအောင်အမြန်ဆုံးဆောင်ရွှက်ကြပါလို့-----။ ကျူးလွန်ခဲ့သူများကတော့ ဘယ်တော့မှတောင်းပန်လိမ့်မည် မဟုတ်ဟု မြင်ပါတယ်။
ှMarch 28 at 10:49am · · 6 - Htay Tint ဒေါက်ချွန် နိုင်အောင် ပြောပြထားတဲ့ ပုံပြင်နှင့် တုံ့ ပြန်မှုများ စုစည်းထားပါတယ် ။http://
htaytintnl.blogspot.com/ 2012/03/blog-post_28.html March 28 at 11:49am · · 3 - Htay Tint ဒေါက်ချွန် နိုင်အောင် ပြောပြထားတဲ့ ပုံပြင်နှင့် တုံ့ ပြန်မှုများ စုစည်းထားပါတယ် ။http://
htaytintnl.blogspot.com/ 2012/03/blog-post_28.html March 28 at 11:49am · · 2 - Nyunt Shwe Nang Aung Htwe Kyi, you all are my heros, but especially you who dare to confront the truth so boldly a lady hard to think of. I fully support all of your cause as a person who loves nothing but truth.March 28 at 2:11pm · · 2
- အိုးဝေအောင် အိုးဘားမား ကိုထွန်းအောင်ကျော်ရဲ့ ကွန်မန့်ကို like လုပ်ရုံနဲ့ ကျနော် အားမရ၊ တာဝန်မကျေသေးဘူးလို့ ယူဆလို့ အဲ့ဒီကွန်မန့်ကို ကူးပြီး note အနေနဲ့ အများစာဖတ်ပရိသတ် ကျယ်ပြန့်စွာသိအောင် ထပ်မံဖြန့်ပေးပါ။ကျနော်လည်း
ဖြန့်ပါမယ်လို့ ဒီနေရာကနေ ကတိပြုပါတယ်။ March 28 at 3:17pm · · 7 - Lin Hteinဒေါက်တိုင်လွမ်းဆွေ March 25, 2012
" ABSDF မြောက်ပိုင်းကိစ္စ ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင် ရှင်းပြီသတင်း"နှင့် RFA ( 25.03.2012 ) သတင်းမှ" ABSDF အဖွဲ့ဝင်ဟောင်းတွေထံက အကြံဉာဏ်ရယူသတင်း" သည်လူသတ်မှုမှလွှဲရှောင်၍ရအောင်ချိန်ကိုက်ပြီး၊
ကြိုတင်လက်ဝါးရိုက်ခြင်းသာဖြစ်သည်။ဒါ့အပြင်နောက်ကွယ်မှလက်ရှိ ABSDFဥက္ကဋ္ဌ ကိုသံခဲကိုခုတုံးလုပ်ပြီး RFA မှ"အကျဉ်းကျနေတဲ့ လက်ရှိ ကျန်ရှိနေသေးတဲ့ လူတွေရယ်၊ ABSDF ရဲဘော်ဟောင်းတွေ တချို့ဖမ်းဆီးခံထားရတာ ရှိတယ်။အဲတာတွေကို ခြွင်းချက်မရှိ လွတ်မြောက်ရေးကို တောင်းဆိုပေးဖို့ အချက်တစ်ချက်၊ " ဆိုပြီးပြောဆိုနေသည့်အပြင် လုပ်စား DVB no မှလွန်ခဲ့သောတစ်လကျော်ခန့်က သာယာဝတီအကျဉ်းထောင်အတွင်သေဒ ဏ်အမိန့်ဖြင့်ဖမ်းဆီးထားသော ABSDFလူသတ်သမားကြီးသံချောင်းကိုလွတ်ပေးဖို့ဝါဒဖြန့်နေတာတွေ့ရပါသည်။တကယ်လို့လူသတ်သ မားကြီးသံချောင်းလွတ်မြောက် လာလျှင်လည်း
နယ်စပ်ခေါ်ထုပ်ပြီး " လူလိမ္မာနည်း= တဦးတည်းသတ်သည့်ဝန်ခံသက်သေထွက်ချက်ပုံစံရအောင် " ပြီးမှ " လက်သည်မပေါ်တဲ့နည်းဖြင့် " ကိစ္စတုံးသွားမယ်လို့မြင်တွေ့ နေရပါသည်။ယခုအချိန်ကျမှ ဒေါက်တာနိုင်အောင်
သတင်းရှင်းလင်းချက်ဟာ " တရားရုံးမှာတရားခံဟာပြစ်မှုထင်ရှားကြောင်းပေါ်လွင်ပြီးနောက်ဆုံးအမိန့်ဆိုသည့်အချိန် ရောက်မှတရားခံဟာမိမိအပြစ်လွ တ်မြောက်ရေးအတွက်အမှုတွင်မသိ ၊မပါဝင်သောလီဆယ် တရားခံပြသေများ၊အမှုတွင်မပါဝ င်သောလီဆယ် သက်သေခံပစ္စည်းများကိုဖန်တီး လုပ်ယူနေတာနှင့်တူပါသည်။ယခု အချိန်၌ဘာပဲရှင်းရှင်း ၂၀၁၂၊ဖေဖော်ဝါရီလ ( ၁၂ ) ( ၁၃ ) ရက်များတွင်ရန်ကုန်၊မန္တလေ့း ၊US,London,UK နိုင်ငံများတွင် " ကိုထွန်းအောင်ကျော်အပါအဝင်သူရဲကောင်းများအတွက်အောက်မေ့ ဖွယ်အခမ်းအနားများကိုကျင်းပ ခဲ့ပြီးပြီ။ရန်ကုန်၊မန္တလေြး မို့များတွင် ၈၈ကျောင်းသားခေါင်းဆောင်များကိုယ်တိုင်တက်ရောက်ပြီး၊"ကိုမြအေးကိုယ်တိုင် သေဆုံးသွားသောသူများသည်ထောက်လှမ်းရေးမဟုတ်ကြောင်း၊ကျော င်းသားများအစစ်ဖြစ်ကြောင်းကိုအသက်ဖြင့်အာမခံကြောင်း"၊" ကိုကိုကြီးကိုယ်တိုင်ကလည်းအ ဓိကကသေတဲ့လူက သေပြီးသွားပြီ။ သေတဲ့လူကပြန်မရှင်တော့ဘူး။ ဒါပေမယ့် ဖြစ်ရပ်အမှန် ကတော့ အမှန်အတိုင်းပေါ်ပေါက်စေချင် တယ်။ဒါကျနော်တို့ အားလုံးရဲ့ဆန္ဒပါ။ ကျဆုံးသွားတဲ့ လူတွေက မြေပေါ်မှာရှိစဉ်ကတည်းက လက်တွဲခဲ့ဘူးတဲ့သူတွေ၊သူတို့ ကကျောင်းသားလှုပ်ရှားမှုမှာ တကယ်ဦးဆောင် ပါဝင်ခဲ့သူတွေ၊ ဒီလောက်ကြီးကျယ်တဲ့ ပြဿနာကြီးဟာ ဒီကိစ္စမှာပါဝင်ပတ်သက်ခဲ့တဲ့ သူတွေအနေနဲ့ ဖြေရှင်းရ မှာ အမှန်ဘဲ ။ ဒါသူတို့တာဝန်ယူရမှာ ။ ကျနော်တို့မြင်တာတော့ သူတို့က ကျောင်းသားတွေဘဲလေ။ လူတွေပါ ဒီလောက် ဆိုးဆိုးဝါးဝါးခံစားခဲ့ရပြီးပြီ။ သေဆုံးခဲ့ကြရပြီးပြီ ။ နောက်ပိုင်းမှာ ဖေါက်ပြန်လို့ ထောက်လှမ်းရေးမို့ လို့ ဖြစ်ပါတယ်ဆိုတဲ့ နိုင်ငံရေးအရထပ်ပြီး လုပ်ကြံခံရတာကိုတော့ မဖြစ်သင့်ဘူးလို့မြင်တယ် ။ ဒီကိစ္စနဲ့ပတ်သက်ပြီး နင့်နင့်နဲနဲခံစားခဲ့ကြရ တဲ့ လူတွေက ၊ ဒီလူတွေကထောက်လှမ်းရေးမဟုတ် ဘူး ။ အဲဒီအတွက် သူတို့တွေဟာ စတေးခံခဲ့ကြရတယ်ဆိုတာလောက် အသိအမှတ်ပြုခဲ့ရင်တောင်မှ သူနဲ့ရင်းနှီးတဲ့ သူတွေအားလုံးက နည်းနည်းသက်သာမဲ့ ၊ စိတ်ခံစားမှု ဖြေလျှော့မယ့်သဘောရှိတယ် လို့" အတိအလင်းပြောဆိုသွားပြီးပြီ ။ " ဖြစ်ပါသည်။" သင့်တို့လူတစုကြောင့် ၈၈သမိုင်း၊အစဉ်အလာကောင်းခဲ့ သည့်ABSDFသမိုင်းမပျက်စေချင်ပါ။လက်ရှိAB ကိုဦးဆောင်သူများအနေဖြင့်လူတစုကိုကာသည့်ပုံစံမျိုး ( နေဝင်းဆင်းတော့စိန်လွင်၊မော င်မောင်၊စောမောင်ကိုနောက်ကွ ယ်ကကြိုးကိုင်၊သန်းရွှေဆင်းေ တာ့မင်းအောင်လှိုင်ကိုနောက်ကွယ်ကကြိုးကိုင်သည့်ပုံစံမျိုး ) မဖြစ်သင့်ပါ။ March 28 at 3:48pm · · 6 - Nyunt Shweမနန်းအောင်ထွေးကြည်နဲ့ မိတ်ဆွေများခင်ဗျား၊
ဒီဆောင်းပါးကို မနေ့က ̔မျက်နှာ စာအုပ် ̔ မှာ ဖတ်ခဲ့ပါတယ်။ ဒီမနက်အစောကြီး ရှစ်လေးလုံးမှာ တစ်ခါထပ်ပြီးဖတ်ပါတယ်။ မနန်းအောင်ထွေးကြည်လို့ ခေါ်ရ ရေးရတာ ရှည်လျားလွန်းလို့ ကျနော် ခုကစပြီး မငယ်လို့ပဲ ရေးပါရစေ။
ကျနော် ဒီကိစ္စ ပြည်တွင်းက အမြင့်ဆုံးခုံရုံးကိုရော ပြည်ပက နိုင်ငံတကာခုံရုံးကို အောင်မြင်စွာရောက်သွားတဲ့အထိ တတ်နိုင်တဲ့ဖက်က ထောက်ခံရပ်တည်ဖို့ ဆုံးဖြတ်ပြီးသားပါ။ မိန်းခလေးတစ်ယောက်ရဲ့ အရှက်တရားကို ဘယ်ဖယ်ထားပြီး ကျဆုံးသွားခဲ့ရတဲ့ရဲဖော်ရဲဖ က်တွေအတွက်ကော ကိုယ်တွင်းကိုယ်ပနဲ့ စိတ်မှာ ပြေပျောက်နိုင်စရာမရှိတဲ့ ဒဏ်ရာတွေရခဲ့ကြသူတွေအတွက်ပါ ရင်ဆိုင်နိုင်ခဲ၊ ဖွင့်ချနိုင်ခဲတဲ့ သတ္တိနဲ့ဖွင့်ချခဲ့တဲ့အတွက် ကျနော့်တူမလောက်အရွယ်သာရှိတဲ့မငယ်ကို ကျနော် အထူးလေးစားပါတယ်။
ကျနော့်အချီးကို ဒီလောက်နဲ့ရပ်ပါ့မယ်။ ဒါပေမဲ့ မငယ်ကို ကျနော် နားမလည်တာ အမြင်မကြည်တာတစ်ခုရှိနေပါတယ်။ သူ့ဆောင်းပါးကို နှစ်ကြိမ်ဖတ်တော့ ပထမအကြိမ်ကတည်းက ဖြစ်နေတဲ့ ခိုးလိုးခုလုဟာ ပိုဆိုးလာလို့ ဒီစာကိုရေးလိုက်တာပါ။
အဲဒါကတော့၊ ဘာအတွက် နိုင်အောင်လိုကောင်မျိုးကိုလေးစားစွာဖြင့် လုပ်နေရပါသလဲ ဆိုတာပါပဲ။ နိုင်အောင်မှာ လူမှာ အရေးအကြီးဆုံးဖြစ်တဲ့ ပဓာနကျတဲ့ အကြောက်တရားနဲ့ အရှက်တရား နည်းနည်းပါးပါးတောင် ရှိနေလို့ပါလား။ ဝေါဟာရတစ်ခုတိုင်း (စကားလုံးတစ်ခုတိုင်း) သူ့မှာ လေးနက်တဲ့အဓိပ္ဗါယ်ရှိတာ အားလုံးသိပါတယ်။ သူ့နေရာနဲ့သူသုံးမှ ကျနော်တို့ဟာ စာတစ်လုံး ဘုရားတစ်ဆူ စိတ်ထားထားရာရောက်ပါတယ်။ စောစောကပြောတဲ့ အရှက်မရှိ အကြောက်မရှိတဲ့လူဆိုတာ လောကမှာ မပြစ်မှားရဲတဲ့အရာ ဘာမှမရှိဘူးဆိုတာ ဗုဒ္ဓမြတ်ဘုရားကလဲ ဟောကြားထားတဲ့ အမှန်တရားပါ။ အဲဒီတရား၂ပါးဟာ လောကကို စောင့်ရှောက်တဲ့တရားပါတဲ့။
နောက်တစ်ချက်က နိုင်အောင်တို့လို တာဝန်ရှိပါလျက် ပါဝင်ပတ်သက်ပါလျက် မျက်စေ့မှိတ်ပြီး ကွေ့ကာဝိုက်ကာနဲ့ အပျော့ဆွဲနဲ့ ရုန်းနိုင်သမျှ ကိုယ်လွတ်ရုန်းရင် စော်ကားပြီးရင်း စော်ကားနေတဲ့ကောင်ကို ဘာကိစ္စ ယဉ်ကျေးပြချင်နေရတာလဲဗျာ။ ဂတုံး (ခေါင်းတုံး) ဖြစ်ရုံနဲ့ ရဟန်းမဟုတ်၊ သင်္ကန်းခြုံထားရုံနဲ့ ရဟန်းမဟုတ်၊ ခေါင်းဖြူရုံနဲ့ ရိုသေခန့်ငြားထိုက်သူ မဟုတ်ဆိုတာ ကျနော့်အာဘော်မဟုတ်ပါဘူး၊ မြတ်ဗုဒ္ဓရဲ့ မိန့်မြွက်ချက်ပါ။ အကုန် ဓမ္မပဒထဲမှာ ဘယ်သူမဆိုဖတ်နိုင်ပါတယ်။ ဒါ့ကြောင့် ရင့်ရင့်သီးသီး ခေါ်ထိုက်သလို မခေါ်ချင်တောင် လေးစားပါတယ်ဆိုတဲ့အသုံးအနှုန်းကိုတော့ ဒီလိုလူ့တိရိစ္ဆာန်တွေနဲ့ မထိုက်တန်လွန်းလို့ မသုံးကြပါနဲ့လို့ အလေးအနက် အနူးအညွှတ် တောင်းပန်လိုက်ပါတယ်ခင်ဗျား ။
လေးစားလျက် (မငယ်တို့တတွေဟာ လေးစားထိုက်တဲ့အတွက် ကျနော် သုံးတာ၊ ကျနော်က အသက်အများကြီးကြီးတယ်)
မောင်ညွန့် (မင်းကျောင်းတိုက်)March 28 at 4:36pm · · 11 - ဘရာဇီး ငှက်ရိုးအဘညွန့်ရေ... ကျနော် နဲနဲ ပြောမယ်နော်... မခင်ရွှေလှိုင်ကို မဒမ်သံခဲလို့ သုံးမိတာနဲ့တင် ကျနော့်မှာ တော်တော်လေး ဒုက္ခတွေ့ပြီး မိဘတွေ ဘာတွေပါ ပြောလာကြပါတယ် အဘရေ... အဲ့ဒါနဲ့ ကျနော်လဲ တရားလေးဘာလေး ရပြီး လက်ရှိဥက္ကဌကတော်လို့ ပြောင်းခေါ်နေပါတယ်... အဲ့ဒီ လက်ရှိ ဥက္ကဌကတော်ရေးတဲ့ "ဘယ်သူတွေလဲ၂"ပို့စ်မှာ ဒေါက်တာ နိုင်အောင်တို့လို တိုင်းပြည်အတွက် အား(ကျိုး) မာန်တက် အလုပ်အကိုင်ကြီးတွေ လုပ်ခဲ့ကြသူတွေကို နစ်နာသူတွေက ကို,ဦး,မောင်,မ, တပ်မခေါ်လို့ စိတ်မကောင်း ဖြစ်ရကြောင်း ရေးသွားတော့ ကျနော် လိုက်ရှာဖတ်တာတော့ သိပ်မတွေ့မိပါဘူးအဘရေ... ကျနော်ကတော့ နိုင်အောင် အောင်နိုင် မဒမ်သံခဲ လက်ရှိဥက္ကဌကတော် သံချောင်း မျိုးဝင်း အစရှိသဖြင့် ခေါ်ပါတယ်... ရိုင်းတယ်လို့လဲ ဆိုကြပါတယ်အဘ... ကျနော်ကတော့ ခပ်ရှင်းရှင်းပဲ အဘညွန့်ရေ... ဒီလို လူမဆန်တဲ့ (ကောင်တွေ)ကို သေစားသေစေ တောင်းခွင့်ရရင် တောင်းချင်ပါတယ်... သင်ပုန်းခြေဖို့ ပြောနေကြတာ စိတ်ပျက်လွန်းလို့ပါ... အဘရဲ့ ရပ်တည်ချက် ပြတ်သားတာကိုလဲ ကြိုက်ပါတယ်...March 28 at 5:44pm · · 11
- Zar Ni I read all comments , I appreciate all your stand for truth and justice.Thanks everyone.March 28 at 5:57pm · · 6
- UZa Wana http://www.naytthit.net/
?p=25912 www.naytthit.netမြောက်ပိုင်းသတ်ဖြတ်မှုအပေါ် ကိုနိုင်အောင် အဖွဲ့မှာသာ တာဝန်ရှိကြောင်း အချက်အလက်များMarch 28 at 8:32pm · · 7 - Flygon Thapyay ကဲ........... လေးလေး နိုင်နိုင် တို့ လေးလေး အောင်အောင် တို့ ဘာဆက်လုပ်ကြမလဲ .... ရေချိုးကြ မှာလား .. ဒိုက် ထိုး ကြ မှာလား .......... ဒါဘဲပြောတော့ .....March 29 at 2:27am · · 4
- Thar Swe ကျနော် share သွားတယ်ခင်ဗျာ။March 29 at 4:25am · · 1
- Ko Lin Wai Aung ထောက်လှမ်းရေးအိပ်မက်တွေမကု
န်သေးတဲ့ကိုနိုင်အောင်...တပ ည့်ကျော်အောင်နိုင်ကိုကာကွယ်ပေးချင်သေးတဲ့ကိုနိုင်အောင်....မြောက်ပိုင်းပြန်ကျောင်းသားရဲဘော်ဟောင်းများကြေညာ ချက်၁/ ၂၀၁၂မှာသက်သေအထောက်အထားတွေကမ္ဘာသိမြန်မာသိချပြဘို့တောင်း ဆိုထားတာမဖတ်ရဘူးလား....သတ္တိရှိစွာနဲ့ချ ပြလိုက်ပါ....လူထုရှေ့မှောက်မှာရှင်းကြရအောင်...အချက်အ လက်တွေနဲ့စ ကားပြောကြရအောင်... March 29 at 5:45am · · 9 - Lin Htein http://www.youtube.com/
watch?v=ukj4xSH10s8&feature =player_embedded www.youtube.com20th MEMORIAL DAY OF STUDENT LEADER KO TUN AUNG KYAW & STUDENT HEROES (ABSDF NORTH&SOUTH) IN BURMA - Lin Htein http://www.youtube.com/
watch?v=IPsOPW_Tahk www.youtube.comကချင်ဒေသမှာ ကျဆုံးသွားခဲ့ာကသော ကျောင်းသားများအတွက် အနှသ် ၂၀ ပြည့် - ပြည်တွင်း ပြည်ပမှာ ကျင်းပကြေသော အမှတ်တရပွဲများ..။ - Lin Htein http://www.youtube.com/
watch?v=J_qbsZqJjGI www.youtube.comFor fallen comrades from Northern ABSDF, Fort Wayne, Indiana, U.S.A. 02/12/2012 Golden Moon TV vol. 73 part 1 (02/25/2012)March 29 at 10:34am · · 1 - Lin Htein http://www.youtube.com/
watch?v=e8vLyMVCtwQ&feature =player_embedded www.youtube.com"မန္တလေးကို တက်လာတာဟာ ၈၈ မျိုးဆက် ကျောင်းသားများရဲ့ မစ်ရှင်အနေနဲ့ ကျနော် တက်လာတာပါ။ ကျနော်ကိုယ်တိုင် မြောက်ပိုင်းကိုရောက်ခဲ့ဖူးသူတယောက် အနေနဲ့ ဒီပွဲကို တက်ရော... - Lin Htein http://www.youtube.com/
watch?v=S1gSZAUx97M&feature =youtu.be www.youtube.comမြောက်ပိုင်းတွင် ကြွေလွင့်သွားသော ကျောင်းသားများအတွက် ရည်စူးပြီး ကျန်ရစ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေက မန္တလေးမြို့ မြ၀တီမင်းကြီးကျောင်းတိုက်မှာ ဆရာတော် အရှင်သူမြတ်... - Lin Htein http://www.youtube.com/
watch?v=ZOxpl12-AOA&feature =related www.youtube.comTo Honour of 8888 HEROES heroes.mp4 Lin Htein in London, United Kingdom. - Lin Hteinကိုထွန်းအောင်ကျော်အပါအ၀င် ကျောင်းသားခေါင်းဆောင်များ သတ်ဖြတ်ခံရမှုအပေါ် ကိုကိုကြီး ( ၈၈ မျိုးဆက်ကျောင်းသား ) ၏ မှတ်ချက် အဓိကကသေတဲ့လူက သေပြီးသွားပြီ။ သေတဲ့လူကပြန်မရှင်တော့ဘူး။ ဒါပေမယ့် ဖြစ်ရပ်အမှန် ...By: Ko Lin Wai Aung
- Thu Rein Tunလက်မောင်းသွေးကိုဖောက်ချလို
က်ပါDNA။
ရေစီးကြောင်းတွေကို
ပြောင်းပြန်လှန်ကြည့်ရတာ
အရသာမတွေ့ဘူးလား
လူနာတွေမရှိဘဲဆရာဝန်တွေရှိပါ့မလား ဘဏ်တိုက်တွေမရှိဘဲ ဘဏ်ဓါးပြတွေရှိပါ့မလား။
ဟောဒီကျောက်နံရံထက်မှာ
ငါတို့မျိုးဆက်ရဲ့အသံကို ထွင်းထုလိုက်မယ်
တစ်ချိန်ချိန်မှာ မတန်တဆ အနစ်နာခံမှုတွေ
ကြီးမြတ်လှပစွာ ရှင်ပြန်ထမြောက်လာမယ်။
(လှသန်းရဲ့ "လက်မောင်းသွေးကိုဖောက်ကြည့်ခြင်း" မှ) March 29 at 9:26pm · · 1 - Yoke Ga Zoeရှဲသွားပါတယ် မနန်းအောင်ထွေးကြည်ခင်ဗျား။
ဒေါက်တာနိုင်အောင်နဲ့ ဒေါ်ခင်ရွှေလှိုင် (ကျွန်တော်မရိုင်းဘူးနော်.. ဒေါ်တပ်ခေါ်တယ်:-) )တို့ ရေးတဲ့စာတွေကို ပြန်တင်ထားတဲ့ မငယ်နိုင်ဘလော့ရဲ့ ကောမန့်မှာလည်း အစ်မပိုစ့်ကို ထပ်ရှဲပေးပါတယ်။ သူတို့ပြောသလိုပေါ့ တစ် ဖက်စကားတွေချည်းပဲ ကြည့်ပြီးမဆုံးဖြတ်ကြနဲ့ဆိုလို့.. သိရအောင်ရှဲပေးလိုက်တာပါ။ မငယ်နိုင်နဲ့ ကိုဘရာဇီးငှက်ရိုးတို့ရဲ့ အပြန်အလှန်ကောမန့်တွေလဲ တွေ့ပါ့ဗျား။ တခုတော့ပြောထားပါရစေ ခုဒီကိစ္စတွေကို ရှဲနေတာ ရန်ဖြစ်ကြစေဆိုတဲ့သဘောနဲ့ မဟုတ်သလို။ AB ကို သိက္ခာကျစေဆိုတဲ့ စေတနာဆိုးနဲ့လည်း မဟုတ်ရပါ။ အဖွဲ့အစည်းတိုင်းမှာ စုန်းပြူးတွေပါတတ်တာကို နားလည်ပါတယ်။ နိုင်ငံအတွက် သူတို့လူငယ်ဘ၀တွေကိုစတေးပြီး AB ထဲဝင်ခဲ့ကြတဲ့ အစ်ကို အစ်မကျောင်းသားမျိုးဆက်ဟောင်းများကို အစထဲက လေးစားပြီးသားပါ။ အစ်မတို့ အစ်ကိုတို့လို ကြုံတွေ့ဖြတ်သန်းခဲ့ရသူတွေက အမှန်တရားကို ပြန်လည် ဖော်ထုတ်တာကို အမြဲအားပေးနေပါတယ်။ March 29 at 10:10pm · · 2 - Myat Thandarမငယ် တို့  ကိုထိန်လင်း တို့  အနှစ် ၂၀ လုံးလုံး အမှန်တရားကို ဖော်ထုတ်ခွင့်မရခဲ့ကြတာ ကို ခုချိန်ထိ ကို စိတ်မကောင်းပါဘူး။ ဘယ်လိုခံစားနေကြရမယ် ဆိုတာလဲ တွေးကြည့်ယုံနဲ့ တင် ရင်ထဲ ဆို့ ပါတယ်။ မြောက်ပိုင်းကိစ္စတွေကို ဖတ်တိုင်း ရင်မှာ နာကျင် ဆို့ နင့် ကြေကွဲပြီး မျက်ရည် မဆည်နိုင်အောင်ဖြစ်ရပါတယ်။ ဒါပေမယ့် မတရားလုပ်တဲ့သူတွေ လွတ်နေသရွေ့ တော့ မျက်ရည်ထွက်လဲ အပိုပဲ လို့ ခံစားရပါတယ်။ ကျွန်မတို့ လို လူငယ်တွေကတော့ မငယ်တို့  ကို လိုတဲ့နေရာမှာ ထောက်ခံကူညီဖို့  အချိန်မရွေးပါပဲ။ မငယ်တို့ က ကျွန်မတို့ သမိုင်းမှာ မရှိဖူးသေးတဲ့ သူရဲကောင်းတွေပါ။ ရှယ်လိုက်ပါပြီ။March 30 at 1:07am · · 5
- Harry Lwinခင်ရွှေလှိုင်ရေးတဲ့ သံချောင်းနဲ့ မျိုးဝင်းတို့ရဲ့ ဘုန်းတော်ဘွဲ့ ၁-၂-၃ ကိုလည်း နေ့သစ်မှာ ဖတ်ကြည့်လိုက်ပါဦး မငယ် ... ကျနော်ဖြင့် ထိုင်တောင် ကန်တော့ချင်မိရဲ့ ... လေးစားအားကျဂုဏ်ယူစရာ တော်လှန်ရေးသူရဲကောင်း ခေါင်းဆောင်ကောင်း ပုဂ္ဂိုလ်ကြီးတွေကိုးဗျ... လှဆိုင်း ဆိုတဲ့ကောင်အကြောင်း တောင် ပါလိုက်သေး ... အဲဒီကောင်တွေကို "ကို" တောင် တပ်မခေါ်နိုင်ကြတော့ သူတွေ ဆိုပြီးလည်း ရန်တွေ့လိုက်သေးသဗျ ...
ကျနော်လည်း ရန်တွေ့ခံရမှာကြောက်လို့ ပြင်ပြောပါ့မယ် ... ကိုသံချောင်းကြီး တို့ ကိုမျိုးဝင်းကြီးတို့ ကိုလှဆိုင်းကြီးတို့ ... လေးစားတယ်ဗျာ ... ဂုဏ်ယူတယ်ဗျာ ... ကိုမျိုးဝင်းကြီးဆို ရဲဘော်ရဲမေတွေအတွက် တယ် အနစ်နာခံတာကိုး ... ရင်ထဲမှာတောင် ဆို့နင့်သွားမိပါရဲ့ ... ကိုလှဆိုင်းကြီးကလည်း မငယ်နဲ့ အလွန်ခင်ဆိုဗျ ... အတူတူ ဂစ်တာတီး၊ သီချင်းဆိုနဲ့ လူရိုးလူဖြောင့်ကြီးဆိုဗျ ... ဒါဆိုရင်တော့ မငယ် အခုလို ပြောဖို့ ဘယ်ကောင်းမလဲနော် ... ကို Aung Moe Win ကိုလည်း ပြောရဦးမယ် ... "ခင်ဗျားတော့ သူတော်ကောင်းတွေကို ပြစ်မှားမိနေပြီ" လို့ ... "ငရဲကြီးတော့မယ်" ... လို့
http://www.naytthit.net/?p=25841
http://www.naytthit.net/?p=25892
http://www.naytthit.net/?p=26016 www.naytthit.netမြောက်ပိုင်းကျောင်းသားတပ်မတော်ရဲ့ နက်ရှိုင်းတဲ့တောတောင်တွေကြားမှာ မြှုပ်နှံခဲ့ရတဲ့  တော်လှန်ရေးနဲ့ ယုံကြည်ချက် အတွက် ကျဆုံးသေဆုံးသွားကြသော ရဲဘော်ရဲမေများအား ဦးညွတ်အလေးပြုလျက် … - Harry Lwinမြောက်ပိုင်းမှာ လက်ရှိတိုက်ပွဲဝင်နေတဲ့ ဒူဝါ လှဆိုင်း (မြစ်ကြီးနား၊ဂုဏ်ထူးတန်းကေ
ျာင်းသား) ဆိုတာ ရဲဘော်ရဲမေများရဲ့ (ကျမ က အက်စ်အက်စ်အေ (ရှမ်းပြည်) မှာ စစ်သင်တန်းယူခဲ့သူပါ) သင်တန်းဆရာ၊ သင်တန်းမှူးတဦးဖြစ်သလို ဒါတွေ မဖြစ်ခင်က နန်းအောင်ထွေးကြည်၊ ကျော်ခိုင်ဝင်း၊ သင်းသင်း၊ ဘိုဘိုတို့တွေနဲ့ သီချင်းဆိုဖော်ဆိုဖက် ဂစ်တာတီးဖော်တီး ဘက် ရဲဘော်တဦးဖြစ်ပြီး ရဲဘော်ရဲမေတွေကြားမှာ ဟာသလေးတပြောပြောနဲ့ ရယ်ရယ်မောမော ပျော်ပျော်ရွင်ရွင် နေ တတ်တဲ့ အားလုံးရဲ့ အချစ်တော်ထဲမှာပါခဲ့တဲ့ ဗဟိုကော်မတီဝင်ပါ။ ကျမတောင် ဒူဝါလှဆိုင်းနဲ့ အဖမ်းခံခဲ့ကြရတဲ့သူတွေ လောက် မရင်းနှီးခဲ့ပေမဲ့ ဒူဝါလှဆိုင်းရဲ့ ရိုးရှင်းတဲ့မျက်နှာ အပြောအဆိုတွေနဲ့တင် “ကျောင်းသား” ဆိုတာ ကျမယုံတယ်။ ....တဲ့။ ခင်ရွှေလှိုင် ရေးထားတာ ...
ကြည့်ပါဦး ... ဒူဝါလှဆိုင်းကြီးလို အားလုံးက အရမ်းချစ်ကြတဲ့ လူရိုးလူကောင်းကြီးကိုများဗျာ ... ရုပ်ရည်ကလည်း ရိုးသားတည်ကြည်ပြီး ခန့်ချောကြီးထင်ပါ့ ... ပညာဆိုလည်း ဂုဏ်ထူးတန်းတောင် တက်နေတဲ့ ကျောင်းသား၊ ဂီတသမား လူရိုးကြီး၊ ခုချိန်ထိ အစစအရာရာစွန့်လွှတ်ပြီး သစ္စာရှိရှိ ကိုယ်ကျိုးစွန့် အသက်စွန့်တိုက်ပွဲဝင်နေတဲ့ လက်ရှိတော်လှန်ရေးခေါင်းဆော င်ကြီး ကိုများ ... ပြောရက်လိုက်ကြတာနော် ... ဒီလူတွေ ငရဲကိုကြီးဦးမှာ ... March 30 at 10:00am · · 1 - Nyunt Shweကျနော်လဲ ခင်ရွှေလှိုင်ရေးတာ အသေအချာဖတ်ကြည့်တယ်ဗျ။ စာရေးလဲ ကောင်းပါတယ်။ အချက်အလက်တွေလဲ အတော်စုံတယ်။ ဒါပေမဲ့ အဲဒီတုန်းက ဘီလူးသရဲစီးခဲ့တဲ့ကောင်တွေက
ို ဖာထေးပြီး ရွှေပိန်းချနေတာပဲ တွေ့ရတော့ စိတ်ပျက်မိတယ်။ ဥပမာဗျာ၊ ကိုထွန်းအောင်ကျော်တို့ ၁၅ ဦးကိုေ ခါင်းဖြတ်မဲ့အချိန်မှာ သူက အူယားဖားယားအဲဒီကုန်းကို လိုက်သွားတယ်ဗျာ။ အဲဒီမှာ မလုပ်နဲ့ ဘာညာတားတယ်၊ ဖျောင်းဖျတယ်ဆိုရင်တော့ ကျနော် ခင်ရွှေလှိုင်ကို သူရဲကောင်းလုပ်ပစ်မိမှာပဲ။ ဒါပေမဲ့ သူက အောင်သေအောင်သားစားပွဲကို မျက်စေ့အရသာခံဖို့တက်သွားတာကိုး၊ သံချောင်းကလား အနားကပ်မှ ပြန်လွှတ်လိုက်လို့ ဆင်းလာတာလေဗျာ။ ယှဉ်ကြည့်လေ၊ နန်းအောင်ထွေးကြည်က ခံခဲ့ရတဲ့သူလေ။ ဘယ်သူပြောတာ ယုံမလဲ။ ဟို နိုင်အောင် အောင်နိုင် မိုးသီးစတဲ့လူတွေရဲ့စကားနဲ့ ကိုထိန်လင်းစကား ဘယ်သူ့စကားကို ယုံမလဲ၊ စဉ်းစားကြည့်ဗျာ၊ ကိုထိန်လင်းက တဆို့တမခံခဲ့ရတဲ့လူလေ။ ခမြာ လူ့ကက်ဆက်ဘဝမှာတောင် အနည်းဆုံး အဖွင့်အပိတ် ပါး ၂ ခ်ျက်ချခံပြီး ဖျော်ဖြေခဲ့ရတာမဟုတ်လား။ ကျုပ်အတွက်တော့ နန်းအောင်ထွေးကြည်နဲ့ ကိုထိန်လင်းဟာ သူရဲကောင်းတွေပဲ၊ သူတို့ဖြစ်ချင်တာကို ကျနော်ထောက်ခံမယ်။ တကယ်လို့ မှားခဲ့ရင် သူတို့နဲ့အတူ ကျနော် ခံရဲတယ်ဗျာ။ သူတို့ ဘယ်လိုမှ မမှားဘူးလို့လဲ ယုံတယ်ဗျာ။ ဒါပဲ။ April 11 at 6:50am · · 4
No comments:
Post a Comment